အသိ

အိမ်မှာ အမှားလုပ်ရင်
အမေက ရိုက်တယ်
ပါးပါးလေးပါပဲ။

ကျောင်းမှာ အမှားလုပ်ရင်
ဆရာမက ရိုက်တယ်
ပါးပါးလေးပါပဲ။

ဘဝမှာ အမှားဖြစ်တော့
လောကကြီးက ရိုက်တယ်
ရိုက်ချက်က ပြင်းလိုက်တာ…

သိလို့ပဲ မှားမှား
မသိလို့ပဲ မှားမှား
မှားတာနဲ့ ခံရမယ်တဲ့။

ဒီလိုနဲ့ပဲ…
အမှားတွေ တစ်ခုပြီးတစ်ခု
သင်ခန်းစာတွေ တစ်ခုပြီးတစ်ခု
အမှားထဲက သင်ခန်းစာယူ
ငါလည်းပဲ…
လူထဲကလူ…။ ။

12 comments

  • ကိုခင်ခ

    September 5, 2012 at 3:29 pm

    သချင်္ာရဲ့ သဘောတရား တစ်ခုက “ အများလို အနည်းစားခြေ၊ အများက တည်ကိန်းပေါ့´´။
    လောကကြီးအတွက် ခင်ခ ဒဿနတစ်ခုက “ အများလို အများစားခြေ ပါ။ အနည်းက တည်ကိန်းပါ´´။

    • အမွန်

      September 5, 2012 at 4:04 pm

      ပထမဆုံး ကွန်မန့်အတွက် ကျေးဇူးပါ လေးလေး..
      လေးလေးရဲ့ ဒဿနကို သိခွင့်ရလို့လည်း ကျေးဇူးတင်ပါတယ်…

  • ခပ်မိုက်မိုက် ကောင်မလေး

    September 5, 2012 at 3:36 pm

    အမှားတွေထဲက သင်ခန်းစာယူတတ်ဖို့ပါပဲ…
    မှားမှန်းသိရင် ပြင်တတ်ရမယ်…
    ဒါလဲ အသိပါပဲ…။

    • အမွန်

      September 5, 2012 at 4:07 pm

      ဟုတ်ကဲ့ မိုက်လေး..
      အမွန်လည်း အမှားထဲက သင်ခန်းစာယူနိုင်ဖို့ ကြိုးစားနေပါတယ်… တတ်နိုင်သမျှပေါ့… 🙂

  • kai

    September 5, 2012 at 3:56 pm

    Instruction does not prevent wasted time or mistakes; and mistakes themselves are often the best teachers of all.

    James Anthony Froude

    =

    There are two mistakes one can make along the road to truth…not going all the way, and not starting.

    Buddha

    • အမွန်

      September 5, 2012 at 4:22 pm

      Well noted! Thagyee…

      သူကြီး..ပြန်ရောက်နေပြီလား…မျှော်လိုက်ရတာ… ခရီးလမ်း ဖြောင့်တန်းခဲ့ပါစ…. 🙂
      ကွန်မန့်အတွက် ကျေးဇူးတင်ရှိပါကြောင်း….

  • ကိုခင်ခ

    September 5, 2012 at 4:40 pm

    ဘယ်ပိုစ့်မှာ သူကြီးမန့်မလဲ ရှာနေရတာ အမောဘဲဗျာ။ မျှော်ရတာလည်း မောပါ့ဗျာ။
    ခုတော့ မန့်တာတွေ့လို စိတ်အေးရပါပြီ။

    • linnlinnn

      September 5, 2012 at 4:48 pm

      ဟုတ်ပါ့ရှင်.. ရွာကြီးကသောင်းကနင်းဖြစ်နေတဲ့အချိန် သူကြီးအသံပျောက်နေလို့.. ရက်တောင်တွက်ကြည့်မိသေး အဟဲ.. အော်..သူကြီး သောကြာနေ့ကနေလေးရက်ကြာကားမောင်းမယ်ဆိုတော့ ဒီနေ့တော့ ရောက်သင့်ပြီလို့ မနေ့ကတွက်ကြည့်မိတယ်ပြောပါတယ်… ဒီမနက်ကြ ရွာထဲဝင်ဖို့မပြောနဲ့ ရွာပေါက်ဝတောင်မတွေ့လို့ လှည့်ပြန်ရတဲ့အကြိမ်ကလည်းမနဲပေဘူး.. အခုမှ ဟို ကော်မန့်ဒီကော်မန့်လိုက်ဖတ်ကြည့်ပြီး..ရွာသူ/သားသံတွေ စီစီညံညံကြားမှပဲ စိတ်ချမ်းသာတော့တယ်… 🙂

    • အမွန်

      September 5, 2012 at 4:54 pm

      အဟဲ..အထင်ကိုပြောရမယ်ဆိုရင်…သမီးပို့စ်မှာ အရင်ဆုံးမန့်တာထင်တယ်… 🙄
      ဟိဟိ..(သဘောကျနေသောအသံ)..

  • ရွှေ ကြည်

    September 7, 2012 at 10:37 am

    လုံမလေးမွန်မွန်ရေ အားပေးသွားတယ်နော်
    ရွှေကြည်လည်း အမှားတွေလုပ်မိနေဆဲ
    လူထဲကလူပါပဲ။

  • pyopyo may

    September 7, 2012 at 5:54 pm

    မှန်လိုက် မှားလ်ိုက်
    မှားလိုက် မှန်လိုက်
    အမှား အမှန် ဒီသံသရာကြီးထဲမှာ
    သင်ခန်းစာ ယူစရာတွေက လည်းများ
    ပြင်ရ မှာတွေကလည်း များ …
    အင်း …
    ဒါဟာလည်း ကိုယ်တစ်ယောင်ထဲ ဖြစ်နေတာ
    မဟုတ်လောက်ပါဘူး ဆိုပြီး
    ကိုယ့်ဟာကိုယ် ဖြေတွေးလေးတွေးရတာပေါ့
    လုံမလေး မွန်မွန် ရေ အားပေးသွားတယ်နော်

Leave a Reply