အမေစု နှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများထံ အိတ်ဖွင့်ပေးစာ

spyhacker satanSeptember 6, 20121min1237

“ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံ၊ အစစ်အမှန်”

  • ဒေါင်းယောင်ဆောင်သော ကျီး ဦးရွှေမန်း နှင့် ယူနီဖေါင်းချွတ်အာဏာရူး လူတစ်စု၏ ဆင်ကြံ၊ ကြံစည်နေသော လုပ်ရပ်သည် ပြည်သူ့ဆန္ဒ အစစ်အမှန်မဟုတ်၊
  • စစ်တပ်အာဏာ ယူထားတုံးက ခမည်းခမက်၊ သားသမီးဆွေမျိုးကောင်းစားရေးနှင့် နေချင်းညချင်း သူဌေးဖြစ်လာ ကြသော ယူနီဖေါင်းချွတ် ဦးရွှေမန်းနှင့် ဗိုလ်ချုပ်ဟောင်း ဝန်ကြီးဟောင်း အာဏာရူး တစ်စု ပေါင်းမိပြီး လွှတ်တော် ထဲမှာ “ရွှေမန်း အသံ”၊ “ရွှေမန်း ဆန္ဒ” ကို “ပြည်သူ့ အသံ”၊ “ပြည်သူ့ ဆန္ဒ” ဖြစ်အောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို အသုံးချနေကြပြီ၊
  • ပြည်သူချစ်သော “အမေစု” နှင့် ပြည်သူထောင်ခံထားသော လွှတ်တော်ကိုယ်စာလှယ်တော်များ အပါအဝင် စည်းရုံးခံနေကြရပြီ၊
  • ဥပဒေ၏ အထက်မှာ နေဖို့ ဆင်ကြံကြံနေတဲ့ “ကျီးမိုက်” ဦးရွှေမန်းကို ပြည်သူ့ဆန္ဒဖြင့် ဖယ်ရှားရန် သင့်ပြီ၊
  • လွှတ်တော်ကိုယ်စာလှယ်များအနေနှင့် လွှတ်တော်ကို ပြည်သူမမုန်းသွားအောင်၊ ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ကိုယ်စားလှယ်တော်များ လေးစားကြမည်ဟု ယုံကြည်ပါသည်။
  • အာဏာရူးနေသည့် ဦးရွှေမန်းနှင့် ဗိုလ်ချုပ်ဟောင်း၊ ဝန်ကြီးဟောင်းများ၏ ဆင်ကြံကြံစည်ပြီး ပြည်သူတွေကို ချောက်ကမ္ဘားထဲတွန်းပို့နေကြသည်ကို “အမေစု”နဲ့ ကိုယ်စားလှယ်တော်များမှ ကာကွယ်ပေးကြရန်တိုက်တွန်း အပ်ပါသည်။
  • အာဏာရူး ဦးရွှေမန်းနှင့် လူတစ်စု၏ မျက်နှာဖုံးကို ပြည်သူချစ်သော “အမေစု”နှင့် လွှတ်တော် ကိုယ်စားလှယ် တော်များမှ ခွါချပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
  • နိုင်ငံ၏အကျိုး ပြည်သူထူခု၏အကျိုးကို အမှန်လိုလားကြသော မီဒီယာများ နှင့် ပြည်သူလူထု တရပ်လုံးကလည်း ဦးရွှေမန်း၏ လုပ်ရပ်နှင့် ရှုပ်ဇာတ် အစစ်အမှန်ကို ဖေါ်ထုတ်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
  • ပြည်သူ့ ဆန္ဒ၊ ပြည်သူ့ အသံ၊ အစစ်အမှန် ဖြစ်ပါသည်။

7 comments

  • Ko Ko Aung

    September 6, 2012 at 11:05 am

    အဲဒီတော့ သူပြောတဲ့အတိုင်း
    ((ဦးရွှေမန်း၏ လုပ်ရပ်နှင့် ရှုပ်ဇာတ် အစစ်အမှန်)) ကို
    စာရေးသူက ရှင်းပြလေ…။

  • etone

    September 6, 2012 at 11:54 am

    နာတို့ ရွာထဲ အမေစုရော ၊ လွှတ်တော်အမတ်တွေရော ဝင်ဖတ်တယ် ထင်ပါရဲ့ ………. ဂုဏ်ယူလိုက်တာ …….. အဟိ ။ခွိခွိ 😉

  • timothy

    September 6, 2012 at 5:20 pm

    Be patient about bringing change to Burma. The wind of change is blowing smoothly now. Please do not disturb the flow.
    The bad guys are not always the bad. Do we remember the famous speech given by Amay ‘Su’. She told us that there is no such thing as the good and the bad guy. The only thing which can change the person is those who can learn from their life and amend the wrong doing. The opposite is true for the one who never attempt to learn from their mistake and keep doing the foolish things.
    I hope that Mr. Thein Sein, mr. Shwe Mann and colleagues are playing the role of good guys in the game orchestrated by the dictator Gen. Than Shwe. As the game goes on the prison guards actors will become real prison guards and prisoner actors will really become
    the prisoner. Thein Sein and co. will become the democrats according to the role they are playing. This is undeniable human nature and
    weakness.
    We must be guard against the military coup staged by the bad boy Gen. Supreme general tasked by Gen Than Shwe.
    If it happened, be prepare for bloody revolution.
    We like to avoid the blood shed.
    Please be patient while Amay ‘Su’ is carefully playing and courting the wilds into the folds of people.

  • YE YINT THU

    September 7, 2012 at 11:16 am

    သိသလောက်ပြောပြရရင်တော့-
    ကျွန်တော်တို ့နိုင်ငံရဲ ့လွှတ်တော်ကြီးထဲမှာ ထူးခြားတာတစ်ခုသတိထားမိကြလားတော့ မသိဘူး။ ကိစ္စတစ်ခုခုအတွက် မဲခွဲဆုံးဖြတ်တော့ မယ်ဆိုရင် ခေတ်မီစက်ကိရိယာတွေ အစုံအလင်တပ်ဆင်တည်ဆောက်ထားပါလျှက်နဲ ့တစ်ချို ့အရေးကြီးတဲ့ ကိစ္စတွေမဲခွဲဆုံးဖြတ်တဲ့အခါ ဘယ့်နှယ့်ကြောင့် မတ်တပ်ရပ်ခိုင်းပြီး မဲခွဲတာလဲမသိဘူးဗျ။
    ပြောတော့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ဆောက်ဖို ့ကြိုးပမ်းနေတယ်လဲဆိုသေးတယ်။ အမတ်မင်းတွေခမျာ ကိုယ်ကြိုက်တာကို လျို ့ဝှက်ဆန္ဒမဲပေးပိုင်ခွင့်မရှိတာတော့ လုံးဝသဘာဝမကျတဲ့ကိစ္စကြီးလို ့ဘဲမြင်တယ်။ မကောင်းမြင်ဝါဒနဲ ့ဝေဖန်တာမဟုတ်ပါဘူး။ အရှိတရားကိုထောက်ပြတာပါ။
    ဒီလိုမတ်တပ်ရပ်ခိုင်းခြင်းမခိုင်းခြင်းက လွှတ်တော် ဥက္ကဋ္ဌရဲ ့ခွင့်ပြုပေးခြင်းမပေးခြင်းအပေါ်မှာမူတည်နေပါတယ်။
    သဘောကတော့ မတ်တပ်ရပ်ခိုင်းလိုက်ရင် ဘယ်သူကဘာသဘောရှိတယ်ဆိုတာကွဲကွဲပြားပြားသိချင်လို ့ရပ်ခိုင်းတာလို ့ယူဆရမှာပါ။
    ကြုံတုန်းမို ့ဖွင့်ချရရင်- တစ်ခြားမကြည့်ပါနဲ ့ဦးရွှေမန်းက သူ ့ရဲ ့သား တော်မောင် တိုးနိုင်မန်းကို ပြည်သူ ့လွှတ်တော် ဥပဒေရေးရာနဲ ့အထူး ကိစ္စရပ် များလေ့လာ ဆန်းစစ်ရေးကော်မရှင်ထဲမှာ ထည့်ထားတဲ့ ကိစ္စကိုကျ တော့ ဘယ် အမတ်မင်းကမှ ထောက်ပြဝေဖန်တာ ယနေ ့အထိ မတွေ ့ရသေးဘူးဗျ။ နီးရာဓါးကိုကြောက်နေရတယ်ဆိုတဲ့ ရှေးကဆိုရိုးစကားတစ်ခုအတိုင်းပါဘဲ။
    ဘာအကြံရှိလို ့လွှတ်တော်ထဲမှာ ဝင်ရောက်ခြေရှုပ်ချင်တာလဲတော့မသိ ဘူးဗျ။ ဋ္ဌာနဆိုင်ရာတစ်ခုခု ၊ ဒါမှ မဟုတ် ဘာသာရပ်နယ်ပယ်တစ်ခုခုမှာ နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ လုပ်သက်ရင့် အတွေ ့အကြုံရှိ ပုဂ္ဂိုလ်တစ်ဦးမို ့ ထည့်သွင်းခန် ့အပ်ထားခြင်းမျိုးကတော့ မပြောလိုပါဘူး။ ဒီလို ဘာမှ မဟုတ်သူတဲ့တွေ ထည့်ထားတာ တိုင်းပြည်အတွက် ဘာမှအကျိုးမရှိပါဘူး။ လွှတ်တော်ထဲမှာ ကိုယ်နဲ ့နီးစပ်ပတ်သက်ရာတွေ အဲဒီလို ဆွဲခန် ့ထားခြင်းကိုက ၊ လွှတ်တော်ရဲ ့သိက္ခာ အဆင့်အတန်းကိုသေးသိမ်စေတယ်လို ့ဘဲမြင်ပါတယ်။
    နောက်တစ်ချက်က- မြန်မာနိုင်ငံမှာက တစ်ခြားနိုင်ငံများလိုမတူတာတစ်ခုရှိတယ်။
    ”” ဥပဒေအထက်မှာ လွှတ်တော်ရှိတယ်ဗျ။””
    ဖွဲ ့စည်းပုံအခြေခံဥပဒေခုံရုံး လိုအဆင့်မျိုးတောင်မှ လွတ်လပ်စွာတရားစီရင်ပိုင်ခွင့်မရှိဘူး။
    ဥပဒေ အထက်မှာ ဘယ်သူမှမရှိဘူးလို ့ပြောခဲ့ဘူးတဲ့ ဘဘဦးရွှေမန်း လည်းအတိတ်မေ့သွားပုံရတယ်။

  • kyeemite

    September 7, 2012 at 3:56 pm

    ဘာတဲ့..ဥပဒေ၏ အထက်မှာ နေဖို့ ဆင်ကြံကြံနေတဲ့ “ကျီးမိုက်” ဦးရွှေမန်းကို ပြည်သူ့ဆန္ဒဖြင့် ဖယ်ရှားရန် သင့်ပြီ၊
    တော်သေးတယ်…ကြီးမိုက်မဟုတ်လို့..

  • kyaw thar

    September 11, 2012 at 3:43 pm

    ဒီအတိုင်းဆက်သွားရင် တိုင်းပြည်က ဘာမှထူးလာမှာမဟုတ်ပါဘူး…..တိုင်းပြည်အတွက်လုပ်တာမဟုတ်ပဲ ကိုယ်အတွက်ကိုယ်လုပ်နေကြတာပဲ……မဲရအောင်ယူပြီး ကိုယ်စီးပွာအတွက်လုပ်နေကြတယ်ထင်ပါတယ်….

Leave a Reply