တစ်ခါတုန်းက လူတစ်ယောက်ဟာ ကျွန်တော့်ကို အွန်းလိုင်းမှာကော၊ ဖုန်းထဲမှာပါ ပြင်းပြင်းထန်ထန် ဆဲရေး တိုင်းထွာတာခံဖူးပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ဟာ ဆရာသမားတွေရဲ့ အဆုံးအမအကြားမှ မို့လို့ စိတ်ရှည်သည်းခံနေခဲ့ပေမဲ့ အခုချိန်ဆိုရင်တော့ ကျွန်တော် ဒေါသနဲ့ တစ်ခုခု တုံ့ပြန်မိမှာသေချာပါတယ်။ လွန်ခဲ့တဲ့အချိန်ကာလတစ်ခုက ကျွန်တော်ဟာ တားရော့ဗေဒင်ထုတ်လေးနဲ့ မဟာဘုတ်မှတ်စုစာအုပ်လေးကိုင်ပြီးတော့ အဘမင်းသိင်္ခတပည့်ကြီးတွေနောက် လိုက်ရင်း ဗေဒင်ဟောပြခဲ့ဖူးတယ်။ အစုလိုက်နယ်ထွက်ပြီး အခမဲ့ဗေဒင်ဟော ဒါနပြုကြတဲ့ စီနီယာ တပည့်ကြီးတွေနောက်က ပညာသင်ရင်း လိုအပ်တာ ကူညီရင်း သူတို့မောလို့ နားတဲ့အချိန်မှ ရောက်လာတဲ့ သူတွေကို သိသမျှလေး ပြန်တွက်ပေးတာလောက်ပါ။ မှတ်မှတ်ရရ နယ်မြို့လေးတစ်ခုမှာပေါ့ အဲ့ဒီလူရဲ့ ပြတ်သွားတဲ့ ရည်စား ကောင်မလေးတစ်ယောက်ကို တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်က ဗေဒင်ဟောပေးခဲ့ဖူးတယ်။ ကျွန်တော်ဗေဒင်တွက်ပေးပြီး သိပ်မကြာမှာပဲ အဲ့ဒီကောင်မလေးဟာ ထိုလူနဲ့ ပြတ်သွားကြပါတယ်။ ဒီလူရဲ့ စိတ်ထဲမှာ ကျွန်တော့်ဟောပြောချက်နှင့် ယတြာ တစ်ခုခုကြောင့် သူ့ရည်းစားကောင်မလေးနဲ့ ပြတ်သွားတယ်လို့ ယုံကြည်နေပုံရပါတယ်။ ဗေဒင်ဆရာတွေရဲ့ စည်းကမ်းထဲမှာ မိမိအပေါ် ယုံကြည်စွာနဲ့ လာမေးသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကို စောင့်ထိန်း လျှို့ဝှက်ပေးရပါတယ်။ ဒါဟာ ကျင့်ဝတ်တစ်ခုပါ။ အချစ်ဆိပ် ကိလေသာမီး သင့်နေတဲ့ ထိုလူ မစဉ်းစားနိုင်ဘဲ ကျွန်တော်ကို ဖုန်းထဲမှာကော၊ အွန်လိုင်းမှာပါ မိုးမွှန်အောင်ဆဲ ခြိမ်းခြောက်ပြီး အထပ်ထပ်မေးခဲ့ပေမဲ့ အဲ့မိန်းကလေး ဘာတွေ ကျွန်တော့်ကို မေးခဲ့လဲဆိုတာ မဖြေခဲ့ပါဘူး။ ဒါကြောင့်လဲ ထိုလူက မသိလေ ထပ်ဆဲလေ သိချင်လေ ကျွန်တော်က မပြောလေနဲ့ ထပ်ဆဲဆိုလေနဲ့ မိုးမွှန်နေတော့တာပါပဲ။ ထိုလူကျွန်တော်ကို ဆဲတဲ့ထဲမှာ ကျွန်တော်ခုထိ မှတ်မှတ်ရရ ရှိနေတာကတော့

  • မင်းဗေဒင်ဆရာအစစ်ဆိုရင် ငါမင်းကို လာဆဲမှာကို မင်းသိရမှာပေါ့တဲ့
  • ပြီးတော့ မင်းကြိုသိနေရင် ငါလာမဆဲအောင် ယတြာကြိုချေထားရမှာပေါ့တဲ့။

နောက်တစ်ခုထပ်ပြောပါသေးတယ်။ မင်းတို့လို ဧကံသဗျာကရဏ အမည်ခံတဲ့ အဘအမည်ခံတပ်ပြီး ဗေဒင်ဆရာတွေဟာ မကောင်းဘူးတဲ့လေ။ ဘာဖြစ်လို့ အဲ့လို ပြောနိုင်ရတာလဲ ကျွန်တော်ပြန်မေးတော့ ဗေဒင်ဆရာတွေမကောင်းဘူးဆိုတာ မင်းတို့ ဗေဒင်ဆရာချင်းပဲပြောတာလေတဲ့။

ကျွန်တော်က ဘာလိုအဲ့ဒီမှာ ကျွန်တော် သူပြောတာကို သေချာစဉ်းစားသွားမိပါတယ်။ ဟုတ်သားပဲ။ ကျွန်တော် သူ့ကို စိတ်ဆိုးဖို့ မေ့သွားပါတယ်။ ဖြတ်သန်းဖူးတဲ့ အဆဲခံဖူးတဲ့ ဗေဒင်ဆရာလေး ဘ၀နဲ့ ဒါအတွေ့အကြုံတစ်ခုပါ။ ထားပါတော့။ ကျွန်တော် စဉ်းစားကြည့်တယ် သူအခုလို လာဆဲမှာကို ငါကဘာလို့ကြိုတင်သိမနေရတာလဲ။ ဗေဒင်ဆရာတွေကကော ၀မ်းကျောင်းတူ ဗေဒင်ဆရာချင်းကို ဘာလို့ မကောင်းကြောင်းကို ပြောရတာလဲလို့။ အတိတ်၊ အနာဂါတ်၊ ပစ္စုပ္ပန် သုံးပါးလုံးကို တွက်ချက်ပြီး အလုပ်လုပ်နေတဲ့ ကျွန်တော်ထက် များစွာ ထူးချွန်သော ဗေဒင်ဆရာတွေကကော ဘာဖြစ်လို့ သူပြောသလို ကြိုမသိနေသင့်ဘူးလား။ ကျွန်တော်လည်း ဥာဏ်မမှီလို့လားမသိဘူး။ အဖြေ ခုထိထွက်မလာခဲ့ပါဘူး။ အဲ့အချိန်ကစလို့ ဗေဒင်နဲ့ ပတ်သက်သမျှကို ဆက်မစဉ်းစားဘဲ အကုန်လုံးကို လွှတ်ချပြီး ကျောခိုင်းနေလာခဲ့တာ ခုထိထက်တိုင်ပါပဲ။

ထားပါတော့လေ။ ကျွန်တော် ပြောချင်တာက လူဆိုတာ ယုံကြည်မှုနဲ့ အသက်ရှင်နေကြတာပါ။ ကျွန်တော့်ကို မိုးမွှန်အောင်ဆဲတဲ့ လူဟာလည်း သူတစ်ခုခုကို ယုံကြည်လို့ ကျွန်တော့်ကို ဆဲရေးတိုင်းထွာခဲ့တာပါ။

ဒီနေရာမှာ အဘမင်းသိင်္ခပြောပြခဲ့ဖူးတဲ့ စကားလေးတစ်ခုကို သွားပြီး ကျွန်တော် သတိရမိတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ချင်တယ်ဆိုရင် လွယ်ပါတယ်တဲ့။ သူ့ရဲ့ ယုံကြည်မှုကို ပုတ်ခတ်လိုက်ပေတော့။ ချက်ချင်းကြီး ရန်သူကြီး တစ်ယောက်လို တုံ့ပြန်လာလိမ့်မယ်။ အဲ့ဒီတော့ ငါလူတို့တဲ့ လောကကြီးမှာ ကျင်လည်ကျက်စားတဲ့အခါ သူတစ်ပါးရဲ့ ယုံကြည်မှုကို ဘယ်တော့မှ သွားပြီး မတိုက်ခိုက်လေနဲ့တဲ့။

အိမ်တစ်အိမ်မှာဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုမှာ ဖြစ်ဖြစ် ပြသနာရဲ့ အဓိကတရားခံဟာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုအားပြိုင်တာကနေ စတာများပါတယ်။

နောက်တစ်ခုက အထင်နဲ့ အမြင်ရယ်ပါ။ သူရဲ့ ယုံကြည်မှုကို မှားနေတယ်လို့ ကိုယ်က ထင်နေတာက မြင်နေတာက ပိုဆိုးပါတယ်။ တကယ်တော့ လောကကြီးဟာ အထင်ဟာ အထင်ဖြစ်တယ်။ အမြင်ဟာ အမြင်သာဖြစ်တယ်။ ဒါပေမဲ့ ယုံကြည့်မှုတွေ လွန်ကဲနေရင်တော့ အမှန်တရား တစ်ခု ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်လဲ ပင်လယ်ရပ်ခြားမှာ ယုံကြည်မှုမတူတဲ့လူတွေကြားမှာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြတဲ့ အချင်းချင်း ယုံကြည်မှုကို ထိခိုက်တဲ့ စကားတွေ မပြောဖို့ အမြဲသတိထားပြီး နေထိုင်ရပါတယ်။

အပေါ်ဆုံးက ဖော်ပြထားတာလေး ဆက်ပါ့မယ်။ ကျွန်တော်လို ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်အလုပ် ကိုယ်လုပ်နေတာတောင် မှ အဆဲခံရပြီ ရန်လိုခံနေရပြီဆိုရင်တော့ မိမိအပေါ် မနာလို၊ ရန်ပြု ရန်လိုခံနေရပါက တန်ပြန်ယတြာလေးတစ်ခု မှတ်သားခဲ့ဖူးပါတယ်။ အသိလေးထားပြီး အသုံးချနိုင်ကြပါစေဗျာ။

ကျောက်မီးသွေးကို အမှုန့်ပြုလုပ်ပြီး ပုလင်းထဲကိုထည့်ကာ ညဘက်-အိပ်ခါနီးအချိန်တွင် ကိုယ့်ကိုရန်လိုနေသောသူ၏အမည်ကိုခေါ် မျက်နှာပေါ်လာအောင် အာရုံပြု၍

မိမိ၏ဘယ်ဘက်ခြေဖ၀ါးကို လက်သုံးချောင်းနှင့် ပွတ်ပေးလိုက်ပါ။ ရက်ပိုင်းအတွင်း အဆင်ပြေသွားပါလိမ့်မည်။

သတိ၊ မိမိ၏သွေးသားအချင်းချင်းမလုပ်ရပါ။

 

သင်္ဘောသားများကိုချစ်ပြီး

ရွာသူားများကို လေးစားလျက်

ကိုရင်စည်သူမိုးတိမ်

About အူးစည်

has written 140 post in this Website..