ဂဇက် လိခ် (မန်းဂဇက်ချစ်သူများစာပေဆု)

ကထူးဆန္းSeptember 10, 20121min28936

မြန်မာ့ ရုပ်ရှင် အကယ်ဒမီပေးပွဲ နီးလာလျှင် ဘယ်မင်းသမီး တော့ ဘယ်ကားမှ ရမည် ။ ဘယ်မင်းသားတော့ ဘယ်ကားမှာကောင်းသည် ။ ဘယ်ဒါရိုက်တာ ကတော့ ဘယ်လိုအစွမ်းပြထားသည်နှင့် တစ်ကြိုတွေ ထွက်လာသည် ။

နိုင်ငံခြားက အကယ်ဒမီပေးပွဲမှာ တော့ ဘယ်သူတွေ ဘယ်ကားတွေတော့ ပဏာမ ရွေးချယ်တဲ့ ထဲပါသည်ဖြင့် သတင်းထုတ်ပြန်၏ ။

ထိုထို သော အရာများကို အားကျစွာ ကထူးဆန်းတစ်ယောက် မန်းဂေဇက်ချစ်သူများစာပေဆု (ဩဂုတ်လ – ၂၀၁၂ )ကို ဖောက်သည် ချလိုက်ပေပြီ ။

တကယ်တော့ အန်တီပဒုမ္မာလိုလည်း ဇတ်က မကတတ် ။ ဦးဆာမိလိုလည်း ပြဇာတ် မရေးတတ် ။ ဦးဦးပါလေရာလိုလည်း ချက်ကျကျ မပြောတတ်သော ကထူးဆန်းကို ဘယ်နယ့် ဘယ်နယ့် ဒီအဖွဲ့ထဲ ဆွဲသွင်းလိုက်မှန်း မသိ ။ လူစုံ အကြိုက်စုံ ဖြစ်အောင်ဆိုပြီး ပညာရှင်တွေကြား ခပ်တုံးတုံး တစ်ယောက်၏ အကြိုက် ကိုသိချင်၍ ဆွဲထည့်လိုက်ဟန် တူပေသည် ။ ဘဘဘလက်ချော ၏ ပညာစွမ်းပေပင် ။ မီးလောင်ရာ လေပင့် ဦးဦးပါလေရာကလည်း တစ်လ တစ်ယောက် ဆုရသူများစာရင်းကြေညာပေးရမည် အမိန့်ထုတ်ပြန်လေသော အခါ ရေးစရာ မရှာတတ်သော ကထူးဆန်းတို့ ချွေုးပြန်ရခြေပြီ။

ချွေးပြန်မှတော့ မထူးသည့် အတူတူ ဘယ်သူတွေ တော့ အရွေးခံထားရပြီဟု ဆရာကြီးလုပ်လို့ သတင်းထူး သတင်းဦးလေး ဖောက်သည်ချလိုက်မယ်ဟဲ့ ဟု တွေးမိသကာလ ဟေး ရွာသှုားတို့ရေ .. ဒီမယ် ဒီမယ် .. သိသလောက်လေး ဖောက်သည်ချလိုက်ပါပြီ ။

ဘယ်သူတွေ ဘယ်လိုရေးထားလို့ ဘယ်သူရမယ် ပြန်ဖတ်ကြပြီး မှန်းပေးကြပါဦးလို့ ……အဟိ ရွာထဲ နောက်လေမုန်တိုင်း မတိုက်ခင်. မြန်မြန်လေးနော်..

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

(၁)ရွှေပင်နားတော့ ရွှေကျေး (surmi)
https://myanmargazette.net/120676/creative-writing

အရေးအသားအလွန်ကောင်းပြီးဆွဲဆောင်မှု့အပြည့်ရှိပါသည်။စာဖတ်သူကိုဈေးဝယ်ခြင်းတွင်သတိထားသင့်သည့် အချက်ကလေးကိုလဲ လှလှပပတင်ပြသွားနိုင်ပါသည်။ကွန်မန့် ၆ဝ ရထားပါသည်။

=======

(၂)အခုစရင်မှီသေးတယ် ( nozomi)
https://myanmargazette.net/146901/creative-writing/my-dear-diary

အကြောင်းအရာက လူတိုင်းနီးပါးတွေ့ကြုံဖူးသောအကြောင်းပင်ဖြစ်လင့်ကစား အရေးအသား၏ဆွဲဆောင်မှု့ ကြောင့်အလွန်ဖတ်ကောင်းသောစာတစ်ပုဒ်ဖြစ်ပါသည်။အတွေးများနဲ့ဆင်ခြင်စရာတွေ တစ်ပုံကြီးရလိုက်ပါတယ်။ကွန်မန်၄ရခု။

=========

(၃)“စိမ်း”…ရဲ့…အစိမ်းရောင် (aung moethu)
https://myanmargazette.net/146706/creative-writing/short-story

လူသစ်မို့ ကွန်မန့်နဲသော်လည်းရေးဖွဲ့ပုံကောင်း။သာမန်အချစ်ဇတ်လမ်းပေမဲ့တင်ပြပုံ ွဲ့နွဲ့ပုံအလွန်လှပါသည်။
Enviroment နဲ့ပတ်သက်ပြီး အလေးထားကြရန် သစ်ပင်များကိုချစ်တတ်စေရန် ပညာသားပါပါ
အချစ်ဇတ်လမ်းတွင်ထည့်ထားပုံမှာအလွန်ကောင်းပါသည်။

==========

(၄)ပျံကျဈေးထဲက မုန့်ဟင်းခါးဆိုင် (aung moe thu )
https://myanmargazette.net/145639

မုန့်ဟင်းခါးဆိုင်ကို အခြေပြုထားပေမဲ့ မြန်မာ့ဓလေ့လေးတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ဖော်ပြထားတာကိုတွေ့လိုက်ရလို့ ကြိုက်မိပါတယ်။

=========

(၅)ရာ သီ နံ နက် ခင်း များ ရဲ ့အ လွမ်း( aye.kk )
https://myanmargazette.net/142138

မိသားစု၏ချစ်ခင်ဘွယ်ကောင်းသောဘဝ တစ်ခုကိုချယ်မူန်းထားသောကြောင့်
နှစ်သက်ခြင်းဖြစ်ပါသည်။ယနေ့ခေတ်ကာလတွင် စားဝတ်နေရေးအတွက် အိမ်ရှိလူကုန် ငွေအရှာထွက်ကြရပါသည်။
၄င်း၏အကျိုးဆက်မှာ ချစ်ခင်မူ့အပြည့် စေတနာအပြည့် နွေးထွေးမူ့အပြည့်ပျော်ဝင်နေသောအိမ်တွင်ချက်ပြုတ်သည့်စားကောင်းသောက်ဖွယ်များနှင့်ဝေးကွာသွားကြခြင်းဖြစ်ပါသည်.။မနက်စာကို နီးစပ်ရာ လက်ဖက်ရည်ဆိုင်တွင်သာ ကသုတ်ကရက်စားနေရချိန်တွင်ယခုဆောင်းပါးကို ဖတ်မိသည်မှာ ငယ်ဘဝကို ပြန်လည်တမ်းတမိပါသည်။

=========

(၆)ပိုစ့်မော်ဒန် ပုဂံသူရဲကောင်း ပုံပြင်( Inz@ghi)
https://myanmargazette.net/143173

သရော်စာ ကောင်း တစ်ပုဒ်ပါ ။” တီဗီက လာနေသည့် လန်ဒန်အိုလံပစ် အောင်ပွဲခံ စိန့်တိုင်းမှ လူဗလံလေးတွေက “ဆိုပြီး Current အခြေအနေလေးကိုပါထည့်သွင်းထားတာက ၊ရင်ကို စွဲညိစေပါသည်။

========

(၇)မြန်မာအစိုးရ၊ အတိုက်အခံ၊ လူထု နှင့် ရှေးရိုးစွဲဝါဒ ( maungmoenyo)
https://myanmargazette.net/144743

ပါဝင်တဲ့အကြောင်းအရာပိုင်း အလွန် တန်ဖိုးမြင့်သလိုဆြာ မောင်မိုးညို ကောမန့်တွေကို ပြန်ဖြေထား ရှင်းလင်းသုံးသပ်ထားတာတွေက. တန်ဖိုးမဖြတ်နိုင်စရာပါ။သည်လိုကလောင်မျိုး ရွာထဲရှိတာ အလွန် ဂုဏ်ယူပါ၏။

========

(၈)လျျှပ်စစ်မီးရရှိရေးကွန်ပြူတာပညာသည်တစ်ဦး၏အမြင် (MTY)

https://myanmargazette.net/144113

နည်းပညာပိုင်းအရ ချဉ်းကပ်ထားပုံ အလွန်ပညာရပါတယ်။သည်ဘက်ခေတ် အင်မတန် green အော်ကြပါတယ်
ဟုတ်ကဲ့ သည်လိုစာမျိုး မဖတ်ဖူး မဖတ်မိဘဲမျက်စိစုံမှိတ် green အော်နေကြတာတွေမြင်ဖူးလို့
Impact ကို ကျကျနန ချပြနိုင်လို့ ကျနော် အလွန်နှစ်သက်လို့ရွေးပါတယ်။

=========

(၉)ပိုစ့်ကောင်း တစ်ပုဒ် ရေးသားခြင်း (မောင်ဘလှိုင်)
https://myanmargazette.net/146655

လိုရင်းပြောရရင်တော့State of mind လောက်ထိ ပြောကြကြေးဆိုရင်ဖြင့်အနှီ နည်းစနစ်ပိုင်းတွေ အောက်သက်မကျေခဲ့လို့ မရစကောင်းဘူး ဆိုတာခံစားမိစေတဲ့ ပိုစ့်ပါဗျာ.
နောက်တနည်းပြောရရင်တော့. အနုပညာ ဘယ်လောက်မြင့်ပါစေ၊ဝမ်းစာ ဘယ်လောက်ပြည့်ပါစေ နည်းစနစ်ပိုင်း ကိုတော့ဖြင့်Framework ကိုတော့ဖြင့် ဘယ်လို ခံယူကျင့်သုံးရမယ်ဆိုတာပြထားတဲ့ပိုစ့်မို့ နှစ်သက်မိပါကြောင်း။

========

(၁၀)ကျွန်တော်နှင့် အရှုံးများ (ရင်နင့်အောင်)
https://myanmargazette.net/145816/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

-အရှုံးအနိုင်ဆိုတဲ့ ဘယ်တော့မှ ပျောက်ကွယ်မသွားမယ့် လောကထဲကတရားတစ်ခုကို အရွယ်တစ်ဆင့်ပြီးတစ်ဆင့်လှလှပပလေးတင်ပြထား
-ရှုံးတယ်ဆိုတဲ့ စိတ်ခံစားမှုတွက် ဖြေသာမယ့် ထွက်ပေါက်ပေးခြင်း
-ရသဆရာတွေလည်းကြိုက်တာတွေ့ရ
-အခန်း(၁)(၂)စသည် သပ်သပ်ရပ်ရပ် သတ်ပုံ မှန်မှန်ကန်ကန်ရေးထား

=========

(၁၁)အူးခိုင်နှင့် အိုင်ရှလွတ်(Liquid_Sn@ke)
https://myanmargazette.net/144626/creative-writing

-ဆန်းသစ်တဲ့အတွေးအခေါ်(ခေတ်ရှေ့ပြေးခေတ်ကြိုမြင်)-စာဟောင်းဗဟုသုတပါရောမွှေထား
-နောင်ကို တကယ့်သိပ္ပံပညာရှင်များတီထွင်ကြည့်ဖို့စိတ်ကူးသစ်-တပြုံးပြုံးနဲ့ နောက်ဆုံးထိဆွဲဆောင်သွားစေတဲ့ အရေးအသား
ထူးခြားထိုးဖောက်တဲ့ အတွေးအခေါ်ကို သဘောကျသလို၊ အတွေးကို အရေးက လိုက်မှီအောင် ရေးထားတဲ့အတွက် ကြိုက်နှစ်သက်ပါတယ်။

=========

(၁၂) အရှုံးပေါ်လေတဲ့ မမရဲ့ဘတ်ဂျက်စာရင်းနဲ့ ကလေးအတွေး (ရွာစားကျော်)
https://myanmargazette.net/142216/creative-writing/short-story

ပျော်စရာကောင်းတဲ့ ဝန်ထမ်းမိသားစုဘဝတစ်ခုကို ခံစားမိပါသည်။ အရေးအသားကောင်းပြီး စာဖတ်သူကို စွဲဆောင်နိုင်သောပို့စ်တစ်ခုဖြစ်ပါသည်။ နေပြည်တော်မှာ နေထိုင်နေရသော အခြေအနေကို မြင်သာအောင် ရေးဖွဲ့နိုင်ပါသည်။ ဘတ်ဂျက် အဓိပါယ်ကို နားလည်အောင်ရှင်းပြပေးနိုင်သော လူကြီးတစ်ဦးနှင့် ကလေးတစ်ယောက်၏အတွေးဖြင့် လက်ရှိ ဘဏ္ဍာရေးအခြေအနေကို သရော်တော်တော် ဟာသနှောပြီး ရေးဖွဲ့နိုင်သည့် ရသစုံပို့စ်တစ်ခုဖြစ်ပါသည်။

==========

(၁၃)ဆ=ဆရာမဝင်းပြုံးမြင့်အတွက် Surrealism လက်ဆောင်လေး (အလင်းဆက်)
https://myanmargazette.net/146558/arts-humanities

အက္ခရာစဉ်အလိုက် တစ်စိုက်မတ်မတ်ရေးသားခဲ့တဲ့ အလင်းဆက်ရဲ့ အက်ဆေးနဲ့တူတဲ့ ဆောင်းပါးလေးများက ဖတ်လို့ကောင်းပါတယ်။ စိတ်ကူးကောင်းပြီး ဇွဲကောင်းတဲ့အတွက် ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုမိပါတယ်။

==========

(၁၄) iသံလုံး နှင့် ဖုတ်သွင်း ခေတ် (Liquid_Sn@ke)
https://myanmargazette.net/144266

ပိုင်နိုင်သော သရော်စာရေးဟန်တပုဒ်ဖြစ်ပြီး အဖိအဖေါ့တို့ကို ကျွမ်းကျင်စွာကစားလျှက် ရေးသားသရုပ်ဖေါ်ပုံကို နှစ်သက်မိပါသည်။

========

(၁၅)သံမဒဂျီး သံမဒဂျီး သံမတဂျီးကိုခြစ်တယ် Love (ကြောင်ကြီး)
https://myanmargazette.net/145698

သွက်လက်တဲ့ သရော်စာရေးဟန်လေးပါ။ စားကောင်းတဲ့ဟင်းတခွက်ကို ဘာကြောင့်ကောင်းသလဲ လို့မေးရင် စားကြည့်ဗျာ လို့ ဖြေလိုက်တာက အမှန်ဆုံးဖြစ်သလို- ယခုလဲ ဖတ်ကြည့်ဗျာ.. လို့ ညွှန်းထိုက်တဲ့ စာမူဖြစ်ပါကြောင်း။

=========

(၁၆)ကျွန်ုပ်၏ ဆရာသခင်ထံသို့ ရီပို့တင်ခြင်း(marblecommet)
https://myanmargazette.net/141452/

သရော်စာကို ပိုင်ပိုင်နိုင်နိုင် ရေးပြနိုင်လို့ သဘောကျပါတယ်။
အကြောင်းအရာကို အရေးအသားနဲ့ ဆွဲခေါ်သွားလို့ စာကို ပြီးဆုံးသည်ထိ ပေ့ါပေ့ါပါးပါးနဲ့ ဖတ်ဖြစ်သွားတယ်။

=========

(၁၇)သင်းကွဲငှက်ရဲ့ ရင့်ကြူးဟန် (ရဲစည်)
https://myanmargazette.net/145902/creative-writing

သင်းကွဲ ငှက်ရဲ့ အော်သံဟာ တကယ်ဘဲ တစ်ခြား ငှက်တွေနဲ့ ကွဲ/မကွဲ သိလိုစိတ် နဲ့ ဖတ်ခဲ့တဲ့ စာစုလေးပါ။
စာစု လေးမှာ hidden meanings တွေနဲ့လား ဆိုပြီး အတွေးများစွာ နဲ့ အတော်လေး သဘောကျမိပါတယ်။
ငှက်ကလေး ငှက်သက်ကြွေလို့ ဂေဇက်မှာ လူလာဖြစ်မှာ ဆိုရင် ကြက်ဖကြီး ကို ဘာလို့ အဲဒီမေးခွန်းကို မေးတာလဲ လို့မေးပေးပြီး အဖြေယူခဲ့စမ်းပါလို့။
ရှုဒေါင့်မျိုးစုံ ကနေ ထင်ချင်ရာထင်နိုင်ဖို့ ဖတ်လိုက်ကြပါဦး။

=========

(၁၈) မန်းဂေဇက်ချစ်သူများစာပေဆု (ဇူလိုင်လ)( ပဒုမ္မာ)
https://myanmargazette.net/143981/creative-writing

ပြောစရာမကျန်အောင် လှပသောအတွေးဖြင့်ရေးသားထားသောစာမူ ဖြစ်၍နှစ်သက်ပါသည်။
စာပေဆုပေးပွဲမှ ရွေးချယ်ထာသော လူစာရင်းကို ထုတ်ပြန်ကြေညာပုံမှာ ပညာသားပါလှသည့်အပြင်
မန်းလေးဂေဇက်ရွာသူားများ၏ ဘဝကို ပုံဖော်ထားပုံမှာ ဟာသရသအပြည့်ဖြင့် ပုံဖော်ထားသော
ကြောင့် အကြိုက်ဆုံးအဖြစ် သတ်မှတ်လိုက်ပါသည်။

=========

ရွာသူားတို့ ရဲ့ အကြိုက် နဲ့များ တူမလားသိရအောင် ရယ် ။ ရွာသူားတို့ စာပြန်ဖတ် နိုင်အောင်ရယ် ကထူးဆန်း တိတ်တိတ်ခိုး တင်လိုက်ပါကြောင်း။..

ရှုး တိုးတိုး …. ကဲ မှန်း .. ဘယ်သူဖြစ်မလဲ ..

(ရွေးချယ်ရေး အဖွဲ့၏ ခွင့်ပြူချက် မတောင်းခံဘဲ ကြိုတင် အသိမပေးဘဲ တင်လိုက်ခြင်း အတွက် ငှက်ကထကြီးနှင့်တကွ အဖွဲ့ဝင်များ ခွင့်လွှတ်ပေးတော်မှုကြပါ)

36 comments

  • ကထူးဆန်း

    September 10, 2012 at 10:34 pm

    ကြိုက်ရတဲ့ အကြောင်းရင်းတွေ အားလုံးမထည့်ထားပါဘူး .. တော်ကြာ သိသွားမှာ စိုးလို့ .. 😀

  • pooch

    September 10, 2012 at 11:00 pm

    ကျမတော့ ကိုဘလှိုင်ကို ပထမပေးတယ်။ သူ့နောက်က ကိုမြတ်ကျော်သူ ။ သူ့နောက်က ဦးမိုးညို

    ဘယ်သူမှ မမြင်အောင် ကျမလည်း ကိုယ့်စိတ်တိုင်းကျ ဗုတ်လိုက်တယ်။ 😀

    ဘာဖြစ်လို့ ကိုဘလှိုင်ပိုစ့်ကို ပထမပေးလဲ ဆိုတော့ ဒီကနေ တွင်ကျယ်လာတဲ့ အွန်လိုင်းစာပေဆိုတာ အဆိုးအကောင်း အကျိုးအကြောင်း အချိန်တိုတွင်းမှာ သက်ရောက်မှုရှိတာမို့ ဒီညွှန်းဆိုချက်အတိုင်း လိုက်နာရင် အွန်လိုင်းစာပေချစ်သူကျမတို့တွေ ဆင်ဆင်ခြင်ခြင်နဲ့ ပြောတတ်ဆိုတတ်လာပြီး အပြန်အလှန် လေးစားမှုရှိလာမှာပါ။

    ပိုစ့်တွေအောက်က မှတ်ချက်လေးတွေကို လည်း ဘယ်သူတွေ ပေးတယ်ဆိုတာလည်း တော်တော်များများ မှန်းလို့ရကြောင်းပါ။ ဒါမှ တကယ့်လိခ်။ :mrgreen:

    • ကထူးဆန်း

      September 11, 2012 at 6:13 am

      ဟဲဟဲ .. ဟဲဟဲ
      (ခရက်ဒစ်တူဘဖော)

      • pooch

        September 11, 2012 at 4:03 pm

        အမှားလာပြင်တာဗျို့ ။ ဒုတိယရေးတဲ့သူက လျျှပ်စစ်မီးရရှိရေးကွန်ပြူတာပညာသည်တစ်ဦး၏အမြင် (MTY) ကိုညွှန်းတာ နာမည်မှားရေးလိုက်လို့ ခွေးလွှတ်ပေးပါ ကထူးဆန်း :mrgreen:

  • padonmar

    September 11, 2012 at 2:15 am

    ကထူးဆန်း
    ရှူးတိုးတိုး
    ကောင်းလိုက်တဲ့ စိတ်ကူး။
    ကဲကိုယ်မှန်းတာနဲ့ ကိုက်မကိုက် အကယ်ဒမီမှန်းသလိုမှန်းကြပါအုံး။
    မှန်ရင် ကထူးဆန်းက ကားတစ်စီးဆုချဖို့ ဝယ်ထားပါတယ်။ဘီဒိုထဲထည့်ထားတုံး သူ့သားလေးထုတ်ဆော့နေပါတယ်။
    မတိုက်ဆိုင်ရင်လည်း ထုံးစံအတိုင်းခွေးလွှတ်တော်မူကြပါကုန်လော့။

  • အရီးခင်လတ်

    September 11, 2012 at 3:09 am

    ဒီတစ်ခါ က ပိုပြီး သဲထိတ်ရင်ဖို ပါဗျို့။
    ရလာဒ် ကို ဒိုင်တွေတောင် မသိဘူး။
    ဒီတော့ ကျွန်မ အထင်ကတော့ ………………..
    အဲဒီ အထဲ ကတစ်ယောက်ဘဲ။ 😀

    • မဟာရာဇာ အံစာတုံး

      September 11, 2012 at 3:15 pm

      ဒို့အရီးပြောတာ
      အမှန်ဆုံးဘဲဂျ …
      ဒီထဲက တစ်ယောက်တော့ ကျိန်းသေတယ် ..
      ကျိန်ဆိုလည်း ကျိန်ရဲတယ်ဗျာ .. အဟိ ..

  • Crystalline

    September 11, 2012 at 9:08 am

    ပို့စ်တိုင်းကိုတော့မဖတ်ရသေးဘူး.. ပြန်ရှာဖတ်ရအုန်းမယ်.. ကိုရွာစားကျော်ရေးထားတာလေးတော့ ဖတ်စကတည်းက ပေါ့ပေါ့ပါးပါးနဲ့ကြိုက်မိ တယ်.. ဂျာနယ်တွေ magazine တွေပို့ရင် အရွေးခံရမှာ သေချာတယ်.

  • kyeemite

    September 11, 2012 at 9:16 am

    ကထူးဆန်းရဲ့ မရေးတတ်ဘူးဆိုတဲ့ အရေးအသားကိုက ရိုးရိုးကြီးနဲ့ကောင်းနေပါပြီ…
    ဘယ်သူဆုရမယ်မသိပေမဲ့ သေချာတာပြောပါဆိုရင်တော့..
    ကြီးမိုက် မရတာတော့သေချာပါဂျောင်း…
    အားလုံးကိုဆုရပြီးပျော်စေချင်တဲ့…..
    ကြိုက်မီး။

  • Moe Z

    September 11, 2012 at 9:36 am

    ဘယ်သူရရ … မရရပေါ့ ….. ကျနော်ကတော့ မှန်းလို့မရပါဘူး ……. :mrgreen:

    ဘယ်သူပဲဖြစ်ဖြစ် ဆုရတဲ့သူကို Cheers!!! 😀

  • ဦးဦးပါလေရာ

    September 11, 2012 at 10:05 am

    ဆကာတင်ဆိုတာကတော့ အကြော်စုံပေါ့နော…
    ဒီတစ်လလဲ ပဏာမရွေးထားကြတာ ဆယ့်ရှစ်ပိုစ့်တောင် ရှိပါတယ်…။
    အဲဒီဆယ့်ရှစ်ပိုစ့် လုံးဟာ အရွေးခံရတာပါ…
    အဲဒီထဲကမှ (ဆုကတခုထဲတတ်နိုင်လို့) တခုထဲ ပြန်ရွေးတာ ဖြစ်ပါကြောင်း….

  • weiwei

    September 11, 2012 at 10:38 am

    ဒီတစ်လမှာ အရင်လကထက် ပို့စ်တွေ ပိုကောင်းလာတာ သတိထားမိတယ် ….
    ရွေးရတာ အတော်ခက်လာပါပြီ ….
    နောက်လတွေမှာ ပိုပိုပြီး ကောင်းလာမယ်လို့ ယုံကြည်မိပြီး ပို့စ်တွေကို ရင်ခုန်စွာနဲ့ စောင့်မျှော်ဖတ်ရှုနေပါတယ် …

  • surmi

    September 11, 2012 at 11:00 am

    ဖတ် ရွေး အဖွဲ ့ ကို အတော်လေး ကိုယ်ချင်းစာမိပါတယ်
    အားလုံးနီးပါး ဖတ်ခဲ ့ပြီးသားပါ ။
    ကျနော်သာဆို မရွေးတတ်အောင်ပါပဲ ။ အထူးသဖြင် ့ရွာသားသစ်ပေမဲ ့ လက်ရည်
    ကောင်းတဲ ့ အောင်မိုးသူကို သတိထားမိပါတယ် ။
    ဆုကြေငြာတဲ ့ အချိန်မှာ မရှိနိုင်တာမို ့ ခုကတည်းက ဆုပိုင်ရှင်ကိုဂုဏ်ပြုပါတယ် ။

  • Shwe Ei

    September 11, 2012 at 11:33 am

    အခုလို ဆကာတင် စာရင်းထွက်လာတော့ မဖတ်ရသေးတဲ့ ပို့စ်တွေပြန်ဖတ်ခွင့်ရလို့ ကထူးဆန်းကို ကျေးဇူးတင်ပါကြောင်း။ ပို့စ်အားလုံးကို ကြိုက်ပါကြောင်း။ 🙂

  • ဖတ်ပြီးမော မောရင်းဖတ် ဖတ်ရင်းရွေး ရွေးပြီးထပ်ဖတ်
    ဖတ်ပြီးထပ်ရွေး
    အမလေးလေး………………..သုံးပုဒ်ထဲရွေးခို်င်းးတာ နည်းတာအေ

  • ကြည်ဆောင်း

    September 11, 2012 at 3:06 pm

    (18) ပုဒ်ထဲမှာမှ (8) ပုဒ်ပဲ ဖတ်လိုက်ရတယ်
    ဖတ်ရတဲ့ (8)ပုဒ်လုံးကောင်းတယ်..
    မဖတ်ရသေးတာတွေလဲကောင်းမှာပါဘဲ
    ရွေးတဲ့လူကြီးများ တော်တော် ဦးဏှောက်စားမှာ 🙄

  • စိန်ဗိုက်ဗိုက်

    September 11, 2012 at 4:17 pm

    နာသိတယ်.နာသိတယ်….ဆုရမဲ့လူက နာပဲဖြစ်မယ်..
    ဘာမှမရေးလို ့ အသန် ့ရှင်းဆုံး ဆု ဆိုပြီး ပေးကြမယ်မလား..
    ရေးမယ်ဆို ဆိုက်ကားနင်းလိုက် အီးပန်းလိုက်နဲ ့ ဘီအီးမူးလိုက်နဲ ့မိုလို ့ ဘာမှမရေးတော့ ရွာထဲ မျက်စိနောက်သက်သာလို ့ကျေးဇူးတင်တယ်ဆိုပီး..အသန် ့ရှင်းဆုံး ဆုကို ချီးမြှင့်ကြမယ် ဆိုပါတော့..
    သာဓု..သာဓု..သာဓု..
    🙂

    • MaMa

      September 11, 2012 at 10:55 pm

      ရွာထဲမှာ ပထမဦးဆုံးလှုပ်ရှားသူဆု (သို့) အလှုပ်ရှားဆုံးဆု ဆိုရင်တော့ ကန့်ကွက်မဲမရှိ၊ ၁၀၀% ထောက်ခံမဲနဲ့ စိန်ဗိုက်ရမှာ ကျိန်းသေပဲ။ 😀

      • ကထူးဆန်း

        September 12, 2012 at 11:07 am

        အဲ့ဒီ့ လှုပ်စိပျောက်နေရင် လွမ်းနေရတာ.. 😀

  • San Hla Gyi

    September 11, 2012 at 6:34 pm

    ကျန်တဲ့ပို့စ်တွေတော့ သိပ်မသိပေမယ့် နံပါတ် ရ ပို့စ်ကတော့ ကျနော် အပြန်အလှန် ဆွေးနွေးတာ နည်းနည်းလုပ်လို့ သိပါတယ်။ ဟုတ်ပါတယ်။ ကွန်မန့်တွေကို ပြန်ဖြေထားတာက လေးစားစရာပါ။ ရွေးချယ်ရေး အဖွဲ့ကိုတော့ တော့်တော့်ကို လေးစားသွားပါပြီ။ မလေးစားပဲနဲ့ကို မနေနိုင်တော့ဘူး။
    စကားမစပ် တခါတလေ ကျနော်မေးခွန်းမေးတာ သုံးခါမေးရင်တောင် မရတာတွေ ရှိတယ်ဗျ။

    • ကထူးဆန်း

      September 12, 2012 at 11:11 am

      ိDo and Don’t ထဲမှာ ဦးဆောင် ဆွေးနွေးနိုင်ရမယ် ဘဲ ပါတော့ မေးလျှင်ပြန်ဖြေရမည်ဆိုတဲ့ ဥပဒေ တင်သွင်းကြရအောင်ဗျာ .. 😀
      ပြောသာပြောသာပါ ရူလ်းက ရှုလ်း ဒူးက ဒူးပါဘဲ .. :mrgreen:

      • San Hla Gyi

        September 12, 2012 at 7:54 pm

        ဦးဆောင်ဆွေးနွေးရမယ် ဆိုတာနဲ့ မေးလျှင်ဖြေရမယ် ဆိုတာ ဘယ်လိုကွာသလဲတော့ မသိဘူး။ အမှန်တော့ ကျုပ်က မေးတယ် ဆိုပေမယ့် အဲဒီစာရေးသူရဲ့ အာဘော်ကိုပဲ ဆွေးနွေးတဲ့အနေနဲ့ မေးတာပါ။ အချက်အလက်ကို မေးပုံမျိုး မဟုတ်ပါဘူး။ မေးတယ်ဆိုတာက တမင် စကားလှအောင် ပြောတာပါ။
        တကယ်တော့ ဆွေးနွေးတာပါ။

    • ရဲစည်

      September 13, 2012 at 1:45 pm

      အူးလေးက ပညာရှင် ဆြာဂျီးလေဗျာ…
      တချို့တွေက ရေးသာရေးလိုက်တာ မေးရင် ပြန်မဖြေတတ်ကြဘူး….
      အဲ့လာက အူးလေးတို့လို နိူင်ဂံဂျားမှာ နေသူတွေ အတွက် အဲဗားအွန်လိုင်း မဟုတ်တော့ အကန့်အသတ်တော့ ရှိမှာပေါ့…။
      အူးလေး အဲ့တုန်းက မေးခွန်မေးတဲ့ ဆြာက ရုံးဆင်းချိန်ဆို အင်တာနက်က သိတဲ့အတိုင်း….. အဲ့တော့ စိတ်လျော့ပါဗျာ…။
      မှတ်ချက်။ ။ အနော်က အဲ့လူ တပည့်တော့ မဟုတ်ဘူး

      • San Hla Gyi

        September 13, 2012 at 6:08 pm

        အော် ခင်ဗျားကို ကျုပ်ပြောရအုံးမယ် ကျေးဇူးရှင်။
        အရင်တုန်းကလည်း ကျုပ်ပြောခဲ့ဖူးတယ်။ ကျုပ်က ပို့စ်တခုကို လာတယ်ဆိုတာ ပို့စ်ပိုင်ရှင်နဲ့ ဆွေးနွေးချင်လို့ပဲ။ ဒါကြောင့် ကျုပ်ကို ဖြတ်ပြောရင် ကျုပ်နဲ့မရင်းနှီးတဲ့လူဆို ဖြေလေ့မရှိဘူး။ ဒါပေမယ့် ကျုပ်ပို့စ်ကို လာတဲ့လူတွေကိုတော့ ပြောတဲ့လူရဲ့ အခြေအနေအတိုင်း ပြန်ပြောပါတယ်။ ဒါကတော့ စည်းကမ်းဖြစ်သလို ယာဉ်ကျေးမှုလေဗျာ။ ကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ့်ဆီလာပြီး ဆွေးနွေးသူကို ပြန်ဖြေရမှာပေါ့။ ယာဉ်ယာဉ်ကျေးကျေး လာသူကို ဆီးကြိုရမှာကိုး။
        ခင်ဗျား ကျုပ်နာမည်ကိုတော့ မပြောပါဘူး။ ဒါပေမယ့် ဒါကတော့ ကျုပ်ကို ပြောတယ်ဆိုတာ သေချာလို့ ပြန်ဖြေလိုက်တယ်။ ခင်ဗျားကို ကျုပ်သိပ်သဘောမကျဘူး။ ဒါကြောင့် ခင်ဗျားပို့စ်တွေ ကွန်မန့်တွေကို မှတ်ချက်မပေးတာပဲ။ အခုလည်း ခင်ဗျားနဲ့ ဘာမှမဆိုင်လို့ ခင်ဗျားပို့စ်လည်း မဟုတ်လို့ အသာ တိတ်တိတ်လေး နေစမ်းပါဗျာ။ ကျနော်တို့ချင်းလည်း အရင်ကတည်းက အပြောအဆိုမှ မရှိတာ။
        နောက် ခင်ဗျားပြောလဲ ကျုပ်ပြန်ဖြေချင်မှ ဖြေမှာ။ ကျနော်လဲ ခင်ဗျားကို အရင်တုန်းကလည်း ဘာမှ မပြောခဲ့သလို ဆောင်းပါးထဲမှာလည်း စောင်းပါးရိပ်ခြည်တောင် မရေးဘူးပါဘူး။ ကျုပ်က ကင်းကင်းနေနိုင်ပါတယ်။ အခုလည်း ခင်ဗျားက မဆိုင်ပဲနဲ့ ဝင်ပြောတာပါ။

        • padonmar

          September 15, 2012 at 10:00 pm

          ကိုစံလှကြီးရေ
          ရွာထဲမှာကတော့ ပို့စ်ပိုင်ရှင်မှမဟုတ်ပဲ ကြုံရာလူက မန့်သွားဖြေသွားကြတာ (Forum သဘောမျိုးမို့)
          ရဲစည်လေးကလည်း မန့်တာတွေ ပြန်မဆွေးနွေးကြရခြင်းကို ဝင်ရှင်းပြတာပါ။မဆိုင်ပဲဝင်ပြောတယ်လို့ သဘောမထားပါနဲ့။
          စိတ်မဆိုးပါနဲ့။ကိုယ့် ရွာသားအချင်းချင်းတွေပဲ။

  • MaMa

    September 11, 2012 at 10:50 pm

    ပိုစ့်ကောင်းတွေ များလွန်းလို့ ၃ ပုဒ်တည်း ရွေးရမှာဆိုတော့ ကြိုက်တာတွေထဲက မနည်းရွေးဖယ်ထုတ်ရတယ်။
    ပိုစ့်တွေ ကောင်းလှသလို ဖတ်ရွေးအဖွဲ့တွေကလည်း သူ့ထက်သူ လူစွမ်းကောင်းတွေဖြစ်ကြောင်း သက်သေတွေပြသွားကြတယ်။
    ကိုယ့်အလှည့်ကျမှ ညံ့ကြောင်း သက်သေပြတော့မယ်။
    :mrgreen:
    PS. ကထူးဆန်းပိုစ့်မို့ ထင်ပါရဲ့။ မန့်ထားပြီးပါရက်ကနဲ့ ခုပြန်ဝင်ဖတ်တော့ မတွေ့လို့ ထပ်မန့်လိုက်တယ်။ လူ့စိတ်ဆိုတာ မျောက်စိတ်လိုပဲဆိုတော့ ပထမဖတ်တုန်းက မန့်လိုက်တာက တမျိုး (ဘာလိုမန့်မိမှန်းတောင် မသိတော့ဘူး)၊ ခုထပ်မန့်တော့တမျိုး။ 😛

  • aung moethu

    September 13, 2012 at 12:52 pm

    ဘယ်သူရရ ဝမ်းသာပါတယ်ဗျာ…. ဆုရမယ့်သူကိုလည်း စောင့်မျှော်နေပါကြောင်း……။ ဆုမရရင်လည်း စာတွေချစ်တဲ့အတွက် စာတွေဆက်လက်ရေးနေပါကြောင်း ထပ်လောင်းပြောပါရစေဗျာ။ း)

  • ရွှေ ကြည်

    September 13, 2012 at 5:52 pm

    အကုန်တော့မဖတ်ရသေးဘူးရယ် စကာတင်တွေဖြစ်လို့အားလုံးကောင်းမယ်ဆိုတာတော့ပြောစရာမလိုလောက်တော့ပါဘူး ဖတ်ဖူးသလောက်ထဲမှာဆိုရင်တော့

    နံပါတ် (၆)ပိုစ့်မော်ဒန် ပုဂံသူရဲကောင်း ပုံပြင်( Inz@ghi)

    အဲဒါကိုနှစ်ခြိုက်မိပါတယ် ဘာကြောင့်လည်းဆိုတော့ကာ အဲ ဘယ်လိုပြောရပါ့ ပုဂံသူရဲကောင်းတွေကိုလည်းသဘောကျတဲ့ဓါတ်ခံကလည်းရှိပြန်
    အဲဒီသူရဲကောင်းတွေရဲ့အတွေးအမြင်အနေနဲ့လက်ရှိခေတ်ကိုသုံးသပ်သရော်ထားတာကိုလည်း
    သဘောကျမိလေတော့..။
    မဖတ်ရသေးသည်များကိုဆက်လက်ဖတ်ရှုပါဦးမည်။

  • Khaing Khaing

    September 14, 2012 at 10:55 am

    ဟေး ……. ခမည်းခမက်ကြီး ဒီလအရွေးခံရမလားမသိဘူး … ခမည်းခမက်ရေ လက်ဆောင် ချီးမြှင့်ပွဲကျလာမှသိလား …. သမီးလေးကိုပါခေါ်လာခဲ့မှာ ….. ဘယ်သူရရ တို့ကတော့ ပွဲတက်ဖို့အဆင်သင့် ပဲ ……..

    • Khaing Khaing

      September 14, 2012 at 10:59 am

      အော် … ကျန်သွားတယ် … ကိုအောင်မိုးသူရဲ့လက်ရာလေးတွေကို အမြဲအသိအမှတ်ပြုဖတ်မိပါတယ် … အမြဲတမ်းမရိုးနိုင်တဲ့အရေးအသားလေးတွေပါ ……..

      • နောက်နေ.......

        September 16, 2012 at 1:00 pm

        အောင်မငီး
        ယောက်ခမကြီးကသူ့သမီးလေးပုံကိုကြေညာထားပါကလားရို့…..
        ရှမ်းပြည်သားနဲ့သဘောတူပြီးရင်ဘယ်သူမှထိမရတော့ဘူးနော်…..
        ဒီကလေလံအောင်ပြီးသားနော်……တို့မခိုင်ကြီး……

  • အလင်းဆက်

    September 14, 2012 at 7:28 pm

    သားသားကတော့..လေ
    ဦးဦးပါလေရာ..ပြော တာလေးကို… သဘောကျတော်မူပါရဲ ့ ့ ။
    ထောက်ခံတော်မူပါရဲ ဗျာ.။
    စီန်ဗိုက်ဗိုက်ကို..လည်း.ဆုတစ်ခုလောက်. စီစဉ်ပေးတော် မူကြပါလို ့…
    😀

    အဟ်ိ ။ သားသားရဲ ့ ့ပိုစ့်လေးတစ်ပုဒ် ဆကာတင်ထဲ..ပါနေလို ့..
    ပျော်လိုက်တာ ။

    အိမ်ကို ခုန်..ခုန်ပြီးပြန်မယ်။ ဂျယ်လီ ဝယ်စားမယ် ။ မိုးရွာရင်..မိုးရေ ထွက်ချိုးမယ်..။
    အဟိ ။ အဟိ ။
    😀 😀

  • ဝင့်ပြုံးမြင့်

    September 15, 2012 at 11:27 pm

    မန်းဂဇက်စာပေဆု ကိစ္စ အရေးကြီးတယ်လို့ ပြုံးထင်ပါတယ်နော်။ ပရင့်မီဒီယာက သိပ်ကိုအားနည်းနေတယ်။ ကြာရင် မြန်မာစာ အညွန့်တုံးမှာတောင် စိုးရတယ်။ အခု စာပေစိစစ်ရေး မရှိတော့တာတောင် အဆင်မပြေ ဖြစ်နေကြတယ်။ ပုံမှန်အတိုင်းဆိုရင် ရသအဆင့်မြင့်စာပေတွေ ရောင်းအားမကောင်းဘူး။ အချစ်ဝတ္ထုက အလယ်အလတ်။ သိုင်းနဲ့ ဂမ္ဘီရတွေက ရောင်းအားကောင်းတယ်။ အဲဒါ ပုံမှန်ရှိရမယ့် အခြေအနေ။ အခု အဲဒီလိုတောင်မဟုတ်တော့ဘူး။ သိုင်းနဲ့ ဂမ္ဘီရ ထုတ်တဲ့ စာအုပ်တိုက်တွေ ဘုံးဘုံးလဲကုန်တယ်။ ကလေးစာပေ အားသိပ်နည်းတယ်။ အဆင့်မြင့်ရသတွေ မထွက်နိုင်ကြဘူး။ မဂ္ဂဇင်းတွေ ကြော်ငြာချည်းပဲ။ ဒါကြောင့် အခုလို အွန်လိုင်းမီဒီယာက တစ်တပ်တစ်အား လုပ်ဖို့ သိပ်အရေးကြီး တယ်လို့ ထင်မိပါတယ်။
    ဟိုအရင်က ဆူး ဦးဆောင်ပြီး အလှူကိစ္စ ကမကထလုပ်ရာကနေစပြီး ဒီလိုစိတ်ကူးတွေ အစဉ်အဆက် ပါလာခဲ့ကြတယ်လို့ ထင်မိပါတယ်။ အရင်လူတွေ ဆူး တို့ မအိတုန်တို့ ဝင်ဦးဆောင်နိုင်ရင် အတိုင်းထက် အလွန်ပဲလို့ ထင်မိပါတယ်။

  • နောက်နေ.......

    September 16, 2012 at 12:57 pm

    အလိုလေး……
    ရွာထဲကိုမဝင်ဖြစ်တုံးသိပ်ကိုစည်ကားနေကြပါကလားရို့…….
    ရှမ်းပြည်သားတို့လဲ တောင်ယာလုုပ်ရင်းအချိန်တွေကုန်သွားလိုက်တာ
    ရွာကြီးဘာဖြစ်သွားမှန်းကိုမသိလိုက်ပါကလား…..
    ရေးနိုင်ကြသူတွေရေးကြပါတော်….
    ရေးကြပါတော်…..

  • DEPARKO DEPARKO

    September 16, 2012 at 2:35 pm

    ကျွန်တော်ကတော့ ရွာထဲအဝင်ခက်လို့ ရတဲ့အချိန်အလစ်ဝင်ရလို့ ကွန်မန့်ရေးဘို့တောင်ခက်လို့ ဖတ်တော့ဖတ်ပါတယ် ဝင်အရေးရခက်လို့ပါ ဆုရတဲ့သူကိုကြိုတင်ဂုဏ်ပြုလိုက်ပါတယ် ဘရာဘို

Leave a Reply