အင်တာနက်စနစ်ချို့ယွင်းပါက လျော်ကြေးပြန်ပေးမည်ဟုဆိုပါလား

ကို သာSeptember 11, 20121min1104

အင်တာနက်စနစ်ကိုယုံကြည်၍ နိုင်ငံခြားကုမ္ပဏီများမှအပ်နှံသည့် outsourcing လုပ်ငန်းများကို ပြည်တွင်းမှလုပ်ကိုင်ကြရန်လိုအပ်ကြောင်း၊ အင်တာနက်စနစ်ချို့ယွင်းခဲ့ပါက လျော်ကြေးအနေဖြင့် ပြန်လည်ပေးအပ်သွားမည်ဖြစ်သည့်အတွက် ယုံကြည်စိတ်ချစွာလုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းထွန်းကပြောသည်။ယခုလ ရ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြား ခဲ့ခြင်း ဖြစ်ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊
လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းအသီးသီး၌ လုပ်ကိုင်ဆောင်ရွက်နေသူများကို အင်တာနက်စနစ်နှင့်ပတ်သက်၍တာဝန်ယူမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
““ကျွန်တော်တို့ဘက်က အင်တာနက်ကိုတာဝန်ယူရမှာပါ။ ထို့အတူ ခင်ဗျားတို့ကလည်း အင်တာနက်ပေါ်ကနေ outsourcing ကို ယုံကြည်စိတ်ချစွာ
နဲ့ နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားမှအပ်တဲ့လုပ်ငန်းများကိုလုပ်ကြ။ ကျွန်တော်တို့ဘက်က ချို့ယွင်းရင်လျော်မယ်။ စာချုပ်ပါ။ ဒါကလုပ်ငန်းသဘောပေါ့။ ဒီဘက် ကချို့ယွင်းတဲ့လူက လျော်ကြေးပဲ။ ကျွန်တော်တို့ဘက်က ခင်ဗျားတို့ဆီက အင်တာနက်ငှားရမ်းခဆိုပြီး ပိုက်ဆံယူထားပြီးပြီ။ ပိုက်ဆံယူထားတာ ကို Good Service ပေးရမှာပေါ့။ အဲဒီအတွက် လျော်ပါ့မယ်။ ဒါနဲ့ပတ်သက်ပြီး outsourcing ကို ယုံကြည်စိတ်ချစွာနဲ့ ဝင်ရောက်လုပ်ကိုင်ပေးကြပါလို့ ပြောချင်ပါတယ်””
ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။ မြန်မာနိုင်ငံသည် အင်တာနက်စနစ်ကို ယုံကြည်စိတ်ချစွာသုံးစွဲ နိုင်ခြင်းမရှိသည့်အတွက် ပြည်ပနိုင်ငံများမှ နည်းပညာဆိုင်ရာ outsource လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုနိုင်ကြောင်း၊ အင်တာနက်စနစ်ချို့ယွင်းမှုကြောင့် လုပ်ငန်းများ နောင့်နှေးခဲ့ပါက ပြည်ပနိုင်ငံများသို့
လျော်ကြေးငွေများ ပြန်လည်ပေးအပ်ရမည်ဖြစ်ကြောင်း၊ သို့ ဖြစ်၍ outsource လုပ်ငန်းကြီးကြီးမားမားများကို ပြည်တွင်း၌ ယနေ့အချိန်အထိ လုပ်ကိုင်ဆောင်ရွက် ခြင်း
မပြုကြဘဲ သေးငယ်သည့် လုပ်ငန်းအနည်းငယ်ကိုလုပ်ကိုင်ဆောင်ရွက်နေပြီး ကြီးမားသည့် outsource လုပ်ငန်းများကိုလုပ် ကိုင်လိုပါက ပြည်ပသို့သွားရောက် လုပ်ကိုင်လေ့ရှိကြကြောင်း ပြည်တွင်း အိုင်စီတီစီးပွားရေးလုပ်ငန်းရှင်များကဆိုသည်။

ထိုသတင်းအား Internet Journal Facebook တွင်ဖတ်လိုက်ရပါသည်။ကျွန်တော်နည်းနည်းပြုံးမိပါသည်။ရွာသားများလည်းပြုံးမိကြပါသလား။

4 comments

  • ကိုသင်း

    September 11, 2012 at 10:48 pm

    စာကလေးဖင်ထဲမှာ ရွှေတစ်ကျပ်သားရှိတယ်၊
    (ဒင်းမကောင်းလို ့ကျုု ုပ် ရွာထဲမရောက်တာ
    တစ်ပတ်လောက်ရှိပြိ) ချင့်ယုံပေါ့။

  • kp

    September 12, 2012 at 10:59 am

    လက်ရှိဖြစ်နေတာနဲ့တော့ပြောင်းပြန်ကြီးရီစရာကြီး။ခုဟာက customer က အင်တာနက် ISP တွေ redlink တို့ skynet တို့ကို ပြန်ကြောက်နေရတယ်။
    ခုဟာက လစဉ်ကြေးတွေ 155$ ဒေါ်လာသာဆောင်ရတယ် အဆင်မပြေလို့
    Redlink ကိုကွန်ပလိန်းတက်တော့ သုံးချင်သုံး မသုံးချင် disable လုပ်ထားလိုက် ဆိုတော့
    ဝန်ကြီးရယ် ဒါလေးတွေအရင် ဖြေရှင်းပေးပါဦး။ disable လုပ်ပါလို့ပြောစရာအကြောင်း
    ကိုမရှိဘူး disable လုပ်ဘို့တော့ဘယ်သူမှပိုက်ဆံအကုန်ခံပြီးဝယ်မနေဘူး။
    company ကြီးတွေပီပီ ဂုဏ်သိက္ခာနဲ့တာဝန်ယူတတ်ကျပါ။
    လျှော်ကြေးလိုချင်လို့အင်တာနက်သုံးတာမဟုတ်သလို disable လုပ်ဘို့ဝယ်တာလည်းမဟုတ်ဘူးကွ။

  • the best

    September 12, 2012 at 9:50 pm

    နောင်ဖြစ်မဲ့ ကိစ္စကို ရဲရဲ အာမခံ ပြောတဲ့ ပြည်ထောင်စုဝန်ကြီးရဲ့ သတ္တိကို လေးစားပါတယ်။

    အခုလက်ရှိ အသုံးပြုနေတဲ့ ဆက်သွယ်ရေးနဲ ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေအားလုံး
    ကြိုးဖုန်း ကအစ မိုဘိုင်းဖုန်း၊အင်တာနက် နဲ ့အခြားလုပ်ငန်းတွေအားလုံးမှာလည်း

    ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန အပါအဝင်
    ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန နဲ ့အကျိုးတူလုပ်ကိုင်သူတွေဖက်က
    ချို ့ယွင်းရင် လျော်မယ်လို ့ ရဲရဲ အာမခံ ပြောမဲ့ ဝန်ကြီးရဲ့ သတ္တိကို မြင်ချင်တယ်ဗျာ။

  • uncle gyi

    September 12, 2012 at 11:15 pm

    ယုံဖူးယုံဖူူးတိုလည်းမယုံဖူး
    မယုံလို့ကိုရှိတဲ့အနီလင့်လေးတောင်အရှုံးခံရောင်းပလိုက်ပြီ
    အေးရော

Leave a Reply