အမောပြေစားကြပါ

NovySeptember 4, 20122min30232

မနေ့ကရွာထဲကို ဝင်လို့ကိုမရဘူး

ဒီနေ့ ဝင်လို့ရတော့ ပြေးလွှားပြီး ဝင်ကြည့်လိုက်တယ်

တစ်ရွာလုံး အုံးအုံးကြွပ်ကြွပ် ပါလား

ထမင်းစားချိန်တောင်ကျော်နေပြီ

အူမတောင်မ အလုပ်ဖြစ်မှာ DJ Novy ချက်ထားတာလေးတွေစားလိုက်ကြအုံး

ရော့အင့်စား

ကိုင်းခရမ်းချဉ်သီးငါပိချက်

ပုဇွန်အစိမ်းထောင်း နဲ ငပိစိမ်းစားကို ရေဖျောထားတာ

ကိုင်းခရမ်းချဉ်သီးပြုတ်

 

ပင်စိမ်း/ငရုပ်သီစိမ်းနဲ့ ကြက်သွန်ဖြူ/နီ

ကဲချက်လိုက်ပြီ

ကြက်အာလူးဆီပျံ

ဝက်ဂုတ်သားချက်

ခရမ်းချဉ်သီးချက်နဲ့ တို့စရာစုံ

ခဝဲသီးနဲ့ကြာဇံကို ပုဇွန်စိပ်လေးနဲ့ချက်တဲ့ဟင်းချို

မိန်မိန်လေးစားနော်

 

 

 

32 comments

  • ကိုခင်ခ

    September 4, 2012 at 1:59 pm

    မနိုဗွီရေ ခုမှလာကျွေးနေတယ် ကျွန်တော်တို့က ထမင်းစားပြီးတာကြာရောပေါ့ ခဏနေကော်ဖီတောင် သောက်တော့မယ်လေ။ ဒါပေမယ့် ပုံလေးတွေတော့ ငန်းသွားပါတယ်။

  • may flowers

    September 4, 2012 at 2:02 pm

    ငါးပိချက်နဲ့ တို့စရာစုံလေးဆွဲ သွားတယ်နိုဗွီရေ..ဂွတ်ပဲ..ဆီပြန်တွေတော့ အီနေလို့ မစားတော့ဘူးနော်

    မြန်မာ ဆိုတော့မြန်မာ အစားအစာကြိုက်တာပေါ့….ဟိ။

  • Novy

    September 4, 2012 at 2:06 pm

    ကိုခင်ခ@
    ရွာလေးသာယာစေဖို့ လောဆော်နေရလို့
    မစားရသေးဘူးမှတ်နေတာ

    may flowers@
    ငါးပိချက်ကတော့ အိုးလိုက်ဆိုတော့ ကြိုက်သလောက်စား
    သွေးမတိုးရင် ပြီးရော 🙂

  • Ma Ei

    September 4, 2012 at 2:07 pm

    ခုတော့ ရွာထဲလဲဝင်လို့ရပြီး
    နိုဗွီတို့အိမ်မှာ ကြက်အာလူး၊
    ခရမ်းချဉ်သီးချက် တို့စရာစုံ၊
    ခဝဲသီး၊ကြာဇံ ဟင်းချိုလေးနဲ့
    အားပါးတရစားလိုက်ရရင် ဖြင့်
    မိုးအေးအေးမှာ ကောင်းမှကောင်းနော်…

    • Novy

      September 4, 2012 at 2:36 pm

      များများစားပါ မမအိရေ.
      မနေ့က ဂေဇတ်ဝင်လို့မရဘူးပြောတာကို
      ကင်ချီ ထဲ ဝင်လို့မရဘူးလို့ကြားပြီး
      ပရင့်ထုပ်ပြီးပေးမယ်လို့ ပြောလိုက်မိတယ် ဟီးး …

  • pooch

    September 4, 2012 at 2:18 pm

    ရက်စက်လိုက်တာ မနို….. ကျမက အစားမှားပြီး အဆိပ်သင့် အလဂျစ်ဖြစ်လို့ ဆေး ၉လုံးထိုးထားရလို့ အကုန်ရှောင်နေရတယ်။
    ခုတော့ ခုတော့ …. 😥

    • Novy

      September 4, 2012 at 2:39 pm

      မယ်ပုရ်ရေ.
      ဘာတွေများအစားမှာလည်းကွယ်
      ဟင်းချိုလေးတော့ တည့်ကောင်းပါရဲ့
      သောက်လိုက်အုံးနော်

      ကိုခင်ခရေ
      သယ်သာသယ် အားမနာနဲ့

  • ကိုခင်ခ

    September 4, 2012 at 2:24 pm

    မနိုဗွီရေ စိတ်မပူပါနဲ့ ညနေစာအတွက် ခရမ်းချဉ်သီးချက်နဲ့တို့စရာစုံ တော့ယူသွားမလို့လေ။

  • surmi

    September 4, 2012 at 2:41 pm

    ပုဇွန်ကိုတွေ ့တော ့ ဆာရှီးမိ ကိုသတိယတယ်
    မြန်မာ ့ရိုးရာပေါ ့နော
    အိမ်သားတွေအတွက်ပါဆယ်ထုပ်သွားပြီ
    ပျင်းရင် ည ၉ နာရီနောက်ပိုင်း ရွာထဲမှာ ပဒေသာကပွဲရှိတယ်

  • Novy

    September 4, 2012 at 2:50 pm

    ကိုစာမိ
    ဇရပ်ထဲမှာလား

    • surmi

      September 4, 2012 at 2:55 pm

      တကယ်ဖိတ်တာပါ
      ဒီည အပျင်းပြေအားတယ်ဆိုရင် ရွာထဲလဲဝင်လို ့ရင်ပေါ ့

  • ရဲစည်

    September 4, 2012 at 3:24 pm

    အီး ဟီး ငတ်နေပါတယ် ဆိုမှ …
    ဒီတခေါက်တော့ DJ Novy တို့အိမ် ထမင်းလိုက်စားမယ် ..
    ကြည့်ရင်း ကြည့်ရင်း ဗိုက်က ဂွီ ဂွီနဲ့
    ဒီမှာတော့ ခေါက်ဆွဲပြုတ်နဲ့ ၂ပါးသွားနေရကြောင်း ……..

    အစားအသောက် ပို့စ်တွေဆို ဝင်မကြည့်ချင်ဘူး
    ငတ်နေတော့ ကြည့်မိရင် ကိုယ့်ကိုကိုယ် ……..စိတ်နာဒယ်

  • ခပ်မိုက်မိုက် ကောင်မလေး

    September 4, 2012 at 3:29 pm

    တကယ်မှ စားလို့မရတာ…
    ……………..:(

  • Khaing Khaing

    September 4, 2012 at 3:34 pm

    မမနိုရေ …… ပေးကားပေး၏မရဖြစ်နေလေရဲ့ ….. အစားအသောက်တွေ မမနိုကကျွေးပေမယ့် အခုလောလောဆယ်မစားနိုင်မအိပ်နိုင်ဘွဖြစ်နေတယ် ……….

  • နွယ်ပင်

    September 4, 2012 at 4:16 pm

    ဟင့် စားချင်လိုက်တာ အူရောင်နေလို့ အစပ်တွေမစားရဘူးလို့ အမိန့်ထုတ်ခံထားရတယ်
    အခုတော့ မနိုပုံလေးတွေကြည့်ပြီးပဲ စိတ်ထဲက စားသွားတော့မယ် ….

  • Shwe Ei

    September 4, 2012 at 5:11 pm

    စားချင်ဒယ် ဝါးချင်ဒယ် ဗိုက်ဆာဒယ် အိမ်ပြန်ရင် ချက်တော့မယ်။

  • အရီးခင်လတ်

    September 4, 2012 at 6:56 pm

    ခေါက်ဆွဲပြုတ် လေးကို ကြက်ဆီပြန်၊ ဝက်ဆီပြန်၊ တွေနဲ့ အားပေးသွားပါတယ် မနိုရေ။
    ကိုခင်ခလို ဘဲ အပြုတ်တို့ နဲ့ ငပိချက်၊ ပုဇွန်အစိမ်းထောင်း နဲ ငပိစိမ်းစားကို တော့ အိမ်ကို သယ်သွားပါတယ်။
    ကျေးဇူးပါ။

    ဒီမှာက ခရမ်းချဉ်သီးဘူး ကို ငံပြာရည် (သို့) Soy Sauce ထဲ့ပြီး ချက်စားပါတယ်။
    ဒါပေမဲ့ ငပိချက် မှာ မပါမနေထည့်ရမဲ့ ငပိ/ပင်စိမ်း/ငရုပ်သီစိမ်း/ နံနံပင် တို့ တော့ မပါတော့ စဉ်းစားသာကြည့်ပေတော့။
    ဒီမှာ ကိုယ့်ဟာကိုယ် မြန်မာမှုပြုချက်တာတွေက ဘီးဆံထုံး တော့ ထုံးထားတယ်၊ ဂါဝန်ကြီး နဲ့ သဘော ဖြစ်နေတာ။ 😀

  • သစ် တည်

    September 4, 2012 at 7:02 pm

    ဝက်ဂုတ်သားက မိုက်တယ်ဗျို့
    ဆိတ်ဂေါင်ဟင်းလေး နောက်ရက်ချက်ပါလား……

  • Crystalline

    September 4, 2012 at 7:16 pm

    အားပါးပါး..ဟင်းတွေစုံလှချေလား..ကိုယ်တိုင်ချက်ပြီးစိတ်ကြိုက်စားရင် ဝလာပြီးမလှတော့ပဲနေအုံးမယ်နော့

  • မောင်ပေ

    September 4, 2012 at 8:00 pm

    မိန်းမိန်းလေးကိုတော့ ဟီဟိ
    မနို လက်ရာတွေကိုတော့ ဂွီဂွိ ( မြည်သံစွဲအလာကင် )

  • si tone

    September 4, 2012 at 8:01 pm

    oh my god! အရမ်းစားချင်သွားတယ်………………. Novy… Si tone ကိုကျွေးမှာလား

  • Novy

    September 5, 2012 at 1:50 pm

    ဝင်ရောက်စားသောက်သွားတဲ့
    ရွာသူားအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်

  • etone

    September 5, 2012 at 3:24 pm

    မနိုရေ….. လာဝင်စားတာတောင် နောက်ကျနေပြီလား မသိဘူး ။
    ကုန်ပါပြီ အသံမကြား မချင်း ဖိနပ်ခါးကြားထိုးပြီး လာဆွဲတဲ့ ဦးလေးကြီးတို့က လက်သွက်တယ် …. ။ တော်သေးတယ် သူမလာသေးလို့ … 😀 😀 😀

    အောက်ဆုံးကခဝဲသီးနဲ့ ကြာဆံချက်ထားတဲ့ ဟင်းချိုလေးကိုတော့ အားရပါးရဆွဲသွားပါတယ် … :mrgreen:

  • ဘယ်သူတွေဘာပြောပြော ပါဆယ်ဆွဲသွားပြီဟေ့
    အိမ်ကျမှ မဒမ်ပေါက်နဲ့လက်ဆုံစားတော့မယ်နော်
    ကျေးကျေး

  • Uncle Lay

    September 5, 2012 at 4:21 pm

    အင်း…..အမေ့လက်ရာ အတိုင်းပါလား…။

  • Novy

    September 5, 2012 at 4:24 pm

    နောက်ကျတဲ့ခြေထောက်သစ္စာဖေါက်နော်
    ကုန်ခါနီပြီး ဟီးးးးး

  • ကြောင်ကြီး

    September 7, 2012 at 10:38 am

    ဟိုဒုန်းကပြောတော့ ကိုကြောင့်အတွက် နိုဗွီ သီးသန့်ချက်ပေးတာ၊ အခြားဘယ်သူမှ မသိစေရဆို အခုတော့ မုန်းရက်ပီပေါ့…။
    မိန်းမဆိုဒါ
    ဆောင်းလေပမာညီ
    ကောင်းလေစွာပြီ
    ချောင်းနေကြာသည်
    မောင်းစေတလာစီ
    အောင်းရွှေကမာ္ဘမြည်
    ဖောင်းလေဗျာဟီ
    တူနယ်တဲ့နယ် တူနယ်တဲ့နယ်…. 😥

  • Mon Kit

    September 7, 2012 at 1:12 pm

    မနိုဗွီ ရဲ့ ရုပ်သီးချက်နဲ့ အတို့အမြှုပ် တွေ စားချင်လို့ လာငမ်းတာ….
    ရဲရဲတောက် တွေ တွေ့လို့ လန့်ပီး မစားဘဲ ပြန်ပြေးခဲ့တယ်…
    လန့်ထှာနော်………. 🙁

  • Novy

    September 7, 2012 at 3:12 pm

    မနိုဟင်းက ငရုပ်သီးနဲလို့
    ငရုပ်သီးအစား အနီရောင်လေးတွေချယ်ပြီး
    တကူတက အားလာပေးတဲ့အတွက်
    ကျေးဇူးပါရှင် ၊

    • Inz@ghi

      September 7, 2012 at 3:20 pm

      အစပ် ကြိုက်ကြတယ် ထင်ပါ့ဗျာ

      :mrgreen:

  • ရွှေ ကြည်

    September 7, 2012 at 4:48 pm

    မနိုရေ နီနေလည်းဝင်စားသွားတယ်ဗျို့။
    ဒီတခေါက်နောက်ကျသွားတယ် မြည်းရုံပဲစားရတော့မှာပဲ။
    နောက်တခါမှအဝစားတော့မယ်။ ပန်းကန်တော့ဆေးမပေးတော့ဘူး ပြန်ပြီ 😀

Leave a Reply