မကြာခင်က ကျွန်တော်တို့နိုင်ငံမှာ I pay စနစ်ကိုမိတ်ဆက်လို့ ၀န်ဆောင်မှုတစ်ရပ် စတင်ပါတယ် အကြွေအမ်းစရာမလို ငွေကိုင်သွားစရာမလို ဘတ်စကားစီးရင် ကဒ်နဲ့စီးရုံဘဲ အကြွေကိုမအမ်းဘဲ အမေ့ခံတတ်တဲ့ စပါယ်ယာတွေ စားပေါက်ပိတ်ပြီလို့ အတွေးမှမဆုံးသေးဘူး တစ်နေ့က ပါရမီကားကို ဘူတာရုံလမ်းကနေတက်စီးဖြစ်တယ် အထူးကားပေမဲ့ လူကကျပ်ညပ်နေအောင်တင်ထားတယ် ၂၀၀ ကျပ်ကို ကျွန်တော်အသင့်ကိုင်ထားတာတောင် အော်အတောင်းခံလိုက်ရသေးတယ် ခန္ဒီပါရမီ အပြည့်နဲ့စီးလာတုန် အမျိုးသမီးနှစ်ယောက် အိုင်ပေးကဒ်ထုတ်ပေးတာမြင်တော့ လားလား စပါယ်ယာကိုယ်မှာလွယ်ထားတဲ့အိပ်က အိုင်ပေးစက်ကိုး ကိုယ်တော်ချောက ခပ်တည်တည်ဘဲ အဲဒီအမျိုးသမီးပေးတဲ့ အိုင်ပေးကဒ်ကို အင်္ကျီအိပ်ထဲထည့်လိုက်တယ် မှတ်တိုင်တွေအလီလီ ကျော်လာပေမည့် အိုင်ပေးကဒ်ကို စက်ထဲထည့်မဆွဲဘူး အမျိုသမီးကလည်း ကွက်ကြည့်ကွက်ကြည့်နဲ့ သူ့ အိုင်ပေးကဒ် ဘယ်တော့ပြန်ပေးမလဲပေါ့ ကျွန်တော် အဲဒီအဖြစ်ကိုကြည့်ပြီး တချိန်က ၀န်ထမ်းတွေ ကူပွန်ထုတ်ပေါ်ပြီး လိုင်းကားစီးတော့ စပါယ်ယာတွေ ဟောက်ဟမ်း ဆူပူ အရှက်ခွဲ ခံရတဲ့ဝန်ထမ်းတွေပြေးမြင်တယ် အခုဟာက ပြောင်းပြန် ကိုယ့်ငွေနဲ့ကိုယ် အိုင်ပေးနဲ့ စတိုင်လုပ်လို့မရ စိတ်ညစ်ခံနေရတဲ့မမကို ကြည့်နေတုန်း ခရီးသည်ထဲက အာနိုးလို ဗလတောင့်တောင့် တစ်ယောက်က ခံပြင်းလာပုံရတယ် စပါယ်ယာကို အိုင်ပေးကဒ်ပြန်ပေး လိုက်ဘို့ပြောတာ မခြေမငံပြန်ပြောလို့ ပါးရိုက်လိုက်တာ သွားကျွတ်သွားလို့ အိုင်ပေးမမ သူ့အိုင်ပေးကဒ် စပါယ်ယာရဲ့ သွေးစက်နဲ့ အဆွဲခံလိုက်ရပါပကော။

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..