***ကြေးမုံအတိတ် အမေ့အေးရိပ်***

maung khinminSeptember 4, 20121min681

ကြေးမုံအတိတ် .. အမေ့အေးရိပ်

ရှင်လျှက် ကွာဝေး   ပြည်ပြေးလို ့ခေါ်
ရွှေမြို ့တော် မှ   ကျွန်တော် ထွက်သွား
တစ်မြေခြား မှာ     မေ့သား မပျော်
တော်ရာ နေလျက်   ယုံကြည်ချက် ဖြင့်
အမှန်ချစ် စွာ    ဆန်းစစ် ဝေဖန်
တော်လှန် ရဲရင့်    ကျွန်တော် ချစ်တာ …
ပြည်မြန်မာ  ပါအမေ  ……………….၊

လက်နက် အာဏာ     မညှာ ရက်စက်
ပက်စက် ကြံစည်    ရန်သူမည် သို ့
ပြည်သူအား လျှင်    သဘောပင် ထား
ခြောက်စား  မြှောက်ကြွား ….
အထက်ဖား အောက်ဖိ…….
မော်မကြည့် နှင့်   အော်ဂလီ ဆန်စရာ
စစ်အာဏာ ရှင်   အတိတ်ပြင် ဝေဝါး
လူ ့ငနွားများ    ခါးခါး သီးသီး
သား မုန်းတီးတယ် အမေ ………..၊

လက်ဝါးကြီး အုပ်   အမြတ်ထုတ်ယူ
ပြည်သူ ့ဘဏ္ဍာ   သယံဇာတ
ခွဲတမ်း ချလျက်  လက်တစ်ဆုပ် စာ
အာဏာ ယစ်မူး    ဘုရားထူး ခံ
ဂုမ ္ဘာန်  ယက္ခ    ရှက်လှ သဗျာ
ကမ ္ဘာ့ရွာ ၌   ပညာမှောင်မိုက်
မျက်နှာပြောင် တိုက်    လူမိုက်ခေါင်းဆောင်
ဥသျှောင် အရူး   ဘယ်သို ့ဦးဆောင်
ခေတ်အမှောင် ကို    လင်းရောင် မသမ်း
အနာဂတ် လမ်းဟာ  ………….
ရင်နင့်စရာ ပါအမေ ……………၊

စနစ် မကောင်း   အသစ်ပြောင်း ဖို ့
တောင်းဆို ဆန္ဒ    ဖော်ထုတ်ပြ လျှက်
လမ်းမထွက် ကာ    ငြိမ်းချမ်းစွာ ဖြင့်
မေတ္တာ ပို ့လွှတ်    ညီညွတ် သံဃာ
ရတနာ များ    ရောင်ဝါ သင်္ကန်း
သွေးစွန်း လမ်းခင်း    လောကီတွင်း ၌
အဆင်း မတင့်    ပျံလွန် ရစ်ကြ
အနိစ္စ မှာ   ပယောဂ ပါတယ်အမေ ….၊

ဖောက်ပြား ကိုယ်ကျင့်    အဆင့်ဆင့် သာ
နိမ့်မြင့် ကွာဟ    ရိုးသား ခြကိုက်
မျက်ဖြူဆိုက် လေ    ဆရာကြိုက်လေ
သား ရှက်လိုက်တာ   အမေ …………၊

ကိုးကွယ် “အနတ္တ ”      “အတ္တ” မခွါ
ရယ်စရာ ဖြစ်   မဆန်းစစ် ကြ
ငါ မှ ငါ စွဲ     ကမ ္ဘာထဲ ၌
မြန်မာ ဆိုလျင်   အာဏာရှင် တဲ့
သာသနာ ပင်   အထင်သေး ခံရ
သိက္ခာကျ လိုက်တာ    အမေရယ် …..၊

အမှန် အမှား    အပြန်အသွား
ရန်များ တဲ့လမ်း   ထောင်နန်းစံ ရ
ဆန်းသလား လေ    အမေကြည့် စမ်း
အတိတ်လမ်း မှာ    ပန်းတွေ လည်း ကြွေ
စမ်းရေ သွေးစီး   ငိုညည်း ရှိုက်ငင်
မိခင် သားပျောက်    ဘယ်ရောက်နေ လဲ
သောကကဲ ပူ    ရင်ဆူ လောင်မြိုက်
ပိုက်စိပ်တိုက် ရှာ     ” ပေါ်တာ”  ပါသလား
ဟုတ်ပါဘူး အမေ  ……….
သေများသွား လား    ကျောင်းသား အရွယ်
သက်နှစ်ဆယ် မပြည့်    ပြည့်အကျိုး မျှော်
ယမ်းနံ ့ညှော်ကြား    ထောင်များ ကျလား
အမေ များစွာ    ဇဝေဇဝါ
ဖွေရှာ  လမ်းမှား    အမေ့သား က
နိုင်ငံရေး လုပ်    မဟုတ် မခံ
တော်လှန်  ရဲရင့်    ပြည်ပြေးဖြစ် နေ
ဝရမ်းတွေ ထုတ်    သေးနုပ် စိတ်ထား
ဝံပုလွေ များလို    ဉာဏ်များ ကောက်ကျစ်
ဖက်ဆစ် လိုပဲ    အ
နံ ့ခံလည်း
မလွဲဘူး အမေ …………….၊

မိခင် ရင်ငွေ ့    သားမွေ ့ပျော် ချင်
ပျော်ရွှင်ချင် သေး    သိုက်မြုံလေး  အား
ငြိမ်းအေး ချမ်းမြ    လှပ သာယာ
ပြည်မြန်မာ သို ့    အနာဂတ် မှာ
ပြန်လာ အပြေး   အမေ့ဘေး နား
ကလေးများ လို    တေးဆို ပြပါ
လသာသာ ည   သားလှ ကဗျာ
စပ်ပြပါ့ မယ်   ရင်မှ ဆုတောင်း
အမေ မာကြောင်း ……………။။။။

*** ပြည်ပရောက်  ကျွန်တော့်သူချင်းများ၏ ဘဝများအား ခံစားရေးစပ်ပါ၏ ***
(စိတ်ဓါတ်မြင့်မြတ်  နိုင်ငံ့အတွက်မို ့  သက်စွန် ့ကြိုးပမ်း
နိုင်ငံအဝှမ်း မှ   မိသားစုဘဝတွေ အား ကဗျာရှည်ဖြင့်
ဂုဏ်ပြုပါ၏…)

မောင်ခင်မင်(ကျွန်းချောင်း)

၄.၉.၂၀၁၂

One comment

Leave a Reply