မြန်မာ့ ရုပ်ရှင် အကယ်ဒမီပေးပွဲ နီးလာလျှင် ဘယ်မင်းသမီး တော့ ဘယ်ကားမှ ရမည် ။ ဘယ်မင်းသားတော့ ဘယ်ကားမှာကောင်းသည် ။ ဘယ်ဒါရိုက်တာ ကတော့ ဘယ်လိုအစွမ်းပြထားသည်နှင့် တစ်ကြိုတွေ ထွက်လာသည် ။

နိုင်ငံခြားက အကယ်ဒမီပေးပွဲမှာ တော့ ဘယ်သူတွေ ဘယ်ကားတွေတော့ ပဏာမ ရွေးချယ်တဲ့ ထဲပါသည်ဖြင့် သတင်းထုတ်ပြန်၏ ။

ထိုထို သော အရာများကို အားကျစွာ ကထူးဆန်းတစ်ယောက် မန်းဂေဇက်ချစ်သူများစာပေဆု (သြဂုတ်လ – ၂၀၁၂ )ကို ဖောက်သည် ချလိုက်ပေပြီ ။

တကယ်တော့ အန်တီပဒုမ္မာလိုလည်း ဇတ်က မကတတ် ။ ဦးဆာမိလိုလည်း ပြဇာတ် မရေးတတ် ။ ဦးဦးပါလေရာလိုလည်း ချက်ကျကျ မပြောတတ်သော ကထူးဆန်းကို ဘယ်နယ့် ဘယ်နယ့် ဒီအဖွဲ့ထဲ ဆွဲသွင်းလိုက်မှန်း မသိ ။ လူစုံ အကြိုက်စုံ ဖြစ်အောင်ဆိုပြီး ပညာရှင်တွေကြား ခပ်တုံးတုံး တစ်ယောက်၏ အကြိုက် ကိုသိချင်၍ ဆွဲထည့်လိုက်ဟန် တူပေသည် ။ ဘဘဘလက်ချော ၏ ပညာစွမ်းပေပင် ။ မီးလောင်ရာ လေပင့် ဦးဦးပါလေရာကလည်း တစ်လ တစ်ယောက် ဆုရသူများစာရင်းကြေညာပေးရမည် အမိန့်ထုတ်ပြန်လေသော အခါ ရေးစရာ မရှာတတ်သော ကထူးဆန်းတို့ ချွေုးပြန်ရခြေပြီ။

ချွေးပြန်မှတော့ မထူးသည့် အတူတူ ဘယ်သူတွေ တော့ အရွေးခံထားရပြီဟု ဆရာကြီးလုပ်လို့ သတင်းထူး သတင်းဦးလေး ဖောက်သည်ချလိုက်မယ်ဟဲ့ ဟု တွေးမိသကာလ ဟေး ရွာသှုားတို့ရေ .. ဒီမယ် ဒီမယ် .. သိသလောက်လေး ဖောက်သည်ချလိုက်ပါပြီ ။

ဘယ်သူတွေ ဘယ်လိုရေးထားလို့ ဘယ်သူရမယ် ပြန်ဖတ်ကြပြီး မှန်းပေးကြပါဦးလို့ ……အဟိ ရွာထဲ နောက်လေမုန်တိုင်း မတိုက်ခင်. မြန်မြန်လေးနော်..

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

(၁)ရွှေပင်နားတော့ ရွှေကျေး (surmi)
http://myanmargazette.net/120676/creative-writing

အရေးအသားအလွန်ကောင်းပြီးဆွဲဆောင်မှု့အပြည့်ရှိပါသည်။စာဖတ်သူကိုဈေးဝယ်ခြင်းတွင်သတိထားသင့်သည့် အချက်ကလေးကိုလဲ လှလှပပတင်ပြသွားနိုင်ပါသည်။ကွန်မန့် ၆၀ ရထားပါသည်။

=======

(၂)အခုစရင်မှီသေးတယ် ( nozomi)
http://myanmargazette.net/146901/creative-writing/my-dear-diary

အကြောင်းအရာက လူတိုင်းနီးပါးတွေ့ကြုံဖူးသောအကြောင်းပင်ဖြစ်လင့်ကစား အရေးအသား၏ဆွဲဆောင်မှု့ ကြောင့်အလွန်ဖတ်ကောင်းသောစာတစ်ပုဒ်ဖြစ်ပါသည်။အတွေးများနဲ့ဆင်ခြင်စရာတွေ တစ်ပုံကြီးရလိုက်ပါတယ်။ကွန်မန်၄၇ခု။

=========

(၃)“စိမ်း”…ရဲ့…အစိမ်းရောင် (aung moethu)
http://myanmargazette.net/146706/creative-writing/short-story

လူသစ်မို့ ကွန်မန့်နဲသော်လည်းရေးဖွဲ့ပုံကောင်း။သာမန်အချစ်ဇတ်လမ်းပေမဲ့တင်ပြပွုံဲ့နွဲ့ပုံအလွန်လှပါသည်။
Enviroment နဲ့ပတ်သက်ပြီး အလေးထားကြရန် သစ်ပင်များကိုချစ်တတ်စေရန် ပညာသားပါပါ
အချစ်ဇတ်လမ်းတွင်ထည့်ထားပုံမှာအလွန်ကောင်းပါသည်။

==========

(၄)ပျံကျဈေးထဲက မုန့်ဟင်းခါးဆိုင် (aung moe thu )
http://myanmargazette.net/145639

မုန့်ဟင်းခါးဆိုင်ကို အခြေပြုထားပေမဲ့ မြန်မာ့ဓလေ့လေးတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ဖော်ပြထားတာကိုတွေ့လိုက်ရလို့ ကြိုက်မိပါတယ်။

=========

(၅)ရာ သီ နံ နက် ခင်း များ ရဲ့ အ လွမ်း( aye.kk )
http://myanmargazette.net/142138

မိသားစု၏ချစ်ခင်ဘွယ်ကောင်းသောဘ၀ တစ်ခုကိုချယ်မူန်းထားသောကြောင့်
နှစ်သက်ခြင်းဖြစ်ပါသည်။ယနေ့ခေတ်ကာလတွင် စားဝတ်နေရေးအတွက် အိမ်ရှိလူကုန် ငွေအရှာထွက်ကြရပါသည်။
၎င်း၏အကျိုးဆက်မှာ ချစ်ခင်မူ့အပြည့် စေတနာအပြည့် နွေးထွေးမူ့အပြည့်ပျော်ဝင်နေသောအိမ်တွင်ချက်ပြုတ်သည့်စားကောင်းသောက်ဖွယ်များနှင့်ဝေးကွာသွားကြခြင်းဖြစ်ပါသည်.။မနက်စာကို နီးစပ်ရာ လက်ဖက်ရည်ဆိုင်တွင်သာ ကသုတ်ကရက်စားနေရချိန်တွင်ယခုဆောင်းပါးကို ဖတ်မိသည်မှာ ငယ်ဘ၀ကို ပြန်လည်တမ်းတမိပါသည်။

=========

(၆)ပိုစ့်မော်ဒန် ပုဂံသူရဲကောင်း ပုံပြင်( Inz@ghi)
http://myanmargazette.net/143173

သရော်စာ ကောင်း တစ်ပုဒ်ပါ ။” တီဗီက လာနေသည့် လန်ဒန်အိုလံပစ် အောင်ပွဲခံ စိန့်တိုင်းမှ လူဗလံလေးတွေက “ဆိုပြီး Current အခြေအနေလေးကိုပါထည့်သွင်းထားတာက ၊ရင်ကို စွဲညိစေပါသည်။

========

(၇)မြန်မာအစိုးရ၊ အတိုက်အခံ၊ လူထု နှင့် ရှေးရိုးစွဲဝါဒ ( maungmoenyo)
http://myanmargazette.net/144743

ပါဝင်တဲ့အကြောင်းအရာပိုင်း အလွန် တန်ဖိုးမြင့်သလိုဆြာ မောင်မိုးညို ကောမန့်တွေကို ပြန်ဖြေထား ရှင်းလင်းသုံးသပ်ထားတာတွေက. တန်ဖိုးမဖြတ်နိုင်စရာပါ။သည်လိုကလောင်မျိုး ရွာထဲရှိတာ အလွန် ဂုဏ်ယူပါ၏။

========

(၈)လျှပ်စစ်မီးရရှိရေးကွန်ပြူတာပညာသည်တစ်ဦး၏အမြင် (MTY)

http://myanmargazette.net/144113

နည်းပညာပိုင်းအရ ချဉ်းကပ်ထားပုံ အလွန်ပညာရပါတယ်။သည်ဘက်ခေတ် အင်မတန် green အော်ကြပါတယ်
ဟုတ်ကဲ့ သည်လိုစာမျိုး မဖတ်ဖူး မဖတ်မိဘဲမျက်စိစုံမှိတ် green အော်နေကြတာတွေမြင်ဖူးလို့
Impact ကို ကျကျနန ချပြနိုင်လို့ ကျနော် အလွန်နှစ်သက်လို့ရွေးပါတယ်။

=========

(၉)ပိုစ့်ကောင်း တစ်ပုဒ် ရေးသားခြင်း (မောင်ဘလှိုင်)
http://myanmargazette.net/146655

လိုရင်းပြောရရင်တော့State of mind လောက်ထိ ပြောကြကြေးဆိုရင်ဖြင့်အနှီ နည်းစနစ်ပိုင်းတွေ အောက်သက်မကျေခဲ့လို့ မရစကောင်းဘူး ဆိုတာခံစားမိစေတဲ့ ပိုစ့်ပါဗျာ.
နောက်တနည်းပြောရရင်တော့. အနုပညာ ဘယ်လောက်မြင့်ပါစေ၊၀မ်းစာ ဘယ်လောက်ပြည့်ပါစေ နည်းစနစ်ပိုင်း ကိုတော့ဖြင့်Framework ကိုတော့ဖြင့် ဘယ်လို ခံယူကျင့်သုံးရမယ်ဆိုတာပြထားတဲ့ပိုစ့်မို့ နှစ်သက်မိပါကြောင်း။

========

(၁၀)ကျွန်တော်နှင့် အရှုံးများ (ရင်နင့်အောင်)
http://myanmargazette.net/145816/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

-အရှုံးအနိုင်ဆိုတဲ့ ဘယ်တော့မှ ပျောက်ကွယ်မသွားမယ့် လောကထဲကတရားတစ်ခုကို အရွယ်တစ်ဆင့်ပြီးတစ်ဆင့်လှလှပပလေးတင်ပြထား
-ရှုံးတယ်ဆိုတဲ့ စိတ်ခံစားမှုတွက် ဖြေသာမယ့် ထွက်ပေါက်ပေးခြင်း
-ရသဆရာတွေလည်းကြိုက်တာတွေ့ရ
-အခန်း(၁)(၂)စသည် သပ်သပ်ရပ်ရပ် သတ်ပုံ မှန်မှန်ကန်ကန်ရေးထား

=========

(၁၁)အူးခိုင်နှင့် အိုင်ရှလွတ်(Liquid_Sn@ke)
http://myanmargazette.net/144626/creative-writing

-ဆန်းသစ်တဲ့အတွေးအခေါ်(ခေတ်ရှေ့ပြေးခေတ်ကြိုမြင်)-စာဟောင်းဗဟုသုတပါရောမွှေထား
-နောင်ကို တကယ့်သိပ္ပံပညာရှင်များတီထွင်ကြည့်ဖို့စိတ်ကူးသစ်-တပြုံးပြုံးနဲ့ နောက်ဆုံးထိဆွဲဆောင်သွားစေတဲ့ အရေးအသား
ထူးခြားထိုးဖောက်တဲ့ အတွေးအခေါ်ကို သဘောကျသလို၊ အတွေးကို အရေးက လိုက်မှီအောင် ရေးထားတဲ့အတွက် ကြိုက်နှစ်သက်ပါတယ်။

=========

(၁၂) အရှုံးပေါ်လေတဲ့ မမရဲ့ဘတ်ဂျက်စာရင်းနဲ့ ကလေးအတွေး (ရွာစားကျော်)
http://myanmargazette.net/142216/creative-writing/short-story

ပျော်စရာကောင်းတဲ့ ၀န်ထမ်းမိသားစုဘ၀တစ်ခုကို ခံစားမိပါသည်။ အရေးအသားကောင်းပြီး စာဖတ်သူကို စွဲဆောင်နိုင်သောပို့စ်တစ်ခုဖြစ်ပါသည်။ နေပြည်တော်မှာ နေထိုင်နေရသော အခြေအနေကို မြင်သာအောင် ရေးဖွဲ့နိုင်ပါသည်။ ဘတ်ဂျက် အဓိပါယ်ကို နားလည်အောင်ရှင်းပြပေးနိုင်သော လူကြီးတစ်ဦးနှင့် ကလေးတစ်ယောက်၏အတွေးဖြင့် လက်ရှိ ဘဏ္ဍာရေးအခြေအနေကို သရော်တော်တော် ဟာသနှောပြီး ရေးဖွဲ့နိုင်သည့် ရသစုံပို့စ်တစ်ခုဖြစ်ပါသည်။

==========

(၁၃)ဆ=ဆရာမ၀င်းပြုံးမြင့်အတွက် Surrealism လက်ဆောင်လေး (အလင်းဆက်)
http://myanmargazette.net/146558/arts-humanities

အက္ခရာစဉ်အလိုက် တစ်စိုက်မတ်မတ်ရေးသားခဲ့တဲ့ အလင်းဆက်ရဲ့ အက်ဆေးနဲ့တူတဲ့ ဆောင်းပါးလေးများက ဖတ်လို့ကောင်းပါတယ်။ စိတ်ကူးကောင်းပြီး ဇွဲကောင်းတဲ့အတွက် ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုမိပါတယ်။

==========

(၁၄) iသံလုံး နှင့် ဖုတ်သွင်း ခေတ် (Liquid_Sn@ke)
http://myanmargazette.net/144266

ပိုင်နိုင်သော သရော်စာရေးဟန်တပုဒ်ဖြစ်ပြီး အဖိအဖေါ့တို့ကို ကျွမ်းကျင်စွာကစားလျှက် ရေးသားသရုပ်ဖေါ်ပုံကို နှစ်သက်မိပါသည်။

========

(၁၅)သံမဒဂျီး သံမဒဂျီး သံမတဂျီးကိုခြစ်တယ် Love (ကြောင်ကြီး)
http://myanmargazette.net/145698

သွက်လက်တဲ့ သရော်စာရေးဟန်လေးပါ။ စားကောင်းတဲ့ဟင်းတခွက်ကို ဘာကြောင့်ကောင်းသလဲ လို့မေးရင် စားကြည့်ဗျာ လို့ ဖြေလိုက်တာက အမှန်ဆုံးဖြစ်သလို- ယခုလဲ ဖတ်ကြည့်ဗျာ.. လို့ ညွှန်းထိုက်တဲ့ စာမူဖြစ်ပါကြောင်း။

=========

(၁၆)ကျွန်ုပ်၏ ဆရာသခင်ထံသို့ ရီပို့တင်ခြင်း(marblecommet)
http://myanmargazette.net/141452/

သရော်စာကို ပိုင်ပိုင်နိုင်နိုင် ရေးပြနိုင်လို့ သဘောကျပါတယ်။
အကြောင်းအရာကို အရေးအသားနဲ့ ဆွဲခေါ်သွားလို့ စာကို ပြီးဆုံးသည်ထိ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ဖြစ်သွားတယ်။

=========

(၁၇)သင်းကွဲငှက်ရဲ့ ရင့်ကြူးဟန် (ရဲစည်)
http://myanmargazette.net/145902/creative-writing

သင်းကွဲ ငှက်ရဲ့ အော်သံဟာ တကယ်ဘဲ တစ်ခြား ငှက်တွေနဲ့ ကွဲ/မကွဲ သိလိုစိတ် နဲ့ ဖတ်ခဲ့တဲ့ စာစုလေးပါ။
စာစု လေးမှာ hidden meanings တွေနဲ့လား ဆိုပြီး အတွေးများစွာ နဲ့ အတော်လေး သဘောကျမိပါတယ်။
ငှက်ကလေး ငှက်သက်ကြွေလို့ ဂေဇက်မှာ လူလာဖြစ်မှာ ဆိုရင် ကြက်ဖကြီး ကို ဘာလို့ အဲဒီမေးခွန်းကို မေးတာလဲ လို့မေးပေးပြီး အဖြေယူခဲ့စမ်းပါလို့။
ရှုဒေါင့်မျိုးစုံ ကနေ ထင်ချင်ရာထင်နိုင်ဖို့ ဖတ်လိုက်ကြပါဦး။

=========

(၁၈) မန်းဂေဇက်ချစ်သူများစာပေဆု (ဇူလိုင်လ)( ပဒုမ္မာ)
http://myanmargazette.net/143981/creative-writing

ပြောစရာမကျန်အောင် လှပသောအတွေးဖြင့်ရေးသားထားသောစာမူ ဖြစ်၍နှစ်သက်ပါသည်။
စာပေဆုပေးပွဲမှ ရွေးချယ်ထာသော လူစာရင်းကို ထုတ်ပြန်ကြေညာပုံမှာ ပညာသားပါလှသည့်အပြင်
မန်းလေးဂေဇက်ရွာသူားများ၏ ဘ၀ကို ပုံဖော်ထားပုံမှာ ဟာသရသအပြည့်ဖြင့် ပုံဖော်ထားသော
ကြောင့် အကြိုက်ဆုံးအဖြစ် သတ်မှတ်လိုက်ပါသည်။

=========

ရွာသူားတို့ ရဲ့ အကြိုက် နဲ့များ တူမလားသိရအောင် ရယ် ။ ရွာသူားတို့ စာပြန်ဖတ် နိုင်အောင်ရယ် ကထူးဆန်း တိတ်တိတ်ခိုး တင်လိုက်ပါကြောင်း။..

ရှုး တိုးတိုး …. ကဲ မှန်း .. ဘယ်သူဖြစ်မလဲ ..

(ရွေးချယ်ရေး အဖွဲ့၏ ခွင့်ပြူချက် မတောင်းခံဘဲ ကြိုတင် အသိမပေးဘဲ တင်လိုက်ခြင်း အတွက် ငှက်ကထကြီးနှင့်တကွ အဖွဲ့ဝင်များ ခွင့်လွှတ်ပေးတော်မှုကြပါ)

About ကထူးဆန်း

has written 107 post in this Website..