ဒါဇင်ပလပ်စ် အဖွဲ့၏.ဒုတိယမြောက်ပညာရေးအလှူ

amatminSeptember 6, 20122min30436

မန်းလေးဂေဇက်ဝက်ဆိုဒ်ကို သုံးစွဲရင်း စိတ်တူကိုယ်တူလူငယ်များမှအခြေတည်ခဲ့သော. ဒါဇင်ပလပ်စ် လူမှုကူညီရေး အဖွဲ့၏

ရည်ရွယ်ချက်ဖြစ်သည့်သစ်စိမ်းပင်ပေါက်ကလေးများဖြစ်သည် ပညာသင်ကြားရန်လစဉ်ပုံမှန် အလှူဖြစ်သည့် ဒုတိယမြောက်အလှူကို ၂.၉.၂၀၁၂ တနင်္ဂနွေနေ့တွင်

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်အတွင်းရှိ မြိုင်သီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခဲ့ပါ၏.။

လူမှုဘဝမြှင့်တင်ရေးအတွက် အဓိကကျသော.ပညာသင်ကြားနိုင်ရန်.အခက်အခဲဖြစ်နေသော.ကလေးငယ်များအတွက်.

ဒါဇင်ပလပ် အဖွဲ့ဝင်များမှ ကိုယ်စီပါဝင်လှူဒါန်းသော ငွေ.၁၂၅၀၀ဝ (တသိန်းနှစ်သောင်းငါးထောင်ကျပ်တိတိ) အားသီလရှင်ဆရာမကြီး ဒေါ်သုနန္ဒာ မှလက်ခံခဲ့ပါ၏.။


အလှူငွေ မှတ်တမ်း..

အထက်ပါမြိုင်သီလရှင်ကျောင်းတွင် ခိုလှုံနေထိုင်ရင်းပညာလာရောက်သင်ကြားနေသည့်ကလေးငယ်အရေအတွက်အားဖြင့်.

သူငယ်တန်းမှ သတ္တမတန်းအထိ စုစုပေါင်း ၆၅၅ ဦးခန့်ရှိနေပီး အနီးအနားမှလာရောက်ပညာသင်ယူနေသည့်ကလေးငယ်များလည်း ပါဝင်ကြောင်းသိခဲ့ရသည်။

ကလေးငယ်များအတွက် လိုအပ်သည့် စာရေးကိရိယာ မျိုးစုံကိုလည်း မြိုင်သီလရှင်ကျောင်းမှပင် ထောက်ပံ့ပေးနေပီး

အစားအသောက်အပါအဝင်နေ့စဉ် ကုန်ကျစရိတ်အနေဖြင့် ၂ သိန်း ၂ သောင်းခန့် ရှိကြောင်းသိရသည်.။

တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်ကလေးငယ်တချို့အတွက်မူ စေတနာရှင် ဆရာ/ဆရာမ လေးဦးမှ စနေတနင်္ဂနွေ ပိတ်ရက်များတွင်

ပညာဒါနအနေဖြင့်လာရောက်သင်ကြားပေးကြောင်းလည်း သိရ၏.။

တချို့ငယ်ရွယ်စဉ်က လက်ခံခဲ့သည့်မိဘမဲ့ကလေးငယ်များထဲမှ ယောက်ကျားလေးတချို့ကိုမူ အနီးနားရှိဘုန်းကြီးကျောင်းသို့ အပ်နှံထားပီး လိုအပ်သည့်ကုန်ကျစရိတ်များကို

မြိုင်သီလရှင်ကျောင်းမှထောက်ပံ့ပေးကြောင်းသိရ၏.။

တဖန်တနှစ်သားမှ လေးနှစ်ခန့်အထိကလေးငယ် ၆၅ ဦးခန့်ကိုလည်း စောင့်ရှောက်ထားကြောင်းနှင့် လာရောက်အပ်နှံသည့်မိဘမဲ့ကလေးများကို

ပြည့်စုံသည့်အထောက်အထားများရှိပါကလက်ခံပေးကြောင်းသိရ၏.။ အဆိုပါကျောင်းသို့ ဒါဇင်ပလပ်အဖွဲ့အလှူပြုသည့်နေနှင့်တချိန်တည်း အခြားအလှူရှင်များမှလည်း

ငွေကြေးနှင့် မုန့်ထုပ်များ လာရောက်လှူဒါန်းကြသည်ကို တွေ့ခဲ့ရသည်.။မြိုင်သီလရှင်ကျောင်းရှိကလေးငယ်များအတွက်သာမက.

အနီးအနားရှိ ကျန်းမာရေး ချို့တဲ့သူများအတွက်လည်း ကြုံတိုင်းရွာဆေးပေးခန်း ဟူသောအမည်နှင့်

အဆိုပါကျောင်းဝင်းအတွင်း ဆေးခန်းဖွင့်လှစ်ထားသည်ကို တွေ့ခဲ့သေးပီး ဆေးပညာရှင် လူငယ်များမှ မေတ္တာအပြည်ဖြင့်ကုသစောင့်ရှောက်ပေးနေသည်ကိုမြင်ခဲ့ပါသေး၏..။

ကျောင်းဆောင်အနေဖြင့် ၂ ထပ်ဆောင်တဆောင်နှင့် တထပ်အဆောင်ရှည်တဆောင်တို့ကို တွေ့မြင်ခဲ့ပီး ဖော်ရွေသောဆရာမလေးများနှင့် ကရုဏာသက်ဖွယ်ကလေးများ၏ စာအံသံမှာ

ဒါဇင်ပလပ်အဖွဲ့သားများသာမက မြင်မိသူတိုင်းအဖို့ကြည်နူးဖွယ်အတိ..။

ရွာ့မိတ်ဆွေများအတွက် မှတ်တမ်းဓါတ်ပုံတချို့လည်း တင်ပေးလိုက်ပါ၏..။


လာရောက်လှူဒါန်းနေသူတချို့

ဆေးပညာရှင်လူငယ်များ၏ ကြုံတိုင်းရွာဆေးခန်း

အလှူငွေလက်ခံပီး ဆုပေးနေစဉ်..


မုန့်ထုပ်တွေ လာလှူသော မိသားစု..


အပြစ်ကင်းတဲ့ မျက်နှာကလေးများ..


ခနော်နှီခနော်နဲ့ စာသင်ခန်းက မင်္ဂလာပါ နှုတ်ဆက်စကားး.


စိတ်ထားလှတဲ့ စေတနာရှင် ဆရာမလေး..

အဆိုပါ အလှူမှ အိမ်သို့အပြန် ဒါဇင်ပလပ်အဖွဲ့သားတိုင်း၏ စိတ်အတွေးတွင်လည်း နောက်လ နောက်တကြိမ်အလှူအတွက်.ကြိုတင်စိတ်ကူးရင်း

တနိုင်တပိုင် စာနာမှု ခဲလုံးလေးများ၏.မှန်ကန်သောပစ်ချက်တိုင်းအတွက်

ဝမ်းမြောက်စွာပြုံးပျော်ရင်းဂေဇက်မိတ်ဆွေများအတွက်သာဓုခေါ်စရာ ဝေငှလိုက်ပါကြောင်း..။

ချစ်သောမျက်စိဖြင့်ရှုကြည့်နိုင်ကြပါစေ..။

လေးစားစွာဖြင့်

Dozen+ အဖွဲ့သူအဖွဲ့သားများ

36 comments

  • Shwe Ei

    September 6, 2012 at 3:59 pm

    ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ် ကိုမတ်ရေ။ ဒီလိုအလှူမျိုး ညီညီညွတ်ညွတ်နဲ့ ရေရှည်ဆက်လုပ်နိုင်ပါစေ။ တနိုင်တပိုင်အလှူလေးကနေ အလှူရှင်များများနဲ့ ဆထက်ထမ်းပိုး တိုးတက်လို့ လှူနိုင်ပါစေဗျာ။

    • Inz@ghi

      September 7, 2012 at 9:06 am

      မကြည်ပြာ ပြောသလိုပါပဲ
      ဘော(အိုအချင်းတို့) ရယ်…

      ပုံ
      ရဲဝင်း
      😛

  • etone

    September 6, 2012 at 4:06 pm

    ပညာရေးကို တဖက်တလမ်းက အားဖြည့်ပေးတဲ့အလှူလေးအတွက် သာဓုခေါ်ပါတယ် ကိုမတ်ရေ ။
    အလှူဖြစ်မြောက်ရေးအတွက် အစစ အရာရာ အပင်ပန်းခံခဲ့တဲ့ ပါရမီဖြည့်ဖက် သူငယ်ချင်းတွေ ၊ သဒါ္ဓထက်သန်စွာနဲ့ ပေးပို့ လှူဒါန်းကြတဲ့ အလှူရှင်တွေ၊ အားလုံးရဲ့ ကြိုးစား အားထုတ်မှုကြောင့် ဒုတိယအလှူလေး အောင်မြင်ခဲ့ပြန်တယ် ။ ဓါတ်ပုံလေးတွေ ကြည့်ပြီးလည်း ပီတိဖြစ်ရပါတယ် ။
    Dozen+ ရဲ့ စေတနာနဲ့ သစ်စိမ်းပင်ပေါက်လေးများစွာအတွက် တထောင့်တနေရာက အကျိုးပြုနိုင်ပါစေနော် ။ 🙂

  • Foreign Resident

    September 6, 2012 at 4:08 pm

    သာဓု သာဓု သာဓု

  • Rose Minn

    September 6, 2012 at 4:23 pm

    လှူရခြင်း အတွက် ပီတိ သောမနသ တကယ်ဖြစ်ရပါတယ်။ လူဆရာမလေးတွေ အပြင် သီလရှင် ဆရာမလေးတွေ ကလေးတွေကိုစာသင်နေတာလဲမြင်ခဲ့ပါတယ်။ လေးနှစ်သား ကလေးတွေကို စိတ်ရှည်ရှည်နဲ့ ထိန်းကျောင်းနေတဲ့ သာသန တာဝန်အပြင် ပန်းပျိုးနေတဲ့ ဆရာလေးများကိုလည်းတွေ့ခဲ့ပါတယ်။ ကလေးတွေ ရဲ့ စာအံနေတဲ့ အသံတွေ ဟာ မြိုင်သီလရှင် ကျောင်းရဲ့ ဂီတသံစဉ်များလား ဆိုရလောက်အောင် ကျောင်းသားလေးတွေရဲ့စာအံသံတွေ သောသောညံနေပါတယ်။ ဒုတိယ အလှူအတွက် သာဓုသာဓုသာဓု ခေါ်လိုက်ပါတယ်။

  • P chogyi

    September 6, 2012 at 4:28 pm

    မွန်မြတ်သောအလှူအား ဝမ်းမြောက်စွာသာဓုခေါ်ပါတယ်။
    ဆထက်ထမ်းပိုးတိုးပြီး လှူဒါန်းနိုင်ပါစေ။

  • နွယ်ပင်

    September 6, 2012 at 4:29 pm

    ီDozen Plus ရဲ့ ဒုတိယအကြီမ်မြောက်အလှူအတွက် ဝမ်းသာပီတိဖြစ်မိပါတယ် …
    နောက်လ နောက်လများမှာလည်း Dozen Plus လူမှုကူညီရေး အဖွဲ့ရဲ ့
    သစ်စိမ်းပင်ပေါက်လေးများစွာအတွက် အားပေးကူညီမူများကို စောင့်မျှော်အားပေးရင်း
    သာဓုသာဓုသာဓု ခေါ်လိုက်ပါတယ်နော် ….

  • pooch

    September 6, 2012 at 4:37 pm

    ပညာရေးအတွက် ကောင်းသောမျိုးစေ့လေးများကို ဒီထက်မက ပိုမိုအောင်မြင်စွာချပေးနိုင်တဲ့အဖွဲ့အစည်းလေး ဖြစ်လာပါစေလို့

  • စိန်ဗိုက်ဗိုက်

    September 6, 2012 at 4:41 pm

    ကိုမတ်ရေ
    သာဓုဗျာ…
    အခုလို အကြိုးအားကြောင့် ကိုမတ်လဲ လူပြိုဂျီး ဘဝမှ အလျင်မြန် ကျွတ်လွတ်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်..ဗျား..။

    • etone

      September 6, 2012 at 4:57 pm

      ဟာ ..ကိုမတ်ကို အထင်သေးတယ်ဟေ့ … ။
      ကိုမတ်စွံတာ … ပေါက်ဖော်မသိသေးလို့နော် ….. ကောင်မလေးတွေ propose လုပ်လွန်းလို့ …သူ့ခမျာ ရှောင်နေရတာ :mrgreen:

      • ပစ်ပစ်ချန်

        September 7, 2012 at 8:12 am

        ဟုတ်မှာပါ..ဟုတ်မှာပါ
        အများကတော့ အဲ့လိုပြောကြတာပဲ ကပေါက်ဖော်ရေ့
        တကယ်တော့ တကယ်တော့…. 😆 😆 😆 ဟိဟိ ဟဟ

  • ရွှေ ကြည်

    September 6, 2012 at 4:44 pm

    ကောင်းမွန်မြင့်မြတ်တဲ့အလှူအတွက်ဝမ်းသာစွာနဲ့ သာဓုခေါ်ပါတယ်ကိုအမတ်မင်းရယ်။
    ဒါဇင်ပလပ်စ်မှအဖွဲ့ဝင်လူငယ်များနှင့်အလှူရှင်များကျန်းမာပျော်ရွှင်ကြပါစေ။

  • ကိုခင်ခ

    September 6, 2012 at 4:50 pm

    ကောင်းသောပြုမူခြင်းများအတွက် ဝမ်းသာပိတိဖြစ်မိပါတယ်။

  • ပစ်ပစ်ချန်

    September 6, 2012 at 4:52 pm

    သစ်စိမ်းပင်ပေါက်လေးများအား အနာဂတ်တွင် သစ်စိမ်းပင်ပျိူလေးများအဖြစ် လောကကိုအကျိုးပြု အလှဆင်နိုင်အောင် ဆက်လက်ပျိုးထောင်နိုင်ပါစေ……………
    သာဓု သာဓု သာဓု

    သစ်စိမ်းပင်ပေါက် ပစ်ပစ်ချန်
    😆 😆 😆

    • Inz@ghi

      September 6, 2012 at 5:03 pm

      ညည်းလား အပင်ပေါက်
      ညည်း အပင်ပေါက်တော့ မီဟုတ်ဝူး.
      ညည်းက ဘွန်ဇိုင်း

      အာ. ဟိ
      ဒက်ဂလောက်

      • ပစ်ပစ်ချန်

        September 7, 2012 at 8:16 am

        အမယ်…
        သစ်ခြောက်ပင်အိုဘဝမှာ သစ်ဆွေးဒုံးဂျီးဘဝသို့ တမဟုတ်ချင်းကူးပြောင်းသွားသော ဘိုးဘိုးဂီ 😉
        သများတို့က စိမ်းလန်းစိုပြေနေဆဲပါ
        သူများတွေနဲ့စိမ်းလန်းတာချင်းတောင် ယှဉ်ဝံ့ပါ့တော်
        ရွက်ကြွေပင်ပေါက်မဟုတ်ဘူးတော့
        တဂယ့် သစ်စိမ်းပင် ပေါက်စနလေး……
        သိလား သိလား.. :mrgreen:

        • Khaing Khaing

          September 7, 2012 at 2:47 pm

          ယောက်မလေး ပြောတာကို အပြည့်အဝ ထောက်ခံပါတယ် … ဘာတဲ့ သစ်ခြောက်ပင်အို ဘဝ မှ သစ်ဆွေးဒုံးဂျီးဘဝ ကူးပြောင်းတဲ့ ဘိုးဘိုးဂီး ………. မှန်၏ မှန်၏ ……. တော်လိုက်တဲ့ ယောက်မလေး ….

        • Inz@ghi

          September 7, 2012 at 3:02 pm

          ရန်စတာလား ဗူကြီးပိုက် … 😛

          👿
          👿
          👿
          🙁

  • ဦးဦးပါလေရာ

    September 6, 2012 at 4:54 pm

    အင်မတန်ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေပါပဲ..။
    သာဓုပါဗျား..။

  • kotun winlatt

    September 6, 2012 at 4:55 pm

    ကိုမတ်…
    ဝမ်းသာပီတိဂွမ်းဆီထိပါပဲဗျာ….
    ဆက်လက်ပြီး ဒီထက်မက လှူဒါန်းနိုင်ပါစေ…
    ဒါဇင် ပလပ်စ်အဖွဲ့သားများ အားလုံးကို လေးစားခင်မင်လျှက်….
    (T.W.L)

  • Inz@ghi

    September 6, 2012 at 5:02 pm

    သာဓု သာဓု သာဓု ပါတော်.

  • nozomi

    September 6, 2012 at 5:20 pm

    ရှေ့ဆက်လက်ပြီး များများလှူ လို့ များများ ကြည်နှုးနိုင်ကြပါစေ

    အမတ်မင်းကြီး အတွက် ဆုတောင်းပေးချင်တာ ပေါက်ဖော်က ဦးသွားလို့ အဲဒီအတိုင်းပြည့်ပါစေလို့ ပဲ ဆုတောင်းပေးလိုက်ပါတယ်

  • ကထူးဆန်း

    September 7, 2012 at 6:31 am

    အဖွဲ့ဝင်များ အားလုံး ကို ဂုဏ်ပြု ချီးကျူးပါတယ်ဗျို့ ။
    ဒါထက်ပိုလို့ အဖွဲ့ဝင်များ များလာနိုင်ပါစေ။
    ဒါထက်ပိုလို့ လှုနိုင်ကြပါစေ။

  • ကြောင်ဝတုတ်

    September 7, 2012 at 6:44 am

    နောက်ကျတဲ့အတွက်နဲ့ နောက်တစ်ခုအတွက်ခွင့်လွှတ်ပါနော်
    ကျွန်တော်အသိုက်ပြောင်းရာက အင်တာနက်ပါမရသေးလို့
    မန့်တာနောက်ကျသွားတာပါ
    ဒါဇင်ပလပ် ဒီထက်ပိုလှူဒါန်းနိုင်စေကြောင်းဆုမွန်ကောင်းတောင်းလျက်
    အစ်ကိုကြီးအမတ်မင်းကိုထပ်ဆင့်ကျေးဇူးတင်ပါတယ်

    ခင်မင်လျက်
    ကြောင်ဝတုတ်

  • amatmin

    September 7, 2012 at 8:49 am

    ဒါဇင်ပလပ်စ် ၏ခြေလှမ်းများအား အားပေးသည့်..
    ရွာ့မိတ်ဆွေများအား ကျေးဇူးအထူး တင်ရှိပါကြောင်း…

    Dozen+ အဖွဲ့သူားများကိုယ်စား
    အမတ်မင်း

    စကားအတင်းစပ်.လူပျိုကြီးဖြစ်သယောင် ဆောင်နေတာ .အချိန်စေ့ပီဖြစ်ကြောင်း ..
    အိမ်သူသက်ထားဇနီးမယားမှ ဝမ်နင်ပေးနေပါ၏..။ 🙂

    • Moe Z

      September 7, 2012 at 9:14 am

      အူးလေး အူးလေးမိန်းမက ခေါ်ခိုင်းလိုက်တယ်
      အမြွှာလေးတွေ ငိုနေလို့ အမြန်ပြန်လာတဲ့

      သာဓု သာဓု သာဓု

      • amatmin

        September 7, 2012 at 9:22 am

        ပြောဖို့မေ့သွားတယ်…
        အမြွှာလေးဒွေ ငိုနေတယ်ပြောပီး သူလာခေါ်မှာ.ဆိုတာလေး 😛

        (ဤကွန်မန့် ကိုဂီမမြင်ဇေရ) 🙂

        • Khaing Khaing

          September 7, 2012 at 12:17 pm

          ကြည့်လုပ် ကြည့်ပြောကိုမတ်ရေ … မိဂီကပြောလိမ့်မယ် …. အလှူပို့စ်မှာ လိပ်ဥတူးတယ်ဆို ပြီးတော့ ……. ခစ်ခစ်ခစ်

  • သာဓုပါဗျို့ …
    ကိုမတ်ကြီးနဲ့တကွ Dozen+ အဖွဲ့သူအဖွဲ့သားများ တွေရဲ့ စေတနာ သဒ္ဓါတရားကို
    လေးလည်း လေးစားပါတယ် ..
    အားလည်း ကျပါတယ်ဗျို့ …
    ဒီအဖွဲ့လေး မှသည် အဖွဲ့ကြီး ဖြစ်နိုင်ပါစေ …
    လာမယ့် နှစ်များစွာတိုင်အောင် အဓွန့်ရှည် တည်တံ့ပါစေလို့ …

    ချစ်တဲ့ …
    အံစာတုံး

  • မောင်ပေ

    September 7, 2012 at 9:37 am

    ဒုတိယခြေလှမ်းမှသည် နောင်မိုင်ပေါင်း များ များစွာသို့
    လှူဒါန်းနိုင်ကြပါစေ

  • surmi

    September 7, 2012 at 11:06 am

    သာဓုဗျာ ကိုမတ်ရေ
    အဲဒီကျောင်းကို နှစ်ခါရောက်ဖူးပါရဲ ့ဗျာ
    အတော်လေးလည်းစည်းကမ်းကောင်းပါတယ်
    မွေးနေ ့အလှူသွားရင်း လှူခဲ ့ဖူးပါတယ်
    ဆေးခန်းအကြောင်းကိုလည်း ရွာသူတစ်ယောက် ပို ့စ်တင်ဖူးသေးတယ်

  • ကြောင်ကြီး

    September 7, 2012 at 11:10 am

    ဒါဇင်ပလပ်စ်
    စာသင်ဖက်
    ရှာရင်ခက်
    နှာခင်မက်
    ငါထင်ဟပ်
    ခါချဉ်ကပ်
    ဝါဝင်ဖွက်
    အာရွှင်ညက်..။

  • kyeemite

    September 7, 2012 at 11:52 am

    မွန်မြတ်သောအလှူအား ဝမ်းမြောက်စွာသာဓုခေါ်ပါတယ်။
    ဆထက်ထမ်းပိုးတိုးပြီး လှူဒါန်းနိုင်ပါစေ။သာဓု သာဓု သာဓု..:P

  • R Ga

    September 7, 2012 at 4:37 pm

    လှူရတယ်ဆိုတဲ့ ဝမ်းသာမှုနဲ့စာရင်
    ချို့ငှဲ့နေကျတဲ့ မျက်ဝန်းတွေ..ပုံရိပ်တွေကို တွေ့ရမြင်ရတာက
    ပိုပြီးခံစားရတယ်။…။ ဖြစ်နိုင်ရင် အဲဒီလိုမြင်ကွင်းမျိုးကို မမြင်ချင်မိပါဘူး။

  • အလင်းဆက်

    September 7, 2012 at 8:32 pm

    သာဓုခေါ်လိုက်ပါတယ်.ဗျာ.။

    ဒါနဲ ့ ချရာမ ရေး..က ရိုးရိုးရေးးနဲ ့ယဉ်တယ်ဂျာ…
    😀

  • Tin Tin

    September 11, 2012 at 5:45 pm

    ကိုအမတ်နှင့်တကွ Dozen+ အဖွဲ့သားအားလုံးရဲ့ ဖြူစင်မွန်မြတ်တဲ့ အလှူအတွက်
    ဝမ်းမြောက်ဝမ်းသာစွာနဲ့ သာဓုခေါ်လိုက်ပါတယ်..။
    နောက်ထပ်လည်း ဆထက်ထမ်းပိုးတိုးပြီး လှူနိုင်ပါစေလို့ ဆုမွန်ကောင်းများ တောင်းလိုက်ပါတယ်…

Leave a Reply