ဒီလိုလေးဖန်တီးထားတဲ့အိမ်လေးတစ်အိမ် ဖြစ်စေချင်ပါတယ်။


ထိုနေ့က
ကမ္ဘာကြီးတစ်ကမ္ဘာထဲက
ရွာကြီးတစ်ရွာထဲကို ၀င်တဲ့အခါ
ရွာစည်းရိုးက ဖွင့်လို့မရ
စည်းလုံးနေတဲ့ ရွာထဲမှာ
ဘယ်သကောင့်သား
ဝင်မွှေပြီလဲ စိုးရိမ်စိတ်များဖြင့်
ညနေထိရောက်လာခဲ့….
ထိုညက
ရွာစည်းရိုးက မခွာ
အားကြိုးမာန်တက် ပွင့်လာမယ့်အချိန်စောင်းစားရင်း
ကြယ်တွေတောင် ဒဏ်ရာရ
မြူနှင်းတွေ ငိုပွဲဝင်လို့
မြက်ပင်တွေ ဦးညွတ်ရင်း
အလင်းရဲ့ အရှုံးနောက်
သန်းခေါင်က ကောက်ကောက်ပါချိန်
ဘာလိုလိုနဲ့ တစ်မိုးသောက်ခဲ့ပါလေရော….

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။