ဘုရားဟောသော…ကမ္မဒဿန

Ko out of...September 4, 20121min851

– လူကိုမြင်လျှင် လူလိုပင်
လူတွင်ဆက်ဆံရာ…

– လူကိုကျော်တွေး လူနှင့်ဝေး
လူရေးမလှပါ…

– လူကိုဖျက်ဆီး လူ့အချည်းနှီး
မပြီးလူကိစ္စာ…

– လူကျော်လူဖျက် ထိုနှစ်ချက်
လူတွက်ဆင်းရဲရှာ…

– လူနှင့်လူတို့ ချမ်းသာဖို့
လူတို့ပြုရမှာ…

– လူဆင်းရဲတာ လူ့ကြောင့်ပါ
လူမှာပြုပြင်ပါ…

– ကံဟူသမျှ လူကစ
လူကပြုလုပ်တာ…

– ကံကောင်းလိုလျှင် လူသာပြင်
လူတွင်ကျင့်ရမှာ…

– က့ညံ့တာလည်း လူ့ကြောင့်ဘဲ
ဖေါက်လွှဲ ကျင့်သိက္ခာ…

– ကံဆိုးကံကောင်း အလှဲ့ပြောင်း
ဖြစ်ကြောင့်လူကသာ…

– ကံသာအမိ ကံသာဖ
ရှေးကဆိုတဲ့စာ…

– ရှင်တော်မိန့်ဟော ကံသဘော
မနှောကိုယ်နှုတ်ပါ…

– ကံဟာလူ့ကျွန် လူပြုပြင်
လူတွင်ကံကောင်းမှာ…

– ပစ္စုပန်န ကံဘဝ
ဃနသိအပ်စွာ…

– မွေးသေအတွင်း ပြုလုပ်ခြင်း
မယွင်းကံ သစ္စာ…

– မွေးသေဟိုးဘက် ပြုလုပ်ချက်
တွက်ချက်မဖွေရှာ…

– ယခုပြုက ယခုရ
ဒိဋ္ဌဓမ္မပါ…

– ယခုပြုက နှောင်ဘဝ
ဗုဒ(Buddha)မဟောပါ…

– ဗုဒ(Buddha)မဟောကံ သဘော
သောသောညံ နေတာ…

– အလွှဲတရား အစွဲမှား
ခွဲခြားမသိပါ…

– ဟိုကံ ဒီကံတွေးတောကြံ
အမှန်ဆင်းရဲမည်…

– ဆင်းရဲ့တန်တန် ခံရပြန်
နိဗာန်ဝေးတော့မည်…

– နိဗာန်လိုလျှင် ကံကိုပြင်
အစဉ်ချမ်းသာမည်…

ရေးသားသူ….ဆရာဦးညွှန်ဝေ

One comment

  • kthwinzayarmyo

    September 4, 2012 at 3:06 pm

    ကိုယ်ပြုသော ကံ ကိုယ့်ထံပြန် လို့ လူတိုင်းတော့ကြားဖူးနေကြတာပဲ
    ဒါပေမယ့် ဘယ်လိုပြန်ပြီး ကံကောင်းမယ်၊ ကံဆိုးမယ် ဆိုတာ သေသေချာချာ
    လူတိုင်း မသိကြဘူး၊ နောင်မှ (နောက်ဘဝမှ )ကိုယ့်ဆီ ပြန်လာမယ်လို့ထင်ကြတယ်
    ဒါကြောင့်လဲ အတိတ်ကံတွေကဘဲ ကိုယ့်ရဲ့ အရှင်သခင်လို ထင်နေကြတာ
    ကိုယ်ပြုသော ကံ ကိုယ့်ထံပြန် ဆိုတာနဲ့ လက်ငင်းအကျိုးပေးတယ်ဆိုတာ
    သေသေချာချာသိရင် ကံဆိုတာ ကိုယ့်ကျွန် ဆိုတာသဘောပေါက်ကြမှာပါ၊
    ဒီသဘောတွေကို လူတွေ သိပြီး ငြိမ်းအေးချမ်းသာ နိုင်ကြပါစေ။
    ဒီပိုစ့်မျိုး များများရေးနိုင်ပါစေ။

Leave a Reply