နင့်အတွက် နင့်အတွက် ဆိုပြီး

အတိတ်က…
အကြောင်းတွေ ငါမသိခဲ့ဘူး…။
အနာဂါတ်ဆိုတာလည်း…
ငါ မမျှော်မှန်းခဲ့ပါဘူးဟာ…
ဒါပေမယ့်…
လက်ရှိပစ္စုပ္ပန်မှာတော့…
ငါတကယ် ပျော်ချင်ခဲ့တာပေါ့…။

ဘာရယ်မဟုတ်တဲ့…
နင့်စကားတစ်ခွန်းကြောင့်…
ငါဝမ်းနည်းရတာပေါ့နော်..
င့ါစိတ်တွေလည်း အရမ်းမွန်းကြပ်နေလို့…။

နင်က သူ့ကြောင့် သူ့ကြောင့်ဆိုပြီး…
ဝမ်းနည်း ကြေကွဲနေရတုန်းမှာ..
ငါက နင့်ကြောင့် နင့်ကြောင့်ဆိုပြီး…
ကြေကွဲ ဝမ်းနည်းနေရတယ်…
နင့်အတွက် နင့်အတွက်ဆိုပြီးတော့လည်း…
ငါက အသုံးမကျတဲ့သူဖြစ်ပြီး နှစ်သိမ့်မှုတွေ..
မပေးနိုင်ခဲ့ဘူးတဲ့လား…
အမြဲတမ်းလည်း စိတ်ညစ်စေခဲ့တာပဲလား…
ငါမရည်ရွယ်ခဲ့ပါဘူး…။

ပြဿနာရဲ့ အစ ဆိုတာ…
ဘာလဲ ငါမသိခဲ့ရဘဲ…
ပြဿနာရဲ့ အဆုံးကိုပဲ….
နင်လျှောက်လွှဲချက်တွေ ပေးသွားတယ်…
ငါဘယ်လို နှစ်သိမ့်ပေးရမလဲဟာ…
စေတနာစကားတစ်ခွန်းက နားမှာ ခါးခဲ့ပြီပေါ့…
င့ါစကားတစ်ခွန်းက ဘယ်လောက်မှ..
အရေးပါ အရာ မရောက်ခဲ့ဘူးပေါ့နော်…။

င့ါရင်ထဲကိုလည်း နင်ဝင်ကြည့်လှည့်ပါ…
မြင်ကြည့်ရင် နင်သိမှာပါနော်…
ငါ ဝမ်းနည်းရတာပေါ့ ချစ်သူရယ်…
ကိုယ်ချင်းစာကြည့် နင်သိပါတယ်…။
နင် စိတ်ပျက်နေသွားမလား…
ငါစိုးရိမ်တာပေါ့ ပြောနော်…
ရိုးရိုးသားသားလေးတော့ ပြောပါနော်…
ကျောခိုင်းနှုတ်ဆက်လို့ ထားခဲ့မယ်ဆိုလည်း…
ငါက ထားရာနေ စေရာသွားရတဲ့သူမို့…
ကျန်ရစ်ခဲ့ရမှာပါ….။ ။

ဘဝ ဆိုတာ လိုသလို ပုံသွင်းထုဆစ်လို့ မရသလို…
အချစ် ဆိုတာလည်း…..
မချစ်တဲ့သူကို ချစ်ပါလို့ တိုက်တွန်းလို့ မရသလို…
ချစ်တဲ့သူကိုလည်း မချစ်ပါနဲ့လို့ တားဆီးလို့မှ မရတာနော်…။

ဖြစ်ချင်ဆုံး ဆန္ဒတစ်ခုဆိုတာ…
လှပတဲ့ အိပ်မက်တစ်ခုလို…
လေထဲမှာ အိမ်ဆောက်နေရသလိုပါပဲ…။
ဖြစ်နေတာနဲ့ ဖြစ်သင့်တာကိုပဲ အကောင်းဆုံးအဖြစ်…
မြင်ကြည့်ဖို့ နှင့် အပျော်ရွှင်ဆုံးဖြစ်အောင်…
ဖန်တီး ယူတတ်ရမှာပေါေ့နာ်…။

အေးချမ်းပျော်ရွှင်ပါစေ…။

10 comments

  • ကိုခင်ခ

    September 4, 2012 at 1:06 pm

    အပျော်ရွှင်ဆုံးဖြစ်အောင် ဖန်းတီးသွားနိုင်သူ ခပ်မိုက်မိုက်လေး ဖြစ်ပါစေဗျာ။

  • may flowers

    September 4, 2012 at 3:10 pm

    မိုက်လေးရေ ကဗျာလေးတွေ ပိုပိုလန်းလာတယ်နော်..အားပေးနေပါ့မယ် ဆက်သာရေးပါလို့…။

  • ခပ်မိုက်မိုက် ကောင်မလေး

    September 4, 2012 at 3:21 pm

    ကျေးဇူးပါနော်…။

  • DEPARKO DEPARKO

    September 4, 2012 at 3:59 pm

    စိတ်အလိုကိုလိုက်ကာ ငယ်သူမို့မသိတတ်ခဲ့ပါ ဆိုတဲ့ သီချင်းထဲကလိုပေါ့ ကြာလာတော့လည် တချိန်ကစိတ်ညစ်စရာဆိုတာကို ရယ်စရာဇါတ်လမ်းတစ်ပုတ်အဖြစ် ပြန်ပြီးအမှတ်ရနိုင်ပါလိမ့်မယ်
    ပျော်ရွှင်နိုင်ပါစေ

  • ခပ်မိုက်မိုက်ရဲ့
    ဖွင့်ဟချက်တွေကို နားဆင်သွားပါရဲ့ ..
    ပီးဒေါ့ ..
    နင့်အတွက် နင့်အတွက်
    ဆိုတာရဲ့ နောက်ကွယ်မှာ
    ငါ့အတွက် ငါ့အတွက်
    ဆိုတဲ့ ဆန္ဒလေးတွေကတော့ တိတ်တဆိတ် ခိုကပ်နေတတ်လေရဲ့ဗျာ ..

  • မောင်ပေ

    September 4, 2012 at 8:14 pm

    နင့်အတွက်
    ပွင့်မနက်
    ဖွင့်လျှက်
    ရှည့်တက်
    ပုလင်းဖွက်
    ပျင်းချက်

  • si tone

    September 4, 2012 at 8:25 pm

    အားပေးသွားပါတယ်……………

  • ခပ်မိုက်မိုက် ကောင်မလေး

    September 5, 2012 at 2:54 pm

    ကျေးကျေးပါနော်…:)

  • Naing Ngan Kyaw

    September 21, 2012 at 3:11 pm

    အားပေးသွားပါတယ် ခပ်မိုက်မိုက်ကောင်မလေး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
    ခပ်မိုက်မိုက်ကောင်မလေးရဲ့ကဗျာတွေအရ
    ခပ်မိုက်မိုက်ကောင်မလေးက အချစ်ကို ကိုးကွယ်တတ်သူတစ်ယောက်လို့ထင်ပါတယ်
    ကိုယ့်ချစ်သူက ကိုယ့်ကိုထားသွားမယ်ဆိုရင်တောင် ထားရာနေ စေရာသွားမဲ့လူစားမျိုးထင်တယ်
    ဘာပဲပြောပြောပါ။။။။။
    အချစ်ကို ကိုးကွယ်သော၊ အချစ်ကို တန်ဖိုးထားသော။ အချစ်ကို ယုံကြည်သော။။။။
    ခပ်မိုက်မိုက်ကောင်မလေးးးးးးးးးးးးးးးးးးး
    အချစ်စစ်နဲ့တွေ့ပြီး လေထဲမှာတိုက်အိမ်မဆောက်ပဲနဲ့ ထာဝရလက်တွဲသွားနိုင်ပါစေကွာ။။။။။။။။။
    ဆုတောင်းပေးနေမယ်။။။။။။။။။။ရှေ့ဆက်ပြီးတော့လည်း ကြိုးစားပါ….
    အမြဲအားပေးနေမယ်နော်………..

  • ခပ်မိုက်မိုက် ကောင်မလေး

    September 28, 2012 at 9:32 am

    ဟုတ်ကဲ့ …
    အခုလိုအားပေးသွားတဲ့အတွက်…
    ကျေးဇူးပါရှင်…။

Leave a Reply