တရက်မှာရုံးကို Green Rose နဲ့ သင်တန်းတစ်ခု အတူတက်ခဲ့ဖူးတဲ့ မိတ်ဆွေ တစ်ယောက်ရောက်လာပါတယ်။ အလုပ်ကိစ္စနဲ့ပါ။ အဲလိုနဲ့ အလုပ်လေးတွေလုပ်ရင်း သူဖုန်းဆက်စရာ ကိစ္စရှိတော့ Green Rose တို့ရုံးကဖုန်းကို ခွင့်တောင်းပြီးဆက်ပါတယ်။ Green Rose က သူ့ခါးကြားက Hand Phone ကြီးကိုမြင်နေရတော့ နည်းနည်း အူယားလာပါတယ်။ ဘယ့်နယ့် ဒီလူက ဖုန်းကြီးရှိရက်နဲ့ သူ့ဖုန်းနဲ့တော့ မခေါ်ပဲ သူများဖုန်းနဲ့ ခေါ်နေတယ် ၊ ဒါသက်သက်ကြောတာပဲ လို့စိတ်ထဲက ထင်မိတယ်။ ဒါပေမယ့် ပြောတော့မပြောမိပါဘူး။ နောက်တော်တော်ကြာတော့သူ့ဖုန်းက ဘာဖြစ်နေမှန်းမသိဘူး အထွက် Call ခေါ်လို့မရဘူး အဲဒါ ကြည့်ပေးပါဦးလို့ပြောလာပါတယ်။ အဲဒါနဲ့ Green Rose လည်း မတတ်သည့်ပညာ မနေသာပေါ့လေ ဟိုကလိ ဒီကလိ ပေါ့။ ပုဂ္ဂိုလ်ကတော့ သူ့ဖုန်းကြီး Green Rose လက်ထဲ ထည့်ထားခဲ့ပြီး လျှောက်သွားနေလေရဲ့။ အင်းပေါ့လေ သူ့ဖုန်းက အထွက်မှခေါ်လို့မရတာ စိတ်ချ လက်ချ ထားခဲ့လို့ရပြီပေါ့။ အဲလိုနဲ့ Green Rose လည်း Lock ကျနေတာတွေ လိုက်ရှာဖွင့်ပြီး အစမ်းခေါ်ကြည့်ဖို့ ကြိုးစားလိုက်ပါတယ်။ ဖုန်းပိုင်ရှင်ကလည်း အနားမှာမရှိ၊ သူ့ဖုန်းထဲက contact တွေကိုလည်း ကိုယ်မသိ ဆိုတော့ ဘယ်ကိုခေါ်ရင်ကောင်းမလဲစဉ်းစားပြီး Green Rose ရဲ့ဖုန်းကိုပဲ ပြန်ခေါ်လိုက်ပါတယ်။

          တူ… တူ….တူ….ဆိုတဲ့ ဖုန်းခေါ်နေတဲ့အသံနဲ့ တဆက်တည်း  ဟယ်လို ဆိုတဲ့ အမျိုးသမီးတစ်ယောက်ထူး တဲ့အသံကိုကြားလိုက်ရပါတယ်။ ကြည့်လိုက်တော့ Green Rose ရဲ့ ဖုန်းက စားပွဲပေါ်မှာ ငုတ်တုတ်.. တုတ်တုတ်မှမလှုပ်… ..  အဲဒါနဲ့ Green Rose လည်း အူကြောင်ကြောင်ဖြစ်သွားပြီး ပြန်ပြောလိုက်မိတာက “ဒါ Green Rose ရဲ့ဖုန်းများလားရှင်” တဲ့။

ဟိုက မဟုတ်ပါဘူးရှင် ဆိုတော့မှ ဆောရီးပါနော် လို့ပြောပြီးဖုန်းချလိုက်ရတယ်။ အဲဒီ့အချိန်အထိလည်း လူက သေချာမစဉ်းစားမိသေးဘူး။ နောက်မှ ကိုယ်ခေါ်ခဲ့တဲ့ နံပါတ်ကို ပြန်စစ်ကြည့်မှ နံပါတ်မှားပြီးခေါ်ထားမိတာကိုး……. တော်သေးတာပေါ့ ဖုန်းခေါ်နေတဲ့အချိန် အနားမှာ ဘယ်သူမှမရှိလို့ .. နို့မို့ဆို အရူးလို့အထင်ခံရမှာ…

နာ.. နာ.. နာ..နာ.. နာ.. နာ.. နာ.. နာ.. ဒါဖြစ်တတ်တဲ့နေ့တနေ့ ပါ….(ချစ်သုဝေ ၏ သီချင်းစာသားကို ကူးချပါတယ်ရှင့်)

 

 

About Green Rose

Green Rose has written 10 post in this Website..

I AM A ROSE, GREEN ROSE