ကမာ္ဘဟာ ကမာ္ဘကိုလောင်မြိုက်ပြီး ကမာ္ဘမြေကြီးဟာ ကမာ္ဘမြေကို ပြန်သိမ်းယူခြင်း

ma ma01306September 11, 20123min1275
ယ္ခု နေထိုင်နေတဲ့ ကမာ္ဘကြီးဟာ ပိုပြီး ပူပျင်းလာတယ်

တောမီးတွေလောင်၍ မီးလောင်မှု့တွေ ပိုပြီး ပေါများလာတယ်

ကောက်ကျစ်စဉ်းလဲ မှု့တွေ ပေါများလာတော့ စိတ်ဓါတ် ညစ်ပတ်နံစော်နေလို့

ကောင်းကင်ပေါ်မှ မိုးနတ်မင်းနဲ့ရေနတ်သားကလဲ ခဏခဏ ကမာ္ဘမြေကို ေဆေးကြော

ပေးနေတယ်

ဘက်လိုက်မှုတွေ ပေါများလာတော့ တစ်ဖက်စောင်းနင်း ဖြစ်လိုက်ပုံများ

မြေငလျှင်တွေ လှုတ်လို့ မြေတွေပြိုတယ်..

အမြတ်ကြီးစား ဝိသမ လောဘသားတွေ ပေါများလာတော့ မွှားတွေ ခြင်တွေ ဖြုတ်တွေ
မျှော့တွေ သန်းတွေ သွေးစုပ်သတ္တဝါတွေပေါများလာတယ်..

ဣဿာ မစာ္ဆရိယ စိတ်တွေပေါများလာတော့ မနာလိုဝန်တို စဉ်းလဲ

ကောက်ကျစ်မှုေတွေကြောင့် ဟိုခုတ် ဒီဖြတ်နဲ့အစာ ရေစာငတ်မွှတ် ခေါင်းပါးလာတယ်

ဟိုဖားရ ဒီဖားရနဲ့ ကိုယ်ဘက်ကိုယ် ယက်တာ များလာတော့ ဖားလေးတွေ လိပ်လေးတွေ

တစ်ဘို့တည်းသော သတ္တဝါတွေ ပေါများလာတယ်..

အညီအဟောက် စားသောက် ကြည့်ရှုတာ များလာတော့ မှုဒိန်းမှုတွေ ေပေါများလာတယ်

ယင်များ မှက်များ ပေါများလာတယ် ကြီးနိုင် ငယ်ညှင်း ကမာ္ဘကြီးမှာ သတ္တဝါတွေ

အကုသိုလ်ပေါများလာတော့ ကမာ္ဘကြီးပိုပူလာတယ် (တရားဒေသနာမှာ ငရဲပြည်ပူတာ ကြားဘူးတယ်)(နာကြားတဲ့ တရားတော်မှာ အိမ်သာထဲမှ လောက်က ဘဝ ဘဝ တွေက လာတာတဲ့နော်)

မြတ်ဘုရားရဲ့ တရားတော်နှင့်အညီ ကျိုးကြောင်း ပြညွန် ပြောဆို သွန်သင်

ဆုံးမခြင်းတွေကို လိုက်နာကျင့်ကြံသူတွေ နည်းပါးလာတော့ အသိပညာမဲ့သူတွေ

ပေါများလာတယ်..

ကမာ္ဘမြေပေါ်မှာ မတရားအနိုင်ကျင့် ရယူ သိမ်းပိုက်မှုတွေ ပေါများလာတော့

ဆူနာမီ ရေကြီး ငလျှင် မြေပြို မီးတောင်ပေါက်ကွဲပြီး ပူပျင်းစွာနဲ့

ကမာ္ဘဟာ ကမာ္ဘကိုလောင်မြိုက်ပြီး

ကမာ္ဘမြေကြီးဟာ ကမာ္ဘမြေကို ပြန်သိမ်းယူပြီး မဆိုစလောက်လေး ပျောက်သွားမှာ..



5 comments

  • မောင်ပေ

    September 11, 2012 at 11:14 am

    ဘာမှ မပူပါနဲ ့ဗျာ ၊ တစ်နေ ့ကြရင် ကျုပ်တို ့နေတဲ့ ကမ်ဘာကြီးဟာ သေချာပေါက် ပျက်မှာပါ

  • manawphyulay

    September 11, 2012 at 1:09 pm

    တစ်ချိန်ချိန်မှာ ဘယ်သူမှ မရှိတော့တဲ့ကမ္ဘာကြီးမှာ ဒီလို အမုန်းတွေ၊ ရန်ငြိုးတွေ၊ မနာလိုမှုတွေ၊ လောဘတွေ၊ ဒေါသတွေ အရာအားလုံးဟာ တစ်ခါထဲပါသွားမှာပါ….

  • Khaing Khaing

    September 11, 2012 at 1:32 pm

    အခုလောလောဆယ်တော့ ကိုယ့်ကိုကိုယ် မစင်တွင်းထဲကလောက်လို့သာမြင်မိတယ် ဒီသံသရာဝဲဂယက် ကြီးထဲမှာ ပျော်နေကျင်လည်နေတာလေ ……. မကောင်းမှု မကောင်းစိတ် အဓိကကတော့ မကောင်းတဲ့စိတ် တွေကို ထိန်းချုပ်ဖို့အတော့်ကို ခက်ခဲနေတဲ့ ကိုယ့်ကိုကိုယ် အမြဲတမ်း ရွံရှာနေမိတယ် ….

    • ညိုပြာညက်

      September 11, 2012 at 1:36 pm

      ဘယ်တူမပြု မိမိမှု …
      အာ..ဟိ

      :mrgreen:

  • ကိုရင်မောင်

    September 12, 2012 at 10:35 am

    ကမာ္ဘပျက်ဘို့ကတော့နီးနေပြီလို့ထင်တာဘဲလေ…
    လူတွေရဲ့လောဘ ၊ ဒေါသ ၊ မောဟတွေအတော်များနေကြပြီးမို့လား…..

Leave a Reply