တွေ.ကြဆုံကြ ဆွေးနွေးကြမယ်တဲ့

ကို သာSeptember 7, 20121min1272

စက်တင်ဘာလ ၈ ရက်နေ့ နေ့လည် ၁ နာရီ တွင် ရန်ကုုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နှင့် ပြည်တွင်း မှ စီးပွားရေးလုပ်ငန်းရှင် များ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် အမျိုသား လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးများကို စက်တင်ဘာလ ၆ ရက်နေ့တွင် ရပ်နားခဲ့ပြီး သာမန်အားဖြင့် အောက်တိုဘာ ၁၅ ရက်နေ့ မတိုင်မီအထိ ခေါ်ယူကျင်းပရန် အစီအစဉ် မရှိသေးပါကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က စက်တင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့သော ၄ဝ ရက်မြောက်နေ့ အမျိုးသား လွှတ်တော် အစည်းအဝေးအပြီးတွင် ကြေညာခဲ့သည်။
စက်တင်ဘာလ ၆ ရက်နေ့က ဒေါ်အောင်ဆန်း စုကြည် သည် ပြည်သူ.လွှတ်တော်မှခွင့်ယူပြီး ယနေ.နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ ပထမဆုံးအကြိမ် အဖြစ် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ။

2 comments

  • P chogyi

    September 7, 2012 at 2:21 pm

    တွေ့ကြပါ၊ ဆုံကြပါ၊ ပြောကြပါ။
    ကောင်းသောတွေ့ခြင်း၊ ဆုံခြင်း၊ ပြောဆိုခြင်းဖြစ်ကြပါစေ။
    ကိုယ်ကျိုးမဟုတ်ဘဲ ပြည်သူအကျိုးဖြစ်နိုင်ပါစေ။

Leave a Reply