ပြဿနာများ ရှိပါလျှင်..

kaiSeptember 10, 20121min80295

ရွာသူားများခင်ဗျား..

ပို့စ်ရေး.. ပုံတင်..ကော်မန့်ရေး.. စတာတွေမှာ ပြဿနာတွေရှိပါရင်.. အောက်မှာကော်မန့်နဲ့ ရေးစေလိုပါတယ်..။
သိသူတွေကလည်း.. ဖြေပေးသွားကြပါနော..

ကူညီကြပါခင်ဗျား..

95 comments

  • တပည့် ကြီး

    September 11, 2012 at 6:46 pm

    အဲလိုလည်း တိုးတိုးတိတ်တိတ်လုပ်လို့ရလားဗျ ရွှေအိမ်စည် ….ဟိဟိ

    • ရွှေအိမ်စည်

      September 12, 2012 at 10:09 am

      တိုးတိုးတိတ်တိတ်မဟုတ်ပါဘူးဗျ..လူတစ်ယောက်မေလ်း။ လင့် ၊ ပေချ် ့ကိုပေးတဲ ့အခါ ကျနော်ကတော့
      အရင်ဆုံးခွင့်ပြုချက်တောင်းပါတယ်….သူတို ့ဘက်ကလည်းခွင့်ပြုလို ့သူကြီးဆီ ပို ့ပေးယုံပါ..။
      လူတိုင်းကို110%ယုံပါတယ်…။

      သူကြီးဆီဘဲပို ့ပေးမယ်ပြောထားလို ့ပါဗျာ

  • captainamerica

    September 11, 2012 at 8:24 pm

    မန်.လို.လဲမရ တစ်ချို.ပို(စ်)တွေကိုဝင်လို.မရ 403 Forbidden ဆိုပီးပေါ်နေဒယ်
    တစ်ပတ်ကျော်ရောပေါ့ ဒီပို(စ်)ကိုဝင်မန်.နေတာ :mrgreen:

  • kai

    September 12, 2012 at 2:52 am

    လွတ်လပ်ခြင်း အခွင့်အရေးတခုကို စပိတ်ရပါပြီ.. စိတ်မကောင်းပါ..

    မန်ဘာ(ရွာသူား) အဖြစ် မည်သူမဆို မှတ်ပုံတင်နို်င်ခြင်းအား ပိတ်သိမ်းလိုက်ပါကြောင်း…
    အသစ်ဝင်လိုသူများအား ရွာသူားထဲမှ တဦးတယောက် စပွန်ဆာပါမှ ခွင့်ပြုမည်စဉ်းစားပါကြောင်း..

    Login မလုပ်ပဲ.. မည်သူမဆိုလွတ်လပ်စွာစာဖတ်နိုင်ရန် ခွင့်ပြုနိုင်ခြင်း/မပြုနိုင်ခြင်း ကို စဉ်းစားနေပါကြောင်း..

    ( ရွာလူကြီးများနှင့် တိုင်ပင်ပါဦးမယ်..) 😕

    • ကထူးဆန်း

      September 12, 2012 at 11:04 am

      နှစ်၁၀၀ဝကြိမ်စာ… 😥

    • kolumbus

      September 12, 2012 at 1:59 pm

      ဒီလိုဖတ်ရတာ စိတ်မကောင်းပါဘူး။ ပိုကောင်းတဲ့နည်းလမ်း ရှိမှာပါ။
      ရွာကို မြို့ ဖြစ်ချင်ရင် ဒီလို စည်းကမ်းမျိုး မရှိဖို့ လိုပါတယ်။

      Login မလုပ်ဘဲ မည်သူမဆို လွတ်လပ်စွာ ဖတ်ခွင့်ပြုစေ လိုပါတယ်။
      မဟုတ်ရင် သူကြီးရဲ့ ဆို်က်ကိုတည်ထောင်ရတဲ့ မူလ ရည်ရွယ်ချက်နဲ့လွဲသွား နိုင်ပါတယ်။
      Member လုပ်ခွင့်မရှိ၊ Login မလုပ်ဘဲ ဖတ်ခွင့်လည်းမရှိဆိုရင် အစွန်းနည်းနည်းရောက် သွားပြီလို့ထင်ပါတယ်။

      ကျနော်ဆို Member မလုပ်ဘဲ ဖတ်နေတာ နှစ်ပေါက်နေပြီ။ တစ်ချို့ ပို့စ်တွေကို ဖတ်ရတာတော်တော် အားရတယ်။
      ဒီလိုပို့စ်မျိုးရေးတဲ့သူ ကိုကျေးဇူးတင်ကြောင်း ပြောသင့်တယ်ဆိုပြီး Member ဝင်လိုက်တာ (သတင်းလေး အတင်းလေး နည်းနည်းပါးပါး ပြောချင်တာလဲပါတယ်)။ နို့မဟုတ်ရင် သူ့ရဲ့ (ကာယ+ဉာဏ) ပညာကို မလိုင်ခပ်စားသလိုမျိုး ဖြစ်နေတယ်လို့ထင်တယ်။

      တစ်ချို့ဆိုရင် သူတို့အသက်နဲ့ ရင်းပြီးသိခဲ့ရတဲ့ အတွေ့အကြုံတွေကို ကျနော်တု့ိက အဲကွန်းခန်းထဲမှာ ထိုင်ပြီးရတာဆိုတော့ တော်တော် ကုသိုလ်ကြီးတယ်လို့ပြောရမယ်။ အခုတော့ မနေ့တနေ့ကသာ Member မလုပ်ခဲ့ရင် ဒီအခွင့်အရေးတွေ ဆုံးရှုံးရတော့မယ်။

      ဖတ်ခွင့်တောင် မရှိဘူးဆိုတာ တော်တော်ဆိုးပါတယ်။ ၂ကြိမ်ပြန်ပြီး စဉ်းစားစေလိုပါတယ်…:(

      • kai

        September 12, 2012 at 3:19 pm

        အဲဒါမလုပ်တော့ပါဘူး..
        ရေးတဲ့သူတွေက.. လူများများဖတ်စေချင်လို့.. ရေးကြတယ်လို့ယူဆလို့ပါ…။

    • pooch

      September 12, 2012 at 3:36 pm

      စိတ်မကောင်းပါဘူး သူကြီးရေ 🙁

      တခါက ကျမပြောဖူးတဲ့ change လို့ ပြောတဲ့အခါ အကြွေစေ့တွေ ထုတ်ပေးကြတယ် ဆိုတဲ့ အကြောင်းလေးကို ခု သူကြီး ကိုယ်တိုင် လက်တွေ့ကြုံလိုက်ရပြီ။

      တခါတခါမှာ ကျမတို့ ဘယ်လောက်ပဲ ကောင်းရာကောင်းကျိုး ရှေ့ရောက်အောင် ကြိုးစားကြ ပါစေ အရာမထင်နိုင်လောက်အောင် ဖြစ်နေတဲ့ ဒီကနေ့အခြေအနေကို ကောင်းကောင်းကြီး သဘောပေါက်နေမယ်လို့ ထင်ပါတယ်။

      ကျမတို့ အရာအားလုံး ကြွယ်ဝလာအောင် ရင့်ကျက်လာအောင် ဘယ်နည်းတွေကို သုံးသင့်တယ်လို့ ထင်သလဲ ??????

      ကိုယ်နဲ့တန်တာ ကိုယ်ရတယ် ဆိုရင်တောင် အပြစ်မဲ့ခဲ့သူတွေအတွက်
      ဒါဟာ မျှတမှု တခုဟုတ်ရဲ့လား??????

      အရာအားလုံးမြေလှန်မှရတော့မယ်။ အခြေခံပညာရေးမှာ ဒီမိုကရေစီဆိုတာ နားလည်အောင် ရှင်းပြနိုင်မဲ့သင်ရိုးညွှန်းတမ်းတခုတော့ လိုနေပြီ။ 🙁

      ခုလောလောဆယ်တော့ သူကြီး ပြောတာထောက်ခံပါတယ်။ မလုပ်လို့ မရနိုင်တော့တဲ့ အခြေအနေကိုး။

      log in မလုုပ်ပဲ ဖတ်ခွင့်ကိုတော့ ထားပေးစေချင်ပါတယ်။ မဟုတ်ရင် ပစ်လိုက်တဲ့ ခဲလေးတွေ လိုရာခရီး မရောက်နိုင်ဖြစ်နေပါ့မယ်။

  • Thanlwinoo

    September 12, 2012 at 8:04 am

    Safety First အရ လုပ်ရတာကိုု နားလည်ပါတယ်…။

    Member မဟုတ်သူများအတွက် စိတ်မကောင်းပါ..။

    မကြာခင် ပုံမှန်အတိုင်း ပြန်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်…။

    အဆင်ပြေပါစေ.. သူကြီးခင်ဗျား…။

  • ဆူး

    September 12, 2012 at 8:57 am

    Login မလုပ်ပဲ.. မည်သူမဆိုလွတ်လပ်စွာစာဖတ်နိုင်ရန် ခွင့်ပြုနိုင်ခြင်း/မပြုနိုင်ခြင်း ကို စဉ်းစားနေပါကြောင်း..

    ခွင့်မပြု ဆိုတဲ့ အကွက် ကို အမှန်ပေးပြီး လက်မှတ်ထိုးသွားပါတယ်။

  • Good™

    September 12, 2012 at 9:59 am

    ၃ ရက်ကျော် လောက် က MG ကို ဝင်လို့ မရ ဘူး။ ပြန်ကြည့် လိုရ တာ ဒီနေ့ ပါ ပါ မှ ၃ ရက် ပဲ ရှိ သေးတယ်။ ၃ လေး ရက် လောက် MG အဟက် ထားရတယ် လို့ ထင်ရတဲ့ webpage ပဲ တွေ့ နေရ တော့ တော်တော် လေး စိတ်မကောင်း ဖြစ်မိတယ်။
    ခုတော့ ခု လို ပြန်ကြည့် လို့ ရတဲ့ အတွက် ဘာပဲပြောပြော သဂျီး ကို ကျေးဇူးတင်ပါတယ် ။

  • ကိုရင်မောင်

    September 12, 2012 at 10:47 am

    အေးဗျာ…ဒီမှာကလဲအင်တာနက်လိုင်းပျက်တာနဲ့ဒုက္ခရောက်တာကတမျိုး
    ရပြန်တော့ မန်းလေးဇက်ကို ဟက်ထားတာနဲ့ကြုံနေပြန်…
    ခုမှပြန်ဝင်လို့ရတော့တယ် ကျေးဇူးပါဘဲ သဂျီးရေ…….

    ( လွတ်လပ်ခြင်း အခွင့်အရေးတခုကို စပိတ်ရပါပြီ.. စိတ်မကောင်းပါ..
    မန်ဘာ(ရွာသူား) အဖြစ် မည်သူမဆို မှတ်ပုံတင်နို်င်ခြင်းအား ပိတ်သိမ်းလိုက်ပါကြောင်း…
    အသစ်ဝင်လိုသူများအား ရွာသူားထဲမှ တဦးတယောက် စပွန်ဆာပါမှ ခွင့်ပြုမည်စဉ်းစားပါကြောင်း..
    Login မလုပ်ပဲ.. မည်သူမဆိုလွတ်လပ်စွာစာဖတ်နိုင်ရန် ခွင့်ပြုနိုင်ခြင်း/မပြုနိုင်ခြင်း ကို စဉ်းစားနေပါကြောင်း..) ဆိုတာ သဘောတူပါတယ်သဂျီးရေ….

  • Black Cloud

    September 12, 2012 at 11:06 am

    WordPress အကြောင်းတော့ သိပ်မသိပါဖူး….
    ဒါပေမယ့် ကျွန်တော့်အမြင်မှာတော့ register ကို တခြား member မှ ထောက်ခံမယ့်အစား…
    တခြား ဆိုက်များနည်းတူ email စစ်ခြင်း… နဲ ့ စိစစ်စေချင်ပါတယ်….
    ဒါပေမယ့် အဆင့် ခွဲခြားပီးတော့ Comments ပေးခြင်း Posts တင်ခြင်းများအတွက်ကိုတော့ တခြား Old Member များရဲ့ ထောက်ခံချက်ရမှ သာ ခွင့်ပြုလျှင် ပို ကောင်းမယ်လို ့ ထင်မိပါတယ်….
    လျှာရှည်မိလျှင် တောင်းပန်ပါတယ်….

  • ခပ်မိုက်မိုက် ကောင်မလေး

    September 12, 2012 at 11:59 am

    မိုက်လေး ခုထိ ပို့(စ်) အသစ်…
    တင်လို့မရသေးပါဘူး…
    ဘယ်လိုဖြစ်တာလဲ…
    http://www.ic3.gov/default.aspxwp-admin/post-new.php
    အဲ့ဒီလင့်ပဲကျကျလာတယ်…
    ဘယ်လိုလုပ်ရမလဲ…?
    >….. 🙁

  • etone

    September 12, 2012 at 12:40 pm

    မန်ဘာ(ရွာသူား) အဖြစ် မည်သူမဆို မှတ်ပုံတင်နို်င်ခြင်းအား ပိတ်သိမ်းလိုက်ပါကြောင်း…
    အသစ်ဝင်လိုသူများအား ရွာသူားထဲမှ တဦးတယောက် စပွန်ဆာပါမှ ခွင့်ပြုမည်စဉ်းစားပါကြောင်း..

    ဆိုတာကတော့ … အကြွင်းမရှိထောက်ခံပါတယ် … စကျူရတီအပိုင်းအရ ဖြစ်လည်း ဖြစ်သင့်တဲ့ အနေထားမျိုးပါ ။

    ဒါပေမယ် ့ …

    Login မလုပ်ပဲ.. မည်သူမဆိုလွတ်လပ်စွာစာဖတ်နိုင်ရန် ခွင့်ပြုနိုင်ခြင်း/မပြုနိုင်ခြင်း ကို စဉ်းစားနေပါကြောင်း..

    ဆိုတာကတော့ စိတ်ထဲ တစ်မျိုးပါပဲ ။ အင်တာနက်ထဲ ပါ့ဘလစ်လုပ်ထားတဲ့ ဝက်ဖ်ဆိုက်တစ်ခု ၊ မန်ဘာမဟုတ်လို့ ဝင်ဖတ်လို့ မရဘူးဆိုတဲ့ အခါ ၊ နောက်ပိုင်း လူစိတ်ဝင်စားမှု အားနည်းလာတာမျိုးဖြစ်လာတဲ့ အပြင် ၊ ရွာထဲက တစ်ချို့သော စာကောင်းပေကောင်းတွေ ၊ အပြင်လူတွေ ဖတ်ခွင့် မရတော့ ၊ ဘယ်လိုပြောရမလဲ ……… ဘာမှ မပြောတော့ပါဘူး ။ 😉

    သဂျီး အပါဝင် တခြားသော အသက်ကြီး၊ ဝါကြီး ၊အတွေ့ ကြုံရှိ လူကြီးသူမတွေ ကောင်းသလို အစဉ်ပြေသလို ဖြစ်သင့်သလို ၊ စဉ်းစားဆုံးဖြတ်တဲ့အတိုင်း follow up လုပ်ပါမယ် ။ 🙄

  • ရာဇဝင်လူဆိုး

    September 12, 2012 at 1:20 pm

    မအိတုန် ပြောသလို Login မလုပ်ပဲ အပြင်လူတွေ ဖတ်ရှုနိုင်ခွင့်တော့ ရှိသင့်တယ်ထင်တယ်.တဂျီး။ မန်ဘာဖြစ်ခွင့်ကို ကန့်ထားတာတော့ ကောင်းပါတယ်။…. 🙂

  • Novy

    September 12, 2012 at 1:29 pm

    ရှဉ်လဲလျှောက်သာ ပျားလဲစွဲသာ
    ဆိုရင်တော့ အကောင်းဆုံးပေါ့
    ကိုယ့်ရွာကို သူများစော်ကားတာမခံရပဲနဲ့
    ကိုယ့်ရွာဖွံဖြိုးသာယာနေတာကို လူအများခံစားသိရှိစေချင်ပါတယ်၊

  • Moe Z

    September 12, 2012 at 1:33 pm

    သဂျီးးး
    log in မလုပ်ပဲဖတ်ခွင့်ပေးမယ်ဆိုရင်လည်း ပို့စ်တိုင်းမဟုတ်ပဲ
    ရပ်ရေးရွာရေးပြောတဲ့ပို့စ်မျိုး၊ … မျိုး၊ …….မျိုး စတဲ့တစ်ချို့တစ်ချို့သောပို့စ်တွေကိုတော့ member only လုပ်သင့်တယ်လို့မြင်ပါကြောင်း

  • ကြောင်ဝတုတ်

    September 12, 2012 at 1:59 pm

    သူကြီးရေ…
    လွတ်လပ်ခွင့်တစ်ခုကို ပိတ်ပင်ခံလိုက်ရလို့ စိတ်မကောင်းပါဘူး…
    ဒါပေမယ့် ကိုယ့်နဲ့တန်တဲ့အစိုးရပဲရတယ်ဆိုတာမျိုးပြောရရင်… ပိုစိတ်မကောင်းဘူး…

    အကြံဉာဏ်လေးတစ်ခုပေးပါရစေနော်…
    Member အသစ်လုပ်ခွင့်ပိတ်တာနဲ့အတူ နှစ်လထက်ပိုပြီး Login မဝင်တဲ့ Account တွေကိုလဲ Security အရရော…
    performance အရရော ဖျက်သိမ်းသင့်ကြောင်း…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • မောင်သုည

    September 13, 2012 at 2:06 am

    သူကြီးရေ…ပိုစ့်တင်ရေးသားတာတွေကို အက်မင်မှတဆင့် ခွင့်ပြုပြီး တင်ရင်ပိုကောင်းမယ်လို့ထင်မိပါတယ်…လွှတ်လပ်စွာရေးသားပြောဆိုခွင့်ကိုပိတ်ပင်ရာရောက်ပေမဲ့ စည်းကမ်းမလိုက်နာနိုင်တဲ့သူတွေရဲ့ ရန်ကတော့ ကင်းဝေးစေမှာအမှန်ပါပဲ…သူကြီးကို မြန်မာပြည်မှာလို စာပေကင်ပေတိုင် လုပ်ခိုင်းတာတော့မဟုတ်ပါဘူး…သူကြီးတို့ ရဲ့စည်းကမ်းနဲ့မညီညွတ်တဲ့ စာတွေ၊ပို့စ်တွေကို ထိန်းသိမ်းနိုင့်လိမ့်လို့မျှော်လင့်မိပါတယ်…

  • အရီးခင်လတ်

    September 13, 2012 at 4:35 am

    သူကြီး ရဲ့ စပွန်ဆာ နဲ့ မန်ဘာ အသစ်များများ ပေါ်လာပါစေ ဆုတောင်းပါတယ်။ 🙂

  • Kyaw Myo Thet

    September 17, 2012 at 11:00 pm

    မန်ဘာ အသစ်ဝင်လိုသူများ လက်ရှိမန်ဘာ တစ်ဦးတစ်ယောက်ရဲ့ထောက်ခံမှုပါမှ ခွင့်ပြုမည်ဆိုတာကို လုံးဝ သဘောကျမိပါကြောင်း။

  • pyopyo may

    September 18, 2012 at 5:45 am

    Log in မလုပ်ပဲ စာဖတ်ခွင့် ရလို့ MG ရဲ့ Post တွေကို အလွယ်တကူ ဝင်ဖတ်ရင်း
    Member ဖြစ်ချင်စိတ်တွေ ပေါ်လာတာပါ ။ အခုလို Member ဖြစ်သွားတော့လည်း
    အရမ်းပျော်ရွင်ရပါတယ် ။ ရွာရဲ့လုံခြုံ ရေး ကြောင့် ဆိုရင်တော့ ဘာမှ မပြော တတ်
    ပေမဲ့ ယခင် အနေအထား အတိုင်း ကိုတော့ ပိုပြီး သဘောကျ ပါတယ် ။

  • DEPARKO DEPARKO

    March 9, 2013 at 10:02 pm

    သဂျီးရေ ကျွန်တော့ posts တွေအားလုံးကို လိုင်းပေါ်က အမြန်ဖျက်ပေးဘို့တောင်းပန်ပါတယ် ကျွန်တော့်posts ကိုပုံတူကူးပြီး myanmarnavyseamandog ကရွာထဲမီးဝင်ရှို့နေလို့ပါ ကျွန်တော့်ကို အထဲကတော်တော်များများသိကြတယ် နောက်ဒီပေါ်မှာကိုယ်ရေးအကျဉ်းနီးပါတင်ထားတော့ ပစ်မလွဲဖြစ်နေတယ် အခုတောင်တော်တော်များများဖုန်းဆက်မေးနေကြလို့ seadog ကိုလည်းပိတ်ပေးစေလိုပါတယ် ကျေးဇူးအထူးတင်ပါတယ်

  • DEPARKO DEPARKO

    March 10, 2013 at 7:51 am

    သဂျီးရေ ကျေးဇူးအထူးတင်ပါတယ် နောက်များဆိုရင်ကြောက်ပါပြီအော်ရမလိုပါဘဲဒ ါပေမဲ့ ဝါသနာလေ သိတယ်မလား ရပ်လို့တော့မရပါဘူး

  • DEPARKO DEPARKO

    July 11, 2013 at 9:40 pm

    သဂျီးရေ ရွာထဲတော့ပြန်ရောက်ပါပြီ နာလိုက်တာဗျာ နဲ့ သဂျီးအတွက်ဆိုတဲ့ ပို့စ် ကလွဲလို့ ကျန်တာပြန်ဖွင့်လို့ရပါပြီ နာလိုက်တာဗျာကတော့ ဆက်ပိတ်ထားပေးပါဦး ကျေးဇူးအထူးတင်ပါတယ် ရင်ထဲက ခံစားချက်တွေရင်ဖွင့်စရာ တစ်နေရာပေးလို့ သဂျီးမိန်းမ အယောက် ၁၀ဝ လောက်ရပြီး ထီ အကြိမ် ၁၀၀ဝ လောက်ပေါက်ပါစေ

Leave a Reply