မရ ဒဿကချိုင်
ဒီစကားလုံးအဓိပ္ပါယ်တော့အားလုံးသိပြီးဖြစ်မှာပါ။ ရွှေပြည်တံခွန်ရဲ့ ၅၀၀၀ တန်ဖုန်းကိစ္စမှာ မြန်မာပြည်သူတွေလှူပ်လှုပ်ရှားရှားဖြစ်ပြီး ဖုန်းနဲ့ပါတ်သက်တဲ့ နိုင်ငံတကာမှာ ဆင်းကဒ်အလကားပေးနေတဲ့အကြောင်း ဖုန်းပြောဆိုခ နိုင်ငံတကာ အခြေအနေနဲ့ မြန်မာနိုင်ငံ လက်ရှိအနေအထားကို မီဒီယာ တွေကတဆင့် ပြည်သူတွေတော်တော်သိခဲ့ရပေမည့် ဆက်သွယ်ရေးက တာဝန်ရှိသူတွေနဲ့ ဖုန်းကုမ္ပဏီတွေ ဈေးမလျှော့နိုင်သေးပါဘူး GSM သန်း၃၀ စီမံကိန်းအရဆိုရင် သန်း၅၀မပြည့်တဲ့မြန်မာနိုင်ငံသားတွေ ငါးနှစ်သားတောင်ဖုန်း ကိုင်နိုင်မဲ့ပုံ ကျွန်တော် မကြာခင်ကရောက်ခဲ့တဲ့ တာချီလိတ်မြို့နဲ့ ၀မ်ပုံရွာလေးမှာ ထိုင်းဖုန်းနဲ့ လာအိုဖုန်းတွေကိုကြိုက်တဲ့လိုင်းကိုယူ (ဖုန်းကုမ္ပဏီများစွာ) မြန်မာငွေတစ်ထောင်မကျော်ဘူး ငွေဖြည့်ကဒ်ကလည်း မြန်မာငွေ တစ်ထောင်တန်က စပြီးရှိတယ် သူတို့ဖုန်းအချင်းချင်းပြောရင် မြန်မာငွေနဲ့ တစ်မိနစ် ငါးကျပ်လောက်ဘဲကျတယ် အဲဒီနားကရွာတွေ လာအိုဖုန်းဘဲကိုင်ကြတယ် ရန်ကုန်ကို over sea call နဲ့ခေါ်တာတောင် တစ်မိနစ် ၁၅၀ကျပ်လောက်ဘဲကျတယ် ဒီတော့ နှစ်သိန်း၊နှစ်သိန်းခွဲနဲ့ရောင်းနေတဲ့ဖုန်းတွေက ဘလက်ဘယ်ရီလို ဘယ်လိုဝန်ဆောင်မှုတွေဘယ်လောက်ပေးနေလို့လဲစဉ်းစားစရာပါ။ လာအိုဖုန်းနဲ့ရန်ကုန်ကိုခေါ်ရင် လိုင်းက အနားကပ်ပြောသလိုဘဲ cdma 450 နဲ့ရန်ကုန်ကိုခေါ်ရင် လိုင်းကျတာနဲ့ အသံမကြည်တာနဲ့ ခေါ်မရတာနဲ့ နောက်ပိုင်း ထိုင်းနဲ့ လာအိုဖုန်းဘဲသုံးဖြစ်တယ်။ အခုရန်ကုန်ပြန်ရောက်တော့ သတင်းမျိုးစုံကြားရပြန်ရော ရှေ့တန်းအတွက်ထုတ်ပေးတဲ့ ၀၉၃၀ ဖုန်းတွေကိုမကြာခင် ၈၀၀၀၀ကျပ်နဲ့ချရောင်းတော့ မယ်ဆိုတာရယ် လက်ရှိ အစိုးရ၀န်ထမ်းတွေကို ကနဦးသွင်းငွေ ၅၀၀၀၀ကျပ် လ၂၀ကို တစ်လတစ်သောင်းကျပ်သွင်း (wcdma / cdma 800) နဲ့ ကနဦးသွင်းငွေ ၄၀၀၀၀ကျပ် ၁၆လ တစ်လ တစ်သောင်းသွင်း (GSM / CDMA 450) ဆိုတော့ ၀န်ထမ်းတော်တော်များများယူကြတယ် အတိုးမရှိတော့ သာတယ်ထင်ရပေမည့် သူများနိုင်ငံမှာ အလကားပေးနေတဲ့ ဆင်းကဒ်ကို မြန်မာပြည်မှာ ရတဲ့ဈေးနဲ့ရောင်း မရဒဿကချိုင် ၀န်ထမ်းတွေတောင်အလွတ်မပေး ရသလောက်ကဲ့ယူနေတဲ့ ၀ိသမလောဘသားတွေအကြောင်းပါ (တကယ်ဆို နိုင်ငံ့တာဝန်ထမ်းနေတဲ့ဝန်ထမ်းတွေဘဲ အလကားပေးသင့်တာပေါ့နော်)
အခု ၅၀၀၀ တန် ငွေဖြည့်ကတ်ပေါ်မယ်ဆိုလား…
ဘယ်တော့မှန်းတော့ မသိသေးဘူးပေါ့…
ဝန်ကြီးတွေတော့ ပြောင်းလိုက်တာပဲ..ဘာတွေဖြစ်လာမလဲမသိဘူး…တစ်ချိန်ချိန်မှာတော့ တစ်ခုခုဖြစ်လာမှာပေါ့…
နိုင်ငံ့ဝန်ထမ်း အလကားပေးမယ်ဆိုရင်တောင် အလကားယူပြီး ပြန်ရောင်းမယ့်သူက အများကြီး…
သိတော့ပါဝူး…
Was this answer helpful?
LikeDislikeမွန်မွန်ရေ ကိုယ်မကြာခင်က တာချီလိတ်ဘက်မှာတာဝန်ထမ်းဆောင်ပြီးပြန်လာတာပါ တာချီလိတ်မှာ ဖုန်း ဟင်းဆက်ဝယ်ရင် ထိုင်းဆင်းကဒ် အလကားထည့်ပေးတယ် တစ်ကဒ်တောင်မဟုတ်ဘူး ဆင်းကဒ် နှစ်ခုသုံးတဲ့ဖုန်းဆို နှစ်ခု ကိုယ် ဖုန်းဟင်းဆက် ၃ လုံး ရန်ကုန်ကအကိုတွေအတွက်ဝယ်တာ ဆင်းကဒ်၇ခုပေးလို့ အသုံးမလိုတာနဲ့ ပြန်ပေးခဲ့ရတယ် တာချီလိတ် တစ်မြို့လုံးနီးပါး ထိုင်းဖုန်းတွေဘဲသုံးကြတယ် ဖုန်းပြောခလည်းသက်သာတယ် တစ်မိနစ်မှ ငါးကျပ်လောက်ဘဲကျတယ် ၀မ်ပုံရွာ(လာအိုတစ်ဖက်ကမ်း)မှာ လည်းဒီအတိုင်းဘဲ လာအိုဖုန်းဘဲသုံးကြတယ် လာအိုဖုန်းက ၀ယ်ရင် ဘတ်၅၀(၁၂၅၀ကျပ်) ထိုင်းဖုန်းက ဘတ်၂၀ (၅၀၀ကျပ်)နိုင်ငံတစ်ကာမှာဆင်းကဒ်ကိုရောင်းစားတာမကြားဘူးပါ မီနီမတ်တွေ ဖုန်းဆိုင်တွေမှာအလကားပေးနေပါတယ် ဖုန်းဆိုတာရတနာပစ္စည်းလို အဆောင်အယောင်သုံးတဲ့ခေတ်မဟုတ်တော့ပါ သမီးရေ အခုခေတ်မှာ ဖုန်းဆိုတာ လူမှုဆက်သွယ်ရေးကွန်ယက်အတွက်မရှိမဖြစ်သုံးရမည့်ပစ္စည်းဖြစ်နေပါပြီ မိသားစုအဆက်အသွယ်(အဝေးရောက်မိသားစု) ကျန်းမာရေး၊ တိုက်ခန်းထဲပိတ်မိနေတဲ့အချိန်အရေးပေါ် ဒီလိုကိစ္စတွေအတွက် လူတိုင်းအတွက်မရှိမဖြစ်လိုလာပါပြီ ဒါပေမည့် ဒို့နိုင်ငံမှာ အခွင့်အရေးရရင် လုပ်စားတတ်ပြီး သူတစ်ဖက်သားရဲ့လိုအပ်ချက် အားနည်းချက်အပေါ် အကြပ်ကိုင် အခွင့်အရေးယူတတ်တဲ့သူတစ်စုကြောင့် ဒီလိုဖြစ်နေတာပါ
Was this answer helpful?
LikeDislikeစာရေးသူရေ
ကွန်မန့်ပေးမိတာ စိတ်မရှိပါနဲ့။ ဆောင်းပါးခေါင်းစဉ် မှားနေတယ် ထင်လို့ပါ။ စကားပုံအမှန်က မရဒဿကချိုင် မဟုတ်ပါဘူး။ မရ ရသကချိုင်ပါ။
Was this answer helpful?
LikeDislike၅၀၀၀တန်ဖုန်းက သိပ်မကြာလောက်တော့ပါဘူး
အဓိကလိုတာကတော့ ၊ ဂါးဗားမန့် နဲ့ တွဲမယ့် ကုမ္ပဏီရဲ့ ကွာလတီကိုပဲ စောင့်ကြည့်ရတော့မှာပဲ
Was this answer helpful?
LikeDislikeကျေးဇူးပါSAN HLA GYI ရေ ဒဿဘီလူးကိုညွှန်းဆိုခြင်းပါ စကားပုံကိုဖျက်ဆီးခြင်းတော့မဟုတ်ပါ ခေါင်း၁၀လုံး ပါးစပ်ပေါက် ၁၀ပေါက်နဲ့ ပေါင်းစားနေတဲ့သူတွေကိုဆိုလိုတာပါ
Was this answer helpful?
LikeDislike