ကျနော်လက်ဆော့ခဲ့တဲ့ညနေခင်းလေး………………….

1 ရေလယ်ကောင်မှာရှိနေတဲ့သစ်ပင်
2ရေထဲမှာလှပစွာ
3 ချောင်းရေပြင်ထဲမှာအလေ့ကျပေါက်နေပေမယ့် လှတယ်လေ

 

4 အဝင်လမ်းကလေး………………………………..
5 ငှက်ပျောဖက်ပေါ်နေအခ
6 စပါးခင်းအလယ်က ကျွဲနှစ်ကောင်နဲ့ လယ်သူမလေး
7 ရေထမ်းလာတဲ့ကလေးမနှစ်ယောက်ကို အမိအရ
8 အပင်ပေါ်နားတဲ့ ပုစင်းလေးကို အငြိမ်မနေဘဲလက်ဆော့
9 သိပ်မကွာတဲ့ပုံကလေး
10 ခပ်စောင်းစောင်းလေး
11 အုံ့မိူင်းတဲ့တိမ်တောင် ငှက်ပျောတောနဲ့ ရေကန်ငယ်လေး
12 ဒါကတော့ နေရောင်ကိုလက်ဆော့ကြည့်တာ
13 အားပေလိုးက်ပါအုံးလား………………………..

 

14 အေးချမ်းစိမ်းလန်းသော နေချင်စဖွယ်နေရာလေး
15 ဒီကျွဲတွေကို စပါးခင်းကိုစားခိုင်းထားတာလားမသိဘူး
16 နေညိုချိန် တစ်
17 နေညိုချိန်လေး နှစ်
18 ကျနော်အနှစ်သက်ဆုံး ပုံကလေးပါ

“ကျနော်လက်ဆော့ခဲ့တဲ့ ညနေခင်းလေးတစ်ခု”

 

 

အောင်ပင်လယ်ရယ်တက်သိမ်းအင်းရယ်ကိုသွားခဲ့တဲ့ညနေခင်းလေးမှာ

အလှပုံတွေကိုလည်းရိုက်ဖြစ်ပါတယ်။

အမှတ်တရလက်ဆော့ခဲ့တဲ့ပုံလေးတွေလဲ ပါ ပါတယ်။

အသွားတုံးကမြင်ခဲ့တဲ့ ဘဲအုပ်လေးတွေရိုက်မယ်လုပ်တော့ ငါးမျှားသူတွေက ကမ်းစပ်မှာအပြည့်။

အဲတော့ ရေထဲမှာရှိနေတဲ့အပင်လေးကိုမြင်တော့လက်ဆော့။

ရေထဲက အပင်ကြီးမြင်တော့လဲလက်ဆော့။

မြန်မာ့ပင်ကျရေ ဖြန့်ချီရေးဆိုင်ကလေးကိုသွားတဲ့လမ်းကိုလက်ဆော့။

ကျွဲတွေနဲ့အလုပ်လုပ်နေသူကိုမြင်တော့လဲလက်ဆော့၊

ငှက်ပျောရွက်ပေါ်နေရောင်ဖြာကျတော့လဲလက်ဆော့။

နောက်ဆုံးသူ့ဘာသာသူနားနေတဲ့ ပုစဉ်းကိုလဲလက်ဆော့။

ကောင်မလေးတွေရေထမ်းလာတာကိုလက်ဆော့။

ကျွဲတွေအစာစားနေတာကိုက်ဆော့။

လောကကြီးကိုနုတ်ဆက်တော့မယ်နေမင်းကြီးရဲ့အရောင်တွေကိုလက်ဆော့။

အတော်ကိုလက်ဆော့တဲ့ကိုပေါက်ပါကလားနော်………………….

 

ကိုပေါ်က်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(10-9-2012)

 

 

19 comments

  • kyeemite

    September 17, 2012 at 11:52 am

    လက်ဆော့ထားတာလေးတွေကို
    မျက်စိဆော့သွားပါတယ်ဗျာ…တစ်ခုလောက်..
    လယ်ကွင်းစိမ်းစိမ်းတွေရိုက်တဲ့အခါ အရောင်ပိုစိုနေတာ၊ပိုစိမ်းနေတာသတိထားမိတယ်ဗျာ..

  • ကိုပေါက်(မန္တလေး)

    September 17, 2012 at 12:04 pm

    ဟုတ်ပါ့ ကိုမိုက်ရေ
    အရောင်တွေပိုစိုတာက ကင်မရာဖန်ရှင်ထဲမှာပါတဲ့ super vivid ဆိုတဲ့အရောင်ပိုတောက်စေတဲ့
    ဖန်ရှင်လေးကို အသုံးပြုရိုက်လို့ပါ။
    အဲလိုရိုက်တော့သာမန်အရောင်ထက်ပိုစို ပိုလက်သွားတတ်ပါတယ်။

  • မောင်ပေ

    September 17, 2012 at 1:20 pm

    ထန်းရည်ဆိုင်က သော့တွဲပိုင်ရှင်ကို သိချင်လို့ပါဗျို့

  • kyeemite

    September 17, 2012 at 1:25 pm

    ကိုပေါက်ပြောမှ ကျနော့ ကင်မရာလေးဖွင့်ပြီးလျှောက်ကြည့်မိတယ်…
    သာမန်အားဖြင့်ကျနော်က စနက်လျှော့ အော်တိုမှာပဲထားရိုက်တာကိုး
    အခြေအနေပေါ်မူတည်ပြီး ဖန်ရှင်ပြောင်းမရိုက်ကြည့်ဖူးဘူး
    စမ်းကြည့်လိုက်အုံးမယ်ဗျာ..သင့်ခရုပါ..

  • etone

    September 17, 2012 at 1:37 pm

    အောင်မလေး .. စိမ်းစိမ်း စိုစိုနဲ့ပါလား လေးပေါက်ရယ် … ။
    မြင်ရတာ မျက်စိအေးရုံမက ၊ ဖုတ်ကူးမီးတိုက် ပြာလောင်ခတ်နေတဲ့ စိတ်တွေတောင် ခဏလောက်အေးသွားတယ် …. 😛

    ဓါတ်ပုံတွေကြည့်ပြီး အတွေးထဲမှာတင် မြေသင်းနံ ့လေးရလိုက်သလိုပဲ …
    တခါတလေ အရမ်းမွမ်းကြပ်လွန်းလျှင် အခုလို သဘာဝအငွေ့သက်အပြည့်ရှိတဲ့ နေရာမျိုးလေးမှာ သွားနေချင်မိတယ် ။ ဒါပေသိ … ကျွတ်တွေ … မျော့တွေတော့ .. ကြောက်ပါဧ။် ။ :mrgreen:

  • Ma Ei

    September 17, 2012 at 1:50 pm

    2..3…ပုံထဲက ပန်းကလေးတွေ လှတယ်နော်…
    ဟိုတစ်ခါပုံထဲမှာ တီတီနုက ဟင်းညံပင်လို့ ပြောဖူးတယ်နော်…
    ချက်စားလို့ရတယ်လို့မှတ်ထားတယ်…

  • mayjuly

    September 17, 2012 at 2:11 pm

    ဟင့် နိုချင်လယ် … ရွာကို ပြန်ချင်ပါတယ်ဆိုမှ ….

  • Hnin Hnin

    September 17, 2012 at 4:13 pm

    super vivid function လေးမသုံးဘဲ သဘာဝအတိုင်းရိုက်ထားတဲ့ စပါးခင်းလေးတွေရှိရင်
    တင်ပေးပါအုံးရှင့်…

  • အမှတ်(6)နဲ့အမှတ်(7)က ရိုးရိုးလေးရိုက်ထားပါတယ်။
    ဒါပေမယ့် နောက်တစ်ခါသွားရိုက်ရင် သဘာဝအတိုင်းရိုက်တဲ့ပုံလေးတွေ သီးသန့်ရွေးတင်ပေးပါမယ်နော်။

    • Hnin Hnin

      September 17, 2012 at 8:29 pm

      ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်ရှင့်။
      အဲ့၂ပုံလည်း သေချာကြည့်ပေမယ့် သိပ်မကွဲလှဘဲ လှနေတော့ function သုံးထားတယ်ပဲ
      ထင်နေတာ….အခုတော့ နည်းနည်းလေးကြည့်တတ်သွားပြီ… 🙂

  • TTNU

    September 17, 2012 at 9:22 pm

    ကိုပေါက်ရေ..
    ပုစင်းလေးနဲ့ပုံ အကြိုက်ဆုံးပဲ။

    • ကိုပေါက်(မန္တလေး)

      September 17, 2012 at 10:33 pm

      မာမီ စိတ်ခြင်းဆက်သွယ်တယ်နေမှာ မာမီလဲပုစဉ်းရိုက် ကျနော်လဲပုစဉ်းကိုလက်ဆော့
      ကောင်းမှကောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • အလင်းဆက်

    September 17, 2012 at 9:30 pm

    လှလိုက်တဲ ့…ညနေခင်းလေး…

    လေ နုအေးကိုတောင်..ရှုရှိုက်လိုက်ရသလို…

  • ကိုပေါက်(မန္တလေး)

    September 17, 2012 at 10:43 pm

    အလင်းဆက်အတွက် မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်နော်
    ပျော်ရွှင်စွာနဲ့ဘဝကို ချမ်းမြေ့စွာနဲ့ နေ့စဉ် ဖြတ်သန်းနိုင်ပါစေ

  • အလင်းဆက်

    September 18, 2012 at 9:20 am

    ဟုတ် ။
    ကျေးဇူးပါ..လေးလေးပေါက်.။

    ပေးတဲ ့ဆုလေး တကယ်ပြည့်ချင်ပါတယ် ။
    ပြည့်မှာပါ..။
    😀

  • aemoshu

    September 18, 2012 at 11:42 am

    (18) ….
    ကောင်းကင်ပြာရင်ခွင်ကြီးထဲမှာ ပြေးလွှားဆော့ကစားနေတဲ့ တိမ်းလေးတွေဆီက သွမ်းဖြိုးလာမယ့် မေတ္တာမိုးကို ငံ့လင့်နေတဲ့ မြစိမ်းတောလေးလို့ ခံစားမိတယ် လေးပေါက် …. ခံစားချက်ချင်းမတူရင်တော့ ခွင့်လွတ်ပါ…

  • Novy

    September 18, 2012 at 4:15 pm

    အပင်ပေါ်နားတဲ့ ပုစင်းလေးကိုလည်း ချစ်တယ်….
    နေညိုချိန် ကိုလည်း ချစ်တယ်….
    လက်ဘက်သုပ် ..ကလေးကိုလည်း….စားချင်တယ်……

    လေဒီယို သီချင်းလေးဆိုသွားပါတယ်

Leave a Reply