မနေ့က ရွာကြီး ဘာဖြစ်နေပါသနည်း

manawphyulaySeptember 4, 20121min36339

ဒီလိုလေးဖန်တီးထားတဲ့အိမ်လေးတစ်အိမ် ဖြစ်စေချင်ပါတယ်။

ထိုနေ့က
ကမ္ဘာကြီးတစ်ကမ္ဘာထဲက
ရွာကြီးတစ်ရွာထဲကို ဝင်တဲ့အခါ
ရွာစည်းရိုးက ဖွင့်လို့မရ
စည်းလုံးနေတဲ့ ရွာထဲမှာ
ဘယ်သကောင့်သား
ဝင်မွှေပြီလဲ စိုးရိမ်စိတ်များဖြင့်
ညနေထိရောက်လာခဲ့….
ထိုညက
ရွာစည်းရိုးက မခွာ
အားကြိုးမာန်တက် ပွင့်လာမယ့်အချိန်စောင်းစားရင်း
ကြယ်တွေတောင် ဒဏ်ရာရ
မြူနှင်းတွေ ငိုပွဲဝင်လို့
မြက်ပင်တွေ ဦးညွတ်ရင်း
အလင်းရဲ့ အရှုံးနောက်
သန်းခေါင်က ကောက်ကောက်ပါချိန်
ဘာလိုလိုနဲ့ တစ်မိုးသောက်ခဲ့ပါလေရော….

39 comments

  • Wow

    September 4, 2012 at 4:07 pm

    တူတူပါ တူတူပါပဲလား…. (တချင်းဖြစ်ပါသီ)
    လက်မလေးထောင်သွားပါတယ် မနောရေ…

  • Wow

    September 4, 2012 at 4:07 pm

    မေ့လို့ ပုံလေးတွေလဲ ကူးသွားဒယ်နော်…

  • ဦး ဂျစ်

    September 4, 2012 at 4:27 pm

    မနေ့က လေပြင်းတချက်ဝှေ့ ခြင်း ခံလိုက်ရပါသည်…၊
    မယိုင်မလဲ အောင် ခိုင်ခိုင်မြဲမြဲ နေထိုင်ပါလျက်ကယ်နဲ့ …. အော် ..အနိစ္စ ။

  • pyopyo may

    September 4, 2012 at 6:02 pm

    ဟုတ်တယ် ၊ ဟုတ်တယ်
    ရွာတံခါး ကြီး ၊ ပိတ်ထားလို့
    အပြင်မှာ ငုတ်တုတ် ထိုင်စောင့်နေရတယ် ၊
    ညကျမှ ဝင်လို့ရတယ် ၊
    ရွာထဲမှာ ဘာတွေဖြစ်နေပါလိမ့်

  • same kyaw

    September 4, 2012 at 6:16 pm

    ဟုတ်တယ် ။မနေ့ ကရွာ ကို ရန်သူဝင်တယ်ကြားတယ်။ရွာထဲမှာတိုက်နေတယ်။fbထဲမှာလဲ ပြောနေတာစုံနေတာဘဲ။ကိုယ်တောင်ပောာင် ပြော လိုက်သေးတယ်။မန်းဂဇက် ကသူဘာသာအေးအေးနေတာပါလို့။ကြည့်ရတာ အထင်တွေ လွဲကုန်တာလားမသိဘူး။ထင်တာပြောတာ။ သူကြီးကလည်းခေသူမှမဟုတ်တာ ။

  • ရဲစည်

    September 4, 2012 at 7:33 pm

    အမှန်တော့ မနေ့က ရွာကြီးက ဘာမှ မဖြစ်ပါဘူး အေးဆေးပါ
    အဓိက လူတွေ ဖြစ်နေတာပါ …. 🙁

  • si tone

    September 4, 2012 at 7:56 pm

    ဟာ………… မနေ့က ဘာဖြစ်သွားလို့လဲ………… Si Tone မသိလိုက်ဘူး…………

  • Novy

    September 5, 2012 at 2:19 pm

    ဒီနေ့ တမနက်လုံးလည်းဖွင့်မရ အခုမှပဲ
    ဝင်လို့ရတယ်မနောရေ.

    ဘယ် “ရေဆင်းချိုး “တွေ
    တိုက်ခိုက်နေကြလည်မသိဘူး

    • Novy

      September 6, 2012 at 9:42 am

      ရေဆင်းချိုး လို့ ပြောတာကို
      နာလို့ အနီလာပြတာလား

      ရေဆင်းချိုး တွေမို့လို့ ရေဆင်းချိုး လို့ပြောတာလေ
      နာတက်ရင် သူများသာယာနေတဲ့ ရွာကို လာမနှောက်ယှက်နဲ့ပေါ့

      • etone

        September 6, 2012 at 11:19 am

        မနိုရေ …. ဒေါသထွက်လျှင် အလှပျက်တယ်၊ ရုပ်ရင့်တယ်တဲ့ ..အဟိ …… ။ 😀 မနိုမျက်နှာ လှလှလေး …… ပြုံးနေလျှင် အရမ်းကြည့်ကောင်းတယ် …….

        ရေဆင်းချိုးလို့ပြောတာ မကြိုက်ဘူးလား … ဒါဆို ရွ ံ ့လူးတာနေမှာပေါ့ ……… ခွိခွိ ။ :mrgreen:

        • Novy

          September 6, 2012 at 12:23 pm

          ဟုတ်တယ် အိတုံရေ..
          မနေ့က အရှိန်နဲ့ ဒီနေ့ဓါတ်ခံသိပ်မကောင်းလို့
          ရန်ကြီးပဲဖြစ်ချင်နေတယ်

  • ဘရားသား

    September 5, 2012 at 2:32 pm

    ဟုတ် ခုမှပဲ ဝင်လို့ရတယ် ဘယ်လိုတွေဖြစ်နေတာလဲ မသိနော် ခက်လိုက်တာ ။

  • ahnyartamar

    September 5, 2012 at 3:59 pm

    ရွာဒမြတိုက်ခံရတာဗျို့။

    • Rose Minn

      September 6, 2012 at 11:26 am

      အနုကြမ်းစီးတာ။ အေးဓမြ ဒေားဓမြ။ ကြောက်ချာကြီး ကြောက်ချာကြီး။ ဟဲဟဲ။

  • အမွန်

    September 5, 2012 at 4:48 pm

    ရွာတံခါးက ပိတ်လိုက် ဖွင့်လိုက်နဲ့ အစ်မရေ…
    အမွန်တို့ကတော့ ဖွင့်တာနဲ့ ဝင်ပြီးသားပဲ..အထဲရောက်မှ လူဆိုးတွေသတ်လည်း အသေခံလိုက်တော့မယ်… 🙂

    • Wow

      September 5, 2012 at 5:02 pm

      Mozilla ကနေလုံးဝ ဝင်လို့မရလို့ IE ကနေပတ်ဝင်ရတယ်…

      • Inz@ghi

        September 5, 2012 at 5:05 pm

        Browser cookies တွေရှင်းလိုက်ရင် ဝင်လို့ရပါပြီ

        • Wow

          September 5, 2012 at 6:11 pm

          ဝင်လို့မရလို့ ညည်းကိုတောင် ကျုပ် ဖေ့ဘွတ်မှာ ပြောထားသေးဒယ်…
          အဲဒီ့ဘက် မရောက်သေးဘူးလား

        • Inz@ghi

          September 5, 2012 at 6:27 pm

          တွေ့သားပဲ

          ကျုပ်က ဘာလုပ်ပေးနိုင်မှာတုန်းကွယ်
          ပီး ရုံးချိန်ကြီး. မလွပ်မလပ် မပေါ့မပါးကြီး

          ကျုပ်က ဖေ့ဘုတ်မှာ
          ဖားတပိုင်းငါးတပိုင်း ဆယ်လစ်ဗျစ်တီနော်
          ညင်းညင်း.

          ဘာမိဂီ တုန်း

          ခွီးးးးးးး

          အသည်းနာထှာ

        • manawphyulay

          September 6, 2012 at 10:09 am

          ရှင်းလည်း ရပါဘူးအေ… ဒီနေ့မှ ဝင်လို့ရတယ်… ပြော ပြောချင်တော့ပါဘူး။

        • etone

          September 6, 2012 at 11:22 am

          တူညားတွေက အခုထိဝင်လို့ မရဘူးတဲ့အေ ။
          ကိုယ်ဖွင့်နေတဲ့ လင့်လေးကို ပေးပြီး လိုက်ဝင်ခိုင်းတော့မှ …. အဆင်ပြေသတဲ့…. ဘာတွေဖြစ်နေလဲတော့သိပါဘူး … မနက်က နှစ်ယောက်ရှိပြီ အဲ့လိုလင့်ပေးပြီးမှ ဝင်ခိုင်းရတာ … ဟီး 😀

    • ကိုရင်စည်သူ

      September 5, 2012 at 5:13 pm

      ဘာမှ ချိတ်သောက ဖစ်နဲ့
      ရွာထဲရောက်မှ လူဆိုးဒွေ အမွန်ကို သတ်ရင်..
      ဦးမွန်စည် ရှေ့ကနေ လည်စင်းပေးလိုက်မရ်.. 😳 😳
      ချိတ်ပူနဲ့ ရွာထဲကို ဆိုမာလီတွေ ဦးစည် လုံခြုံရေးအတွက်
      ခေါ်ထားပေးတယ်… :mrgreen:

      • manawphyulay

        September 6, 2012 at 2:25 pm

        ခေါ်ထားပေးမယ်ဆိုလည်း မြန်မြန်သာခေါ်လာခဲ့ စည်စည်ရေ..
        ခုလိုဝင်လို့ရလိုက် မရလိုက် မဖြစ်ချင်တော့ဘူးနော် ဒါဘဲ…

  • Wow

    September 5, 2012 at 6:36 pm

    ညည်းက ဆယ်ဗျစ်တီဆိုပြီး မန်တက်တယ်ပေါ့လေ.. မိဂီ..
    ခွီး.. ဝူး.. ဝေါင်း.. 😛 😀

    • Inz@ghi

      September 5, 2012 at 6:45 pm

      ဂျီတော့ခ် အတ်ထားပါသည်
      အဲ့မှာ ရေးလို့မကောင်း. သည်မှာရေးလို့အဆင်မပြေလျှ ဂျီတော့ခ် ကနေပြောနိုင်ပါသည်

      ဂျီတော့ခ်မှာ ဖေ့စ်ဘုတ် လုပ်ထားသည့် အကောင့်ပင်ဖြစ်ပါသည်

      တော်သေးဘီ
      ချဉ်. အဲ့လေ. ခင်တဲ့
      ဂီ

  • သုရှင်

    September 6, 2012 at 10:19 am

    မီးပျက်နေလို့တဲ့
    ွ်FBI ကိုခေါ်ပြင်ခိုင်းထားတာ။
    :mrgreen:

  • ma ma01306

    September 6, 2012 at 10:27 am

    ရွာကြီးကို ဟက်ကာ ခွိခွိ ရေးလိုက်တော့..

    ချစ်လွန်လွန်းလို့ ခဏလာလည်တာတဲ့..

    သူတို့က ခင်မင်စရာကောင်တယ်..(အာဘွားးးးးးး)

    သွားသွားမစကြနဲ့ ကိုယ်က ဘာမှနားလည်တာမဟုတ်ပဲနဲ့

    • manawphyulay

      September 6, 2012 at 10:33 am

      ဘယ်သူက ဘယ်သူကို စနေလို့တုန်း..
      လက်တည့်စမ်းကြည့်တာလား…

      • etone

        September 6, 2012 at 11:24 am

        အစ်မလေးကလည်း … ရူး ချင်ယောင်သိပ်ဆောင်တာပဲ ……. ။ ဟိဟိ …
        ဖျာပြေးပြေးခင်းနေရတာနဲ့ ………. မောနေပြီပေါ့ ……. အဟီး ။ 😛

        ချစ်လို့စတာပါအေ …. ချိတ်ရှိုးနဲ့ :mrgreen:

  • Wow

    September 6, 2012 at 11:51 am

    ဟက်ကာ ခွိခွိ ကိုတော့ ဒဂျီး ပိတ်လိုက်ပြီထင်တယ်…
    ဖွင့်မရတော့ဘူး.. နှမြောထှာ 🙁

  • surmi

    September 6, 2012 at 11:51 am

    ကျုပ်လဲနှစ်ည အိပ်ရေးပျက်သွားတယ်
    ကြည် ့ရတာ သူကြီး ပြန်ရောက်ပြီးနဘန်းလုံးနေပုံဘဲ
    ညက ၁၂ နာရီဝန်းကျင်မှာ ပြန်ရသေးတယ် နှေးတော ့နှေးနေတယ်
    ခဏနေတော ့ အပြီးပြန်ကျသွားတာ။ဒီမနက် မှပြန်တက်လာတာဘဲ

  • ရွှေ ကြည်

    September 6, 2012 at 5:01 pm

    မမနော တော်ချက်။ ကဗျာကတကယ်ကောင်းတယ်။
    ပြီးခဲ့တဲ့ရက်တွေက ရွှေကြည်လည်းလန့်သွားတာပဲ ဘာတွေဖြစ်နေလဲပေါ့လေ။

  • manawphyulay

    September 7, 2012 at 9:53 am

    ခုတော့ အေးချမ်းနေလောက်ပါပြီလေ…

  • Khaing Khaing

    September 7, 2012 at 10:29 am

    အားလုံးအေးဆေးဖြစ်သွားပါပီ …….. ဒီလိုပါပဲလေ …. လောကဓမ္မဒါပေ့ါ ………

  • manawphyulay

    September 11, 2012 at 12:57 pm

    ဟက်ကာအကြောင်းတွေကတော့ ကွန်ပျူတာဂျာနယ်မှာလည်း ခဏခဏဆောင်းပါးတွေ ဖတ်ရပါတယ်။ ကောင်းသောစိတ်ဖြင့် နည်းပညာတိုးတက်ဖို့ လုပ်ရင်အကောင်းဆုံးပါပဲ။

  • ဦး ဂျစ်

    September 11, 2012 at 2:06 pm

    မဟက်တတ်ချင်ဘူးကွယ် … ကာကွယ်တတ်ချင်တာလေးပဲ ဖြစ်မိတယ် …
    ပြောရရင် ကာကွယ်ဖို့ ဆိုတာကလဲ ကာကွယ်ရအောင် ကိုယ့်မှာ ဘာအဖြစ်မှ မရှိတာ…
    ဗဟုသုတာလေးတွေ ၊ ငြင်းခုံကြတာလေးတွေ ဖတ်နေရင်းနဲ့
    ဂေဇက်ကြီး သာယာပါစေ လို့ပဲ ….။

Leave a Reply