လိုအပ်ချက်လေးတစ်ခု

နည်းနည်းလေးပဲ ငါလိုချင်ခဲ့တာ…
နားလည်မှုလေး…..
နည်းနည်းလေးပဲ ငါမျှော်လင့်ချင်ခဲ့တာ…
ယုံကြည်မှုလေး…
ခံစားချက်တွေ ပေါက်ကွဲ…
ဖောက်ခွဲပစ်ဖို့အတွက် လိုအပ်နေခဲ့တာ…
င့ါစိတ်ပေါ့ပါးခြင်းတွေ…။

ပျော်ရွှင်ခြင်းဆိုတာ…
င့ါရဲ့တဒင်္ဂလေးမှာ ရချင်သလိုလိုနဲ့…
ပျောက်ပျောက်သွားတယ်…
အနိုင်ယူချင်လိုသူမို့ ငါအရှုံးပေးထားရတာ…
ထပ်ထပ်ပြီးတော့ အနိုင်မယူချင်ပါနဲ့တော့…
င့ါစိတ်ကလေးလည်း နွမ်းပါးနေပြီ…။

တခါတခါ ငါနားလည်ပေးထားမှုတွေ…
သီးခံပေးထားတာတွေ အရာရာတိုင်းအတွက်…
င့ါစိတ်တွေကို လွှတ်ချလိုက်ပြီး…
ပျောက်ဆုံးချင်နေပြီ…
နင့်ကို င့ါကြောင့် စိတ်မညစ်စေချင်လို့…။

င့ါအတွက်က နည်းနည်းလေးမှ နည်းနည်းလေးပါ…
အဲ့ဒါ နင့်ရဲ့ အတ္တတွေနဲ့…
နင့်ရဲ့ထင်မြင်ယူဆချက်တွေ…
အမြဲတမ်း အထင်လွဲတတ်တဲ့ နင့်ရဲ့စိတ်ကလေး…
နည်းနည်းလေးဖြစ်ဖြစ် လျှော့ပေးစေချင်လို့…
နင်သိပ်ချစ်မှန်း ငါမသိလို့မဟုတ်ဘူး ငါသိပါတယ်….
ဒါပေမယ့်…………

နားလည်မှုလေး ငါလိုအပ်နေလို့….

င့ါနှလုံးသားလေးလည်း နွမ်းလျနေပြီ…။