မိန်းမတောင်းပွဲ

htet waySeptember 10, 20121min30126

မိန်းမတောင်းပွဲ
ထက်ဝေး
ရဲခေါင် မျိုးတင့် ဆိုတာက အသက် ၅ဝလောက်ရှိတဲ့ လူပျိုကြီး တစ်ယောက်ပါ။ဘာကြောင့် ခုထိ အိမ်ထောင်မကျလည်းဆိုတော့စိတ်ကြိုက်မတွေ့ဘူးတဲ့။သို့သော်အိမ်ထောင်မကျဖူးဘူး ဆိုပေမယ့်ချစ်သူအိမ်ထောင်ဘက်ဆိုင်ရာတွေကျွမ်းကျင်နှံစပ်ပါပေတယ်။ဘယ်ကောင်မလေးကဘယ်လို၊ဘယ်အမျိုးသမီးကလမ်းလျှောက်ရင်မြန်လို့ဘာစိတ်ဓါတ်သူအကုန်ပြောနိုင်တယ် ပေါင်းတာကလည်းလူငယ်တွေချည်းပဲ။
တခုပြောချင်တာကထူးထူးခြားခြားသူကအရွယ်ညက်နေတယ်။အရွယ်တင်တာ မဟုတ်ဘူးညက်တာ။သေးသေးညက်ညက်လို ညက်တာတော့ မဟုတ်ဘူး ။သူ့မှာက ပန်းနာရှိတော့ လက်ပြင်ကုန်းတယ်။သူခါးမှာအမြဲတမ်းအသက်ရှုကြပ်ရင်ရှူတဲ့ဗူးကချိတ်ထားရတယ် ။ စကားနည်းနည်းများများပြောရင်ဘဲသံလိုအသက်ရှူသံပြင်းပြီးတရှပ်ရှပ်ဖြစ်လာတယ်။
ရွာသာယာသပြေတန်းမှာကဈေးဆိုင်ကြီးကြီးမားမားမရှိဘူး။တဆိုင်ထဲရှိတယ်ရှိတဲ့ ဆိုင်က တရုပ်သွေး စပ်တာတဲ့ကြင်ဝှက်တို့ဆိုင်ပါ။ကိုကြင်ဝှက်မှာသမီး(၃)ယောက်ရှိတယ်အငယ်ဆုံးကောင်မလေးကတော်တော်ချောတယ်။ရဲခေါင်မျိုးတင့်ဈေးသွားဝယ်တယ် ဆိုရင်တန်ဖိုးနည်းတာလေးတွေဆို ပိုက်ဆံမယူဘူး ။တရွာလုံးမှာ ဘယ်သူ့ကိုမှဖေါ်ဖေါ်ရွေရွေ မရှိတဲ့ ခင်မေဆိုတဲ့ တရုတ်မလေးက ရဲခေါင်မျိုးတင့်ဆို ထိုင်စကားပြောတယ်။မဆန်းပေဘူးလား။
“ခင်မေကငါ့ဆိုအရေးပေးတယ်ကွ”
ခင်မေလား..အင်းအသက်ငယ်ပေမယ့်လူတန်းစားခွဲခြားဆက်ဆံတတ်တယ်ဒါခင်မေနဲ့ပတ်သက်လို့ရဲခေါင်မျိုးတင့်ကအမြဲတမ်းပြောတတ်တဲ့စကားပါ။အမျိုးသမီးတွေကို ကြည့်တာနဲ့တာ်တော်ခွဲခြားနိုင်တယ် ဆိုလို့လူငယ်တွေကလည်းသူ့ဆိုပေါင်းသင်းလို့တစ်ချို့ဆိုသူကဒီကောင်မလေးမကြိုက်နဲ့ပုံကြည့်တာနဲ့သိတယ်ရီးစားများထားတဲ့ပုံဆိုပြီးရဲခေါင်မျိုးတင့်ပြောလိုက်ရင်လူငယ်တွေကနောက်ဆုတ်တော့တာပဲ။သူကအဲ့ဒီလိုလူငယ်တွေပေါ်မှာဩဇာကြီးပါတယ်။
ခင်မေကိုလည်းရွာထဲကလူငယ်တွေကကြိတ်ပိုးနေကြတယ်။ဒါပေမယ့် တိုင်ပင်ဖို့ ရဲခေါင်မျိုးတင့်ကို မေးတိုင်းတွန့်ဆုတ်နေတယ်မပြောချင်ပြောချင်နဲ့ “ဒီကောင်မလေးကအချစ်တွေဘာတွေစိတ်ဝင်စားမှာမဟုတ်ဘူး”
လို့ပဲပြောပြီးနုတ်ဆိတ်နေတတ်တယ်။ရဲခေါင်မျိုးတင့်တို့ကရွာမှာနည်းနည်းတော့လူရည်လယ်တယ်ဆိုရမယ်။သူ့အမျိုးတွေကပုသိမ်မြို့ကြီးမှာရှိတယ် အိမ်မဲမြို့ပေါ်မှာရှိတယ်။ မကြာခဏ မြို့ပေါ်ရောက်တယ် ။တခြားတော့မဟုတ်ဘူးရင်ကြပ်လာရင်မချိမဆန့်ဖြစ်လာရင်မြို့ဆေးခန်းပြေးရတယ်လေ။ ရဲခေါင်မျိုးတင့်တို့ကခေသူတော့မဟုတ်ဘူးဒီလောက်ကျန်းမာရေးကချို့ယွင်းနေတာတောင်ကိုကမ်းတို့ကိုရင်စည်တို့နဲ့တွေ့ရင်တစ်ခွက်တစ်ဖလာတာ့ချတတ်သေးတယ်။ တစ်နေ့မှာရွာထိပ် ထန်းရည် ဆိုင်မှာ ထိုင်ပြီးဝိုင်းဖွဲ့နေတုန်းအမြည်းကိစ္စလိုလာတယ်အနီးဆုံးကထန်းရည်နဲ့လိုက်တာ ပဲကြီးလှော်ပဲသွားကိုကြင်ဝှက်ဆိုင်ဆိုတော့အသက်ငယ်တဲ့ကိုရင်စည်ကပြေးဝယ်မယ်လုပ်တော့ရဲခေါင်မျိုးတင့်ကနေပါစေကိုယ်သွားမယ်တဲ့။ဒီလူကလမ်းပြင်းပြင်းလျှောက်ရင်တောင်မောနေတဲ့လူကသွားမယ်ဆိုတော့လူငယ်တွေကလည်းဝို်င်းတားကြတယ်။ဒါပေမယ့်မရဘူးကိုရဲခေါင်ကတော့ရအောင်သွား တယ်။ပြန်လာတော့ ဘဲဂတ်သံပေါက်လာတယ်ရွာထိပ်ကနေရွာထဲထိသွားရတာကိုး။ကိုကမ်းတို့က အားနာနေကြတယ်။ ထန်းရည်ဝိုင်းကို ရောက်တော့ ပါးစပ်ကြီး ဟစိဟိဖြစ်နေတယ် သူစကားပြောမလို့ ဒါပေမယ့်အသံကထွက်မလာဘူးအားယူပြီးပြောချလိုက်တယ်။
“ ဟေ့ကောင်တွေဒီမှာ မင်းတို့ပေးလိုက်တဲ့ပိုက်ဆံ၂၀၀..တွေ့တယ်နော်
ခင်မေလေးက ငါဘာဝယ်ဝယ် ပိုက်ဆံမယူဘူး”“ဒီလောက်ဆို မင်းတို့ သဘောပေါက် ”
ရဲခေါင်မျိုးတင့်ကကိုကမ်းပေးလိုက်တဲ့ပဲလှော်ဖိုး၂၀ဝကိုဟန်ပါပါပစ်ချလိုက်တယ်။
ခင်မေ…ဟင်း ဟဲ ခင်မေဆိုတာကငါ့လို တရုတ်စပ်ပဲကွ စဉ်းစားစရာရှိရင် တရုပ် အချင်းချင်းပဲ စဉ်းစားရမှာပေါ့ ဟိုညိုချောဆိုတဲ့ ကောင်က လာလချည်သေး ငါ့ကို လာအကြံတောင်းနေတယ် ငါ က မဖြစ်နိုင်တဲ့ ကိစ္စဆိုရင် အကြံမပေးဘူး“ ရဲခေါင်မျိုးတင့်က စကားပြောရတာမောလို့ အသက်ပြင်းပြင် ရှူလိုက်တယ်၊ခဏနားပြီးမှ
“ဟိုကောင်လူဝကြီး..ခင်မေကိုတဖက်သတ်ချစ်နေတယ်တဲ့..သူဘော်ဒီကြီးမှအားမနာမိန်းကလေးဆိုတာကိုယ်လုံးဒီလောက်ကြီးရင်မကြိုက်နိုင်ဘူး..ဟာဟ..”
နောက်ရှိသေးတယ်..မျက်မှန်နဲ့ကောင်လူကပညာရှိပုံဖမ်းထားတဲ့ဟိုရွာစာရေးရယ်စရာတောင်ကောင်းသေးဒီကောင်ကရာရာစစ..ဟာဟ
ရဲခေါင်မျိုးတင့် ပြောစကားတွေနဲ့ တင် ဟိုနှစ်ယောက် ကတော်တော်မူးနေပြီ။ ခင်မေနဲ့ ဘယ်သူနဲ့မှ မဖြစ်နိုင်ကြောင်း တရားနဲ့ ထန်းရည် က ပိုပြင်းလာတယ် ထန်းရည်မူး ကျွဲခိုးပေါ်ဆိုတဲ့ စကား အတိုင်း
“ ရဲခေါင်မျိုးတင့်က ခင်မေကို ချစ်နေကြောင်း၊ မကြာခင်တောင်းရမ်းမယ်ဆိုတဲ့ အကြောင်းကို အသက်၅ဝကျော်လူပျိုကြီးက ထန်းရည် ဝိုင်းမှာကြေငြာတယ် ။ မူးနေတော့ လွှတ်ပြော တာပေါ့ဒီမှာ “ ရဲခေါင်မျိုးတင့် ပြောတဲ့ အချက်မှာ ခင်မေနဲ့ သူမေတ္တာမျှနေတယ် ဆိုတာပါတယ် မီးခြစ်တို့ ပီနန်ကြိုးတို့ လိုပစ္စည်းလေးတွေဝယ်ရင်ဘယ်တော့မှပိုက်ဆံမယူတာခင်မေကသူ့မေတ္တာကိုပြတာပဲတဲ့
အဲ့ဒီနေ့က ရဲခေါင်မျိုးတင့်ကို အိမ်ကို ကိုကမ်းတို့ အဖွဲ့တွဲပို့လိုက်ရတယ် ရွာထဲ အဝင်မှာ ခင်မေက ငါ့ကို ချစ်တာကွ ဆိုတာချည်း ရွတ်နေတယ် ခင်မေတို့ အိမ်ရှေ့ ရောက်တော့ ရဲခေါင်မျိုးတင့် ပိုဆိုးလာတယ် ပုဆိုးတွေဘာတွေလှန်လို့ခင်မေဆိုတဲ့နာမည်ကိုရွတ်လို့ပါးစပ်ကိုကိုရင်စည်ကလက်နဲ့ပိတ်လိုက်လာရတယ် ဒါတောင်“ ဝူးဝေး ဝ ..ဝါ့ဝိုး ဝှစ်ဝါး ဝေ ဝေ ဝါ့ ဆိုပြီး ဗလုံးဗထွေး အသံက “ရဲခေါင်မျိုးတင့် ပါးစပ်ကထွက်နေသေးတယ်။
……………………………………………………………………………………………………………………………
ရဲခေါင်မျိုးတင့်တို့မိသားစုကန်တော့ပွဲနဲ့အိမ်ပေါ်တက်လာတာမြင်လိုက်တော့ကိုကြင်ဝှက်အံဩသွားတယ်ဘာလဲပေါ့ရပ်ရွာလူကြီးတွေလည်းပါလာတယ်။ဒီတော့ကိုကြင်ဝှက်အိမ်ဦးခန်းမှာနေရာပေးရတယ်။ဘာမှန်းမသိဘဲဧည့်ခံဖို့လုပ်ရတယ် သမီးတွေကို ကော်ဖီဖျော်ခိုင်းရလက်ဘက်သုတ်ခိုင်းရ ပျာပျာသလဲ ဖြစ်နေတာကိုတွေ့မှ ရဲခေါင်မိသားစု နည်းနည်း သက်ပြင်း ချနိုင်တယ်။ ကိုကြင်ဝှက် က ဟိုနေ့က ရဲခေါင်တို့ မူးမုးနဲ့ အိမ်ရှေ့မှာ ဟိုအော်ဒီအော် လုပ်တာ နောက် လူရိုင်းကားတွေထဲက ကြွေးကြော်သံလို ဝူးဝူးဝါးဝါး လုပ်မိတာကို လာတောင်းပန်တယ်လို့ ထင်နေတယ်။သမီးတွေကလည်း သူတို့ အိမ်ရှေ့မှာ ပုဆိုးလှန်ဘာလှန်ခြေမခိုင်ဖြစ်နေတဲ့ကိုရဲခေါင်ကြီးယဉ်ကျေးမူအရလာတောင်းပန်တယ်လို့ ထင်မိကြတယ်။
ပထမဆုံးရဲခေါင်အကိုကြီးအသက်၇ဝရှိတဲ့ဦးစိုးမြင့်ကစပြောတယ်။
“ဒီလိုပါညီလေးကြင်ဝှက်အခုလာတာကလူငယ်ချင်းမေတ္တာမျှနေကြတာကို အင်း. …လက်ထပ်ထိမ်းမြားပေးဖို့မိသားဖသားပီပီလာတောင်းတာပါ”
ဦးစိုးမြင့်ကစကားစကိုဖြတ်ပြီးလာချပေးတဲ့ကော်ဖီကိုတစ်ချက်ထဲမော့သောက်လိုက်တယ်။ကိုကြင်ဝှက်လည်ပါးစပ်အဟောင်းသားနဲ့ လူငယ်ဆိုလို့ ဘယ်သူမှ မပါဘူး ရဲခေါင်မျိုးတင့်ဆို သူနဲ့ ငယ်လှ ၅နှစ်ပေါ့ ငါ့သမီးဘယ်သူနဲ့ကြိုက်တာလဲသူခေါင်းကုတ်တယ်။ဒီမှာပါလာတာကလည်းကြိုက်တယ်လို့ ထင်စရာလူမပါဘူးအားလုံးကသူနဲ့ရွယ်တူတွေဖြစ်နေတယ်။
“ဘယ်သူနဲ့ဘယ်သူလူငယ်ချင်းမေတ္တာမျှတာလည်းသိပါရစေ”
ကိုကြင်ဝှက် အသံကို ထိန်းပြီးပြောတယ် ဒေါသထွက်နေတာကို မျိုချထားတယ် လူကြီးတွေ ကိုး သင်း ဘယ်ကောင်မ လည်း ဒီလူတွေပြနန်လို့ကတော့ အရေခွံခွာပစ်မယ် ဆိုပြီး စိတ်ထဲက ကြိမ်းဝါးတယ်။
“ရှေ့မျက်နှာနောက်ထားလို့ပြောရရင်ရဲခေါင်မျိုးတင့်နဲ့မင်းသမီးခင်မေတို့လူငယ်ချင်းမေတ္တာမျှ နေကြတယ်”
“ဘာဗျ”
ကိုကြင်ဝှက်အသံနည်းနည်းကျယ်သွားတယ်ရွာလူကြီးဦးပါကတစ်ချက်စိုက်ကြည့်လိုက်မှ “ဟုတ်ကဲ့ကလေးတွေကိုမေးကြည့်ပါအုံးမယ်”
ကိုကြင်ဝှက်လှစ်ကနဲအိမ်ထဲ ဝင်သွားတယ် ခင်မေ လာစမ်း ဆိုပြီးခေါ်တော့ဟိုကထမင်းချက်နေရာက ထွက်လာတယ်မျက်နှာတွေလည်းအိုးမည်းတွေနဲ့
“နင်နဲ့ရဲခေါင်မျိုးတင့်နဲ့မေတ္တာမျှနေတယ်ဆို..ဟုတ်လား”“ဘာပြောတယ်”
ဒီတခါအော်တာက ခင်မေဖြစ်နေတယ်။ ကောင်မလေး အသံက အိမ်နောက် ကနေပြောနေတာအိမ်ရှေ့ ကအတိုင်းသားကြားနေရတယ်.။
“အသက်ကသချင်္ိုင်းကုန်းခြေတစ်ဖက်လှမ်းနေပြီဟင်းသူနဲ့ကျွန်မကကြိုက်ရမယ်ကိုယ့်ရုပ်ကိုယ်မကြည့် ဘူးရှူနာရှိုက်ကုန်းအသက်ရှူကြပ်နေတဲ့ဂီလာနကကျွန်မနဲ့ကြိုက်နေတယ်လို့အဖေမို့မေးရက်တယ်ဟီးဟီး…”
“ဒီလိုလူမျိုးဘာအသုံးကျလို့သမီးကကြိုက်ရမှာလဲအားအားနေအသက်ရှူကြပ်နေတာ ဘာလုပ်နိုင်မှာလဲ လို့ ….” ဟဲ့ကောင်မလေး တိုးတိုးပြောပါ ဦးပါ လည်းပါတယ် တော်ကြာ ဒါဏ်ရိုက် လိုက်မှ ” ကိုကြင်ဝှက်စကားကြောင့်ခင်မေအသံကပိုကျယ်လာတယ်
“မကြောက်ဘူးအဖေ…သင်းတို့လွန်တာကျွန်မလိုအခုမှအသက်၁၈နှစ်ရှိတဲ့လူကိုဟီးဟင့် အသက်၅ဝလောက်သေတုန်းသေနာကြီးက လာတောင်းတာ ရှက်တယ် အဖေရဲ့ ဟီးဟီး ..ရွှတ်”
ကျွန်မကတော့ ကိုယ့်အမျိုးသား အချင်းချင်းမို့ တန်ဖိုးနည်းတဲ့ ပစ္စည်းလေးတွေ လာဝယ်တိုင်း အလကားပေးလိုက်တယ အော် ..ကိုယ့်အဖေ အရွယ်ကြီး မို့ ခုတော မသာကြီးက ကိုယ့် အသက်မှ အားမနာ…ဟီး”
အိမ်ရှေ့မှာတော့ရဲခေါင်မျိုးတင့်ကိုမပိုင်ဘဲပြောရမလားဆိုပြီးသူ့အကိုကြီးကထိုးမယ်ကြိတ်မယ်လုပ်လို့ ရွာလူကြီးက ဟန့်ထားရတယ်။ တစ်ယောက်ပြီး တစ်ယောက် အလျှိုလျှို ဆင်းသွားကြတယ် ရွာထဲက လူတွေကလည်းခင်မေရဲ့လော်စပီကာနီးနီး ကျယ်တဲ့ အသံကြောင့် ဘာဖြစ်တာလဲဆိုပြီး ဝိုင်းလာကြလို့ အိမ်ရှေ့မှာအုံနေပြီ။ဒီမှာပဲမိန်းမတောင်းသူအဖွဲ့တွေကဆင်းရမလိုတက်ရမလိုဖြစ်နေတယ်
“ဒီလူကြီးကကျွန်မနဲ့မေတ္တာမျှနေတယ်လို့ပြောသလားအဖေ.ကျွန်မငရဲကြီးချင်ကြီးပါစေ ပါးဆွဲရိုက်မယ်.ဟီးဟင့်”
ဒီအသံလည်းထွက်လာရောရဲခေါင်မျိုးတင့်ခပ်သွက်သွက်လေးဆင်းလိုက်တယ်အိမ်ရှေ့က လူအုပ်ကိုဖြဲရဲတိုးပြီးခပ်သုတ်သုတ်လေးလျှောက်တော့တယ်တဖက်ကအောက်ဆီဂျင် ဗူးလေးကိုလည်း ပါးစပ်ထဲထည့်လို့ရှူကနဲလုပ်ရသေးတယ်အသက်ရှူသံကပြင်းလာပြီ ချွဲသံလည်းပါလာပြီလေ။
သူ့နောက်ကလည်း စောစောက တောင်းရမ်းဖို့ လိုက်လာတဲ့ အဖွဲ့ လိုက် ခပ်သွက်သွက် လိုက်လာကြတယ်။ရွာလူကြီးဦးပါ ကလည်း ပါးစပ်က ကြိမ်းဝါးပြီး အိမ်ပေါ်က ဆင်းလာတယ်။သူလည်း ဘုမသိဘမသိလိုက်လာရတာကိုး။
“သွားလေသူအမေရဲ့ဟီးဟီး.
.အမေသင်ထားတာကြီးသူကိုရိုသေရမယ်ကိုယ့်အမျိုးသားချင်းရိုင်ပင်းရမယ်ဆိုအခုတော့သေတုန်းသေနာကြီးကသမီးနဲ့မေတ္တာမျှနေတယ်လို့ပြောနေတယ်အမေရဲ..ဟီးဟီး”
ခင်မေရဲ့တစ်ချက်ချက်အော်ငိုသံကတော့လေအသင့်မှာရွာသာယာသပြေတန်းမှာပြန့်လွှင့် လို့လာတယ်။ကိုကြင်ဝှက်အိမ်ပေါ်မှာတော့ စောစောက ရဲခေါင်မျိုးတင့်တို့ ရွက်လာတဲ့ ကန်တော့ ပွဲက အိမ်ခေါင်းရင်းမှာ လှောင်ပြောင် သလို ထီးထီးကြီး ကျန်ရစ်နေပါတော့တယ်။

26 comments

  • htet way

    September 10, 2012 at 10:24 pm

    ကျွန်တာ်ဝတ္ထုက တင်ပြီးသားပါ မတွေ့တော့လို့ ထပ်တင်တာပါ
    မှားရင် ခွင့်လွှတ်ကြစေချင်ပါတယ်

  • pooch

    September 10, 2012 at 10:37 pm

    ကျမတော့ ဒီနေ့မှ ဖတ်ဖြစ်တာမို့ အသစ်ပါပဲ။
    တောဓလေ့ နယ်ဘက်တွေမှာ ဖြစ်တတ်တဲ့ အလွဲလေးတွေ။ ဒါမျိုးလေးတွေ ဟာသဇာတ်လမ်းတို လေးတွေ ရိုက်ရင်အတော်လေး လှမဲ့ ဇာတ်အိမ်လေးလို့ မြင်မိပါတယ်။

    • Inz@ghi

      September 11, 2012 at 8:15 am

      ဆြာမင်းလူရဲ့ စိန်သံမဏိ ကိုလည်း ပြေးမြင်မိရဲ့….

      ဗရာဘို ပါ ကိုထက်ဝေးရေ…

  • ကိုခင်ခ

    September 10, 2012 at 11:40 pm

    ကျွန်တော်လည်း ဖတ်ပြီးမန့်ပြီးသား ပြန်တင်တော့ ပြန်မန့်မယ်ဗျာ။
    အခြေအနေ အချိန်အခါကို မရွေးချယ် မသုံးသတ်မှတော့ အရှက်ရ သပေါ့ကွယ်။

  • htet way

    September 11, 2012 at 8:08 am

    ညီမလေး poochရေ အကို တင်လိုက်တာ ပျောက်သွားလို့ ထပ်တင်လိုက်တာ ညီလေး ဆရာမောင်ဂီကလည်း အကြံပေးတယ်လေ ဝတ္ထုက ဇာတ်သိမ်းလေး နည်းနည်းပြင်ရမယ် လို့
    အကို အခုပြန်တင်လိုက်တာက ဝေဖန်ချက်တွေ လိုချင်ပါတယ်။
    ညီမလေးပြောသလို ဇာတ်ကို ဗီဒီယိုရိုက်လောက်တဲ့ အဆင့်တော့ မရှိပါဘူးကွယ်
    ဒီအဖြစ်အပျက်လေးက တော့ တကယ်ဖြစ်တာပါ။
    ဆရာကိုခင်ခပြောသလို အခြေမနေအချိန်အခါကို နားမလည်တာပါ
    အရွယ်ကွာဟခြင်း နဲ့ အခြား အကြောင်းတွေ ရှိနေတဲ့ ရဲခေါင်မျိုးတင့်ကို ဆရာ ခွင့်လွတ်ပေးလိုက်ပါလို့

  • Mon Kit

    September 11, 2012 at 9:51 am

    ဆရာထက်ဝေးရှင့်.. မွန်ကစ် ခုမှ ဖတ်မိတာပါ… အရမ်းကို ကောင်းမွန်ပီး အရမ်းလဲ သဘောကျမိပါတယ်…
    အပြင်မှာ တကယ်အဖြစ်အပျက်ဆိုတာလဲ ယုံပါတယ်…
    မွန်ကစ်တော့ ရဲခေါင်မျိုးတင့် လူကြီးစုံရာနဲ့ မိန်းမ လာတောင်းတဲ့အခန်း နဲ့ ဆယ်ကျော်သက်မလေး ခင်မေရဲ့ အံ့ဩဝမ်းနည်းရှက်ရွံ့တဲ့ ခံစားချက်တွေနဲ့ အော်ငို အော်ပြောတာတွေ အရမ်းသဘာကျမိပါတယ်..
    ကိုယ်ချင်းလဲ စာနာပေးမိပါတယ်… ဆက်လက်ရေးသားပေးပါ… အားပေးနေပါမယ်ရှင့်….

  • kyeemite

    September 11, 2012 at 1:32 pm

    ရွာထဲက လူပျိုဂျီးများ သတိထားစရာပေါ့ ဆရာထက်ရေ..

  • cobra

    September 11, 2012 at 2:00 pm

    ငါလည်း ငယ်တုန်းလေးယူထားရမယ်

  • mayjuly

    September 11, 2012 at 2:01 pm

    အရင်တစ်ခါတင်တုန်းက တွေ့ပြီး မဖတ်လိုက်ရဘူး …..

    ခုမှပဲ သေချာဖတ်ဖြစ်တော့တယ် …. သဘောကျတယ်ဗျာ 😛

  • Phaung Phaung

    September 11, 2012 at 2:06 pm

    အရမ်းရီရပါတယ်…ဆရာထက်ရေ။
    ရဲခေါင်မျိုးတင့်ရဲ့ရှုနာရှိုက်ကုန်းပုံစံကလည်း ကွက်ကွက်ကွင်းကွင်းကိုမြင်အောင်ရေးနိုင်ပါတယ်.
    ဗေလုဝကို သရုပ်ဆောင်ခိုင်းလိုက်ရင် ကွက်တိပဲနော်………..။

  • မိုချို

    September 11, 2012 at 2:33 pm

    တောရွာတွေ မှာ အဲလို တကယ် ရှိပါတယ်။ ကျေးလတ် ဒေသတွေမှာ ယောက်ျားလေး ၊ မိန်း ကလေး ဆတ်ဆံ ရေး က ပွင့် ပွင့် လင်းလင်းမရှိကြတော့ ၊ကိုယ် စိတ် ဝင်စား နေတဲ့ မိန်း ကလေး နဲ့ မျက်လုံး ချင်း ဆုံ မိရုံ ၊ ပြုံး ပြ နှုတ်ဆက် ရုံ နဲ့ ယောက်ျားလေး ဘက်က အဟုတ် မှတ် ပြီး လူကြီး စုံ ရာနဲ့ သွားတောင်း ကြ။ အပျို၊ လူပျို ချင်း ဆိုတော့ တချို့ မိန်း ကလေး တွေ ဘက် က လည်း မထူးဘူး ဆိုပြီး ခေါင်း ငြိမ့် လိုက်တာ ရှိတယ် ။ ကျမတို့ နေခဲ့ တဲ့ ရွာ တွေ မှာ အဲလိုမျိုး အိမ်ထောင် ကျ ခဲ့ တဲ့ အိမ်ထောင်သည်တွေ တွေ့ ဖူး တယ်။ ။ ရဲခေါင် မျိုးတင့် လို အသက် ကွာနေ ရင်တော့ ဘယ် လက်ခံ မလဲ နော။
    တချို့ ကြတော့ ချစ်သူ ရည်းစား ရှိ ပြီး သား မို့ လား ဘာလား တော့ မသိဘူး ခါးခါးသီးသီး ပြင်းပြင်း ထန်ငြင်း တာရှိတယ်။ တခြား ရွာ က ကောင်လေး တစ်ယောက် ဆို အဲလို သွားတောင်း တာ အငြင်း ခံ လိုက် ရလို့ ရှက်ပြီး အဆိပ်သောက် တာ ဆေးရုံ အချိန်မီရောက် လာ လို့ တော် သေးတယ်၊အဖေ ဆိုတော်တော် ဂရုစိုက်ပြီး ကုပေး လိုက်ရတာ မှတ် မိ နေသေးတယ်။ စကား စပ်လို့ ပြောရရင် တောရွာ တွေ မှာ အပျို ၊လူပျို တွေ ဟာ ထစ်ခနဲရှိ ပိုးသက်ဆေး သောက် ကြတာပါပဲ။ကံကောင်း ရင် တော့ ရှင်၊ ကံမကောင်း ရင်တော့ သေတာ ပေါ့ လေ။
    အခုတော့ ကျေးရွာတွေ လည်း ခေတ်မီ ပွင့် လင်း လာပြီ ဆိုတော့ အဲလို မျိုး မိန်း ခလေးဘက် က သဘောထား ကို သေချာ မမေး ပဲ သွားတောင်း တာတွေ မရှိတော့ လောက်ဘူး ထင်ပါရဲ့။

  • မဟာရာဇာ အံစာတုံး

    September 11, 2012 at 2:38 pm

    ဆရာထက်ဝေးရေ ..
    ပြောရဦးမဗျ ..

    ကျုပ်ကလေ …
    ကျုပ်ကို လာကြည့်တဲ့ တောင်မလေးဒွေဂို
    ကျုပ်ကို ကြိုက်လို့ ကြည့်တယ်လို့ပဲ မှတ်ချလိုက်တော့တာဗျ ..
    ဟုတ် ဟုတ်၊ မဟုတ် ဟုတ် .. အဲ့လို မှတ်လိုက်ဒါဘဲ .. :mrgreen:
    ခု ဆရာထက်ရဲ့ စာကို ဖတ်လိုက်ရတော့မှ …
    ကျုပ် စဉ်းစားထားတဲ့ တစ်ကွက်ကို အချိန်မီ ခြေလှမ်း ရပ်လိုက်ရတယ် .. 😀

    နောက်တာပါ ခင်ဗျာ ..
    ဆရာရဲ့ ဟာသ ဝတ္ထုတိုလေးကို ဖတ်ရှု အားပေးသွားပါတယ် ခင်ဗျာ …

  • Wow

    September 11, 2012 at 3:12 pm

    လူဗျိုဂျီးများ လုပ်လိုက်ရင် မဆင်မခြင်… 😀

  • htet way

    September 11, 2012 at 4:42 pm

    ဖတ်ရှု့ အားပေးကြတဲ့ မိတ်ဆွေတွေကို လေးစားပါတယ်ဆရာမWowပြောသလို လူပျိုကြီးတွေ
    လုပ်လိုက်ရင် မဆင်ခြင်ကြပါဘူး။ဆရာလေးမဟာရာဇာ အံစာတုံးရေ.. ထင်လည်းထင်
    မြင်လည်း မြင်ပါဗျာ။ဆရာမ မိုချိုရေ အခုတော့ ပွင်းလင်းလွတ်လပ်နေကြပြီဗျ။
    Phaung Phaungရေ ဗေလုဝနဲ့ သရုပ်ဆောင်ဖို့ ပရိုဂျူဆာဆရာမ( မမ)ကိုပြောပေးပါကွယ် သူထုတ်မယ် ဆိုရင် ဇာညွှန်းပါအလကားရေးပေးပါ့မယ်။
    mayjuly ၊Mon Kit၊ cobra၊ တို့ကို အထူးကျေးဇူးတင်ရှိပါတယ်။ဆရာkyeemiteဆရာမShwe Ei
    တို့ကိုလည်း လေးစား ကျေးဇူးတင်ပါကြောင်း။

    • MaMa

      September 11, 2012 at 10:38 pm

      ဆရာထက်ရေ-
      ခုခေတ်မှာ ခေတ်စားနေတဲ့ ဟာသဇာတ်လမ်းမို့ စာရေးဆရာကိုယ်တိုင်ပါဝင် သရုပ်ဆောင်မယ်ဆိုရင် ပရိုဂျူဆာ လုပ်ပါ့မယ်။
      ရတဲ့အမြတ်ကို ဂေဇက်ရွာ စာပေဆုပေးပွဲအတွက်တောင် မ တည် လိုက်ချင်သေး။ 😀

  • ဦးဦးပါလေရာ

    September 11, 2012 at 4:51 pm

    နောက်ကို သူများကိုမိန်းမလိုက်တောင်းပေးရရင်တော့
    ကျုပ်တော့ ခေါင်းရင်းမှာမထိုင်တော့ဘူး….
    တံခါးဝနဲ့နီးအောင် ခြေရင်းမှာပဲထိုင်တော့မယ်… 😀 😀

  • htet way

    September 11, 2012 at 5:39 pm

    အခုလည်းရွာလူကြီးက ဦးပါဆိုတော့
    ကမ်းဝေးတို့ ကိုရင် စည်သူတို့ မောင်ဂီတို့ကို သတိထား ဆရာရေ့
    အရင့်ရောင်တို့ အမတ်မင်းတို့ ၊ အင်း.. ရွှေတိုက်စိုးကတော့ မပူရဘူး ထင်တယ်

    • marblecommet

      September 12, 2012 at 2:16 am

      တိန်…….အနော်တို့ကို
      ဘာလို့သတိထားရမှာလည်း ဟင်…
      လူပျိုနုနုထွတ်ထွတ်ကလေးများကိုလာပြီး
      ဘလက်လစ်စ် စာရင်း မသွင်းလိုက်ပါနဲ့ စာရေးဆြာရယ်…
      နဂိုကမှ စိတ်အားငယ်ရတဲ့အထဲ…ဗြဲ ..ဗြဲ…..
      ….
      ကိုစောတို့ ကိုဗိုက်တို့နဲ့သောက်တာကမှ ဟန်သေးတယ်ဗြာ…
      အဲလူရီးနဲ့တော့ တွဲမသောက်ချင်ပေါင်…စန်းပျက်ဒလယ် ..
      စန်းပျက်တယ်…..အာဟင့်…..
      .

  • padonmar

    September 11, 2012 at 9:32 pm

    ဆရာထက်တွက်ရော လိုက်တောင်းပေးရမှာလား ။JK
    မျက်စိထဲ ကွင်းကွင်းကွက်ကွက်ပေါ်လာပါတယ်။

  • အရီးခင်လတ်

    September 12, 2012 at 2:32 am

    ဆရာထက် ရေ
    မပြုံးဘဲ ဝါးလုံးကွဲ ရီရတဲ့ ဇာတ်လမ်းလေး အတွက် ကျေးဇူးပါ။
    ပထမတင်တုန်းက မဖတ်ရ သေးဘူး။
    ရွာထဲမှာလဲ အဲဒီလို တောင်းပေးရ အောင် အကျိုးဆောင် အဖွဲ့ ဖွဲ့ကြစို့။
    အဖွဲ့ဝင်မဲ့ သူများ အပြေးအရင်လေ့ကျင့်ထားကြပါ။
    ကိုပါ က တော့ ငှက်ကထ ဘဲဖြစ်ဦးမှာဘဲ။ 😛

  • htet way

    September 12, 2012 at 9:35 am

    ဆရာမ (မမ) ခင်ဗျား
    သရုပ်ဆောင်လုပ်ဖို့ တော့ မဖြစ်နိုင်ပါဘူး ဇာတ်က
    သရုပ်ဆောင်ပြီးတာနဲ့ အပြင် မထွက်ရဲလောက်အောင်
    ဒုက္ခများမယ့် ဇာတ်လမ်း ကိုယ့်ဆေး ကိုယ်မနိုင်ဖြစ်ရမယ် ့ အဖြစ်ပါဆရာမ…ဟင်းးမလွယ်ပါလား

  • htet way

    September 12, 2012 at 9:41 am

    ဆရာထက်တွက်ရော လိုက်တောင်းပေးရမှာလား ။JK
    မျက်စိထဲ ကွင်းကွင်းကွက်ကွက်ပေါ်လာပါတယ်။
    ဒေါက်တာရေ ..ကျွန်တော်ကတော့ မလို အပ်တော့ပါဘူးကျေးဇူးပါ
    တကယ်လို့ တောင်းရရင်လည်း ဒေါက်တာ တို့ အပြေးသန်မှ (Joke)
    ကိုရင်စည်သူ၊ ကမ်းဝေး၊တို့ လူပျိုကြီးတွေ ကိုတောင်းးပေးရင်သာ သတိနဲ့
    လိုက်ပေတော့ ဒေါက်တာရေ…။
    အားပေးတာကျေးဇူးပါ

  • htet way

    September 12, 2012 at 9:52 am

    အရီးခင်လတ်ခင်ဗျား
    ချီးမွှမ်းတာကျေးဇူးပါရယ်ရတယ်ဆိုလို့ ဝမ်းသာပါတယ်။
    ရွာမှာ အဖွဲ့ ဖွဲ့ သင့်ပါတယ်
    လူကြီးကို(ဆရာ) ဦးဦးပါလေရာတို့ ၊အဘဖေါတို့ ကို ဘလက်ချောတို့ ဒေါက်တာ ပဒုမ္မာ
    တို့ လုပ်သင့်ပါတယ်။ဟာ ဟ
    အရီးခင်လတ် ရွှင်လန်း ချမ်းမြေ့ပါစေ ခင်ဗျား

  • မောင်ဘလိူင်

    September 12, 2012 at 11:57 am

    ကျွန်တော်တို့ ကိုထက်ဝေး က ဟားခလုတ် မှာ စာရေးတဲ့
    ကိုထက်ဝေး နဲ့ အတူတူပဲ ထင်ပ..နော…

  • htet way

    September 12, 2012 at 12:46 pm

    ဆရာမောင်ဘလိူင်ခင်ဗျား ဟားခလုတ်မှာ ဒီလ တစ်ပုဒ်ပါပါတယ်
    လူကြီး မင်းခေါ်ဆို သော ဖုန်း………………………..
    ဂေဇက်မှာ ကျန်ခဲ့ တဲ့ နှစ်လလောက်က ရေးထားတာပါ။
    သေကြာ၊ ဟားခလုတ် နဲ့ဂျာနယ် တစ်ချို့မှာ ရေးပါတယ် ဗျာ အမြဲရေးတာကတော့ မန္တလေး အလင်း
    ဂျာနယ်ပါ။
    ခုလို အားပေးတာ လေးစား ကျေးဇူးတင်ပါတယ်ဗျား

Leave a Reply