အရက်သောက်ခြင်း နဲ့ ကျန်းမာရေး ရှု့ထောင့်။

ခင္ခSeptember 10, 20121min29925

အရက်သောက်ခြင်း နဲ့ ကျန်းမာရေး ရှု့ထောင့်။

xxx စိတ်ညစ်လို့ အရက်ကိုသောက်တယ် xxx အရက်သောက်တော့ စိတ်ပိုညစ်တယ် xxx အကြောင်းရှာတော့ xxx ခေါင်းမှာ ချာ ချာ လည် xxxx တစ်ခုဘဲသိတယ် xxxx လောကကြီးမှာ xxx ပိုက်ဆံမရှိရင် အော့ အေ့ xxx မျက်နှာငယ် xxxx ဂုဏ် ဂုဏ် ဂုဏ် xxx ဂုဏ်ဆိုတာငွေကိုခေါ်တယ် xxx ငွေကိုသာရေလိုသုံးရင် တပြည်လုံးမှာ လုပ်သမျှတင့်တယ် ——————။

ဒီနေ့ ခင်ခတစ်ယောက် မနက်နိုးထလို့ မျက်နှာလေးသစ်ပြီး အိမ်ရှေ့တံခါးဖွင့်လိုက်တာနဲ့ မနက်စောစောစီးစီး အခြေအနေမှန်နေတဲ့ အရက်အမူးသမားနှစ်ယောက် အိမ်ရှေ့လမ်းပေါ်က ဖြတ်လျှောက်သွားရင်း ဆိုသွားတဲ့ သီချင်းလေးကိုကြားလိုက်ရတာလေ။ အဲဒီမှာဘဲ အတွေးရလာပြီး တိုလီမိုလီစာပေစုထဲက သိချင်တာလေးတွေ ရှာရတာပေါ့။ အရက်သောက်တာမကောင်းဘူး၊ ဘုရားမကြိုက်ဘူး (ဗုဒ္ဓဘာသာများမှာ၊ အခြားဘာသာတော့ အနော်မသိလို့ )၊ တစ်နေ့တစ်နေ့ ဒီအရည်ဘဲ သောက်နေတာ၊ အပေါင်းအသင်းတွေနဲ့ ချိန်းထားပြန်ပြီ သွားသောက်အုံးမလို့ မလား၊ ကိုရေ သဲကိုချစ်တယ်ဆို အရက်သောက်တာမကြိုက်ပါဘူးပြောထားပြီး မသောက်တော့ဘူးဆို ခုကြဘာလို့သောက်တာလဲ၊ အရက်ကို မင်းမဖြတ်နိုင်ရင်တော့ သက်ဆိုးရှည်မှာ မဟုတ်ဘူး ကျန်းမာရေးအရငါပြောတာ စသည်ဖြင့် အမျိုးမျိုး အရက်မသောက်ရေး ဩဘာပေးကြသံတွေ ကိုမိမိဝန်းကျင်မှာ ကြားဖူးကြမှပါ၊ တစ်ချို့ကလည်း ကြံဖန်ဆင်ချေပြောကြတာပေါ့ စိတ်ညစ်လို့သောက်တာပါ၊ ပျော်လို့သောက်တာပါ၊ သူငယ်ချင်းတွေစုံလို့မို့ တစ်ခါတလေသောက်တာပါ၊ သူတို့က အတင်းတိုက်နေလို့ မကောင်းတတ်လို့ နည်းနည်းသောက်တာပါ၊ ညစာ စားပွဲမှာ မကောင်းတတ်လို့ပါ၊ အဲဒီလို ဟိုအကြောင်းပြ ဒီအကြောင်းပြပေါ့ ဘယ်လိုဘဲဖြစ်ဖြစ် သောက်တာကသောက်တာပါဘဲ မဟုတ်လား၊ ခင်ခကတော့ အရက် သောက်ကြတဲ့သူတွေ သောက်ဖြစ်ကြတာကို စမ်းစစ်ကြည့်မိတော့ သူတို့မှာ သောက်တဲ့အချိန် နှစ်ချိန်ဘဲရှိကြ တာကိုတွေ့ရတယ်၊ အဲဒါက မိုးရွာတဲ့အချိန်နဲ့ မိုးမရွာတဲ့အချိန် မှာပါဘဲ။ ရီစရာေပြောတာပါ၊ ခင်ခကတော့ အရက်၊ ဘီယာ သောက်တာကို ကိုယ့်ဖာသာစည်းကမ်းလုပ်ထားတယ် အရက်တိုင်းလည်းမသောက်ဘူး၊ လူတိုင်းနဲ့လည်းမသောက်ဘူး၊ တစ်ယောက်တည်းလည်း မသောက်ဘူးလေ။ ဘာဘဲဖြစ်ဖြစ် အရက်မသောက် ဖို့ပညာပေးပြောတဲ့သူတွေလည်းရှိသလို အရက်မသောက်တဲ့သူတွေလည်းရှိပါတယ် ဒါအပြင် အရက်၊ဘီယာ၊ ဝိုင် စသည်ဖြင့် သောက်နေကြတဲ့သူတွေလည်း လောကကြီးမှာရှိနေတာဘဲလေ။ ဒါကြောင့် အရက်မသောက်ဘဲ မနေဖြစ်သေးလို့ အရက်သောက်မယ်ဆိုရင် ကျန်းမာရေးရှု့ထောင့်ကနေ ဘယ်လိုပုံစံ သောက်သင့်သလဲ ဆိုတာလေးကို ဖတ်ဖူးတဲ့စာပေတွေထဲက မျှဝေရေးပေးလိုက်မယ်နော်။

ကျွန်တော်တွေ့ဘူးတဲ့ ကရင်အဖိုးတစ်ယောက်ရှိတယ် သူကညနေထမင်းမစားမီ ပုံမှန်အရက်ကလေး ၂-၃ ပက် လောက်သောက်ပြီးမှ ထမင်းစားလေ့ရှိတယ်၊ အဲဒါကို အသက်၂ဝခန့်အရွယ်လောက်ကထဲက ပြုမူသောက်ခဲ့ ခြင်းဖြစ်ကြောင်း စကားစပ်မိတော့သိရတယ် ကျွန်တော်နဲ့တွေ့တဲ့အချိန်မှာ သူအရွယ်က၇၆ လောက်ဖြစ်နေပြီ၊ သူကိုအရက်သမားလို့ပြောရအောင်လည်း နံနက်ပိုင်း၊ နေ့လယ်ချိန်များ၌ သူလုံးဝမသောက် သူအလုပ်လုပ်တဲ့ ဝါးကပ်ယက်တဲ့ အလုပ်ကိုသာလုပ်နေသည်၊ ညနေထမင်းမစားမီတွင် သူသောက်သော်လည်း ၂-၃ ပက်ထက် ပိုမသောက်၊ ပြီးလျှင်ထမင်းအဝစားတတ်တယ်၊ အရက်မသောက်ဘူးလားဆိုတော့ သောက်တယ်၊ အရက် သမားလားဆိုတော့လည်း မူးပြီးအော်ဟစ်နေတာမျိုး၊ တွဲခေါ်ရတာမျိုး တစ်ခါမှမတွေဘူးဘူး၊ ညနေအလုပ်သိမ်း ပြီးပြီဆို ပုလင်းလေနဲ့ သွားဝယ်ပြီးသောက်တာဘဲလေ။ တစ်ခါကလည်း ရန်ကုန်က ဦးလေးဆရာဝန်ဆေးခန်း ကိုအသက် ၇ဝကျော် တပ်မတော်အငြိမ်းစား အရာရှိကြီးတစ်ဦး အပေါင်းအသင်းမိတ်ဆွေတွေက ဖြောင်းဖျမှုကြောင့် တပ်ထဲစစ်မှုထမ်းဘဝ ကထဲက ညနေထမင်းမစားမှီ ဝီစကီလေး ၃-၄ ပက်သောက်ခဲ့တာကို ဖြတ်လိုက်တော့ ထုံသလို၊ကျဉ်သလို ဝေဒနာရလို့ လာပြဖူးတာ တွေ့ကြုံခဲ့ဖူးတယ်၊ ဦးလေးကဆန်းစစ်ကြည့် တော့ သွေးတိုး၊ ဆီးချိုကြောင့်မဟုတ်ဘဲ လည်ပင်ကြီးပေါင်းတက်ခြင်းကြောင့် ဖြစ်တာကိုသွားတွေ့တယ်၊ ဒါနဲ့ အကြော ပြင်ခြင်း၊ တိုင်ရင်းဆေးအုံခြင်း၊ ကြပ်ထိုးခြင်းတို့နှင့် ကုသရန်လမ်းညွှန်ပေးခဲ့သလို အရင်ကထဲက ရင်းနှီတဲ့ မိတ်ဆွေလည်းဖြစ်နေတော့ သူသောက်နေကြ ညနေထမင်းမစားမီဝီစကီကို ပြန်သောက်ဖို့ တိုက်တွန်း ခဲ့တယ်၊ ဦးလေးကအဲလိုတိုက်တွန်းတော့ သူ့မှာဝမ်းသာမဆုံးတဲ့ပျော်ရွင်မှုမျိုး တွေ့လိုက်ရတယ်၊ ဆေးခန်းက သူထွက်သွား တော့ ကျွန်တော်က ဦးလေးကိုမေးကြည့်တယ် ဘာလို့ဝီစကီကို ဆက်ပြီးမဖြတ်ခိုင်းဘဲ ဆက်သောက်ဖို့ပြော တာလဲ လို့လေ၊ ဦးလေးဆရာဝန်ကဖြေတာ ရှေးတိုင်းရင်းဆေးဆရာကြီးများ ပြောလေ့ ရှိတဲ့ စကားရှိတယ် “ မူလ ဓာတ်ဟောင်း မဖျက်ကောင်း´´ မို့ပေါ့လေ၊ လူများတွင် ကျင်လည်ခဲ့ရသောဘဝ၊ အနေအထား ပတ်ဝန်းကျင် ပေါ်မူတည်၍ အနေအထိုင်၊ အစားအသောက် ဓလေ့များ ကွဲပြားတတ်တယ်၊ ထိုအနေအထားကို အသက်အရွယ် အလွန်ကြီးမှ သွားဖျက်ပြီးပြောင်းခိုင်းရင် အကျိုးဖြစ်မှုထက် ဘေးဖြစ်မှုက ပိုနိုင်လို့ဘဲတဲ့။ ဒီနေရာမှာ တစ်ခုပြောချင်တာ ကျန်းမာရေးရှု့ထောင်ကပြောတာပါ ဘာသာရေးရှု့ ထောင့်အရ တော့ လွဲချင်လွဲမပေါ့။ အဲဒီတော့ မိအိုဖအို၊ သက်ကြီးရွယ်အိုများကို သူတို့ဘဝ နောက်ဆုံးအချိန်တို ကာလ လေးကိုဖြတ်ကျော်လို့ ကျန်းမာရေး စောင့်ရှောက်မှု့ပေးရာ၌ တင်းကျပ်တဲ့ ကန့်သတ်မှုများမပေးဘဲ စိတ်ချမ်း သာမှုကို ဦးစားပေး သင့်ကြောင်း အကြံပြုချင်ပါတယ်။ ဒါကြောင့်အရက်မသောက်ဖို့တိုက်တွန်းမှု့မှာ သူ့ဓလေ့၊ ခံနိုင်မှုအရွယ်၊ ကာယကံရှင်ရဲ့ဆန္ဒတွေပါ စဉ်းစားရမှာဖြစ်ပါတယ်။

တစ်ချို့က အရက်၊ ဘီယာ မသောက်ဖူးဝိုင်သောက်ကြတယ်၊ ဝိုင်အနီသောက်ရင် နှလုံးအတွက် အကျိုးရှိတယ် ဆိုပြီးတော့လည်း သောက်ကြတာပါသလို၊ အမျိုးသမီးများလည်း သောက်သုံးကြတာတွေ့ရတယ်၊ ဝိုင်အနီမှာ ရက်စ်ဗာရာထရော ( Resveratrol ) ၊ ပေါ်လီဖီနော (Poly Phenol ) ၊နဲ့ ဖလေဗိုနွိုက် ( Flavonoid ) စတဲ့ အားကောင်းတဲ့ ဓာတ်ပြုကာပစ္စည်း Antioxident အများအပြား ပါရှိလို့ နှလုံးသွေးကြောရောဂါ မဖြစ်ပွား အောင်ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်၊ ဒါပေမယ့် ဝိုင်အနီမှာ အရက်ပျံပါရှိသေးတဲ့အတွက် ကာလ ကြာရှည်စွာ ပမာဏများများ သောက်ခဲ့ရင်ဖြစ်စေ၊ တစ်ကြိမ်တည်း လွန်လွန်ကဲကဲ သောက်ခဲ့ရင်ဖြစ်စေ ကျန်းမာရေးအတွက် ဆိုးကျိုးဒုက္ခပေးနိုင်ပါတယ်၊ အမျိုးသားများအနေနဲ့ တစ်ရက်ကို ဝိုင်အနီ ၂၅ဝ စီစီထက် ပိုမသောက်သင့်သလို၊ အမျိုးသမီးများ အနေနဲ့တော့ တစ်ရက်ကို ၁၂၅ စီစီထက် ပိုမသောက်သင့်ပါ၊ အကြောင်းကတော့ ကိုယ်တွင်းမှာ အရက်ပျံရဲ့ ဇီဝကမ္မဖြစ်စဉ်ကို လှုံ့ဆော်အားပေးနိုင်တဲ့ အယ်လကိုဟော ဒီဟိုက်ဒရိုဂျင်နေ့ ( Alcohol Dehydrogenase ) ဟာ အမျိုးသား၊ အမျိုးသမီးတွေမှာ တစ်ဝက်သာရှိတတ် လို့ပါဘဲ၊ အဲလိုမဟုတ်ဘဲ ဝိုင်အနီကို ဒီပမာဏတွေထက်ပိုသောက်ရင် နှလုံးသွေးကြောရောဂါရဲ့ ဖြစ်ပွားနှုန်း ကိုမလျောစေတဲ့အပြင် ပိုလို့တောင်တိုးနိုင်သလို အရက်ပြန်ဓာတ်မတည့်သူတွေ၊ အစာခြေလမ်းကြောင်းမှာ အနာရှိသူတွေ၊ အသည်းခြောက်သူတွေ နဲ့ အာရုံကြောစနစ်မှာ ရောဂါရှိသူတွေမှာ ပြဿနာရှိနိုင်ပါတယ်။

အရက်လို့ဆိုရင် Alcohol ပါဝင်မှုပမာဏ အနည်းအများသာကွာခြားပေမယ့် အရက်၊ ထန်းရည် ၊ ဘီယာ၊ ဝီစကီ၊ ဂျင် ၊ ဝိုင် ၊ ရမ် ၊ အရက်ဖြူ၊ တောအရက်၊ ချက်အရက် အားလုံးပါပါတယ်၊ အင်္ဂလိပ်စကားနဲ့ဆို Spieits ဆိုတာ ဝီစကီ၊ ရမ် စတဲ့အရက်ပြင်းကိုခေါ်ပြီး ဘီယာတို့ ဝိုင်တို့ကတော Spieits အုပ်စုထဲမပါပေမယ့် Alcohol ပါဝင်တဲ့အတွက် အပျော့စားအရက်လို့ခေါ်ရမပေါ့ဗျာ။ အပြင်းအပျော့ အရက်၊ ဘီယာ၊ ဝိုင်၊ ထန်းရည် ဘယ်အ ရာမဆို လူ့ခန္ဓာကိုယ်ထဲဝင်လာရင် ပထမဆုံး အစာအိမ်က နေပြီးခြေဖျက်ပစ်တယ်၊ အဲဒီမှာ အစာ(အမြည်း)နဲ့ တွဲရင် အစာအိမ်ကချေဖျက်တဲ့အခါ အစာအိမ်နာခြင်းသက်သာပေမယ့် အစာမပါရင် အစာအိမ်နရံထိခိုက်မှု ရှိနိုင်ပြီး ရေရှည်မှာမကောင်းတဲ့ သဘောဖြစ်စေမယ်၊ အဲဒီလို အစာအိမ်က ခြေဖျက်ပြီး ကျန်တဲ့အပိုင်းကို သွေးကြောကတဆင့် အသည်းကိုရောက်တယ်၊ အသည်းက ထက်ချေဖျက်တယ်၊အဲလိုခြေဖျက်ဖို့မနိုင်ရင် အသည်းကိုထိခိုက်တာပါဘဲ၊ ခြေဖျက်တယ်ဆိုတာ အရက်ကို Alcohol ကနေ ဒီအပြင်ဓာတုဗေဒပစ္စည်း အသွင်ပြောင်းတွေဖြစ်အောင် ပြောင်းလဲပစ်တာ၊ ဝင်လာသမျှအရက်ကို အစာအိမ်နဲ့ အသည်းကခြေဖျက် တဲ့ဒဏ်ကို အသည်းကထိခိုက်ခံရတယ်၊နေ့စဉ်ရက်ဆက်နဲ့ အလွန်အကျွံသောက်တဲ့သူတွေမှာ ပထမဆုံး စဖြစ်စေတာက အသည်းအဆီဖုံးတဲ့အဆင့်ပါဘဲ၊ Fatty Liver အသည်းအဆီဖုံးတဲ့ အဆင့်ကနေ မရပ်မနား ဆက်သောက်နေမယ်ဆိုရင် Alcoholic Hepatitis အသည်းရောင်တဲ့အဆင့်ကိုရောက်တယ်၊ အဲဒီကမှ နောက်ဆုံးအဆင့်ဖြစ်တဲ့ အသည်းခြောက်တဲ့ Alcoholic Cirrhosis အရက်ကြောင့် အသည်းခြောက်ခြင်း ဖြစ်စေတာပါဘဲလေ။ အဲလိုဖြစ်လာရင် လက္ခဏာအနေနဲ့ ဗိုက်ညာဘက်တခြမ်းမှာ ထောက်နေမယ်၊ ဆရာဝန်သွားပြလို့စမ်းရင် အသည်းကြီးနေမယ်၊ လုံချည်၊ ဘောင်းဘီဝတ်ရင် တင်းတင်းကြီးဖြစ်နေမယ်၊ ဒါလည်းနေလို့ရတာဘဲဆိုပြီး ဆက်သောက်နေရင် အသည်းစရောင်လာမယ်၊ နောက်မျက်လုံးတွေ ဝါချင် လာမယ်၊ ဆီးသွားရင် အမြဲဝါလာမယ်၊နောက်ပိုင်း အစားအသောက်ပျက်လာပြီး အစာစားချင်စိတ်လျော့ လာမယ်၊ နုံးလာပြီး လှဲနေချင်သလိုဖြစ်လာရင်တော့ အသည်းရောင်တဲ့အဆင့်ရောက်ပြီပေါ့၊ နောက်ဆက်တွဲ ဆိုးကျိုးကတော့ အသည်းခြောက်ရောဂါဖြစ်တာပါဘဲဗျာ။

အဲဒီတော့ အရက်မပြတ်သေးလို့ သောက်ဖြစ်ကြအုံးမယ်ဆိုရင်ဖြင့် ဒီအချက်လေးတွေကိုတော့ ဗဟုသုတ အဖြစ် ဖတ်ပေးပါအုံးနော်။

–       ဗိုက်ထဲအစာမခံဘဲ အရက်မသောက်ပါနဲ့။ အရက်မသောက်မီ အစာ စားပေးပါ။

–       အရက်ကို အမြည်း(ဟင်း)၊ အစာ စားရင်း အရက်သောက်ပါ၊ အလွတ်မသောက်ပါနဲ့။

–       ညသန်းခေါင်ကျော်ရင် အရက်မသောက်ပါနှင့်။

–       စိတ်မပျော်တဲ့အခါ အရက်မသောက်ပါနှင့်။

–       အရက်ပြင်းကို ရေ(သို့)ဆိုဒါရည်(သို့)အချိုရည် တစ်ခုခုနဲ့ ရောစပ်ပြီးသောက်ပါ။

–       အရက်ကို အလွန်အကျွံ(ခံနိုင်ရည်ရှိမှုထက်ပိုအောင်) မသောက်ပါနဲ့။

–       အရက်မူးလျှင် ရေများများသောက်ပါ။

–       အရက်သောက်ပြီး အစာစားပေးပါ။

အဲဒီလို စည်းစနစ်လေးနဲ့တော့သောက်စေချင်ပါတယ်၊ အရက်ကို ကာလကြာရှည် သောက်သုံးခဲ့ရင် အသည်းမှာ အဆီတည်တတ်ကြောင်း အားလုံးသိလောက်မှာပါ၊ အရက်သောက်တဲ့အခါမှာ သကြားဓာတ်ကို လုံလောက်စွာ ဖြည့်တင်းပေးနိုင်ရင် အရက်ကြောင့် အသည်းအဆီတည်တဲ့အဖြစ် လျော့နည်းစေနိုင်ကြောင်းကို သုတေသနစစ်တမ်းအရ သိရှိရပါတယ်၊ ပြီးတော့ အစားအသောက်မှာ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုနည်းနေရင် တိုးများစေနိုင်ကြောင်း၊ ဒီအောက်ဆီဒေ့အင်ဇိုင်းရဲ့ တိုးများမှု့ဟာ အသည်းမှာ အဆီတည်ရမှုနဲ့ ပက်သက် ဆက်စပ်နေကြောင်း ညွှန်းဆိုထားပါတယ်၊ ဒါကြောင့် အရက်သောက်ပြီးတာနဲ့ ထမင်းဘဲဖြစ်ဖြစ် ဗိုက်ပြည့် စေမယ်အစားအသောက်တစ်ခုခုဘဲဖြစ်ဖြစ် မဖြစ်မနေစားပေးသင့်ပါတယ်။

တစ်ခါတရံ အလွန်အမင်းသောက်မိလိုက်လို့ အမူးလွန်သွားတဲ့အခါမှာ ပြုလုပ်တတ်တဲ့အလေ့အကျင့်လေး တစ်ခုပြုတတ်ကြတာ အတော်များများရှိပါတယ်၊ အဲဒါကတော့ အရမ်းမူးသွားရင် အိပ်ပစ်လိုက်ကြတာဘဲလေ။ ဒါဟာမှားတဲ့လုပ်ဆောင်နည်းလို့ ပြော၍မရပေမယ့် အမူးလွန်တာကိုဖြေလျှော့မှုတစ်ခုခုလုပ်ပြီးမှ အိပ်ခြင်းဟာ ပိုကောင်းပါတယ်လို့ သုတေသီတို့ကဆိုထားပါတယ်၊ တစ်ခါတရံကိုရီးယားဇတ်လမ်းတွဲတွေမှာ တွေ့ဖူးပါလိမ့် မယ်ထင်ပါတယ်၊ အရက်သောက်လာလို့ မူးလာတဲ့သူကို ပျားရည်လေးသောက်ဖို့ ပေးတဲ့ဇာတ်ဝင်ခန်းတွေဟာ အဲဒီသုတေသီတို့ရဲ့ အကြံပြုချက်ကိုပြသတာဖြစ်ပါတယ်၊ ဒါကြောင့်အရက်အသောက်များသွားလို့ အမူးအရမ်း လွန်တဲ့အခါ မအိပ်ခင် အမူးပြေစေတဲ့ အရည်တစ်ခုခုသောက်ပေးသင့်ပါတယ်၊ အလွယ်ကူဆုံး အရက်မူးပြေစေ နိုင်တဲ့ဖျော်ရည်လေးတွေကို ကောက်နုတ်မျှဝေရေးပေးပါမယ့်။

၁။ ခရမ်းချဉ်သီးဖျော်ရည်

ခရမ်းချဉ်သီး – ၁ လုံး

ရေကျက်အေး ၂၀ဝ စီစီ ( ရေဖန်ခွက်တစ်ခွက်ခန့်)

ပြုလုပ်နည်း- ခရမ်းချဉ်သီးကို အတုံးလေးတွေတုံးပြီး သစ်သီးဖျော်စက်ထဲ ထည့်ပါ။ပြီးရင် ရေကျက်အေး လောင်းထည့်ပြီး ညက်ညက်မွှေကာ သောက်သုံးနိုင်ပါတယ်။

အကျိုး – ခရမ်းချဉ်သီးရည်ဟာ အရက်ပြန်ရဲ့ဇီဝဖြစ်စဉ်ကို သွက်စေပြီး၊ အရက်မူးလို့ ဖြစ်ပေါ်တဲ့ မအီမသာလက္ခဏာကို သက်သာစေပါတယ်။

၂ ။ ကြံ နဲ့ ပူစီနာ ဖော်ရည်

ကြံရည် – ၁ ခွက်

ပူစီနာရွက် အနည်းငယ်

ပြုလုပ်နည်း – ကြံရည်ထဲ ပူစီနာရွက် သို့မဟုတ် ပူစီနာအရည် ထဲ့ပြီး သမအောင်မွှေလို့ သောက်သုံးနိုင်ပါတယ်၊

အကျိုး – ကြံရည်ဟာ ကိုယ်တွင်းအပူအပုပ်စင်စေတယ်၊ ရေငတ်သက်သာစေတယ်၊ အရက်မူးပြေလျှော့စေ တယ်၊ ပူစီနာကလည်း အရက်မူးပြေအားကောင်းပါတယ်။

၃။ ပျားရည် ရှိရင်တော့ ရေတစ်ခွက်ထဲ ပျားရည်တစ်ဇွန်း( ထမင်းစားဇွန်း )ထဲ့မွှေပြီး သောက်ပေးပါ။ ဒါမှမဟုတ် ရေတွင်ပျော်ဝင်နိုင်သော ဗီတာမင်စီဆေးပြားနှင့်ရေ သောက်ပေးသင့်ပါတယ်။

အခုလွယ်ကူတဲ့နည်းတွေထဲက မိမိအတွက် အဆင်သင့်နိုင်တဲ့နည်းဖြင့် သောက်သုံးပြီးမှ အိပ်စက်ခြင်းပြုသင့် ပါတယ်။

တစ်ခါတရံ ညနေ သို့မဟုတ် ညပိုင်း အရက်သောက်များသွားလို့ မနက်အိပ်ယာနိုးထတဲ့အခါမှ လန်းဆန်း မှု့လျှော့ နည်းကြတာလည်းရှိတတ်တယ်၊ ဒါကိုအရက်နာကျတယ်လို့ ခေါ်ကြလေ့ရှိပါတယ်၊ အရက်နာကျရခြင်း အဓိကအကြောင်းရင်းကတော့ ရေဓာတ်ခန်းခြောက်မှု့ကြောင့်ပါဘဲ၊ အရက်ဟာ ဆီးရွှင်စေပါတယ်၊ ဘီယာဆို ပိုလို့ ဆီးရွှင်စေပါတယ်၊ ဆီးထဲမှာ အရည်အတော်တော်များများပါသွားတာကြောင့် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ချာချာလည် မူဝေခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေကို ခံစားရတာဖြစ်ပါတယ်၊ ဝေဒနာပြင်းထန်မှု့ဟာ အရက်အမျိုးအစားနဲ့ သောက်သုံးခဲ့တဲ့ ပမာဏပေါ်မူတည်ပါတယ်၊ ဒါကြောင့် အရက်သောက်ပြီး တရေးနိုးတဲ့ အခါမှာဘဲဖြစ်ဖြစ်၊ မနက်နိုးထတဲ့အခါမှာဘဲဖြစ်ဖြစ် ရေ သို့မဟုတ် အရည်များများသောက်ပေးသင့်ပါတယ်၊ ဌက်ပျောသီးစားခြင်းကလည်း သက်သာစေပါတယ်၊ တစ်ချို့က ဘလက်ကော်ဖီသောက်တယ်၊ အဲဒီအစဉ် အလာ ကမှားယွင်းပါတယ်၊ ဘာဖြစ်ဘို့လဲဆိုတော့ ကော်ဖီဟာဆီးရွှင်စေတာကြောင့် ခန္ဓာကိုယ်ထဲက ရေဓာတ် ကိုလျော့နည်းစေပြီး၊ ကဖိန်းဓာတ်ဟာ နှိုးဆွပစ္စည်းဖြစ်တာမို့ ကတုန်ကရင်ဖြစ်ခြင်းကိုပိုပြီး ဆိုးဝါးစေပါတယ်။ အထူးသဖြင့်ဗီတာမင်စီပါဝင်တဲ့ ဖျော်ရည်တွေ၊ သကြားဓာတ်ပါတဲ့ သစ်သီးဖော်ရည်တွေ သောက်တာပို အကျိုး ရှိပါတယ်။ အစာအနေနဲ့ကတော့ အုတ်ဂျုံ(ကွေ့ကာအုတ်)၊ ယာဂု(ဆန်ပြုတ်) စားသုံးခြင်းဟာ သွေးကြောတွေ ထဲကို ဂလူးကိုစ့်ရောက်ရှိစေနိုင်ပါတယ်၊ ပရိုတင်းအတွက်ဆိုရင်တော့ ကြက်ဥပြုတ်၊ ပေါင်မုန့် မီးကင်တွေကို ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးနဲ့ တွဲဖက်စားသုံးပေးပါ။ အရက်နာခဏခဏဖြစ်ခြင်းကတော့ ကောင်းသော လက္ခဏာတစ်ရပ်တော့မဟုတ်ပါဘူး ရေရှည်မှာ အရက်စွဲစေနိုင်လို့ပါဘဲ။

တွေးတွေးဆဆ ချင့်ချင့်ချိန်ချိန် သောက်သုံးခြင်းဖြင့် သက်တန်းရှည်နေနိုင်ကြပါစေကြောင်း ဖတ်ခဲ့သမျှစာပေစု ထဲကမျှဝေပေးလိုက်ပါတယ်၊ တစ်ချို့နေရာတွေ စာဖတ်သူသိရှိထားမှု့နဲ့ အယူအဆလွဲမှု့များရှိရင်လည်း ကျွန်တော်သည် သုတေသနပညာရှင်မဟုတ်ပါ ဖတ်ဖူးခဲ့တဲ့ တိုလီမိုလီစာပေစုထဲကနေ အရက်သောက်တဲ့ ဘော်ဘော်တွေအတွက်  ပြန်လည်မျှဝေတာမို့ ရွာစကားဝိုင်းတစ်ခုမှာ နားထောင်းလိုက်ရတဲ့ စကားသံလေး တွေအဖြစ်သာ သဘောထားပေးကြပါလို့—-။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

25 comments

  • သစ် တည်

    September 10, 2012 at 7:42 pm

    တားက သောက်ပြီးရင်ထ္မင်းအများကြီးစားပြီး
    အိပ်ပလိုုက်တာပဲ …….
    နောက်ရက်ဂေါင်းမကိုုက်တော့ဘုူး……
    ဦးတိုု ့ရော……..

  • ကိုခင်ခ

    September 10, 2012 at 8:10 pm

    ပထမမြောက်ကွန့်မန်အတွက် ကိုသစ်တည်ကိုကျေးဇူးပါ။
    မနေ့ကတင်ခဲ့စဉ်က ပတမဆုံးကွန့်ခဲ့တဲ့ ကိုပေကိုလည်း ကျေးဇူးပါ။

    • မောင်ပေ

      September 10, 2012 at 8:43 pm

      ဟုတ်ပ
      ဒီပို ့စ်ကို မန် ့ဖူးပါတယ်လို ့
      ဇဝေဇဝါဖြစ်နေတာ
      အဲဒီလိုကိုးဗျ

  • ရာဇဝင်လူဆိုး

    September 10, 2012 at 8:37 pm

    အေ့… ဒီမှာ ကိုကြီးခင်ခ…ဟဲဟဲဟဲ…. ပေါက်ပြားဆိုတာ ပေါက်မှထက်သလို..ဂေ့..အဟက်အဟက်..။ ယောက်ကျားဆိုတာလဲ သောက်မှ သွက်သဗျ…အဟဲဟဲ… ။( အရက်သောက်နည်းကို သူကြိးသာမေးတော့ ကိုခင်ခရေ.. တော်တော် အသောက်ကျွမ်းတဲ့ ကျနော်တို့ သူကြီး )

  • Mr admin

    September 10, 2012 at 10:05 pm

    ကျန်းမာရေးအတွက် လေ ဟဲဟဲ ….

  • Hnin Hnin

    September 11, 2012 at 3:18 am

    အရက်အကြောင်းပေမယ့် ကျန်းမာရေးအကြောင်းမို့ ကြိုက်ပါတယ်။
    ဒီလိုပို့စ်လေးတွေရေးတဲ့ ကိုခင်ခကိုလည်း လေးစားပါတယ်။
    တိုလီမိုလီ ထက် အပီအပီ အမြဲပါ။
    – အရက်နဲ့ပတ်သက်ပြီး ဟိုးအရင်ကတည်းက သိချင်နေတာလေးတွေလည်း မေးပါရစေ။
    သောက်ရာဇဝင်တွေကို အရင်ဆုံးပြောပြချင်ပါတယ်…အရင်တုန်းကပေါ့…..
    – ဘီယာကို ဘာမှမစားရသေးခင် တစ်ခွက်ကုန်အောင်သောက်ပြီး ဘာမှလည်းမစားနိုင်တော့ဘဲ ရင်ထဲပြည့်သလို၊ပျို့ချင်သလိုဖြစ်ပြီး အိမ်ပြန်လာတယ်။ အိမ်ရောက်တာနဲ့ basin ထဲ ဝေါ့..။ အစ်ကို
    တွေက အဲဒါကို အူရိုင်း၊ခုမှစသောက်ဖူးလို့တဲ့။ ထူးဆန်းတဲ့အရသာဖန်တွတ်တွတ်နဲ့ အန်တဲ့အရာလို့ မှတ်လိုက်၏။
    – ဒုတိယတခါ သူငယ်ချင်းတွေနဲ့ပဲ၊Red Wine စက္ကူဘူးကြီးနဲ့။ အန်မှာကြောက်လို့မသောက်တာ အတင်းသောက်ခိုင်းနေတာနဲ့သောက်တာ။ ချဉ်၊ဖန်၊ခါးနဲ့ ခွက်တစ်ဝက်တောင် မရောက်လိုက်ဘူး။ ဆက်မသောက်နိုင်တော့ဘဲ မူးနေတာချာချာလည် စားပွဲခုံကို လက်နဲ့စုံကိုင်ထားရတယ်။ လုံးဝအန်မယ်ပေါ့။ အစာစားရင်း သောက်လို့မအန်ခဲ့ဘူးလို့ ခုမှတ်သွားပါ၏။
    – တတိယတစ်ခါ Black Spy သောက်ပါတယ်။ cousinsတွေ စုမိတုန်း သူတို့က Beer နဲ့ Black
    Spy(မိန်းကလေးတွေ)ဒီအတိုင်းပဲသောက်နေကြတာ။ အစ်ကို၊မောင်၊အစ်မတွေကပါ အေးဆေး၊
    တစ်ခွက်ပြီးတစ်ခွက်။ သောက်ကြည့်ခိုင်းလို့ စမ်းသောက်ကြည့်တာ ခါးတူးနေလို့ ဆက်မသောက်
    တော့ဘူး။ အန်မှာစိုးလို့ပြောတော့ အစ်ကိုတစ်ယောက်က sharkနဲ့ရောသောက်လိုက်
    ဘာမှမဖြစ်ဘူး၊သောက်ပါဆိုတာနဲ့ BS တွေ လက်နှစ်လုံးလောက်ပဲချန်ပြီး Shark တွေအပြည့်
    ထည့်ရောပြီး ဟန်ကိုယ့်လိုက်တာ ခံရတော့တာ။ တစ်ငုံချင်းစီသောက်နေတာ တော်တော်ကြာမှ ခွက်ဝက်ကျပြီး နည်းနည်းလည်း ရီဝေဝေ၊လေးလေးပင်ပင်နဲ့ပေါ့။ အဲဒီအချိန်မှာ မျက်လုံးက
    ပိတ်လာသလိုဖြစ်လာပြီးတော့ ဘယ်ဘက်ရင်ဘတ်ကလည်း စူးပြီးအောင့်တက်လာတယ်။ မခံမရပ်နိုင်အောင်ပဲ။ ဘေးနားကအစ်မကို မျက်လုံးပိတ်နေ၊မျက်ခွံကိုပြန်မြင်နေရသလိုပဲဆိုပြီး
    ကြည့်ခိုင်းတော့လည်းစိတ်ထင်နေလို့ပါ၊ဘာမှမဖြစ်ဘူးဆိုတဲ့အဖြေပဲရတယ်။
    ခဏလည်းနေရော၊ရင်ဘတ်က တအားအောင့်တက်လာတာ ဘယ်လိုမှဆက်ထိုင်လို့မရတော့ဘူး။
    ဆိုင်အပြင်မှာထွက်အန်တာ ရင်ဘတ်ထဲထိုးထိုးအောင့်ပြီး လေတွေပဲအန်ထုတ်နေတာ အတော်ကြာ
    တယ်။ မျက်ရည်၊နှာရည်ထွက်တဲ့အထိ ခံစားလိုက်ရတယ်။ အမြည်းလည်းစားပါတယ်။ အကြော်
    ခြောက်နဲ့ဟင်းရွက်ကြော်တွေ။ အန်လည်းပြီးရော Sunkist လေးနဲ့ပဲ နှစ်ပါးသွား၊ကြောက်သွားလို့ ဘာမှထပ်မစားတော့ဘူး။ အိမ်ပြန်ရောက်တော့ မှန်ရှေ့အရင်ဆုံးပြေးကြည့်တာ ထင်တဲ့အတိုင်း
    မျက်ခွံမှာ(မျက်ရစ်ပေါ်မှာ) မျက်စိစွံသလို အဖုနှစ်ခု တိတိပပပဲ။ ထူးထူးဆန်းဆန်း မျက်ခွံမှာ အဖုထွက်သွားတယ်။နောက်ဆိုရင် မြှောက်ပေးလည်း သိက္ခာပဲအကျခံပြီး ယောင်လို့တောင်မှ
    မသောက်တော့ဘူးလို့မှတ်လိုက်ပါ၏။
    ၃မျိုး၃ခါ ခံစားလိုက်ရပြီးတော့ အားလုံးတာ့တာပြလိုက်ပါသည်။

    – နှင်းနှင်းမေးချင်တာက Beer,Wine တွေက Alcohol % က နည်းတယ်ပြောပေမယ့် (ပမဏနည်းနည်းလေးပဲပါတာကို) ရောသောက်မိတော့ ဘာလို့ဒီလောက် လူကိုထိသွားတာလဲ။
    -အဲဒါတွေသောက်ပြီးတိုင်း ရင်ပြည့်ပြီး အန်ချင်သလိုဖြစ်ဖြစ်သွားတာ ဘာကြောင့်လဲ။
    ( နှင်းနှင်းမှာ gastric လည်းရှိတယ်)
    – gastric ရှိတဲ့လူရော အရက်သောက်လို့ရလား။
    – ကန်တော့နော်..ကန်တော့ပါ…တဆင့်စကားနဲ့ အမျိုးသမီးလစဉ်ချိန်မှာ အရက်သောက်ပေးရင် ဗို်က်နာတာ သက်သာစေတယ်ဆိုတာ အမှန်ပဲလား။
    သိချင်တာတွေ ဘယ်သူ့မေးရမှန်းမသိလို့ အားကိုးပြီး မေးလိုက်တာပါ။ အပီအပီ ဖြေပေးပါနော်။

    • Inz@ghi

      September 11, 2012 at 6:27 am

      အရက်ဆိုတာ
      တန်-ဆေး
      လွန်-ကောင်း
      များ-ဗဲဒီးဂွတ်

      :mrgreen:

      အဲ့လိုပြောသွားတဲ့ လူတော့ အရက်သောက်လို့ သေရှာဘီ…
      ခိခိ

    • Hnin Hnin

      September 12, 2012 at 4:43 pm

      ဦးစွာ အနီ ဖျောက်ပေးသူများကို ကျေးဇူးတင်ပါတယ်။ ညက အနှုတ် ၂ ဒီဂရီကိုကြည့်ပြီး
      (မြင်ခဲ့တဲ့အထိပါ..၅လောက်အထိလည်းဖြစ်နေနိုင်ပါသေးတယ်)အဖျားတက်သွားသေးတယ်။
      အရိုးသားဆုံးတင်ပြထားတဲ့စာ ဘာလို့ -၂ ဖြစ်ရတာလဲဆိုပြီး စိတ်မကောင်းဖြစ်လို့
      မျက်ရည်များတောင်ကျမိပါတယ်။အသည်းနုတယ်လို့ပဲဆိုဆို။ ဒီရွာဝင်မိတဲ့ သံယောဇဉ်တွေ
      ကြောင့်ပေါ့။ ဒီဆိုက်လေးတစ်ခုပဲဝင်တတ်ပြီး မန့်ရုံပဲတတ်တာပါ။ ဘာကြောင့်ဆိုတာဆန်းစစ်
      ကြည့်တော့ မိန်းမအရက်သမားလည်း မဟုတ်ပါဘူး။ စိတ်တစ်ဝက်နဲ့ပဲသောက်ခဲ့တာပါ။
      ကိုယ့်လိုမဖြစ်စေချင်တဲ့ စေတနာ၊ကိုယ်သိချင်တာကို အားကိုးသမှုနဲ့မေးချင်နေခဲ့တာရယ်
      ကြောင့်ပါပဲ။ အရက်သောက်မိတဲ့ကြောင်း ရှည်လျားစွာရေးမိလို့ အနှုတ်ပေးသူများ
      ခွင့်လွှတ်ကြပါလို့။ ခေတ်ကို ရင်ဘောင်တန်းကြည့်မိတဲ့သူ တစ်ယောက်ပေမို့။
      အရက်သောက်တဲ့အကြောင်း မန့်မိလို့ စိတ်မကောင်းဖြစ်ခဲ့ပါတယ်။
      ကျန်သောအနှုတ်များကိုတော့ စိတ်ထဲမရှိပါ။ အနှုတ်မရမှာလည်းစိုးသမို့ အနှုတ်လည်း
      လက်ခံပါကြောင်း။ တစ်ခုပဲ ကလေးတောင် အနှုတ်သဘောဆိုတာ သိတဲ့အတွက်
      အနှုတ်ပေးသူတတ်သူများ သူများမခံစားရအောင်(အရင်ဆုံး ကသိကအောက်ဖြစ်တတ်ခြင်း)
      အတည် click ပေးကြစေလိုပါတယ်ရှင့်။ ခံစားချက်ကိုမျိုသိပ်ထားရင် ရောဂါရတယ်ဆိုလို့
      ရင်ဖွင့်လိုက်ခြင်းပါ။

  • အရီးခင်လတ်

    September 11, 2012 at 3:38 am

    ကိုခင်ခ

    ဟိုတစ်ခါ ကြက်သွန်နီ ကိစ္စ ကျေးဇူး တင်ကြောင်း မပြောရသေးလို့။
    အရက်မှာ လာပြီး အမြည်း လုပ်လိုက်မယ်။

    အဲဒီနေ့က ညနေ အသုတ်သုပ် တော့ ကြက်သွန်နီ အစိမ်း ထည့်တယ်။
    ဒီက ကြက်သွန်နီ တွေက ကလေးကြီးလက်သီးဆုတ်ထက်တောင် ကြီး လောက်ရှိတယ်။
    ကျန်ရင် နောက်နေ့လဲ မသုံးဖြစ်မှာမို့ နှမြောပြီး အားလုံး ထည့်လိုက်တော့ များသွားတယ်။
    အဲဒါကို စားပြီး ညကျ ဘိုက်ထဲ က ပူသလို ဖြစ်လာတော့ ကြက်သွန် ကို တရားခံရှာလိုက်တာ။
    ကိုခင်ခပြောတာ နဲ့ ကွက်တိဘဲ။
    အစာအိမ်က အက်စစ်တွေ အထုတ်လွန်ပြီး မီး နဲ့ထိုးသလို ဖြစ်နေတာ နေမှာ။
    heartburn ကိုကြားဘူးပေမဲ့ ရင်ညွန့် ကပူတာ လို့ဘဲသိတာ။
    ဘိုက်ထဲ က ဆိုတော့ ဘာဖြစ်လဲ တွေးမိလို့။

    တလက်စတည်း မေးပါရစေဦး။
    အဲဒီလို ဖြစ်ရင် အက်စစ် နဲအောင် ဘာလုပ်/စား သင့်လဲ။
    ရင်းဂလိပ် ဆေးတော့ မသောက်ချင်ဘူး။
    ကြိုပြီး ကျေးဇူးပါနော်။
    ပညာကို အလကားယူနေရသလို မို့ တောင်းပန်ပါတယ်။ 🙂

    • kai

      September 11, 2012 at 4:09 am

      “မျက်စိမှာရေကြည်…နားမှာဆီ…ဒန္တီမှာဆား…ဝမ်းမှာခါး.” တဲ့.
      “ဝမ်းမှာ ခါး”ဆိုတာမို့.. ခါးတဲ့အရသာရှိတာတွေကိုစားပါတဲ့..

      မပြောမရှိပါနဲ့..။ အစာအိမ်ရောဂါရှိတဲ့သူတောင်.. ကြက်သဲခြေအိပ်ကို အစိမ်းတိုင်းမျိုမျိုချပြီး..သက်သာတာမြင်ဖူးတယ်.။
      ဟုတ်မဟုတ်တော့.. တိုင်းရင်းဆေးနားလည်သူများ.. ဆက်တွေး..ရေး..ပေးကြပါလို့.. :mrgreen:

      • အရီးခင်လတ်

        September 11, 2012 at 4:20 am

        ကျေးဇူးပါသူကြီးမင်းရှင့်။ 🙂

        ဒီမှာ ခါးတာ ဆို ကျွဲကောသီးလို ဟာ စည်ဗူးတွေ ရှိတယ်။
        ချဉ်ချဉ် ခါးခါး မှာ ချဉ်တာမို့ အက်စစ်ဓာတ်အားပေးဖြစ်နိုင်သေးတယ်။
        တောမှာ နေတာမို့ ကြက်သည်းခြေ မပြောနဲ့ ကြက်အသည်း တောင် တော်ရုံမရဘူး။
        ဝက်/နွား/သိုး အသည်း တွေတော့ စူပါမာ့ကက် တွေမှာရတယ်။
        တစ်ခြား ဘာရှိလဲ စဉ်းစားလိုက်ဦးမယ်။

        နားမှာဆီ ကတော့ မှန်သဗျို့။
        ဒီမှာ နားပြသနာဆိုရင် olive oil drops ပေးတယ်။
        ဒါထက် “ဒန္တီ” ဆိုတာ ဘာလဲ။ 🙄

  • Hnin Hnin

    September 11, 2012 at 4:40 am

    ဒန္တီ = သွား..ပါ အရီးရေ…အရီးသာခေါ်နေရတယ်..ကိုထက်ဝေးရဲ့ ‘ပေါက်’စာဖတ်ပြီး
    ငယ်နေမလားလို့.. း)..နာမည်လေးကိုတော့ အတော်ချစ်(တကယ် ပြောတာပါ)

    • အရီးခင်လတ်

      September 11, 2012 at 4:48 am

      ကျေးဇူးပါနှင်းနှင်းရေ။ 🙂
      ဒါဆို “မျက်စိမှာရေကြည်…နားမှာဆီ…ဒန္တီမှာဆား…ဝမ်းမှာခါး.” အားလုံးက တကဲ့ သိပ္ပံနည်း ကျ လက်တွေ့သုံးနေတာတွေဘဲ။
      ဒါကြောင့်ပြောတာ တိုင်းရင်းဆေး တွေလဲ အထင်သေးလို့ မရပါ။

      အရီးက နှင်းနှင်း အမေ နဲ့ ရွယ်တူတောင် ဖြစ်နိုင်ပါရဲ့။
      အဟင့်။ အဟင့်။ 😛

      ဒါထက် အခုထက်ထိ နှင်းနှင်း Post တက်မလာသေးဘူး။
      နှင်းနှင်းလဲ စာရေးကောင်းသူ ဆိုတာ သိခဲ့တယ်။

  • Hnin Hnin

    September 11, 2012 at 6:07 am

    – စာရေးဖို့တော့ မပြောပါနဲ့..ရယ်တောင်မှ မရယ်တတ်ပါဘူး..အရီးရယ်..
    >>> း) အဲဒါပဲ တတ်တယ်။
    – ဟိုနေ့က မန့်မှာ သူကြီးကိုkai ရဲ့ ရယ်နည်းဇယားကိုမြင်ပြီး လုပ်ကြည့်တာမရဘူး..
    (သွားပြန်ဖြဲပြမလို့.. း)..)သဟာကြောင့်တော့သိဘူး။ သူများက ဘေးစောင်းလေးပဲ အမြဲရယ်ရယ်
    ပြနေရတာ အားငယ်လှပါပြီ။ အရီး-သန်မယ်ဆို နည်းမှန်လေး ကူပေးပါနော်။ ဟိုနေရာ သွားမမေး
    တော့ဘူး။
    – စာရေးရမှာ ကိုယ့်အတွက် အရမ်းကြီးကျယ်တယ်ထင်လို့ မရေးရဲဘူး။စာရေးကောင်းတဲ့ရွာသူ၊
    ရွာသားတွေရဲ့ အဆီအနှစ်တွေ ဖတ်ရတာကို အရသာပိုတွေ့နေပါတယ်။

  • ကိုခင်ခ

    September 11, 2012 at 9:39 am

    အရီးရေ လတ်တလော အစာအိမ်အက်စစ်ထွက်လို့ ဝမ်းဗိုက်ပူနေရင် ဂျင်းပြုတ်ရေ သောက်ပေးပါက သက်သာနိုင်သလို၊ ဂျင်းအလွယ်မရရင် ခရင်ခက်ကာဘီစကွတ် ၂ချပ်၃ချပ်စားပေးလိုက်ပါ။
    အမြဲတမ်း အစာအိမ်အက်စစ်အထွက်များတတ်ရင်တော့ မနက်ပိုင်း အစာမစားမှီ ရေဖန်ခွက်တစ်ခွက်ထဲကို ပျားရည်ထမင်းစားဇွန်းတစ်ဇွန် ထဲ့မွှေပြီး ၃-၄ လလောက်သောက်ပေးပါက သက်သာနိုင်ပါကြောင်း ဖတ်ဖူးတဲ့ထဲက မျှဝေလိုက်ပါ၏။

    မနှင်းနှင်းရေ အလ်ကိုဟောရာခိုင်နှုန်းနည်းပေမယ့် အလ်ကိုဟောနဲ့ မတည့်ရင် တစ်ငုံလောက်သောက် ရင်တောင်မရပါ။ မနှင်းနှင်း ထိခိုက်တဲ့အခါ အရက်ပျံစွတ်ကြည့်ပါ ဒဏ်ရာနှတ်ခမ်းသား အနည်းငယ် ရောင်သလို ထဲ့ထဲ့ချင်းဖြစ်ရင် မနှင်းနှင်းဟာ အလ်ကိုဟောမတဲ့တဲ့ ဓာတ်ရှိမယ်လို့ထင်ပါတယ်။

  • Hnin Hnin

    September 11, 2012 at 10:45 am

    အခုလိုမျိုးလုပ်ကြည့်ရမယ်ဆိုတာ နောင်ဖြစ်ရင်စမ်းကြည့်ပါမယ်။ပြန်ဖြေပေးတဲ့အတွက်လည်း ကျေးဖူး
    တင်ပါတယ်ရှင့်။

  • kyeemite

    September 11, 2012 at 1:24 pm

    အရက်နဲ့ပါတ်သက်နေတော့ စေ့စေ့စပ်စပ်ဖတ်မှတ်သွားပါတယ်ဗျာ..
    ဪ..ကြီးမိုက်…ကြီးမိုက်..မင်းနဲ့တော့ဖြင့်ခက်သေးတယ်…

  • ကြည်ဆောင်း

    September 11, 2012 at 2:40 pm

    {{အရက်သောက်တဲ့အခါမှာ သကြားဓာတ်ကို လုံလောက်စွာ ဖြည့်တင်းပေးနိုင်ရင် အရက်ကြောင့် အသည်းအဆီတည်တဲ့အဖြစ် လျော့နည်းစေနိုင်ကြောင်းကို သုတေသနစစ်တမ်းအရ သိရှိရပါတယ်}}
    ဒါဆိုရင် အရက်ထဲသကြားနဲနဲထည့်သောက်ရင် ရောဂါလဲကာကွယ်ပြီးသားဖြစ် ခါးတဲ့အရသာလဲလျော့သွားလို့ အရက်ပိုသောက်နိုင်သွားမလားမသိ :mrgreen:

  • မဟာရာဇာ အံစာတုံး

    September 11, 2012 at 2:53 pm

    ဒီပို့စ်ကို ..
    စိန်ဗိုက်ဗိုက် ဆိုတဲ့ ဘီအီးသမား ..
    ဖတ်မိပါစေဗျားးးးး
    (အဲ .. ဖြစ်သေးဘူးဟ ..
    တော်ကြာ မုန့်ဟင်းခါး စားရမယ့်ရက်တွေ နောက်ဆုတ်သွားအုံးမယ်)

  • Ma Ei

    September 12, 2012 at 4:53 pm

    ရုံးက သောက်တတ်သူ လူကြီးသူမများ ပြောတာတော့
    ထောပတ် တစ်ဇွန်းလောက်စားထားပြီးရင်
    ကြိုက်သလောက်သောက် မမူးတော့ဘူးတဲ့…

  • ကြောင်ဝတုတ်

    September 12, 2012 at 5:17 pm

    မျှဝေပေးသူ အစ်ကိုကြီးကိုခင်ခအားကျေးဇူးအထူးတင်ရှိပါတယ်…

    ညပိုင်း အရက်သောက်များသွားလို့ မနက်အိပ်ယာနိုးထတဲ့အခါမှ လန်းဆန်း မှု့လျှော့ နည်းကြတာလည်းရှိတတ်တယ်၊ ဒါကိုအရက်နာကျတယ်လို့ ခေါ်ကြလေ့ရှိပါတယ်၊ အရက်နာကျရခြင်း အဓိကအကြောင်းရင်းကတော့ ရေဓာတ်ခန်းခြောက်မှု့ကြောင့်ပါဘဲ၊ အရက်ဟာ ဆီးရွှင်စေပါတယ်၊ ဘီယာဆို ပိုလို့ ဆီးရွှင်စေပါတယ်၊ ဆီးထဲမှာ အရည်အတော်တော်များများပါသွားတာကြောင့် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ချာချာလည် မူဝေခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေကို ခံစားရတာဖြစ်ပါတယ်၊ ဝေဒနာပြင်းထန်မှု့ဟာ အရက်အမျိုးအစားနဲ့ သောက်သုံးခဲ့တဲ့ ပမာဏပေါ်မူတည်ပါတယ်၊ ဒါကြောင့် အရက်သောက်ပြီး တရေးနိုးတဲ့ အခါမှာဘဲဖြစ်ဖြစ်၊ မနက်နိုးထတဲ့အခါမှာဘဲဖြစ်ဖြစ် ရေ သို့မဟုတ် အရည်များများသောက်ပေးသင့်ပါတယ်၊ ဌက်ပျောသီးစားခြင်းကလည်း သက်သာစေပါတယ်၊

    အဲဒီကိစ္စကိုတော့ သေသေချာချာဖတ်ထားသင့်ပါတယ် အစ်ကိုကြီးကိုမတ်ရေ…

    ကျွန်တော်တို့က အရက်သောက်ခြင်းမှာ စည်းကမ်းရှိပါတယ်… Red အောက်မဆင်းသလို Black အပေါ်ကိုလဲ တော်ရုံမတက်ဖို့ ကြိုးစားပါတယ်… ကျန်းမာပျော်ရွှင်စွာဖြင့် ကြာရှည်အရက်သောက်ကြပါစို့…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • ကိုရင်စည်သူ

    September 12, 2012 at 5:23 pm

    ရန်ကုန်မှာတုန်းက အရက်အရမ်းသောက်ပါတယ်..
    အရမ်းဆိုးကျိုးတော့ တော်တော်သိထားပါဒယ်..
    ကျနော် အရက်စသောက်တာ ကောင်မလေးတစ်ယောက်ကို
    ရည်စားစကားမပြောရဲလို့ ဘီယာကို ရေနဲ့ရောသောက်တာက စပါတယ်ဂျာ.. 🙁
    မှတ်မှတ်ရရပါ။
    အခု ရန်ကုန်ကစထွက်လာကတည်းက အရက်ပြတ်သွားပါပီဗျာ… 😳 😳
    အရက်က မကောင်းဘူး..
    မကောင်းဘူး…
    မကောင်းဘူး…
    မသောက်ကြဘာနဲ့…
    ကျနော် ပိုသောက်လို့ရအောင် ချန်ထားဂျပါဂျာ… :mrgreen:

  • ကိုခင်ခ

    September 12, 2012 at 9:37 pm

    မအိရေ ထောပတ်စားခြင်းကြောင့် အူနံရံတွေမှာ ထောပတ်အဆီလွှမ်းလို့ အရက်အလ်ကိုဟောကို စုတ်ယူနိုင်မှု့နည်းတဲ့အတွက် တော်ရုံမမူးတော့တာပါ။
    ဒါပေမယ့် အဲဒီနည်းဟာ မမူးတဲ့အတွက် အရက်ပမာဏပိုသောက်မိနိုင်သလို၊ အူနံရံနဲ့ အစာအိမ်က ကောင်းစွာစုတ်ယူမခြေဖျက်လို့ အသဲမှာသွားပြီး အလုပ်များစေ လို့ ရေရှည်မှာ အသည်းကိုစောလျှင်စွာ ဒုက္ခဖြစ်စေမှာပါခင်ဗျာ။ အရက်သောက်မှတော့ မူးပါစေပေါ့။

  • ကြောင်လေး

    September 12, 2012 at 10:38 pm

    အရက်သောက်နေကျ ကနေ ဖြတ်ထားတဲ့အခါ ညနေစောင်းတိုင်း ရင်ထဲက(အနည်းငယ်) အောင့်သလိုဖြစ်လာပြီး လေတွေထထ လာတယ်။(နေညိုရင်လေပျိုတယ်) ဆိုသလိုပေါ့လေ။ အဲဒါ မျိုးနှစ်ပတ်လောက်ခံစားရတယ်၊ အဲဒါဘာကြောင့်ဖြစ်တယ်ဆိုတာလေး ရှင်းပြပေးနိုင်ရင် ရှင်းပြပေးစေချင်ပါတယ် သရီးကေ ခင်ဗျာ။

  • ကိုခင်ခ

    September 13, 2012 at 6:43 am

    ကျွန်တော် အရက်မဖြတ်ဖူးသလို ကျွန်တော်ရဲ့ တိုလီမိုလီစာပေတွေထဲမှာလည်း ကိုကြောင်လေး မေးထားတဲ့အကြောင်းရေးထားတာ ရှာမတွေ့လို့ နီးစပ်သိနိုင်မယ့်သူ ဒါမှမဟုတ် ဆရာဝန်တစ်ဦးထံကိုမေးကြည့်ပါလို့သာ ပြောပါရစေ။

Leave a Reply