ဆဲခြင်း နဲ ့ လူ ့အသိုင်းအဝိုင်း

တိမ္မည္းSeptember 6, 20121min1887

ပြောချင်တာက ဆဲခြင်းအကြောင်းပါ….

ဆရာ လုပ်တာမဟုတ်ပါဖူး…. ရင်ထဲရှိသမျှ ရေးမိတာပါ…..

မှားတာရှိရင် တောင်းပန်ပါတယ်….. ဘယ်သူ ့ကိုမှ မရည်ရွယ်ပါဖူး….

ဆဲတယ်ဆိုတာ ကောင်းလား…. ဆဲခြင်းသည် ဒေါသရဲ့အစ…. ဒုက္ခကို ခေါ်သောအရာလို ့ ပြောကြတယ်…..

ဆဲခြင်းသား နားမဝံ့သာဖူး… မကောင်းဖူး…..

ဆဲခြင်း အမျိုးမျိုးရှိသတဲ့…..

ဆဲခြင်းသည်  ကျန်းမာရေးကိုကောင်းစေသတဲ့ အဲ့လိုများပြောရင် ဆဲတာမကောင်းဖူးလို ့ ပြောတဲ့ ဒီမိုရွာသားများ အမြင်များကတ်မလားမသိဖူး…..

ဟုတ်ကဲ့ ဆဲတာ တခါတလေ ကောင်းပါတယ်….

ဆဲတာ သည် မကောင်းသော စကားပါ… လက်ခံပါတယ်…..

ဒါပေမယ့် တနေ ့တာ ပင်ပန်းလာသမျှ ဂီမ်းဆိုင်လေးဝင်ပီး ဆဲလိုက်ရမှ နေကောင်းသွား တာမျိုးလည်းရှိသဗျ….

ရီးစားပူမိနေသလား…. စီးပွားပူမိနေသလား… ရင်ထဲမှာပူနေသလား….

ကာရာအိုကေဆိုင်သွား ဆဲကြသလို … အရက်ဆိုင်သွားပီးလည်း ဆဲတက်ကြပါတယ်…. ဂိမ်းဆိုင်လား ဆဲတာမှ အသားကုန်ပေါ့…..

ပြောချင်တာက ဆဲတာကို ကောင်းတယ်လို ့ မဆိုလိုပါဖူး…..

ဆဲတာရဲ့ နောက်ကွယ် မှာ ကိစ္စလေးတွေရှိပါတယ်……….

ဆဲတာကို မကောင်းဖူး မဆဲရဖူးလို ့ တားမယ့်အစား ဘာကြောင့် ဆဲတာလဲ ဘာဖြစ်လို ့ ဆဲတာလဲ သိအောင် စုံစမ်းပီး လမ်းပြသင့်ပါတယ်……

ဒါပေမယ့် သိပ်စိတ်ညစ်တဲ့အချိန်မှာ ဆဲခြင်း အော်ခြင်း ပေါက်ကွဲခြင်းဟာ အင်မတန် ကောင်းတဲ့နည်းလမ်းမှန်း စိတ်ညစ်ဖူးသူတိုင်းသိမှာပါ…..

လူတိုင်းတော့ မဆိုလို ့ပါဖူး…. တချို ့ တချို ့ပေါ့…..

ဆဲတာကို ဆဲရကောင်းမလားလို ့ တားတာဟာ ကလေး ကို သဲနဲ ့ဆော့ရကောင်းမလားဆိုပီး လှိမ့်ရိုက်တက်တဲ့ မိဘမျိုးနဲ ့ တူပါတယ်…..

 

လေးစားလျက်

တိမ်မည်း

 

7 comments

  • ကထူးဆန်း

    September 7, 2012 at 7:01 am

    ဘာလို့ ဆဲချင်တာလည်း ဆိုတော့……
    ကိုးနတ်ရှင် မကောင်း လို့ ..
    ကားသမားတွေ ရမ်းလို့ …
    ဟက်ကာတွေ နိုပ်စက်လို့ …
    အများကြီးတော့ ကျန်သေးတယ် ..
    ပြေးရဦးမှာ မို့ ..
    လမ်းပြပေးပါဦး … 😀

  • pooch

    September 7, 2012 at 10:28 am

    ်ဆဲလိုက်တာနဲ့ စိတ်ထွက်ပေါက်တွေ ပြသာနာတွေ ပြေလည်သွားမယ် ဆိုရင်တော့ ဆဲသာဆဲပါ ။ အားမနာပါနဲ့။ :mrgreen:

    ဒါပေမဲ့ တချို့အကြောင်းအရာများက ပြာသာနာ အတိမ်အနက်ကို လိုက်လို့ မဆဲပဲ ဖြေရှင်းမှ ရမဲ့ အကြောင်းတရားကြီးငယ်တွေ ရှိပါတယ်။
    အဲ့လို နေရာမှာ အကြောင်းတရား ကို ဖြေရှင်းကို မကြိုးစားပဲ လှိမ့်ဆဲနေမယ် ဆိုရင် တော့ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး စိတ်ဓာတ်အဆင့်အတန်းကို ဖော်ပြရာကြတာမို့ ကိုယ့်သမိုင်း ကိုယ်ရေးတယ်လို့ပဲ ပြောရပါလိမ့်မယ်။

    တခုပါပဲ လူဆိုတာ ကိုယ့်ရောက်နေတဲ့ နေရာ အဆင့်အတန်းကို ကိုယ်တိုင်ပဲ သတ်မှတ်တာမို့ ကိုယ့်လုပ်ရပ်ဟာ ကိုယ့်ဘဝကို အရောင်ဆိုးပေးပါလိမ့်မယ်။

    ကိုယ်တိုင်ကတော့ လမ်းသွားရင်း နဲ့ မျက်စိရှေ့အမြင်မတော်တာတွေကို အော်ဟစ်ဆဲဆိုရင်း မသိလိုက်မသိဖာသာနဲ့ ဆဲခြင်းနဲ့တောင် ယဉ်ပါးနေပါပြီ။ 😀

  • P chogyi

    September 7, 2012 at 10:46 am

    ဘာဖြစ်လို့ ဆဲတာလဲ စုံစမ်းဖို့မလိုပါ။
    မဆဲတတ်အောင် သင်ကြားလေ့ကျင့်ပေးရပါမယ်။
    ဆဲတာအစား လိုအပ်ချက်၊ မကျေနပ်ချက်ကို
    ပွင့်လင်းလင်းပြောဆို ဖေါ်ပြတတ်အောင် သင်ကြားပေးပါ။

  • kyeemite

    September 7, 2012 at 11:45 am

    ဆဲတာတော့ မကြိုက်ဖူးဗျာ…ဒါပေသိ..
    ကထူးဆန်းပြောသလို..
    ကိုးနတ်ရှင် မကောင်း လို့ ..
    ကားသမားတွေ ရမ်းလို့ …တစ်ခါတလေတော့
    လွှတ်ကနဲဆဲမိတတ်တယ်…တတ်နိုင်သလောက်တော့ဖျောက်ဖို့
    ကြိုးစားနေပါဂျောင်း…
    မိမိကလေးများလည်းမဆဲတတ်ပဲ စိတ်ကိုဖြေဖြောက်တတ်အောင်
    သွန်သင်နေပါဂျောင်း…

  • kotun winlatt

    September 7, 2012 at 11:48 am

    ဆဲတယ်ဆိုတာ..မကောင်းပါဘူးးးး
    ဒါပေမယ့် တစ်ခါတစ်လေကျတော့လည်း ပစ်ပစ်နစ်နစ်ဆဲလိုက်မှ နေသာထိုင်သာရှိသွားတတ်တာမျိုးလည်းရှိတတ်သဗျ..
    အကျင့်လို့ပဲပြောရမလားးး
    ဥပမာဗျာ…သောက်သုံးမကျတဲ့..ကွန်နက်ရှင်…
    အဟိ…..အဲ့ဂလို..အဲ့ဂလို….

  • မောင်ပေ

    September 7, 2012 at 7:48 pm

    ကိုယ့်ဟာကိုယ် လူသူကင်းတဲ့ ရှင်းတဲ့ လယ်ကွင်းပြင်မျိုးထဲမှာ သွားအော်ဆဲရင်တော့ အရမ်းကောင်းပါတယ် ၊ အပေါ်က ရွာသူားများပြောသွားသလို စိတ်ပြေပေါ့ပါးသွားမှာ တစ်ကယ်ပါ
    သို ့သော်
    လူ ့ဘောင် ၊ လူ ့အသိုင်းအဝိုင်းထဲမှာ အော်ဆဲနေရင်တော့
    ဆွမ်းကြီးလောင်းခံရပါမယ်
    အရူးလက်မှတ်ရမှာ အရမ်းကို သေချာပါတယ်

  • ho leo

    September 7, 2012 at 9:26 pm

    အားလုံးသိတဲ့ အတိုင်းဆဲတယ်ဆိုတာမကောင်းပါဘူး
    ဒါပေမယ့်လည်း ဆဲလိုက်ရမှ ကျေနပ်သွားတာတွေ ရှိတယ်ဗျ။
    ဥပမာ။ ။ဘောလုံးပွဲ ကြည့်ရင်း မီးပျက်သွားတာမျိုး ပေါ့။ :p

Leave a Reply