ရေတစ်ခွက်တော့ သောက်ပေးပါအုံးလို့။

ခင္ခSeptember 4, 20121min22725

ရေတစ်ခွက်တော့ သောက်ပေးပါအုံးလို့။

ကျောင်းဆရာတစ်ဦး ပင်စင်ယူခါနီးမှ မနက်အတန်းချိန်အစောရှိလို့ ရေချိုးမသွားဘဲ နေ့လယ်ထမင်းစားပြန်မှ ရေချိုးတော့မည်ဆိုကာ ဇနီးသည်ကိုပြောပြီး စာအုပ်တွေပိုက်လို့ သသုတ်ကရက်ထွက်သွားခဲ့တယ်။ တက္ကသိုလ်ထဲမှာဘဲ ဝန်ထမ်းအိမ်ရတာမို့ ကျောင်းစာသင်ခန်းနဲ့ နေတဲ့အိမ်ကို လမ်းလျောက်ပြီးသွားတဲ့ အလေ့ရှိနေပြီးသားဖြစ်နေတယ်။ နေ့လယ် ၁၂ နာရီ အတန်းချိန်တွေပြီး နေ့လည်စာ စားဖို့အိမ်ပြန်လာခဲ့ရာ နေကလည်းပူ၊ အပြေးလေးလျောက်လာလို့ ချွေးတဒီးဒီးကျနေပြီး အိမ်ရောက်တော့ ခါတိုင်းလိုဘဲ ထမင်းခူး ထားလိုက် ရေအရင်ချိုးလိုက်အုံးမယ်ဆိုကာ ရေလဲပိုင်းလဲလို့ အိမ်နောက်ဘက်ရှိ ရေချိုခန်းသို့ထွက်သွား လိုက်သည်။ ဇနီးဖြစ်သူက ထမင်းပွဲပြင်ပြီး၍ ရေသုတ်ရန် တဘက်လိုက်ပေးရင်း ရေချိုခန်းနားစောင့်နေရာ  အတော်ကြာသည်အထိ ထွက်လည်းမလာ ရေလောင်းသံလဲမကြားလို့ စေ့ထားတဲ့တံခါးကို အသံပြုရင်းတွန်းပြီး ဝင်လိုက်တော့ ရေချိုးခန်းထဲမှာ လဲကျနေတဲ့ခင်ပွန်းသည် ဆရာကြီးကိုတွေ့ရတာဘဲလေ။ ထိုနေ့ နေ့လည်စာ ထမင်းကို ထိုဆရာကြီးမစားသွားရရှာပါတယ်။

နောက်တစ်ယောက်က တိုင်းရင်းဆေးသိပံ္ပကျောင်းမှာ ထမင်းဆိုင်ဖွင့် ရောင်းတဲ့အဒေါ်ကြီးတစ်ယောက်လေ။ သူက ထင်းမီးဖိုကြီးတွင် ဟင်းအိုးတစ်အိုးပြီး တစ်အိုး၊ ဒယ်အိုးတစ်ဒယ်ပြီး တစ်ဒယ်ဖြင့် လုပ်ကိုင်နေရသူပေါ့။ လူကပုပု အလုပ်ရှုပ်လို့ ဆံပင်ကတိုတိုနဲ့ တစ်ခါတရံ ချွေးတလုံးလုံးနှင့် ကိုယ်ပေါ်မှာ အကျင်္ ီပင်မကပ်နိုင် ထမီရင်ရှားနဲ့ အလုပ်တွေဆက်တိုက်လုပ်နေသူပေါ့။ ထမင်းခူးလိုက်၊ ဟင်းထဲ့လိုက်၊ ကြက်ဥကြော်လိုက်၊ လက်ဖက်ရည်ပြေးဖျော်လိုက်၊ ရေနွေးအိုးတည်လိုက်နဲ့ နေ့လည်ထမင်းစားချိန်ဆို ပိုလို့တောင် အလုပ်ရှုပ် သေးတယ်၊ အဲလိုမောတော့ ရေခဲရေသောက်တတ်တယ်၊ ရေခဲရေဆိုလို့ ရေခဲသေတ္တာထဲ ထဲ့ထားတဲ့ရေအေး မဟုတ်ဘူးနော် ရေခဲတုံးပေါ် ရေလောင်းချပြီးကျတဲ့ရေကိုသောက်တာပါ။ ရေခဲရေသောက်ရင်း ချွေးစို့နေတဲ့ အဒေါ်ကြီး စားသုံးသူပါးတဲ့ နေ့လည် ၂ နာရီခွဲ လောက်ဆိုပုံမှန်ရေချိုးတတ်ပါတယ်၊ တစ်ခါတလေ ရေခဲတုံး ကြီးကို ရေကန်ထဲထဲ့ပြီး အဲဒီရေခဲရေကိုချိုးတာလေ၊ ပြောရင်လည်း သင်္ကြန်မှာတောင် နေ့လည်ဘက်ရေခဲရေ နဲ့ပက်ကြသေးတာဘဲတဲ့ ဆင်ချေပေးတတ်တာ။ ရေချိုးပြီး ရေခြောက်အောင်မသုတ်ဘဲ ခါးဝတ်လေးတစ်ထည် နှစ်ထည်လျှော်ရင် လျှော်သေးတာ၊ တစ်နေ့တော့ ရေချိုးပြီးစမှာဘဲ တက်ပြီးသေသလိုဖြစ်တယ်၊ ပါးစပ်က အမြုပ်အနည်းငယ်ထွက်လာသလို လက်သီးများလည်းဆုပ်နေတာတွေ့တယ်လေ။ သေဆုံးပြီးနာရီပိုင်းအတွင်း ဘယ်ဘက်နားရွက်နောက်နား၊ ဦးခေါင်းနောက်စေ့တစ်ဝိုက်တွင် အပြာကွက်ကြီးပေါ်လာတယ်မို့ နောက်စေ့ အောက်အဝင်စတွင်ပင် သွေးကြောကြီးပေါက်သွားပုံရတယ်၊ ပူလွန်းအေးလွန်း အပြောင်းအလဲကြားမှာ ရှော့ ဖြစ်သွားပုံရပါတယ်။

ဒါကြောင့် လူဖြစ်လာတဲ့အခါ နေ့စဉ်တာဝန်တွေကတဖက် မိမိတစ်ကိုယ်ရည် မဖြစ်မနေလုပ်ရသည့် ကိစ္စများက တဖက်၊ အစားစားရ အညစ်ကြေးစွန့်ရ သွားလာလှုပ်ရှားရ အိပ်လိုက်ကြနဲ့ပေါ့။ထိုသို့လုပ်ကိုင် စားသောက်နေ ကြရင်း တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် ရေချိုးရခြင်းမှာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဲဒီ ရေချိုး အပြုအမူမှားကြောင့် ဒုက္ခရောက်ကြရတာတွေတွေ့ရ ကြားကြရပါတယ်၊

အသက်အရွယ်ကြီးသူတွေအတွက် ရေချိုးအင်္ကာလေးရှိပါတယ်၊“ နွေကိုး၊ မိုးတစ်ဆယ်၊ ဆောင်းဆယ်တစ် ´´ တဲ့၊ ဆိုလိုတာက နွေရာသီမှာ မနက် ၉ နာရီ၊ မိုးရာသီမှာ မနက် ၁ဝ နာရီ၊ ဆောင်းရာသီမှာ မနက် ၁၁ နာရီတွင် ရေချိုးသင့်ကြောင်းဆိုထားတာပါ၊  အဲဒီမှာ လူကြီးတွေ ရေချိုးပြီး အအေးမပတ်၊ လေမဖြတ်ရအောင် နည်းလမ်း ကောင်းလေးတစ်ခုကတော့ ရေမချိုးမီ ရေတစ်ခွက်သောက်ခြင်းဖြစ်ပါတယ်၊

ရေမချိုးမှီရေတစ်ခွက်သောက်ခြင်းသည် အစာအိမ်မှအပူကိုငြိမ်းစေပါတယ်၊ ရေမသောက်ဘဲချိုးလျှင် အစာအိမ် မှ အပူသည် ကိုယ်ခန္ဓာပေါ် လောင်းချလိုက်သည့် အအေးဓာတ်ကြောင့် ငုပ်လျှိုးသွားပြီး နီးစပ်ရာ အသည်း နဲ့ နှလုံးသို့ ရောက်သွားတတ်ပါတယ်၊ အဆုတ်ကလည်း ရေအေးကြာကြာချိုးရင် အပူငုပ်နိုင်ပါတယ်၊ ရေမသောက်ဘဲ ရေချိုးမှု့ကြောင့် အစာအိမ်အပူငုပ်လျှင် အစာအိမ်နာခြင်း၊ အစာမကြေခြင်း၊ အစာအိမ်ရောင် ခြင်း၊ အစာအိမ်မှတစ်ဆင့် အသည်းသို့ အပူရောက်လျှင် အသည်းနှင့် အသည်းလုပ်ဆောင်မှု အားနည်းခြင်းဖြစ် စေတတ်ပါတယ်၊ နှလုံးသို့ အပူရောက်ရင် နှလုံးခုန်ကြိမ်မြင့်ပြီး သွေးတိုးခြင်း၊ သွေးတိုးကြောင့် သွေးအတွင်းမှ သွေခဲ၊ အဆီခဲများ ပြုတ်ကျသွားလျှင် ဦးနှောက်အတွင်း သွေးခဲပိတ်ဆို့၍ လေဖြတ်နိုင်ပါတယ်၊အဆုတ်အတွင်း အပူငုတ်ရင် ချောင်ဆိုးခြင်း၊ အဆုတ်အအေးပတ်ခြင်းနှင့် ချောင်းဆိုးရာမှစပြီး အပူချိန်မြင့်တက်လာနိုင်ပါတယ်၊

အထက်ကဖော်ပြခဲ့တဲ့ ကျောင်းဆရာကြီးက နေပူထဲကလာပြီး ချွေးဒီးဒီးကျစဉ်ရေချိုးမိသူ၊ ခဏလောက်နားပြီး ရေတစ်ခွက်သောက်ပြီးမှ ရေးချိုးခဲ့ရင်၊ ထမင်းဆိုင်အဒေါ်ကြီးလည်း မီးအပူ နေအပူတွေကြား အလုပ်လုပ်ပြီး ရေချက်ချင်းချိုးခဲ့သူ၊ ရေချိုးခါနီး ရေတခွက်လောက်သောက်ပြီး ပုံမှန်အေးသောရေဖြင့်ချိုးခဲ့ပါလျှင် ခုလို အဖြစ်ဆိုးကြုံပါ့မလားလို့။

ဒါကြောင့် မည်သည့်အသက်အရွယ်မဆို မည်သည့်ရာသီမဆို ရေချိုးမမှားရလေအောင် အသင့်အတင့်အေး သောရေတစ်ခွက်( မတ်ခွက်ငယ်တစ်ခွက် ) သောက်ပြီး ခေတ္တနေပြီးမှ ရေချိုးကြပါလျှင် ခန္ဓာကိုယ်တွင်း အပူကန်ခြင်း၊ အပူငုပ်ခြင်း၊ ရုတ်တရက်သွေးတိုးပြီး ဦးနှောက်သွေးကြောပိတ်ခြင်း၊ လေသင်တုန်းဖြတ်ခြင်း များမှ ကာကွယ်ရာရောက်နိုင်ပါကြောင်း တိုလီမိုလီစာပေစုထဲက ကောက်နုတ်တင်ပြပေးလိုက်ပါတယ်။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

 

25 comments

  • moonpoem

    September 4, 2012 at 4:47 pm

    ဗဟုသုတရဖွယ်ရာ ပိုစ့်လေးရေးပေးတဲ့ ကိုခင်ခရေ ကျေးဇူးပါ။ ရေချိုးသင့်တဲ့ အချိန်နဲ ့ပတ်သတ်ပြီး
    နွေကိုး၊ မိုးတစ်ဆယ်၊ ဆောင်းဆယ်တစ် လို ့ကိုခင်ခကရေးသလို တချို ့ကျန်းမာရေး ဂျာနယ်တွေမှာ ကျတော့
    နွေကိုး၊ မိုးရှစ်၊ ဆောင်းဆယ်တစ် လို ့လည်း ဖတ်ဘူးပါတယ်။

  • ကိုခင်ခ

    September 4, 2012 at 7:09 pm

    moonpoem ရေ ဖတ်ခဲ့ရတဲ့စာပေထဲက ပြန်ပြီးကောက်နုတ် ရေးတာမို့ တခါတလေ အယူအဆလွဲတာလေးတွေလည်းရှိ နိုင်ပါတယ်။ အဓိကအသိပေးချင်တာက ရေချိုး မယ်ဆိုရင် ရေတစ်ခွက်လောက်သောက်ဖို့ အသိလေးပေးချင်တာပါ။ ပထမဆုံးကွန်မန့် ပေးလာတဲ့ အတွက်လည်းကျေးဇူးပါ ရွှေမန်းသူလေးရေ။

  • အရီးခင်လတ်

    September 4, 2012 at 7:18 pm

    မြန်မာပြည်မှာ ရေချိုးမှား ပြီး အသက်ဆုံးသူတွေ အတော်များတာပါ။
    အမှန်တော့ ကျန်းမာရေး ဗဟုသုတ နဲကြတာပါ။
    ဒီလို ကျန်းမာရေး အသိ အမြင် လေးတွေကို ဖြန့်ဝေပေးနေတာ တကယ် ကျေးဇူးတင်ပါတယ်။

    ကိုခင်ခ ကို မေးဖို့စောင့်နေရတာ။
    ကြက်သွန်နီ ကို အရမ်းစားရင် ဘေးဖြစ်တတ်လား သိချင်လို့ပါ။
    အစိမ်း (သို့) အကျက် အာနိသင် ကွဲ/မကွဲ။
    ကြိုတင်ကျေးဇူးပါနော်။ 🙂

  • မောင်ပေ

    September 4, 2012 at 7:28 pm

    ဘိုးခင်ခရေ
    မြေးပေလေးကတော့
    မနက်အိပ်ယာထထချင်း ရေ၃ခွက်
    အပြင်နေပူထဲကနေ ပြန်ရောက်ရင် ရေ၁ခွက်
    နေ ့လည်စာ စားပြီး ရေ၁ဘူး
    ညနေ ရေ၁ဘူး
    ညအိပ်ယာဝင်ခါနီး ရေ၁ဘူး
    အားပါး ဗိုက်ကြီးကို ပူရောကလား

    • အရီးခင်လတ်

      September 4, 2012 at 7:30 pm

      မောင်ပေ
      ရေ က အစစ်လား။ 😆

  • အလင်းဆက်

    September 4, 2012 at 7:41 pm

    ဒါလေးလည်းမှတ်သားသင့်ပါကြောင်း….
    ခခရေ ့….
    ဆက်လုပ်ပါဦး…

  • ကထူးဆန်း

    September 4, 2012 at 8:10 pm

    သိုင်းကျုး… သိုင်းကျူး
    ကျွန်တော့်သူငယ်ချင်း တစ်ယောက် အမြဲပြောတဲ့စကား တစ်ခုရှိတယ် ။ ရေမချိုးလို့ သေတဲ့ မသာ မရှိဘူး ။ ရေချိုးလို့သေတဲ့ မသာဘဲ ရှိတယ် ဆိုပြီး ။ သူက ရေချိုး အမှန်တန်ပျင်းတယ်လေ .. အဲ သူကိုယ်တိုင်တော့ မြန်မာပြည် အပြန် ဂျပန် လေဆိပ်မှာ နှလုံး နဲ့ လျှော သွားရှာတယ် ..

  • ကိုခင်ခ

    September 4, 2012 at 8:29 pm

    အရီးရဲ့ အမေးအတွက် အဖြေလေးပါ။
    ကြက်သွန်နီကို အရမ်းစားရင် ဘေးဖြစ်စေလားဆိုတဲ့နေရာမှာ သာမန်လူ တစ်ယောက်အတွက် ဘေးဖြစ်စေတာမတွေ့ရပါဘူး၊ ကြက်သွန်နီဟာ အစာခြေ ရည်ထုတ်မှု့ကိုအားပေးပြီး သွေးအတွင်း အဆီဓာတ်ကိုထိန်းပေးလို့ ကင်ဆာကို တားနိုင်စွမ်းရှိပါတယ်။ အိုမင်းရင့်ရော်တာတုံနှေးစေမှုဖြစ်ပြီး ကိုလက်စထရောကျစေမှု့ အရိုးပွတားဆီးမှု့ စတဲ့သတ္တိထူးတွေလည်းရှိပါတယ်။
    ဒါပေမယ့် ကြက်သွန်နီရဲ့ အဆီဓာတ်မှာ ပိုးသတ်စွမ်းအားနဲ့ အစာခြေရည်ပိုမို စိမ့်ထွက် စေနိုင်စွမ်းရှိလို့ အစာခြေညက်မှု့အားကောင်းစေတဲ့အတွက် အစာအိမ်၊ အစာခြေ အက်ဆစ်ဓာတ်ပိုထွက်တဲ့ အစာအိမ်အချဉ်ပေါက်ရောဂါရှိသူတွေ ကြက်သွန်နီ များများမစားသင့်သလို သဲခြေကျောက်တည်သူတွေကလည်း ကြက်သွန်နီများစွာ မစားသင့်ကြောင်း ဖတ်ဖူးပါတယ်။
    ကြက်သွန်နီဘဲဖြစ်ဖြစ်၊ ကြက်သွန်ဖြူဘဲဖြစ်ဖြစ် ကြော်လိုက်ရင် သူမှာအကျိုးပြုစေတဲ့ ဓာတ်တွေလောင်းကြွမ်းသွားလို့ အာနိသင်ကွဲပြီး များများစားရင် ဘေးဖြစ်စေနိုင်ပြီး ဟင်းအနှစ်ဖြစ်ချက်ခြင်းကတော့ တူးချစ်မနေရင် စားသင့်တဲ့အကြောင်း ဖတ်ရပါတယ်။

    ကြက်သွန်ဖြူအစိမ်းစားမည်ဆိုလျှင် ကြက်သွန်ဖြူဥအား ခွဲစိတ်ပြီး ခေတ္တလေ သလပ်စေခြင်းဖြင့် ဟိုက်ဒရိုဂျင် ဆာလဖိုဒ်ထုတ်ပေးကြောင်းနှင့် ထိုသို့ခေတ္တလေ သလပ်စေပြီးသော ကြက်သွန်ဖြူစားခြင်းက နှလုံးရောဂါ ဖြစ်ခြင်းမှ ကာကွယ်ပေး တာဖြစ်ပါတယ်။ ဒါပေမယ့် ကြက်သွန်ဖြူ အလွန့်အကျွံစားပါကလည်း ထိုဒြပ် ကဘေးပြန်ဖြစ်စေလို့ များများမစားသင့်ပါလို့ ဖတ်ဖူးပါတယ် အရီးရေ။
    ကျွန်တော် ဟင်းသီးဟင်းရွက်တွေအကြောင်းပိုစ့်မှာလဲ တစ်ချို့ရေးခဲ့ပါတယ်။
    http://myanmargazette.net/138441/health-fitness အရီးဖတ်ခဲ့ဖြစ်လားမသိ ပေမယ့် ပြန်ညွှန်းပေးလိုက်ပါတယ်။

  • ကိုခင်ခ

    September 4, 2012 at 8:56 pm

    အရီးရဲ့ အမေးအတွက် အဖြေလေးပါ။
    ကြက်သွန်နီကို အရမ်းစားရင် ဘေးဖြစ်စေလားဆိုတဲ့နေရာမှာ သာမန်လူ တစ်ယောက်အတွက် ဘေးဖြစ်စေတာမတွေ့ရပါဘူး၊ ကြက်သွန်နီဟာ အစာခြေ ရည်ထုတ်မှု့ကိုအားပေးပြီး သွေးအတွင်း အဆီဓာတ်ကိုထိန်းပေးလို့ ကင်ဆာကို တားနိုင်စွမ်းရှိပါတယ်။ အိုမင်းရင့်ရော်တာတုံနှေးစေမှုဖြစ်ပြီး ကိုလက်စထရောကျစေမှု့ အရိုးပွတားဆီးမှု့ စတဲ့သတ္တိထူးတွေလည်းရှိပါတယ်။
    ဒါပေမယ့် ကြက်သွန်နီရဲ့ အဆီဓာတ်မှာ ပိုးသတ်စွမ်းအားနဲ့ အစာခြေရည်ပိုမို စိမ့်ထွက် စေနိုင်စွမ်းရှိလို့ အစာခြေညက်မှု့အားကောင်းစေတဲ့အတွက် အစာအိမ်၊ အစာခြေ အက်ဆစ်ဓာတ်ပိုထွက်တဲ့ အစာအိမ်အချဉ်ပေါက်ရောဂါရှိသူတွေ ကြက်သွန်နီ များများမစားသင့်သလို သဲခြေကျောက်တည်သူတွေကလည်း ကြက်သွန်နီများစွာ မစားသင့်ကြောင်း ဖတ်ဖူးပါတယ်။
    ကြက်သွန်နီဘဲဖြစ်ဖြစ်၊ ကြက်သွန်ဖြူဘဲဖြစ်ဖြစ် ကြော်လိုက်ရင် သူမှာအကျိုးပြုစေတဲ့ ဓာတ်တွေလောင်းကြွမ်းသွားလို့ အာနိသင်ကွဲပြီး များများစားရင် ဘေးဖြစ်စေနိုင်ပြီး ဟင်းအနှစ်ဖြစ်ချက်ခြင်းကတော့ တူးချစ်မနေရင် စားသင့်တဲ့အကြောင်း ဖတ်ရပါတယ်။

    ကြက်သွန်ဖြူအစိမ်းစားမည်ဆိုလျှင် ကြက်သွန်ဖြူဥအား ခွဲစိတ်ပြီး ခေတ္တလေ သလပ်စေခြင်းဖြင့် ဟိုက်ဒရိုဂျင် ဆာလဖိုဒ်ထုတ်ပေးကြောင်းနှင့် ထိုသို့ခေတ္တလေ သလပ်စေပြီးသော ကြက်သွန်ဖြူစားခြင်းက နှလုံးရောဂါ ဖြစ်ခြင်းမှ ကာကွယ်ပေး တာဖြစ်ပါတယ်။ ဒါပေမယ့် ကြက်သွန်ဖြူ အလွန့်အကျွံစားပါကလည်း ထိုဒြပ် ကဘေးပြန်ဖြစ်စေလို့ များများမစားသင့်ပါလို့ ဖတ်ဖူးပါတယ် အရီးရေ။

    • Pye Kun Zaw

      September 4, 2012 at 11:00 pm

      တန်ဆေးလွန်ဘေးပေါ့ အစ်ကိုရေ.. ရေကတော့များများသောက်နိုင်လေ ကောင်းလေထင်ပါတယ်..

      • မွန်မွန်

        September 5, 2012 at 3:07 pm

        ရေကို မငတ်ဘဲနဲ့ အတင်းသောက်ရင် လေဖောတတ်တယ် သိလား အဲဒါကို..
        (Chit Chat အစီအစဉ်တွင် သန္တာလှိုင်ပြောသော စကား) :mrgreen:

  • Novy

    September 5, 2012 at 2:13 pm

    မနိုကတော့ အိပ်ရာကနိုးလာတာနဲ့ ရေပုလင်းကို မော့တော့တာပဲ
    အပြင်ကပြန်လာရင်လဲ ရေအရင်သောက်တယ်
    ရေခဲရေတော့ သောက်ခဲတယ် လည်ပင်းနာတက်လို့

    ရေချိုးကာနီးလဲရေအရင်သောက်တယ်
    ခြေထောက်တွေလက်တွေကို ရေအရင်လောင်းပြီးမှ
    ကိုယ်ကို ရေလောင်းတယ်
    ငယ်ငယ်ထဲက မိဘတွေက သင်ထားတော့ အခုထိအကျင့်ပါသွားတယ်

  • မမ အညာသူ

    September 5, 2012 at 2:51 pm

    ကောင်းပါတယ်တကယ်မှတ်သားဖွယ်လေးတွေပါ……
    အားပေးသွားပါတယ်နော်

  • မွန်မွန်

    September 5, 2012 at 3:06 pm

    လေးလေးရဲ့ စာကို ဖတ်အပြီးမှာ အနားမှာရှိတဲ့ ရေပုလင်းထဲက ရေကို သောက်လိုက်မိပါကြောင်း… 🙂

    သမီးလည်း မနိုဗီ လိုပဲ…
    အိပ်ရာနိုးရင် ရေတစ်ခွက်သောက်တယ်၊ ရေချိုးခါနီး ရေတစ်ခွက်သောက်တယ်၊ အိပ်ခါနီး ရေတစ်ခွက်သောက်တယ်။
    ရေချိုးရင်လည်း ခြေထောက်ကစပြီး ဖြည်းဖြည်းလောင်းချိုးတယ်။

    တစ်ခုပဲ..သမီးကတော့ ချွေးမထွက်တတ်ဘဲ အမြဲတမ်း အခိုးပိတ်နေတတ်တယ်။ နည်းလမ်းရှိရင်ပေးပါဦး…

  • ကျနော်ကိုတစ်ယောက်ကမှာတာကတော့
    အပူထဲကပြန်လာလို့ရေသောက်ရင် ရေခဲရေ မသောက်ပါနဲ့တဲ့။

  • ကိုခင်ခ

    September 5, 2012 at 4:19 pm

    ကွန်မန့်လေးတွေပေးကြ အားပေးကြသူအပေါင်း ကျေးဇူးပါ။

    Pye Kun Zaw ရေ ရေအများကြီးသောက်ရင်လည်း မကောင်းပါ၊ရေဖောတဲ့ ရောဂါရှိတတ်နီုင်ပါတယ် အထူးသဖြင့်ကျောက်ကပ် အားနည်းသူတွေမှာပါ။ သောက်တဲ့ရေနဲ့ဆီးသွားမှု့၊ ချွေးထွက်မှု့ မျှနေဖို့ လိုပါတယ်။

    မနိုဗွီ နဲ့ မွန်မွန်ရေ အိမ်ယာထရေသောက်တတ်တာကောင်းပါတယ်၊ လူတွေဟာည အိပ်စက်တဲ့အတွက် ရေဓာတ်နည်းပြီး နှလုံးကိုပေးပို့တဲ့ သွေးတွေပြစ်နေတတ်ပါတယ်၊ အဲဒါကြောင့် အိပ်ယာနိုးလျှင် ရေတခွက်အနည်းဆုံးသောက်ပေးဖို့ ဂျပန်ရိုးရာဆေးနည်းမှာ ဖတ်ဖူးပါတယ်။
    မမွန်မွန်မေးတဲ့ (သမီးကတော့ ချွေးမထွက်တတ်ဘဲ အမြဲတမ်း အခိုးပိတ်နေတတ်တယ်။ ) အမေးအတွက် အဖြေကို သေချာအောင် စာပေတွေပြန်ဖတ်ပြီးဖြေပေးပါမယ်၊ ကွန်မန့်နဲ့မဟုတ်လဲ မေးနဲ့ဖြစ်ဖြစ်ပေါ့၊ အခုသတိရတာက ကြံ၊ တည်သီး နဲ့ လိမ္မော်သီး စားပေးရတယ်လို့။

    ကိုပေါက်ရေ ရေခဲရေကတော့ အပြင်ကပြန်လာရင် မသောက့်သင့်ပါဘူး၊ သောက်ချင်တယ်ဆိုလည်း အရမ်းအေးတာမျိုးမဖြစ်သင့်ပါဗျာ။

  • may flowers

    September 5, 2012 at 5:32 pm

    အစအဆုံးဖတ်ပြီး ကိုခင်ခရဲ့စေတနာကို ကျေးဇူးလည်းတင်ပါတယ်။ နောင်အပြင်က၊ နေပူပူက ပြန်လာရင် ရေတစ်ခွက်လောက်

    သောက်၊ ခဏအမောဖြေ ပြီးမှ ရေချိုးရမယ်ဆိုတာကို မှတ်သားထားပါ့မယ်လို့…။

  • Hnin Hnin

    September 5, 2012 at 5:49 pm

    တကယ့်ကို မှတ်သားဆင်ခြင်စရာတွေပါပဲ။ နွေ၉၊မိုး၇၊ဆောင်း၁၁ လို့လည်း ဖတ်ဖူးတယ်။ ချိန်ချိုးသင့်တယ်
    ထင်တယ်။ တော်ကြာ မိုးအေးအေးနဲ့ရနာရီထချိုးလိုက်လို့ တရားခံဖြစ်သွားမှာလည်းကြောက်တယ်။ ရေချိုး
    ရင်တော့ ခြေမျက်စိကစ၊ဒူး၊အပေါ်ပိုင်း တဖြည်းဖြည်းလောင်းချိုးတာတော့ အကျင့်ပါနေပြီ။Tip- အဲဒီလိုချိုး
    လိုက်ရင် ခေါင်းပါပေါ့သွားသလို၊လည်ပင်းကအပူတွေလည်းလျော့သွားသလိုခံစားရတယ်။
    -နှင်းနှင်းကြိုက်တဲ့ ပြောင်းဖူးအကြောင်းလည်း အလျဉ်းသင့်ရင် ရေးပေးပါဦးနော်။ Health Digest ပုံမှန်
    ဖတ်နေရင်းကနေ ဝေးသွားတာကြာပြီမို့ ဘာမှမသိတော့လို့ပါ။

  • ကိုခင်ခ

    September 6, 2012 at 9:42 am

    မမေရေ အပြင်ကပြန်ရောက်ရင် ရေလေးသောက် ခဏနားဆိုတာ အမောတောင်ပြေပါသေးတယ်လေ။

    မနှင်းနှင်းရေ ပြောင်းဖူး၊ ပန်းဂျုံ ၊ ကွေ့ကာအုတ်တွေဟာ နှလုံး၊ ကင်ဆာ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါများကို တားဆီးပေးပါသည်၊ ပြောင်းဖူးတို့ဟာ ကိုလက်စထရောကို ကျစေပြီး ဆယ်လိုလုစ်ဓာတ်ပါဝင်လို့ အူသိမ်၊ အူမ ကင်ဆာများကိုလည်းကာကွယ်ပါတယ်။သွေးလွှတ်ကြောများပျော့စေပြီး၊ သွေးကြောပိတ်ရန် မာကျောစေသည့် သတ္တူများ မရှိစေခြင်းကြောင့်ဖြစ်ပါတယ်၊ တရုတ်၊ ကိုရီးယား နဲ့ ဂျပန်မှာ ကျန်းမာရန်၊ အသက်ရှည်ရန်၊ အရပ်ရှည်ရန် ပြောင်းဖူးဆန်ပြုတ်၊ ကွေ့ကာအုတ်တို့ကို စားသုံးကြကြောင်း ဖတ်ခဲ့သမျှထဲက ဝေဌလိုက်ပါတယ်။

    • Hnin Hnin

      September 6, 2012 at 5:15 pm

      ပြောင်းဖူးရဲ့ကောင်းကျိုးက တော်တော်များတယ်နော်။ ပြောင်းဖူးအကြောင်းက ဖတ်ရခဲတယ်။
      ကျေးဇူးတင်ပါတယ်ရှင်။ ခုလိုတန်ဖိုးသိသွားတော့ စားရတာ ပိုပြီးအရသာရှိသွားသလိုပဲ။ -မနေ့က မထူးဆန်းပေမယ့် ထူးဆန်းတယ်ပဲပြောရမလား။ ဦးလေးက ပြောင်းဖူးပြုတ်ကြိုက်မှန်း
      သိလို့ပြောင်းဖူးပြုတ် လှည်းတန်းက(ကြက်သွေးရင့်ရောင်)ဝယ်လာတယ်။ ထုံးစံအတိုင်းပြန်
      ပြုတ်လိုက်တော့ ပြုတ်ရည်တွေက ဇီးဖျော်ရည်အဆီလိုအရောင်တွေ တစ်အိုးလုံးဖြစ်ကုန်တယ်။ တစ်ခါမှ မမြင်ဖူးဘူး။ အရင်က သွားလာရင်း အဲဒီအရောင်ပြောင်းဖူးကိုမြင်ဖူးလို့ ထူးဆန်းပေ
      မယ့် ခုကပိုထူးဆန်းတယ်။ ဦး..ဦးလာကြည့်ပါဦး ပြောင်းဖူးပြုတ်ရည်တွေက ပြောင်းဖူးက ဆိုးဆေးထုတ်ရင်တောင် ရမလားမသိဘူးလို့ ခေါ်ပြမိတယ်။ ဘာပြောင်းမျိုးမို့ဒီလိုအရောင်တွေ
      ကျွတ်ရပါလိမ့်။စားလိုက်တော့လည်း အရိုးကပါ အဲဒီအရောင်ဖြစ်နေတယ်။ စေးလည်းစေးတယ်။
      အရည်တွေများပြောင်းဖူးရိုးထဲဝင်သွားလို့ အရောင်ပြောင်းသွားတာလားလို့ တွေးမိပြန်ရော
      ပြောင်းသရဲက သိချင်တယ်….ဘာပြောင်းလဲသိဘူးနော်….

  • ကိုခင်ခရေ ကျေးဇူးဘဲဗျာ။
    အသက်အရွယ်ကြီးသူတွေအတွက် ရေချိုးအင်္ကာလေးရှိပါတယ်၊“ နွေကိုး၊ မိုးတစ်ဆယ်၊ ဆောင်းဆယ်တစ် ´´ တဲ့၊ ဆိုလိုတာက နွေရာသီမှာ မနက် ၉ နာရီ၊ မိုးရာသီမှာ မနက် ၁ဝ နာရီ၊ ဆောင်းရာသီမှာ မနက် ၁၁ နာရီတွင် ရေချိုးသင့်ကြောင်းဆိုထားတာပါ၊ အဲဒီမှာ လူကြီးတွေ ရေချိုးပြီး အအေးမပတ်၊ လေမဖြတ်ရအောင် နည်းလမ်း ကောင်းလေးတစ်ခုကတော့ ရေမချိုးမီ ရေတစ်ခွက်သောက်ခြင်းဖြစ်ပါတယ်၊

  • aung moethu

    September 6, 2012 at 3:05 pm

    ရေတစ်ခွက်တော့သောက်ရမယ်… း)
    ကိုခင်ခရေ မန်းမှာနေတယ်ဆိုရင်တော့ကျတော် မန်းလေးရောက်ရင ်တွေ့ချင်သေး.. နက်ဖန်မန်းလေးရောက်မယ်ဗျ…း)

  • ကိုခင်ခ

    September 6, 2012 at 4:34 pm

    ကိုအောင်မိုးသူရေ မန်းရောက်ရင် ကိုပေါက် တဆင့်ဆက်သွယ်ရင်ရပါတယ်။
    ကျွန်တော်မန်းမှာရှိပါတယ်။

  • etone

    September 6, 2012 at 4:45 pm

    အန်ကယ်ရေ

    ဗဟုသုတရ စေတဲ့ ပို့စ်လေးအတွက် ကျေးဇူးပါ ။
    နွေ အချိန်ဆို ရာသီဥတုက အရင် နှစ်တွေက ထက် ပိုပိုပြီး ပြင်းလာတယ် ။ နေ့ခင်းဘက် လမ်းသလားရင်းနဲ့တောင် လူခြောက်ဖြစ်သွားလောက်အောင်ကို ပူတာ ။ နေပူထဲမှာ အလုပ်လုပ်ရတဲ့ လူတွေအတွက်တော့ ၊ အတော်လေးကို နွမ်းစေတဲ့ နေပူမျိုးပါ ။ အပူအအေးမမျှလို့ ဦးနှောက်သွေးကြောပြတ်တယ်ဆိုတဲ့ အသံမျိုး … ကြားတော့ကြားနေရတာပါပဲ ။ နာဂစ်နှိပ်စက်ထားလို့သစ်ပင်တွေလည်း အရင်ကလောက် မရှိတော့ဘူး ။ တနှစ်ထက် တနှစ်ကလည်း ပိုပူလာသလိုပဲ ။ အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားတဲ့ ခြေထောက်တွေကြောင့် နွေရာသီကို အံတုရင်း ဘယ်လို လမ်းသလားရမလဲတွေးမိပြီး ကြိုစိတ်မောမိပါတယ် :mrgreen:

    စကားမစပ် … အပူချိန်ကို အမှန်ကို အမှန်တိုင်း မထုတ်ပြန်တာကလည်း … ရှိသေးတယ် ။ အရင်က ဂရမ်းမီးရထားရှေ့မှာ နေ့ အပူချိန်ကို သွားသွားကြည့်မိတယ်ဆိုလျှင်ပဲ လေးဆယ့်နှစ်လောက်မြင့်နေလျှင် … တကယ်တမ်း မီဒီယာမှာ အပူချိန်ထုတ်ပြန်တဲအခါ 2ဒီဂရီလောက်ကွာထားတတ်တယ် .. ဘာအကျင့်လဲတော့မသိဘူး … ။ အမှန်တိုင်း ထုတ်မပြရဲတာ …… 🙄

  • ကိုခင်ခ

    September 7, 2012 at 5:53 am

    ဟုတ်တယ် သမီးရေ ကမ္ဘာကြီးက ပူနွေးလာတယ်တဲ့ တစ်နှစ်ထက်တစ်နှစ်လည်း ပိုပိုပူလာတယ်လေ၊ နွေရာသီ အပြင်ထွက်ဖြစ်ရင် ထီးလေးစောင်းသင့်ပါတယ်၊ မိုးတွင်းဘဲ ထီးစောင်းကြပေမယ့် ကျန်းမာရေးရှု့ထောင့်အရ နွေရာသီမှာလည်းစောင်းသင့်နေပြီလေ။ မန်းမှာတော့ပူပြင်းတယ်ဆိုပေမယ့် ဆိုင်ကယ်လေးနဲ့သွားကြတာမို့ လေတိုးသဖြင့်
    မောင်းနေတဲ့အချိန်ဆို သိပ်မသိတာပေမယ့် တိုးတဲ့လေက လေပူမို့ အေးတော့မသွား ဘူးပေါ့၊ ရန်ကုန်မှာ နွေရာသီ ရာသီဥတုကပူ ဘတ်စ်ကားကကြပ်ဆိုရင်တော့ လှောင်ပြီး မွန်းမလားဘဲနော်။

Leave a Reply