ဒေါက်တာနိုင်အောင်အဖွဲ့၏ သတ်ချင်တိုင်းသတ် ဒီမိုကရေစီ

Justice ABSeptember 7, 20121min480

Request!

Kai , ဝက်ဆိုဒ်ရဲ့ စည်းမျဉ်းတွေနဲ့ မညီဘူးဆိုရင်တော့ ဖျက်ပစ်နိုင်တယ်လို့ ပြောချင်ပါတယ်။ ဒီပို့စ်ကိုတင်ရတာကတော့ အမှန်တရား အတွက်ရယ်။

လူ့အခွင့်အရေး အတွက်ရယ်။    ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီမိုကရေစီယုံကြည်ချက်ကြောင့် တောထဲမှာလက်နက် ဆွဲကိုင်တော်လှန်ကြတဲ့ ရဲဘော်ရဲဘက်ချင်း ဘယ်လောက်တောင်ရက်ရက်စက်စက် သတ်ပြီး ဘယ်လောက်တာဝန်မဲ့ခဲကြသလဲဆို(ကိုယ်တိုင်ခံစားရတယ်ဆိုရင်ရော၊ ကိုယ်အမျိုးကထဲ တစ်ယောက်ယောက်ဖြစ်မယ်ဆိုရင်ရော ဘယ်လိုခံစားကြမလဲ။ ထောက်လှန်းရေး သူလျှိုကြောင့် ဒါမျိုးတွေဖြစ်ရတယ်ပြီး အပြစ်လွဲချရင်တာင် လူတစ်ယောက်ကို တရိစ္ဆာန်တစ်ကောင်လို သတ်တာကတော့ လူစိတ်ကင်းမဲ့လွန်းတယ်ပြောရမယ်။ လူသတ်တယ်ဆိုတာ ဘယ်နေရာမှာပဲသတ်သတ်

လူသတ်တာပဲဖြစ်ပါတယ်။ တာဝန်ယူရမယ့် တာဝန်ရှိပါတယ်။ စစ်မြေပြင်မှာ တစ်ယောက်နဲ့တစ်ယောက် အသေသတ်ကြတာ တရားပေမယ့်

သုံ့ပန်းအဖြစ်မိထားခဲ့ရင်ဘယ်လောက်ရက်စက်တဲ့ရန်သူပဲဖြစ်ဖြစ် (ဒုတိယကမ္ဘာစစ်အတွင်းမှာတောင်)သုံ့ပန်းပေါ်လစီကိုလေးလေးစားစားလိုက်နာရပါတယ်. နောက်မှ

တရားစီရင်ပြီး ပြစ်ဒါဏ်ချတာကတစ်ပိုင်းဖြစ်ပါတယ်။  ဒါပေမယ့် ဒီလိုလူတွေက မြန်နိုင်ငံနိုင် ဒီမိုကရေစီ အရေးဆောင်ရွက်မယ်ပြောနေလို့ပါ။ အဖွဲ့အတွင်းမှာတောင် ဒီမိုကရေစီနဲ့ လူအခွင့်အရေးမရှိ၊ တန်ဖိုးမထားတတ်တဲ့ လူတစ်စုကရော ပြည်သူအတွက် ဘာတွေအာမခံနိုင်ကြမှာလဲ။ အမျိုးသား ရင်ကြားစေ့ရေး၊ အားလုံးပူးပေါင်းပါဝင်ရေးကို ကြိုဆိုပေမယ့် တိုင်းပြည်ဗန်းပြပြီး နောက်တစ်ကြိမ် လုပ်စားမယ့်သူများကိုတော့ ထပ်မံအလိုမရှိတော့ပါ။

(လွတ်လပ်စွာ ကွဲလွဲနိုင်ပါသည် )

 

 

 

 

 

 

 

ရဲဘော်များနှင့် မိတ်ဆွေများ ခင်ဗျား

မြောက်ပိုင်းကိစ္စကို ကျနော် သိပ်မပြောလိုတော့သော်လည်း ကိုနိုင်အောင် ရဲ့ မတ်လ ၂၅ ရက်၊ ၂၀၁၂ ခုနှစ် နေ့စွဲပါ စာ

မှာ အေဘီအက်စ်ဒီအက်ဖ် မကွဲခင်က ကျနော်က ဘာညွှန်ကြားခဲ့သလဲ မသိပါလို့ ကောက်ချက်ဆွဲထားပြန်သဖြင့် ဒီဖြစ်

ရပ်ကို မသိသူများ အနေနဲ့ ဖြစ်ရပ်မှန်အပေါ် သို့လောသို့လောဖြစ်ဖွယ် သူရေးထားတဲ့အတွက် ကျနော့် အနေနဲ့ ရှင်းလင်း

တင်ပြဖို့ လိုလာပါတယ်။

မြောက်ပိုင်းသတ်ဖြတ်မှုဟာ ကိုနိုင်အောင်အဖွဲ့မှာသာ လုံးဝတာဝန်ရှိနေပါတယ်။ ဖမ်းဆီးမှုများကို ကျနော်တို့ သတင်းရရှိ

စဉ်က ကျနော်တို့ကန့်ကွက်ခဲ့တယ်။ သူလျှိုလို့ ဖမ်းထားသူတွေကို မသတ်ဖို့၊ သူလျှိုလို့ ယူဆရင်တောင် မသတ်ဘဲ လွှတ်

ပေးဖို့ ကချင်ခေါင်းဆောင်တွေကတဆင့် ကြေးနန်းပေးပို့ခဲ့တယ်။ ဖမ်းဆီးမှုဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ နှစ်ဖွဲ့ကွဲသွားပါ

တယ်။ မြောက်ပိုင်းကော်မတီက ကိုနိ်င်အောင် အဖွဲ့ကို ထောက်ခံခဲ့ကြပါတယ်။ နှစ်ဖွဲ့ကွဲပြီးနောက် မြောက်ပိုင်းကော်မတီ

က ကိုနိုင်အောင် ဗဟိုကိုထောက်ခံ ပြီးနောက်ပိုင်းမှာ သတ်ဖြတ်မှုများ ဖြစ်ပွားလာခြင်း ဖြစ်ပါတယ်။

ကျနော်တို့ အနေနဲ့ နိုင်ငံတကာတရားရုံး အပါအဝင် ဘယ်တရားရုံးမှာမဆို သက်သေခံ (Testimony) လုပ် ပေးနိုင်ပါ

တယ်။

လုပ်ဖေါ်ကိုင်ဖက်ရဲဘော်များ၊ မိတ်ဆွေများ အတွက် အောက်ဖေါ်ပြပါ အချက်အလက်များကို ပြန်လည်အမှတ်ရစေ နိုင်

ဖို့အတွက် တင်ပြလိုက်ပါတယ်။

၁- ကျနော်တို့ကျောင်းသား နှစ်ဖွဲ့ ပြန်လည်ပေါင်းစည်းရေးလုပ်စဉ်က ဒီမိုကရေစီမဟာမိတ်အဖွဲ့ချုပ် (DAB) နှင့် ပြည်

ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ ခေါင်းဆောင်များရှေ့တွင် သဘောတူစာချုပ်တခု လက်မှတ်ရေးထိုးခဲ့

ထားပါတယ်။

ဒီသဘောတူညီချက်မှာ မြောက်ပိုင်းကိစ္စကို ကိုနိုင်အောင်နှင့်တကွ သူတို့အဖွဲ့မှာ တာဝန်ရှိခေါင်းဆောင်များက တာဝန်ယူ

ဖြေရှင်းရမည်ဖြစ်ကြောင်း အချက်တချက်ပါဝင်ပါတယ်။ ဒီအချက်ကို ပေါင်းစည်းရေးမတိုင်မီ ကျနော်တို့အဖွဲ့ကတောင်းဆို

ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအချက်ကို သူတို့ သဘောတူလက်ခံခဲ့ကြရပါတယ်။

၂- ကိုနိုင်အောင် အဖွဲ့က မြောက်ပိုင်းသတ်ဖြတ်မှုဟာ မှန်ကန်ကြောင်းနဲ့ ဒီကိစ္စကို သူတို့တာဝန်ယူကြောင်း ၁၉၉၂ မေလ

၃၁ ရက် နေ့စွဲပါ ထုတ်ပြန်ကြေညာချက်မှာလဲ အခိုင်အမာ ဖေါ်ပြထားပါတယ်။

၃- ကိုအောင်ထူး ဦးဆောင်တဲ့ မြန်မာနိုင်ငံ ရှေ့နေများအဖွဲ့ (Burma Lawyer Council) ကလဲ ၁၉၉၂ မတ်လ ၁ ရက်

နေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်နဲ့ ကိုနိုင်အောင် တို့ ကြေညချက်ကို မှန်ကန်ကြောင်း၊ သူတို့လုပ်ရပ်ဟာ တရားဝင်မှုရှိ

ကြောင်း ထောက်ခံဖေါ်ပြထားတယ်။ ဒီကြေညာချက်နှစ်စောင်ဟာ မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး အဓိက တာဝန်ရှိသူ

တွေအဖြစ် အခိုင်အမာသက်သေတွေ ဖြစ်ပါတယ်။ ကိုအောင်ထူးဟာ ထိုစဉ်က ကိုနိုင်အောင် အဖွဲ့မှာ ဗဟိုအလုပ်မှု

ဆောင် ကော်မတီဝင်တဦးလည်းဖြစ်၊ ရှေ့နေအဖွဲ့မှာလည်း ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ မတရားမှုတွေကို ဥပဒေအရ

 

တာဝန်ယူဖြေရှင်းပေးရမယ့် ရှေ့နေအဖွဲ့ဟာ ဘာကြောင့် မြောက်ပိုင်းလူသတ်မှု ကျူးလွန်သူတွေဖက်က ကာကွယ်ပေးခဲ့

တာက အလွန်ရုပ်ဆိုးတဲ့ဖြစ်ရပ် ဖြစ်တယ်။

၄- ၁၉ ၉ ၂ ခုနှစ် မတ်လ ၈ ရက်နေ့မှာ မြောက်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့သူလျှိုမှုနှင့် သတ်ဖြတ်မှုများကို ကျနော်တို့ ့ဆန်

ကျင်ကန့်ကွက်ကြောင်းနှင့် ကျန်ရှိသူတွေကို ပြန်လွှတ်ပေးဖို့အတိအလင်း တောင်းဆိုခဲ့ပါတယ်။

၅- မြောက်ပိုင်းကိစ္စနှင့်ပတ်သက်ပြီး ဘီဘီစီက အင်တာဗျူးတခု ပြုလုပ်ခဲ့ပါတယ်။ (အသံဖိုင်တွေ ဘီဘီစီမှာ ရှိနိုင်ပါသေး

တယ်) ကိုနိုင်အောင်နှင့် ကိုအောင်ထူး က တဖက်၊ ကိုအောင်နိုင်ဦး (ABSDF – Moe) က တဖက် အခြေအတင်ဆွေးနွေး

ခန်းမှာ ကိုနိုင်အောင်နှင့် ကိုအောင်ထူး က မြောက်ပိုင်းကိစ္စကို တာဝန်ယူဖြေရှင်းနိုင်ကြောင်း ဆွေးနွေးခဲ့တယ်။

ကိုအောင်နိုင်ဦး ကတော့ သတ်ဖြတ်မှုကို ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

၆- ပြန်လည်ပေါင်းစည်းရေးလုပ်ပြီးနောက် ကိုနိုင်အောင်တို့အဖွဲ့မှာ တာဝန်ရှိသူများနှင့် မြောက်ပိုင်းကိစ္စ အလွတ်သဘော

မျိုး ဆွေးနွေးခဲ့စဉ်များမှာလည်း သူတို့တာဝန်ယူ ဖြေရှင်းပေးနိုင်ကြောင်းကိုသာ တလျောက်လုံး ဆွေးနွေးပြောဆိုခဲ့ကြပါ

တယ်။

၇- ရော်နယ် အောင်နိုင်၊ ကိုနိုင်အောင်တို့ အာအက်ဖ်အေ၊ ဧရာဝတီသတင်းဌာနများနဲ့ အင်တာဗျူးများမှာလဲ သူတို့မှာ

သာတာဝန်ရှိကြောင်း ဖေါ်ပြပြောဆိုခဲ့ပါတယ်။

၈- အေဘီအက်စ်ဒီအက်ဖ် မကွဲခင်အချိန်ကလေးမှာ ကချင်ကိုယ်စားလှယ်အဖွဲ့ကတဆင့် ကျနော်ပေးပို့ခဲ့တဲ့ ကြေးနန်မှာ

(က) သူလျှိုဟု အစွပ်စွဲခံရသူများကို စစ်ဆေးလျှင် ကျောင်းသားနှင့် ကချင်အဖွဲ့မှာ တာဝန်ရှိသူများ ပူးတွဲစစ်ဆေးပါ။

ရိုက်နှက်ညဉ်းပန်းမှုများ မပြုလုပ်ရန်။

(ခ) သူလျှိုများ ဖြစ်ခဲ့ရင်တောင် နိုင်ငံတကာကြက်ခြေနီ တဖွဲ့ဖွဲ့ထံ အကူညီတောင်းပြီး လွှတ်ပေးလိုက်ရန်။

ဒီလို မသတ်ဖို့လွတ်ပေးဖို့ ညွှန်ကြားခဲ့သော်လည်း ရော်နယ် အောင်နိုင်နဲ့ အဖွဲ့ဟာ မလိုက်နာကြတဲ့အတွက် အပြစ်မဲ့

ရဲဘော်တွေ ကြွေလွင့်ခဲ့ရတယ်။

(ဂ) သူတို့မှာ တာဝန်ရှိကြောင်း ဝန်ခံခဲ့ပြီးမှ ဘာကြောင့် အဖြစ်မှန်ကိုဖုံးကွယ်ပြီး အပြစ်မရှိသူများကို အပြစ်မကင်းသလို

လို ပြောဆိုခဲ့ခြင်း၊ ရေးသားခြင်းဟာ မကောင်းပါ။ ရိုးသားမှု မဟုတ်ပါ။ ကိုနိုင်အောင် အနေနဲ့ ဖြစ်ရပ်မှန်များကိုသာ ဖေါ်

ထုတ်ပေးဖို့ တိုက်တွန်းပါတယ်။

မိုးသီးဇွန်

မတ်လ ၂၉ ၊ ၂၀၁၂ခုနှစ်။

moetheezun@hotmail.com

08 9542 7837

 

(မြောက်ပိုင်းလူသတ်မှုတွင် သူလျှိုဟု(၁၀၇)ဦး စွပ်စွဲဖမ်းဆီးခံရပြီး ကျဆုံးသွားသော ၊ညှင်းပန်းနိပ်စက်ခံရသော ရဲဘော်နှင့် ရဲမေများ)

ကိုထွန်းအောင်ကျော် ( မန္တလေး)

သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊

သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို

ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊

ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ (

လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊

ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊

ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။

(၂) ကိုချိုကြီး ( မန္တလေး)

စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့်

ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊

ခေါင်းဖြတ်သည့အ် ခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။

(၃) ရဲဘော် ကျော်ဝေ ( မန္တလေး)

ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခ့ပဲ ါသည်။ အသတ်မခံရသေးချိန်တငွ ်၊

တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမ့၊ဲ

ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခ့ပဲ ါသည်။

စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

(၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)

ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တု့ိမှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင်

မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင်

နှိပ်စက်ခံခ့ရဲ သော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခ့ရဲ ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊

ခေါင်းဖြတ်သတ်ခံရပါသည်။

(၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)

သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို

မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခ့ရဲ ပါသည်။

(၆) ရဲဘော် မောင်မောင်ကြွယ် ( ရန်ကုန်)

ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခ့သဲ ူဖြစ်သည်။

မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ (

အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခ့)ဲ ခေါင်းဖြတ်သတ်ခံခ့ရဲ ပါသည်။

(၇) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား)

ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊

(၈) ကိုလှမြင့် ( တပ်ကုန်း)

ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။

(၉) ရဲဘော် ရန်အောင် ( ရန်ကုန်)

ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊

(၁၀) တပ်ကြပ်ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)

အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခ့သဲ ဖြင့်၊

ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု

အငြိုးကြီးစွာ မေးခဲ့သည်ကို အငြိုးအတေးထားခြင်းဖြစ်သည်။၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့်

ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

(၁၁) ရဲမေ မခင်ချိုဦး ( ရန်ကုန်)

အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့်

ပစ်သတ်ခံရပါသည်။

(၁၂) ဗိုလ်သာဓု ( ရန်ကုန်)

ခေါင်းဖြတ်သတ်ခံခ့ရဲ

( ၁၃) ရဲဘော်အောင်အောင် ( ကသာ)

ခေါင်းဖြတ်သတ်ခံရသည်

(၁၄) ရဲဘော်အေးမြင့် ( ကသာ)

ခေါင်းဖြတ်သတ်ခံရသည်

(၁၅) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း)

ခေါင်းဖြတ်သတ်ခံခ့ရဲ သည်

(၁၆) ရဲဘော် သက်နိုင် ( ရန်ကုန်)

ခေါင်းဖြတ်သတ်ခံရ

(၁၇) ပြည်စိုးနိုင် ( ရန်ကုန်)

ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် က့သဲ ို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ

ဖေါ်ထားပြီး နှိပ်စက်ခ့ပဲ ါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခ ွ ခိုင်းခြဲ့ကသည်။ ထို့နောက်

ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊

မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု

စွပ်စွဲခံခ့ရဲ ပါသည်။

အထက်ပါစာရင်းထဲမှာ ကိုကျော်ဝေ ( မန္တလေး) န့ ဲ ပြည်စိုးနိုင် တို့က ဖေဖေါ်ဝါရီ (၁၅) ရက်သတ်ဖြတ်ခံရမှုထဲမှာ

စာရင်းမကြေငြာခ့ပဲ ါဘူး။ စာရင်း မကြေငြာပ ဲ အသတ်ခံရသူတေကွ

(၁) ကိုကျော်ဝေ ( မန္တလေး)

(၂) ကိုစိုးဝင်းသန်း ( မန္တလေး)- KIA ဆေးရုံမှာတက်နေစဉ်၊ သန်းဇော် နှင့် လူတစုမှလာရောက်ခေါ်ဆောင်သွားခါ

အာသံကုန်းတွင် သတ်ဖြတ်ခ့သဲ ည်။

(၃) ကိုဝင်းနောင် (ရန်ကုန်) ဧပြီလဆန်းပိုင်းအတွင်း ဗန်းမော်ခရိုင်မှာ အသတ်ခံရ၊

(၄)ကိုရန်ရှင်း (ရန်ကုန)် – ရက်စက်စွာနှိပ်စက်ခံခ့ရဲ ပြီး ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရ သည်

(၅) ဦးကျော်ကျော်ဘုန်း ( ခရိုင်မှူး) – ရှေ့တန်းမှာ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရ သည်။

ABSDF ( မြောက်ပိုင်း) တွင်ဖြစ်ပွားခဲ့သ ည့် တပ်မတော် ထောက်လှမ်းရေးသူလျှိုများဟု ဖမ်းဆီးရာတွင်
တာဝန်ရှိသည့်ကျောင်းသား ဦးဆောင်သူများမှာ
(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ)
(၂) အတွင်းရေးမှူးဒေါက်တာ အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်တာဝန်ယူခဲ့သ ည်)
(၃) ဗိုလ်ကြီး မျိုးဝင်း ( တွဲဘက်အထွေအထွေ အတွင်းရေးမှူး-တစ်-၊ ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား
(၄) တပ်ကြပ်ကြီး သန်းဇော် ( မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ)
(၅) တပ်ကြပ်ကြီး ဇော်ဇော်မင်း ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၆) ဒုတပ်ကြပ်အောင်စိုးမြင့် ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၇) တပ်ကြပ်ကြီး ကျော်ထင်ဦး ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၈) ရဲဘော်မောင်ထွေး ( ဗန်းမော်)
(၉) ရဲဘော်ဖိုးနှောင်း ( ဗန်းမော်)
(၁၀) ရဲဘော်သက်လင်း ( ဗန်းမော်)

(လူ့အခွင့်အရေး နှင် ဒီမိုကရေစီ အား ထိန်းသိမ်းကာကွယ် နိုင်ကြစေရန်)