Hacker အကြောင်းသိကောင်းစရာ

ရွှေအိမ်စည်September 11, 20125min99661
Hacker အကြောင်းသိကောင်းစရာ
by ကွန်ပျူတာနည်းပညာ on Monday, September 10, 2012 at 3:52pm ·

၁။ (က) Hacker ဆိုသည်မှာ

Hacker ဆိုသည်မှာ Computer System များ၊ Electronic နည်းပညာရပ်များကို ကျွမ်းကျင် တတ်မြောက်ပြီး၊ ထိုနည်းပညာရပ်များကို အသုံးချကာ Computer Security နှင့်သက်ဆိုင်သော Program များ၊ Application များကို ရေးသားသူသာ ဖြစ်သည်ဟူ၍ Hacker Community မှ ယူဆထားပြီး၊ နည်းပညာရပ်များကို မသမာသော ရည်ရွယ်ချက်များဖြင့် အသုံးချလေ့ရှိသူများကိုမူ Cracker ဟူ၍သာ သတ်မှတ်လေ့ရှိသည်။

 

 

အကြမ်းအားဖြင့်မူ White Hat Black Hat နှင့် Grey Hat ဟု ခွဲခြားနိုင်သည်။ ထို White Hat Black Hat စသော အသုံးအနှုံးများမှာလည်း ရုပ်ရှင်ဇာတ်ကားများတွင် ဦးထုပ်အနက်ဆောင်းသောသူသည် ဇာတ်လိုက် (လူကောင်း)၊ ဦးထုပ်အနက်ဆောင်းသောသူသည် လူကြမ်း (လူမိုက်) စသည်ကို အကြောင်းပြု၍ကင်ပွန်းတပ်ကြခြင်းသာ ဖြစ်သည်။

 

 

White Hat

 

 

White Hat များသည် ၎င်းတို့၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို မသမာသည့်လုပ်ရပ်များတွင် အသုံးချခြင်း မရှိဘဲ Black Hat များ၏ နှောက်ယှက်ခြင်း ခံရသောသူများအား ကာကွယ် စောင့်ရှောက်လေ့ရှိသူများဟုဆိုနိုင်သည်။

 

Black Hat

 

 

Black Hat များမှာမူ ၎င်းတို့၏ ကျွမ်းကျင်မှုများကို မသမာသော လုပ်ရပ်များဖြစ်သည့် Credit Card Information များ ၊ Bank Information များခိုးယူခြင်း၊ သူတပါး၏ Website များကို ဝင်ရောက် စီးနင်းသိမ်းပိုက်ခြင်း၊ အခကြေးငွေ ရယူပြီး သူတပါး၏ ကိုယ်ရေးကိုယ်တာမှတ်တမ်းများ၊ သတင်းအချက်အလက်များကို ခိုးယူပေးခြင်း စသည့်လုပ်ရပ် များကို လုပ်ဆောင်လေ့ရှိသူများ ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။

 

 

Grey Hat

Grey Hat များမှာမူ White Hat အဖြစ် သော်လည်းကောင်း၊ Black Hat အဖြစ်သော်လည်းကောင်း ရပ်တည်ခြင်းမရှိဘဲ ၎င်းတို့ တတ်ကျွမ်းထားသည့် နည်းပညာကို အလျဉ်းသင့်သလို အသုံးချသူများ ဟူ၍ ဆိုနိုင်သည်။

 

 

*********************************************************************

 

၁။ (ခ) Hacker အဆင့်အတန်းများ

 

Script Kiddies

 

 

Hacker ဖြစ်လိုသော လူငယ်များဖြစ်ပြီး၊ Hacking နှင့် စပ်လျဉ်းသည့် နည်းပညာများကို လေ့လာ သင်ယူခြင်းမရှိဘဲ၊ အခြား Hacker များ ဖန်တီးထားသည့် Tool များကို ရယူအသုံးချလေ့ရှိသူများ ဖြစ်သည်။ Hacking Tool များကို ကျွမ်းကျင်စွာ အသုံးချတတ်သော်လည်း ထို Tool များ မည်သို့ လုပ်ဆောင်သည်ကို မသိရှိ၊ မလေ့လာဘဲ အသုံးချသူများသာဖြစ်သည်။

 

 

Intermediate Hacker

 

 

Computers Networks Programming နှင့်သက်ဆိုင်သော နည်းပညာရပ်များကို တတ်မြောက် သော်လည်း ၎င်းနည်းပညာရပ်များကို လက်တွေ့ အသုံးချခြင်းမရှိဘဲ အခြားသူများရေးသားထားသည့် Exploits ( Software များ၏ လုံခြုံရေးဆိုင်ရာအားနည်းချက်များကို အသုံးချထိုးနှက်ပြီး Computer System ကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားသော Code ) များကို အသုံးချပြီး တိုက်ခိုက်မှုများကို လုပ်ဆောင်သူများဖြစ်သည်။

 

 

Elite Hacker

 

 

နည်းပညာကြွယ်ဝသော Hacker များဖြစ်ပြီး၊ Hacking Tool များ Exploit များကို ကိုယ်တိုင် ရေးသားပြီး အသုံးပြုသူများဖြစ်သည်။ Computer System များအတွင်းသို့ မည်သည့် သဲလွန်စမျှ မကျန်စေဘဲ ဝင်ရောက်နိုင်စွမ်းရှိသူများဖြစ်သည်။

 

****************************************************************************

 

၁။ (ဂ) Hacker တစ်ဦးဖြစ်လာရန်

 

 

လေ့လာသင်ယူလိုမှုနှင့် တီထွင်ဖန်တီးနိုင်မှုသည် Hacker တစ်ဦးဖြစ်လာရန် အတွက် အခြေခံ အကျဆုံးနှင့် အဓိက အကျဆုံးသော လိုအပ်ချက်များပင်ဖြစ်သည်။

 

**************************************************

 

 

၂။ Password အကြောင်းသိကောင်းစရာ

 

 

Computer System များနှင့် Web Based System များ၊ Website များသည် လုံခြုံရေးနှင့် ပုဂ္ဂလိကမှတ်တမ်း များကို ကာကွယ်ရန်အတွက် Password ကို အသုံးပြုလေ့ရှိသည်။ သို့သော်လည်း Hacker များသည် ယင်း Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားပြီး မသမာသော လုပ်ရပ်များလုပ်ဆောင်ခြင်း၊ ကျူးကျော်ခြင်းစသည့် လုပ်ရပ်များကို လုပ်ဆောင့်လေ့ရှိကြသည်။ အချို့သော Hacker များသည် Bank Information ဆိုင်ရာ အချက် အလက် များကို ခိုးယူခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခိုးယူပြီး ခြိမ်းခြောက်ခြင်းစသည့်လုပ်ရပ်များကို လုပ်ဆောင်ရန်အတွက် E Mail Password၊ Computer Password စသည်တို့ကို ပစ်မှတ်ထားကာခိုးယူလေ့ရှိသည်။

 

 

ဖော်ပြမည့် Password ဆိုင်ရာ အချက်အလက်များအား Password နှင့်ဆိုင်သော ခြိမ်းခြောက်မှုရန်မှ ကာကွယ်နိုင်စေရန်အတွက်သာ ဖော်ပြထားခြင်း ဖြစ်ပြီး၊ အခြားသောသူများ၏ ကိုယ်ရေးကိုယ်တာ လွတ်လပ်မှုကို ကျူးကျော်ခြိမ်းခြောက်ရန်အတွက် အသုံးမပြူစေလိုပါ။

 

 

Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားခြင်း

 

 

Social Engineering

 

 

အခြားသောသူများ၏ Password ကိုရယူရန်အတွက် နည်းလမ်းများစွာရှိသည့်အနက်မှ Social Engineering သည် အဟောင်းနွမ်းဆုံး၊ အရိုးစင်းဆုံးဖြစ်သော်လည်း အသုံးဝင်ဆုံးဖြစ်သည်။ Social Engineering Attack သည် ယုံကြည်မှု၊ သတိကင်းမဲ့မှု၊ လျစ်လျူရှုမှုများစသည့် အားနည်းချက်များကို အသုံးချကာတိုက်ခိုက်ထိုးနှက်ခြင်း ပင် ဖြစ်သည်။

 

 

မကြာသေးမီကပင် Twitter Website သည် Social Engineering ကို အသုံးပြု၍ တိုက်ခိုက်ကျူးကျော်ခြင်းကိုခံခဲ့ရသည်။ ထို့ပြင် ထိပ်တန်း Hacker ကြီးဖြစ်သော Kevin Micknick ပင်လျှင် Social Engineering Attack ဖြင့် ထိုးနှက်ခြင်းကို ခံခဲ့ရသည်။

 

 

အောက်တွင်ဖော်ပြထားသော Social Engineering Attack ဆိုင်ရာ ဥပမာများမှာ Hacker များ အသုံးပြုလေ့ရှိသည့် အနက်မှ အချို့သာဖြစ်ပြီး၊ ၎င်းတို့သည် ရိုးစင်းလွန်းလှသည်ဟု ယူဆရသော်လည်း ထောင်ပေါင်းများစွာသော သူတို့သည် ဤနည်းများကို အသုံးပြု၍ တိုက်ခိုက်ခြင်းကို ကြုံတွေ့ခဲ့ရပြီး၊ ကြုံတွေ့ရဆဲနှင့်ဆက်လက်ကြုံတွေ့ရ ဦးမည်သာ ဖြစ်သည်။

 

 

 

Shoulder Surfing Attack

 

 

Shoulder Surfing Attack ဆိုသည့်အတိုင်းပင် အသုံးပြုသူ ဖြည့်သွင်းလိုက်သော Password ကို ချောင်းမြောင်းကြည့်ရှုပြီး ရယူခြင်းပင်ဖြစ်သည်။ ဤတိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းမှာ Password ဖြည့်သွင်းစဉ်တွင် ပတ်ဝန်းကျင်ကိုသတိထားပြီးမှာသာ ဖြည့်သွင်းရန်ဖြစ်ပြီး၊ ထိုသို့ တိုက်ခိုက်ခြင်းခံခဲ့ရပါက အကောင်းဆုံးသော တုံ့ပြန်မှုမှာ ချောင်းမြောင်းကြည့်ရှုသူ၏ မေးရိုးအား ဝိုက်လက်သီးဖြင့် ပြင်းထန်စွာထိုးနှက်ခြင်းပင်ဖြစ်သည်။

 

 

Guessing Attack

 

 

များသောအားဖြင့် အသုံးပြုသူများသည် Password ရွေးချယ်ရာတွင် မိမိတို့၏ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ ရင်သွေးငယ်များ၏အမည်၊ တယ်လီဖုန်းနံပါတ် စသည်တို့ကိုသာ ရွေးချယ်လေ့ရှိသည်။ ဤသည်ကပင် တိုက်ခိုက်ရန်အတွက် အလွယ်ကူဆုံးသော၊ အားနည်းမှုအရှိဆုံး အခြေအနေသို့ ရောက်ရှိအောင် ကိုယ်တိုင်ရွေးချယ်ဖန်တီးခြင်းပင်ဖြစ်သည်။

 

 

Dictionary Attack

 

 

Dictionary Attack ဆိုသည်မှာ ရွေးချယ်လေ့ရွေးချယ်ထရှိသော Password များပါဝင်သည့် Text File ပါဝင်သည့် Programme တစ်ခုကို အသုံးပြုပြီး၊ Password ကို သိမ်းဆည်းထားသော Database နှင့် ထို Password File တွင်ပါဝင်သော Password များကို တိုက်ဆိုင်စစ်ဆေးကာ Password ကိုရယူခြင်းဖြစ်သည်။ လုံခြုံရေးဆိုင်ရာ ကောင်းမွန်သော Password များကို တိုက်ခိုက်ရန်မှာ မလွယ်ကူလှပေ။

 

Dictionary Attack အတွက် အသုံးပြုသော Programme ပေါင်းများစွာရှိပြီး၊ အချို့ကိုအခမဲ့ရယူ သုံးစွဲနိုင်သည်။

 

 

Brute Force Attacks

 

 

Brute Force Attack သည် ဖြစ်နိုင်ချေရှိသော Password ကို Letters များ (abcdefghijklmno……)၊ Number များ (0123…….)၊ Special Characters (@#%*^!”>,, …..) စသည်တို့ကို တွဲဖက်ပြီး ၎င်း Results များကို Password Database နှင့်တိုက်ဆိုင်စစ်ဆေးကာ Password ကို ရယူခြင်းပင်ဖြစ်သည်။

 

ခင်မင်စွာဖြင့်

 

ညအလင်္ကာ

Hacker အကြောင်းသိကောင်းစရာ
by ကွန်ပျူတာနည်းပညာ on Monday, September 10, 2012 at 3:52pm ·

၁။ (က) Hacker ဆိုသည်မှာ

 

Hacker ဆိုသည်မှာ Computer System များ၊ Electronic နည်းပညာရပ်များကို ကျွမ်းကျင် တတ်မြောက်ပြီး၊ ထိုနည်းပညာရပ်များကို အသုံးချကာ Computer Security နှင့်သက်ဆိုင်သော Program များ၊ Application များကို ရေးသားသူသာ ဖြစ်သည်ဟူ၍ Hacker Community မှ ယူဆထားပြီး၊ နည်းပညာရပ်များကို မသမာသော ရည်ရွယ်ချက်များဖြင့် အသုံးချလေ့ရှိသူများကိုမူ Cracker ဟူ၍သာ သတ်မှတ်လေ့ရှိသည်။

 

 

အကြမ်းအားဖြင့်မူ White Hat Black Hat နှင့် Grey Hat ဟု ခွဲခြားနိုင်သည်။ ထို White Hat Black Hat စသော အသုံးအနှုံးများမှာလည်း ရုပ်ရှင်ဇာတ်ကားများတွင် ဦးထုပ်အနက်ဆောင်းသောသူသည် ဇာတ်လိုက် (လူကောင်း)၊ ဦးထုပ်အနက်ဆောင်းသောသူသည် လူကြမ်း (လူမိုက်) စသည်ကို အကြောင်းပြု၍ကင်ပွန်းတပ်ကြခြင်းသာ ဖြစ်သည်။

 

 

White Hat

 

 

White Hat များသည် ၎င်းတို့၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို မသမာသည့်လုပ်ရပ်များတွင် အသုံးချခြင်း မရှိဘဲ Black Hat များ၏ နှောက်ယှက်ခြင်း ခံရသောသူများအား ကာကွယ် စောင့်ရှောက်လေ့ရှိသူများဟုဆိုနိုင်သည်။

 

Black Hat

 

 

Black Hat များမှာမူ ၎င်းတို့၏ ကျွမ်းကျင်မှုများကို မသမာသော လုပ်ရပ်များဖြစ်သည့် Credit Card Information များ ၊ Bank Information များခိုးယူခြင်း၊ သူတပါး၏ Website များကို ဝင်ရောက် စီးနင်းသိမ်းပိုက်ခြင်း၊ အခကြေးငွေ ရယူပြီး သူတပါး၏ ကိုယ်ရေးကိုယ်တာမှတ်တမ်းများ၊ သတင်းအချက်အလက်များကို ခိုးယူပေးခြင်း စသည့်လုပ်ရပ် များကို လုပ်ဆောင်လေ့ရှိသူများ ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။

 

 

Grey Hat

 

 

Grey Hat များမှာမူ White Hat အဖြစ် သော်လည်းကောင်း၊ Black Hat အဖြစ်သော်လည်းကောင်း ရပ်တည်ခြင်းမရှိဘဲ ၎င်းတို့ တတ်ကျွမ်းထားသည့် နည်းပညာကို အလျဉ်းသင့်သလို အသုံးချသူများ ဟူ၍ ဆိုနိုင်သည်။

 

 

*********************************************************************

 

၁။ (ခ) Hacker အဆင့်အတန်းများ

 

Script Kiddies

 

 

Hacker ဖြစ်လိုသော လူငယ်များဖြစ်ပြီး၊ Hacking နှင့် စပ်လျဉ်းသည့် နည်းပညာများကို လေ့လာ သင်ယူခြင်းမရှိဘဲ၊ အခြား Hacker များ ဖန်တီးထားသည့် Tool များကို ရယူအသုံးချလေ့ရှိသူများ ဖြစ်သည်။ Hacking Tool များကို ကျွမ်းကျင်စွာ အသုံးချတတ်သော်လည်း ထို Tool များ မည်သို့ လုပ်ဆောင်သည်ကို မသိရှိ၊ မလေ့လာဘဲ အသုံးချသူများသာဖြစ်သည်။

 

 

Intermediate Hacker

 

 

Computers Networks Programming နှင့်သက်ဆိုင်သော နည်းပညာရပ်များကို တတ်မြောက် သော်လည်း ၎င်းနည်းပညာရပ်များကို လက်တွေ့ အသုံးချခြင်းမရှိဘဲ အခြားသူများရေးသားထားသည့် Exploits ( Software များ၏ လုံခြုံရေးဆိုင်ရာအားနည်းချက်များကို အသုံးချထိုးနှက်ပြီး Computer System ကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားသော Code ) များကို အသုံးချပြီး တိုက်ခိုက်မှုများကို လုပ်ဆောင်သူများဖြစ်သည်။

 

 

Elite Hacker

 

 

နည်းပညာကြွယ်ဝသော Hacker များဖြစ်ပြီး၊ Hacking Tool များ Exploit များကို ကိုယ်တိုင် ရေးသားပြီး အသုံးပြုသူများဖြစ်သည်။ Computer System များအတွင်းသို့ မည်သည့် သဲလွန်စမျှ မကျန်စေဘဲ ဝင်ရောက်နိုင်စွမ်းရှိသူများဖြစ်သည်။

 

****************************************************************************

 

၁။ (ဂ) Hacker တစ်ဦးဖြစ်လာရန်

 

 

လေ့လာသင်ယူလိုမှုနှင့် တီထွင်ဖန်တီးနိုင်မှုသည် Hacker တစ်ဦးဖြစ်လာရန် အတွက် အခြေခံ အကျဆုံးနှင့် အဓိက အကျဆုံးသော လိုအပ်ချက်များပင်ဖြစ်သည်။

 

**************************************************

 

 

၂။ Password အကြောင်းသိကောင်းစရာ

 

 

Computer System များနှင့် Web Based System များ၊ Website များသည် လုံခြုံရေးနှင့် ပုဂ္ဂလိကမှတ်တမ်း များကို ကာကွယ်ရန်အတွက် Password ကို အသုံးပြုလေ့ရှိသည်။ သို့သော်လည်း Hacker များသည် ယင်း Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားပြီး မသမာသော လုပ်ရပ်များလုပ်ဆောင်ခြင်း၊ ကျူးကျော်ခြင်းစသည့် လုပ်ရပ်များကို လုပ်ဆောင့်လေ့ရှိကြသည်။ အချို့သော Hacker များသည် Bank Information ဆိုင်ရာ အချက် အလက် များကို ခိုးယူခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခိုးယူပြီး ခြိမ်းခြောက်ခြင်းစသည့်လုပ်ရပ်များကို လုပ်ဆောင်ရန်အတွက် E Mail Password၊ Computer Password စသည်တို့ကို ပစ်မှတ်ထားကာခိုးယူလေ့ရှိသည်။

 

 

ဖော်ပြမည့် Password ဆိုင်ရာ အချက်အလက်များအား Password နှင့်ဆိုင်သော ခြိမ်းခြောက်မှုရန်မှ ကာကွယ်နိုင်စေရန်အတွက်သာ ဖော်ပြထားခြင်း ဖြစ်ပြီး၊ အခြားသောသူများ၏ ကိုယ်ရေးကိုယ်တာ လွတ်လပ်မှုကို ကျူးကျော်ခြိမ်းခြောက်ရန်အတွက် အသုံးမပြူစေလိုပါ။

 

 

Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားခြင်း

 

 

Social Engineering

 

 

အခြားသောသူများ၏ Password ကိုရယူရန်အတွက် နည်းလမ်းများစွာရှိသည့်အနက်မှ Social Engineering သည် အဟောင်းနွမ်းဆုံး၊ အရိုးစင်းဆုံးဖြစ်သော်လည်း အသုံးဝင်ဆုံးဖြစ်သည်။ Social Engineering Attack သည် ယုံကြည်မှု၊ သတိကင်းမဲ့မှု၊ လျစ်လျူရှုမှုများစသည့် အားနည်းချက်များကို အသုံးချကာတိုက်ခိုက်ထိုးနှက်ခြင်း ပင် ဖြစ်သည်။

 

 

မကြာသေးမီကပင် Twitter Website သည် Social Engineering ကို အသုံးပြု၍ တိုက်ခိုက်ကျူးကျော်ခြင်းကိုခံခဲ့ရသည်။ ထို့ပြင် ထိပ်တန်း Hacker ကြီးဖြစ်သော Kevin Micknick ပင်လျှင် Social Engineering Attack ဖြင့် ထိုးနှက်ခြင်းကို ခံခဲ့ရသည်။

 

 

အောက်တွင်ဖော်ပြထားသော Social Engineering Attack ဆိုင်ရာ ဥပမာများမှာ Hacker များ အသုံးပြုလေ့ရှိသည့် အနက်မှ အချို့သာဖြစ်ပြီး၊ ၎င်းတို့သည် ရိုးစင်းလွန်းလှသည်ဟု ယူဆရသော်လည်း ထောင်ပေါင်းများစွာသော သူတို့သည် ဤနည်းများကို အသုံးပြု၍ တိုက်ခိုက်ခြင်းကို ကြုံတွေ့ခဲ့ရပြီး၊ ကြုံတွေ့ရဆဲနှင့်ဆက်လက်ကြုံတွေ့ရ ဦးမည်သာ ဖြစ်သည်။

 

 

 

Shoulder Surfing Attack

 

 

Shoulder Surfing Attack ဆိုသည့်အတိုင်းပင် အသုံးပြုသူ ဖြည့်သွင်းလိုက်သော Password ကို ချောင်းမြောင်းကြည့်ရှုပြီး ရယူခြင်းပင်ဖြစ်သည်။ ဤတိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းမှာ Password ဖြည့်သွင်းစဉ်တွင် ပတ်ဝန်းကျင်ကိုသတိထားပြီးမှာသာ ဖြည့်သွင်းရန်ဖြစ်ပြီး၊ ထိုသို့ တိုက်ခိုက်ခြင်းခံခဲ့ရပါက အကောင်းဆုံးသော တုံ့ပြန်မှုမှာ ချောင်းမြောင်းကြည့်ရှုသူ၏ မေးရိုးအား ဝိုက်လက်သီးဖြင့် ပြင်းထန်စွာထိုးနှက်ခြင်းပင်ဖြစ်သည်။

 

 

Guessing Attack

 

 

များသောအားဖြင့် အသုံးပြုသူများသည် Password ရွေးချယ်ရာတွင် မိမိတို့၏ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ ရင်သွေးငယ်များ၏အမည်၊ တယ်လီဖုန်းနံပါတ် စသည်တို့ကိုသာ ရွေးချယ်လေ့ရှိသည်။ ဤသည်ကပင် တိုက်ခိုက်ရန်အတွက် အလွယ်ကူဆုံးသော၊ အားနည်းမှုအရှိဆုံး အခြေအနေသို့ ရောက်ရှိအောင် ကိုယ်တိုင်ရွေးချယ်ဖန်တီးခြင်းပင်ဖြစ်သည်။

 

 

Dictionary Attack

 

 

Dictionary Attack ဆိုသည်မှာ ရွေးချယ်လေ့ရွေးချယ်ထရှိသော Password များပါဝင်သည့် Text File ပါဝင်သည့် Programme တစ်ခုကို အသုံးပြုပြီး၊ Password ကို သိမ်းဆည်းထားသော Database နှင့် ထို Password File တွင်ပါဝင်သော Password များကို တိုက်ဆိုင်စစ်ဆေးကာ Password ကိုရယူခြင်းဖြစ်သည်။ လုံခြုံရေးဆိုင်ရာ ကောင်းမွန်သော Password များကို တိုက်ခိုက်ရန်မှာ မလွယ်ကူလှပေ။

 

Dictionary Attack အတွက် အသုံးပြုသော Programme ပေါင်းများစွာရှိပြီး၊ အချို့ကိုအခမဲ့ရယူ သုံးစွဲနိုင်သည်။

 

 

Brute Force Attacks

 

 

Brute Force Attack သည် ဖြစ်နိုင်ချေရှိသော Password ကို Letters များ (abcdefghijklmno……)၊ Number များ (0123…….)၊ Special Characters (@#%*^!”>,, …..) စသည်တို့ကို တွဲဖက်ပြီး ၎င်း Results များကို Password Database နှင့်တိုက်ဆိုင်စစ်ဆေးကာ Password ကို ရယူခြင်းပင်ဖြစ်သည်။

 

ခင်မင်စွာဖြင့်

 

ညအလင်္ကာ

61 comments

  • သစ် တည်

    September 11, 2012 at 11:34 am

    Hucker ဆိုသည်မှာ
    Hucker ဆိုသောစာသားပါသည့် post တင်လျှင်
    နောက်ရက် ရွာထဲသို့ဝင်၍မရတော့ပါ….,

  • Mr admin

    September 11, 2012 at 12:01 pm

    ဟုတ်တယ် အဲပို့စ်တွေ တော်ဖို့ကောင်းပြီ ဝေဖန်နေကြတာ …

    • စိန်ဗိုက်ဗိုက်

      September 11, 2012 at 12:23 pm

      သိသလောက်.ဒီဆိုက်ထဲ အဒ်မင် ဆိုတာ သဂျီး kai တစ်ယောက်ပဲရှိတယ်ဗျ
      အဲတော့..
      မိတ်ဆွေရဲ့ နာမည်နဲ ့ အီးမေးလ်ဟာ အဒ်မင်အစစ် မဟုတ်ပဲ တခြားလူတွေ ထင်ယောင်ထင်မှားဖြစ်အောင် လှည့်ဖြားထားသလိုဖြစ်နေသမို ့
      တခြား နာမည်နဲ ့အီးမေးလ် လေး ပြောင်းပေးစေလိုပါကြောင်း

      • Mလုလင်

        September 11, 2012 at 12:29 pm

        အူး … စိန်ဗိုက်ဗိုက် ကို ထောက်ခံပါကြောင်း

        • မောင်ပေ

          September 11, 2012 at 12:34 pm

          သဂျီး ရဲ ့ဒူးမနာသား ဖြစ်နေရင် ဘယ်လို လုပ်မလဲ ရဲဘော်တို ့
          ဟီဟိ

        • မဟာရာဇာ အံစာတုံး

          September 11, 2012 at 2:20 pm

          မစ်ချတာ အက်ဒမင် အစား ..
          မစ်ချတာ ဘင်းလို့ ပြောင်းလိုက်ပါလား ..
          ကျုပ်တို့နဲ့ အဖော်ရအောင် .. :mrgreen:

  • ဦး ဂျစ်

    September 11, 2012 at 1:31 pm

    ဒူးမနာသားဖြစ်နေရင် အမလေး …
    ၂လုံးပူး စာမိနေမှ ခက်မယ် …:mrgreen:

  • ကိုခင်ခ

    September 11, 2012 at 1:47 pm

    ရွာထဲမှ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီငယ် ညီမ တူ တူမ နှင့် အဖိုး အဖွား များခင်ဗျာ Hacker အကြောင်းပိုစ့်များ၊ ဆွေးနွေးမှု့ကွန်မန့်များကို မရေးကြဘဲ အခြားမိမိနှစ်သက်ရာရေးခြင်းဖြင့် ရွာသာယာရေးကို ကူညီပေးစေလိုကြောင်း တောင်းပန်လိုက်ပါသည်။ ထို Hacker ကိစ္စများကို သည်မျှသာ ရပ်နားလိုက်ကြပါတော့ခင်ဗျာ။ ( ဤကား ရွာ၏အလိုတည်း )

  • etone

    September 11, 2012 at 2:11 pm

    မရွှေအိမ်စည်ရေ ဗဟုသုတရစရာပို့စ်လေးအတွက်ကျေးဇူးပါနော်

    ဒါနဲ့ စကားမစပ်
    သူခိုးပြေးမှ ထိုးကွင်းထနေတဲ့ ရွှေပြည်အေးတရားဟောသူတွေ ဘယ်လိုကော့မန့်များချီးမြင့်မလဲလို့ စိတ်ဝင်စားနေမိပါတယ် 🙄

  • Black Cloud

    September 11, 2012 at 3:15 pm

    သူခိုးက မပြေးသေးပါဖူး ခင်ဗျ ထပ်လာဦးမှာပါ…. ဒါက အခုမှ စဖြစ်တာ မဟုတ်ပါဖူး….
    ဖြစ်တာလည်း ကြာပါပီ…. လူတွေက သတိမထားမိကြတာပါ…..
    တခါဖြစ်ဖူးရင် နောက်တခါ ဖြစ်ဖို ့လွယ်ပါတယ်…
    ဘလော့ Page တခုကို တိုက်စရာ အကြောင်းမရှိပါဖူး ပုံမှန်ဆိုရင်ဖြင့်…
    အခုလို တိုက်တာဟာ ရေးသားသူ တွေထဲက တယောက်ယောက်ဖြစ်နိုင်ပါတယ်….
    အဲ့ဒါကြောင့် ရေးသားသူတွေရဲ့ IP-Address နဲ ့ normal မဟုတ်တဲ့ IP-Address နဲ ့ နှိုင်းယှဉ်ပီး ပြန်လည် စီစစ်သင့်တယ် (IP-Address block တန်သင့်ရင် ဘလော့) လို ့ အကြံပေးချင်ပါတယ်……
    ဆြာ လုပ်တယ်လို ့လည်း မထင်စေချင်ပါဖူး…. သိနားလည်သလောက် အကြံပေးတာပါ…

  • Mr admin

    September 11, 2012 at 3:24 pm

    ဒါဆိုလည်း နာမည်ပြောင်းပေးပါမယ် ဗျာ ..အဖြစ်သည်းလိုက်တာ ခက်ကရော 😛
    နာကဘဲ လှည့်ဖြားရပြန်တယ်လို့ ဟိဟိ

  • တပည့် ကြီး

    September 11, 2012 at 3:30 pm

    ပြောင်းလိုက်ပီနော် 😛 လေပါ့ ကွယ် …..

  • ရွှေအိမ်စည်

    September 11, 2012 at 5:03 pm

    ဟက်ကာက တခြားကမဟုတ်ပါဘူး..ဒီထဲ ကမန်ဘာပါဘဲ ..
    ဘာအမည်နဲ ့ဝင်ထားတယ်ဆိုတာတော့ကျနော်မေးတာမရဘူး…
    သူတို ့ဟက်မယ်လို ့ဝိုင်းဖွဲ ့စုဝေးတဲ ့စာကိုတော့…ပိုစ့်တင်တာတွေ ့ဖေ ့ဘုတ်မှာတွေ ့ပါတယ်။
    ကျနော်အထင်သေးမိတာလည်းပါပါတယ်..။
    ဟက်ဖို ့လူစုနေတဲ ့သူလင့်ကိုသူကြီးဆီ ဖေ ့ဘုတ်ကတဆင့်တော့ကျနော်စာပို ့လိုက်ပါတယ်။
    ဘာသာရေးပိုစ့် တစ်ခုကြောင့်နဲ ့ဟက်ကာကိုသရော်ထားတာလို ့ဆိုပါတယ်။

  • ရွှေအိမ်စည်

    September 11, 2012 at 5:40 pm

    မအိတုန်ရေ
    တကယ်တော့ ကျနော်မှာ ဖေ ့ဘုတ်မှာစာကြည့်တိုက်လုပ်ထားတာရှိပါတယ်…။
    အဲ ့ဒိမှာတော့…ဒီဆိုဒ်ကိုဟက်မယ်ဆိုတဲ ့အကြောင်း…ဟက်ကာတွေထဲ ကတစ်ယောက်ကပိုစ့်တင်ပါတယ်.။
    .ပြီးတော့ လူစုပါတယ်..အချိန်းအချက်ဆက်လုပ်ပါတယ်..။
    ကျနော်က တကယ်တော့အထင်မကြီးးမိတာပါ။
    အဲ ့ဒိပိုစ့်ကိုကျနော်ဖျက်လိုက်ပါတယ်..။

    အခုလည်း..ကျနော်ဝေါ်ပေါ်မှာ ဒီဆိုဒ်ပုံနဲ ့တကွပိုစ့်လာတင်ပါတယ်…။
    သူကြီးဆီတော့ပို လိုက်ပါတယ်..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 11, 2012 at 6:11 pm

    ကျုပ်ကတော့ သူတို့လိုမဟတ်တတ်တော့
    လက်တို့ကြည့်ဇမ်းဘာ ခွေ့ ( ဝှေ့ ) မလားလို့ ကျုပ်တတ်နိုင်တာလေးပြောတာပါ
    ကာကွယ်ရေးစနစ်တွက် အကုန်ကျဘတ်ဂျက်လေးတွက်ကြည့်ပြီး
    လူစုကြည့်ဘာလား :mrgreen:
    ခပ်ရှင်းရှင်းပြောရရင်တော့ ဒီကောင်တွေကို ခုတ်ထစ်ချက်ပြုပ်ဖုတ်ကျော်လှော်ပြီး
    အမြည်းလုပ်ဘလိုက်ခြင်ဒယ်
    ဟင်းဟင်းဟင်း
    မတတ်နိုင်သေးလို့
    တတ်နိုင်တဲ့တစ်နေ့ ရော့သဂျီးမင်းခြံစည်းရိုးကာဘလိုက်
    ကြိုက်တဲ့နွားတွေခြံခုန်ဘဇေဆိုပြီး
    ဟင်းဟင်းဟင်း
    ပြောရင်းဒေါခွီးလာဘီ

  • Bl4ck_B4dB0y

    September 12, 2012 at 2:44 am

    အဲဒီ deface က ကျနော်တို ့အဖွဲ ့(Myanmar-Cyber-counter-ddos-team)တင်ခြင်းမဟုတ်ပါ ပြီးတော့ ခုဖြစ်နေတာက ခင်ဗျားတို ့ဆိုဒ်က ကျနော်တို ့ပြောထားရဲ့သားနဲ ့ စော်ကားတဲ့ ပို ့စ်တွေ ထပ်ထပ်တတ်လာလို ့ အကိုတွေက လုပ်နေတာပါ ခင်ဗျားတို ့ဘက်က တောင်းပန်ပြီးတော့ နောက်ထပ် အဲလို ပို ့စ်တွေမတင်ရင် ကျနော်တို ့ဘက်ကလဲ ခင်ဗျားတို ့ဆိုဒ်ကို အလကားနေ အချိန်ကုန်ခံ တိုက်မနေပါဘူး အဟက်ဟက်

  • အရီးခင်လတ်

    September 12, 2012 at 3:00 am

    {{{ ခင်ဗျားတို ့ဘက်က တောင်းပန်ပြီးတော့ }}}
    What do you mean ???????

  • Bl4ck_B4dB0y

    September 12, 2012 at 3:04 am

    နှစ်ဖက် ငြိနှိုင်းပေးတာပဲ လက်မခံလည်း သဘောပဲ defender တို ့ရေ attackerတို ့ မကြာခင် ပြန်လာပါမယ် အဟက်ဟက် 🙂

    • အရီးခင်လတ်

      September 12, 2012 at 3:15 am

      မင်းတို့ ပထမဆုံး စဉ်းစားဖို့က
      တကယ်ဘဲ အများကောင်းကျိုး အတွက်လုပ်နေတာ ဟုတ်မဟုတ်။
      ဘာမှ မလုပ်တဲ့၊ သူ့ဟာသူ နေနေတဲ့ လူတွေ ကို အနိုင်ကျင့် တာ ဟာ တရားမျှတခြင်း ရှိ/မရှိ။
      စဉ်းစားပါဦး။
      မင်းတို့ လုပ်တာ အပြစ်မဲ့ သူတွေ ကို တမင်ခြိမ်းခြောက် နေတာ။
      ဒီ ဆိုက် မှာ ပုံမှန် ရေးနေသူ တွေ က ဒီ ကိစ္စတွေ မှာ မပါဘူး။
      ပွဲဆူချင်လို့ မန်ဘာဝင်၊ ကိုယ်ရေးချင်ရာရေးပြီး ထွက် သွားတာ။
      မင်းတို့နဲ့ ပုံစံတူတွေ ဘဲ မဟုတ်လား။
      သူများ ကို လက်ညိုးမထိုး ခင် ကိုယ့်ဟာကိုယ် မှန်ထဲ ပြန်ကြည့်ကြစေလိုပါတယ်။

      • Bl4ck_B4dB0y

        September 12, 2012 at 3:20 am

        ကဲ ဒါဆို ခင်ဗျား တခုပြောကြည့် အဲတုန်းက ကျနော်တို ့ သတိပေးပါတယ် ခင်ဗျားတို ့ဘက်က မဖြတ်တာ အဲတော့ ကျနော်တို ့နောက်ဆုံးနည်းနဲ ့တိုက်တာပေါ့ ခင်ဗျား ဗုဒ္ဓဘာသာဝင်ဆိုရင်တော့ နာမှာပေါ့ ဟိုကောင်က သောက်ဆင့်မရှိလို ့ကျနော်တို ့ fan page မှာလာမရေးရဲတာ ပြီးတော့ ဒီလောက်ဖြစ်နေတဲ့ ရိုဟင်ဂျာ-မြန်မာအရေးကို မသိတာလား အက်မင်က ဘာလို ့မန်ဘာဝင်လာတာကို ချက်ချင်းကန်မထုတ်လဲ ပြီးတော့ ခင်ဗျားတို ့ဘက်က ဖြတ်မပေးတဲ့ အပြင် ကျနော်တို ့အဖွဲ ့ကိုပါ စိန်ခေါ်လိုက်သေးတယ် ဘာတဲ့ ဟက်ကာဆိုလို ့ခွိခွိ ဆိုလား အဲဒီပို ့စ် က ခင်ဗျားတို ့ထဲက ပဲရေးတာပါ ကျနော်တို ့က သစ္စာဖောက်လောက်ကောင်တွေကိုရှိတဲ့ ဆိုဒ်ကိုလည်း ဒီအတိုင်းမထားတတ်ပါဘူး အကုန်တိုက်မှာပဲ LOL

        WARNING !!!! We L0v3 Myanmar We L0v3 Rakhine We are An0nym0u$ LOL

        • အရီးခင်လတ်

          September 12, 2012 at 3:27 am

          တို့တွေ အဲဒီ ဘာသာ ကို အစွန်းရောက်တွေ လို့ စွပ်စွဲတာ။
          တကယ်လဲ အစွန်းရောက်လို့။
          ကိုယ်နဲ့ မတူ ရန်သူလို့ သဘောထားလို့။

          မင်းတို့ ဗုဒ္ဓဘာသာ ကို တကယ်လေးစား ရင် ကိုယ်တိုင် အစွန်းရောက် မဖြစ်အောင် နေဖို့လိုမယ်။
          မဟုတ်ရင် မင်းတို့ ကိုယ်တိုင်ပါ သူတို့ ဖြစ်ကုန် မယ်။

          မင်းတို့ အလုပ်က ဟက်ကာလား။
          အမျိုး၊ ဘာသာ၊ လူမျိုး ကို စောင့်ရှောက် တာလား။
          အမျိုး၊ ဘာသာ၊ လူမျိုး ကို စောင့်ရှောက် တာဖို့ ဆိုရင် ဟက်ကာ တွေ ကို လှောင်တာ နာစရာ မလိုပါဘူး မဟုတ်လား။
          ဟက်ကာ ဆိုတာ အမျိုးမျိုး ရှိတာဘဲ။
          မင်းတို့ က ကောင်းတဲ့ ဘက်မှာ ရပ်နေရင် သူများ ကို ဘာဂရူစိုက်စရာလိုလဲ။

          ဒီ ဆိုက် ထဲ မှာ ရေးနေ၊ ဆွေးနွေးနေတာတွေရဲ့ 90% ဟာ အများအကျိုး အတွက် တွေ ဆိုတာ သိသင့်တယ်။

  • Bl4ck_B4dB0y

    September 12, 2012 at 3:35 am

    I am *Black hat* I love Myanmar

    ကျနော်တို ့က မြန်မာနိုင်ငံသား ကွန်ပြူတာ အသုံးပြုသူ ဘာမှမဟုတ်တဲ့ကောင်လေးတွေပါ ဒါပေမယ့် ခင်ဗျားက အဲဒီပို ့စ်တွေကို မမှီလိုက်ဘူးထင်တယ် ကျနော်တို ့တွေ သတိပေးပါတယ် အက်မင်ဆီကိုလည်း စာပို ့ပါတယ် အက်မင်က စောက်ရေးတောင်မစိုက်ဘူး ပြောလိုက်သေးတယ် သတ္တိရှိရင် ဟက်သွားတဲ့ အဲဒါကျနော်တို ့အဖွဲ ့က အကိုတွေကို စော်ကားတာပဲ ကျနော်တို ့အစွန်းရောက်တွေမဟုတ်ပါ ကျနော်တို ့webစာမျက်နှာတွေပေါ်မှာ ဘင်္ဂါလီ အားပေးတဲ့စာတွေကို တိုက်ဖြတ်နေတာပါ အဲဒါကို ဒီဂရုအက်မင်က မပူးပေါင်းပဲနဲ ့စိန်ခေါ်တော့ ကျနော်တို ့လဲ ကျနော်တို ့နည်းနဲ ့ကျနော်တို ့တိုက်တာပါ ဒါပါပဲ ခုလည်း ခင်ဗျားတို ့ဘက်က ထပ်စော်ကားနေပါတယ် ကျနော်တို ့ဒီနေ ့ သတိပေးတိုက်လိုက်မှ အက်မင်က ကြောက်လန် ့ပြီးဖြတ်သွားတာပါ အဟက်

    We are Watching your site 🙂

    • အရီးခင်လတ်

      September 12, 2012 at 3:42 am

      ဒါထက် မင်း ကိုယ်တိုင်လဲ အခု ဂဇက်အဖွဲ့ ဝင် အဖြစ် ရပ်တည် နေတာဘဲ။
      ဒါကို ဘာလို့ ခင်ဗျားတို့ အဖွဲ့၊ ကျွန်တော်တို့ အဖွဲ့ ခွဲ နေတာလဲ။
      ဒီရွာထဲ ဝင်လာသူတိုင်း ဟာ ဒီ ရွာကောင်းကျိုး ပြု သင့်ပါတယ်။
      မပြုဘဲနေရင် အဲဒီသူဟာ သူ့အဆင့် သူပြခဲ့တာပါ။
      ဒီလို လူမျိုး ကလဲ ရွာထဲမှာ ကြာကြာ မရှိတတ်ပါဘူး။
      ဒီတော့ ပုံမှန် ရေးနေ၊ ဖတ်နေသူတွေ ကို နှောက်ယှက်တာ သူတို့ က ရှေ့ဆုံး ကပါ။
      ဒီလိုမျိုး မင်းတို့ မဖြစ်ပါစေနဲ့။

      ဂဇက် ရဲ့ လွတ်လပ်စွာ ရေးသားခွင့်၊ ဝေဖန်ခွင့် ဆိုတာ အဲဒီကိစ္စတွေ မဖြစ်ခင်ထဲ ကရှိတာ။
      ဒါကိုလဲ သိဖို့ကောင်းတယ်။
      ရွာမှာလဲ သိုးမဲ ဆိုတာရှိတာဘဲ၊
      ဒါပေမဲ့ ထူးပြီး ပိတ်လို့ မှမရတာ။
      သူတို့ က အခုနာမည်တစ်မျိုး၊ နောက် နာမည် တစ်မျိုး နဲ ဝင်လို့ ရနေတာ မင်းလဲ အသိဘဲ။
      မင်း သူတို့ ကို မကြိုက်ရင် ဝင်ပြီး ဝေဖန်ပါ။
      မင်းကို တစ်ခြားသူတွေ က အားပေးမှာပါ။
      မှန်တဲ့ဘက် က ရပ်တတ်ကြတာ ဒီရွာမှာ လူအများစုပါ။

      တို့တွေ ရဲ့ ရွာဟာ လွတ်လပ်စွာစဉ်းစားခြင်း ဆိုတာကို ရှေ့တန်းထား လုပ်နေတာမို့ မမှားပါဘူး။
      ဒါဟာ လူတွေ ရဲ့ စဉ်းစားနိုင်ခြင်း ကိုဖွင့် ပေးခြင်းတနည်း ပါ။
      ဒီတော့ အများ အတွက်၊ နောင်အနာဂါတ် တိုးတက်ဖို့ အတွက် မင်းတို့ လဲ မလွတ်လပ်တဲ့ ဘောင်ထဲမှာ နေမနေသင့်ဘူး။
      Open Mind နဲ့ အများကောင်းကျိုးပြုကြပါ။

    • kai

      September 12, 2012 at 3:43 am

      သတ္တိရှိရင် ဟက်သွားတဲ့

      အဲဒါဘယ်သူပြောသလည်း သေသေချာချာညွှန်းစေလိုပါတယ်..
      ဒီဆိုဒ်မှာကျုပ်က တဦးတည်း အက်ဒ်မင်ပါ..

      လူမှားတာမဖြစ်စေလိုပါ..။

      ကျုပ်အနေနဲ့ကတော့.. မည်သူကိုမဆို.. Respect အပြည့်နဲ့ဆက်ဆံပါတယ်..

      • Bl4ck_B4dB0y

        September 12, 2012 at 3:51 am

        ဘယ်သူပြောလည်းဆိုတော့ ဒီဆိုဒ်က သူကြီးဆိုတဲ့ သူပြောတာပါ သေချာစဉ်းစားကြည့်ပါ အဖြေပေါ်လာပါလိမ့်မယ် ကျနော်တို ့ထဲက အကိုတယောက်ကို ခင်ဗျားတို ့စိန်ခေါ်လိုက်ပါတယ် 🙂

        We are Watching your site 🙂

    • အရီးခင်လတ်

      September 12, 2012 at 3:49 am

      အဲဒီ သူကြီး ဆိုတာ သူဘဲ Admin ပါ။
      အဖွဲ့လဲ မရှိပါဘူး။
      အဖွဲ့ ဆိုလို့ စာကောင်းလေးတွေ ရွေးပြီး ဆုပေးတဲ့ တဲ့ သက်ကြီးရွယ်အို အဖွဲ့ဘဲ ရှိတယ်။

  • Bl4ck_B4dB0y

    September 12, 2012 at 3:48 am

    ကျနော်ဒီထဲကို ဝင်လာတဲ့ရည်ရွယ်ချက်က တစ်အချက် ကျနော်တို ့ကို စော်ကားနေတာကို လက်ပိုက်ကြည့်မနေနိုင်လို ့သတိပေးချင်တာနဲ ့ဝင်လာတာပါ နှစ်အချက်က ဒီထဲမှာ ကျနော်ကိုယ်ရောစိတ်ရောနှစ်ပီးနေနေတာမဟုတ်ပါ ကျနော်တို ့မှာ ဒီဆိုဒ်ထက်အရေးကြီးတာတွေအများကြီးလုုပ်နေတာပါ ဒီဆိုဒ်ကို အရင်တုန်းက သိကိုမသိခဲ့တာပါ အဟက်
    အဲလိုပြောလို ့ နာမသွားနဲ ့ဦးနော် ခုဖြစ်တဲ့ပြသ၁နာက ကျနော်တို ့ဘက်က အားယားပြီးတော့ စတိုက်တာမဟုတ်ပါ စစ်ကြေငြာတာက ခင်ဗျားတို ့အက်မင်ပါ ကျနော်တို ့တိုက်တာက တရားသောစစ်ပါ ဘယ်သူ ့ကိုမှ ကျနော်တို ့စမလုပ်ပါဘူး မြန်မာအချင်းချင်းဆိုရင်ပေါ့ ဘင်္ဂါလီဆိုရင်တော့ ခု facebookမှာလည်း မြင်မှာပါ ကျနော်တို ့ကန် ့ကွက်နေကြတာပါ အဟက် ကဲပါ ခင်ဗျားတို ့ဘက်က တောင်းပန်မလားမတောင်းပန်ဘူးလားဆိုတာ အချိန်ရပါသေးတယ် စဉ်းစားကြပေါ့

    WARNING !!!! We L0v3 Myanmar We L0v3 Rakhine We are An0nym0u$

    Greetz to MMCounterddos/MHPG/BHA lol

    We are Watching your site 🙂 LOL

    • အရီးခင်လတ်

      September 12, 2012 at 3:53 am

      ဘာတွေ မှားလို့ ဘာကိုတောင်းပန် ရမှာလဲ ။
      မင်းကိုယ်တိုင် ဒီ ဆိုက် ကို လေ့လာပြီးမှ ဒီစကား ပြောသင့်ပါတယ်။
      We are Watching your site ထက် We are Reading your site ဆိုရင် မင်းတို့ အတွက် တကယ်ဘဲ အကျိုးရှိမယ်။
      မယုံရင် တစ်လ လောက်ဘဲ ဝင်ဖတ်ကြည့်။

    • kai

      September 12, 2012 at 3:59 am

      ပြဿနာပဲကွယ်..
      အက်ဒ်မင်ဆိုတာရော.. သူကြိးဆိုတာရော.. ကျုပ်ပါပဲ..။ ..။

      ဒါပေမဲ့.. ရွာသူားးထဲက.. တခုခုအမှားအယွင်းလုပ်ရင်..တာဝန်ယူ တောင်းပန်ဖို့လည်းဝန်မလေးပါဘူး..။
      ကဲ..ပြောပါ.. ဘယ်သူ့ကို.. ဘယ်နေရာမှာ..တောင်းပန်ရမှာလည်း..

      ဟက်ကာတွေကို ရီခရုလုပ်တာမှာတောင်ပါဖူးသူတယောက်အနေနဲ့.. ဟက်ကာ(တနည်းအားဖြင့်) ကွန်ပျူတာနက်ဝပ်ကျွမ်းကျင်သူတွေကို..
      .. ကျုပ်အနေနဲ့က.. ဘယ်တော့မှမစော်ကားပါ..

  • Bl4ck_B4dB0y

    September 12, 2012 at 3:56 am

    ကျနော်တို ့မှာ ဒီလိုပေါတောတောဆိုဒ်တွေကို ဝင်ဖတ်ဖို ့အချိန်မရှိဘူး ဘင်္ဂါလားတွေနဲ ့ CyberWarမှာ နိုင်ဖို ့အတွက် ကျနော်တို ့ကိုယ်ရောစိတ်ပါ ရုန်းနေတာပါ ဒီဆိုဒ်ကို ဝင်ဖတ်လို ့လို ့ကျနော်တို ့အတွက် ဘာမှအကျိုးထူးမလာပါဘူး ဒီလိုဆိုဒ်ကို ဝင်ဖတ်မယ့်အစား BlinkHackerGroup က အကိုတွေ ဟက်ထားတဲ့ ဆိုဒ်တွေကို လိုက်ကြည့်ရတာမှ ကျနော်တို ့အတွက်အားဖြစ်သေးတယ် အဟက်ဟက် ဘာမှားသလဲဆိုတော့ ခင်ဗျားတို ့မှားတာတွေအများကြီးပါ ဆင်သေကို ဆိတ်သရေနဲ ့မဖုံးပါနဲ ့ ပြန်စဉ်းစားပါ

    WARNING !!!! We L0v3 Myanmar We L0v3 Rakhine We are An0nym0u$

    Greetz to MMCounterddos/MHPG/BHA lol

    We are Watching your site 🙂 LOL

    • အရီးခင်လတ်

      September 12, 2012 at 3:59 am

      မင်းဘဲပြောတယ်။
      ဒီဆိုက် ကို မသိဘူး တဲ့။
      ကိုယ်မသိတဲ့ ဆိုက် အကြောင်း ကို မသိဘဲ နဲ့ တစ်ယောက်ယောက်က ချွန်ပေးတာနဲ့ တိုက်ရရောတဲ့လားကွယ်။
      အရင် ဝင်ပြီး မစုံစမ်းသင့်ဘူးလား။

      တစ်ခု ပြောချင်ပါတယ်။
      မင်းတို့ လဲ ရှေ့ဆက်ပြီး ကိုယ့်ဘဝ တိုးတက်ရာ၊ တိုးတက်ကြောင်း လုပ်ရမှာပါ။
      ဒီအတိုင်း အမြင်ကျဉ်းကျဉ်း ဘောင်ကျဉ်းကျဉ်း နဲ့ ဘဲ နေနေရင် မင်းတို့တွေ လဲ တို့အားလုံး နှာခေါင်းရှုံ့ နေတဲ့ လူအတန်းအစား ဝင်တွေ ဖြစ်မှန်းမသိဖြစ် သွားမယ် ဆိုတာ ကို တကဲ့ စေတနာ အရင်း နဲ့ သတိပေးလိုက်ပါတယ်။
      မဟုတ်တဲ့ နေရာမှာ အချိန်ကုန် နေမဲ့အစား အကျိုးရှိတာကို လုပ်စေချင်ပါတယ်။

      • Bl4ck_B4dB0y

        September 12, 2012 at 4:04 am

        ဟုတ်ပြီ ဒါဆို ကျနော်ခုလေ့လာနေတာ လေ့လာနေသလောက်တော့ တပတ်မှာ ငါးရက်လောက်က ကျနော်တို ့အဖွဲ ့ကို စော်ကားတဲ့ ပို ့စ်အောက်မှာ ဝင်ရေးနေတဲ့ သူတွေက အများသားလား အဟက် ကဲ ဒီတော့ ကျနော်တို ့မတိုက်သင့်ဘူးလား ကျနော်တို ့က သူများချွန်ပေးတိုင် းတိုက်ရအောင် သူငယ်နှပ်စားကလေးတွေမဟုတ်ပါ ကျနော်တို ့ သေချာဆုံးဖြတ်ပြီးမှ တိုက်ခဲ့တာပါ အားလုံးသဘောတူညီမှုနဲ ့ပါ အဟက် ခင်ဗျားတို ့ဘက်က သေချာဆုံးဖြတ်ပါ ပြီးရင်တော့

        https://www.facebook.com/yarsulay အဲဒီလင့်စ်မှာ လာတောင်းပန်လိုက်ပါ ကျနော် မနက်ဖြန်ညနေသုံးနာရီထိစောင့်ကြိုနေပါ့မယ် အဟက်

        မကျေနပ်လို ့အဲဒီအကောင့်ကို ဟက်သွားမယ်ဆိုလည်း welcome ပါ

        WARNING !!!! We L0v3 Myanmar We L0v3 Rakhine We are An0nym0u$

        Greetz to MMCounterddos/MHPG/BHA lol

        We are Watching your site 🙂 LOL

        • အရီးခင်လတ်

          September 12, 2012 at 4:10 am

          ဟက်တဲ့ ပညာတတ်တိုင်းလဲ Pro ဆိုရင် အပြစ်မဲ့သူများ ကို ထိခိုက်တာ ဘယ်တော့မှ မလုပ်သင့်ဘူး။ မလုပ်ဘူး။

        • kai

          September 12, 2012 at 4:14 am

          ၃နာရီထိစောင့်မနေပါနဲ့.. အခုပဲသွားရေးလိုက်ပါပြီ..
          အဆင်မပြေရင်ပြောပါ..
          ဒီမှာတောင်းပန်စာ… တင်ဆိုလည်း.. တင်ပေးပါမယ်..

          တခုပါပဲ..
          ဒီရွာမှာ စာတွေမည်သူမဆို လွတ်လပ်စွာ စိစစ်ခြင်းမရှိ ချက်ခြင်းတင်နိုင်ပါတယ်..
          အဲဒါကို.. ကျုပ်လည်း နောင်.. မြန်မာဟက်ကာတွေစော်ကားတဲ့ပို့စ်တွေ.. စာတွေ..မရေးဖြစ်ကြအောင် စိစစ်ပါမယ်..
          ကျုပ်က.. မြန်မာပြည်နဲ့အချိန်မတူတဲ့.. ယူအက်စ်မှာနေတာပါ..
          ဆိုတော့..
          ကြားထဲ.. ပို့စ်တက်လာရင်.. အချိန်တခုတော့ ပေးစေလိုကြောင်း..

        • အရီးခင်လတ်

          September 12, 2012 at 4:24 am

          ဒီ သူကြီး ဘယ်လိုလူ ၊ ဘယ်လို စိတ်ထား ရှိတယ် ဆိုတာ မင်းတို့ သိသင့်ပြီ။
          အများအတွက် ဒီ ဆိုက် ကို ထောင်ပေးထား တဲ့ သူ့စေတနာ ကို လဲ နားလည်ပေးသင့်တယ်။
          တို့တစ်တွေအားလုံးက ဒီမှာ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်အချိန်ပေးပြီး မြန်မာပြည် အတွက် တတ်စွမ်းသ၍ အသိပညာ ဖလှယ်နေတာ။
          အဲဒါကိုလဲ နားလည်ပေးပါ။

        • ရွှေ ကြည်

          September 12, 2012 at 7:13 pm

          တောင်းပန်ပါတယ်ကွယ် တကယ်ကြီးပါ။ သူကြီးတောင်တောင်းပန်နေပြီပဲ။
          အစ်မလည်းတောင်းပန်ပါတယ်။ အစ်မတောင်းပန်တာလိုချင်လားမလိုချင်လားတော့မသိ။
          သေချာတာကတော့ သူကြီးကလူကြီးလူကောင်းတယောက်ပါ။ ရွာသူားတွေကိုယ်စားတောင်းပန်နေတာတွေ့တော့စိတ်မကောင်းဖြစ်ရပါတယ်။
          အရီးခင်လတ်ဆိုရင်လည်း မြန်မာသွေးအပြည့်နဲ့ မြန်မာအတွက်တွေး
          မြန်မာလိုရေးနေသူပါ။ အမျိုး ဘာသာ ကိုစော်ကားလာရင်လည်းမှန်ကန်စွာနဲ့ ချက်ကျလက်ကျ ဆွေးနွေးတုန့်ပြန်တတ်သူပါ။ မန့်တွေဖတ်ဖူးရင်သိပါလိမ့်မယ်။
          တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်။ ထပ်ပြီး တာင်းပန်ပါတယ်။
          မြန်မာအချင်းချင်းတွေပဲနော ရွာနာမည်နဲ့ရခိုင်သွေးချင်းများအတွက်လည်းအလှူလုပ်ဖူးပါတယ်။ ရွာသူားတွေရခိုင်အရေးမှာလည်း သွေးကိုထိလို့မချိအောင်နာခဲ့ကြပါတယ်။
          ဒီရွာကရွာသူားတွေအများစုကလည်း ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာကိုချစ်တတ်ပါတယ်ဆိုတာလေးပြောပါရစေ..။

        • garuda

          September 12, 2012 at 9:57 pm

          ဆရာ Kai/admin/သူကြီးက ဘာအတွက်တောင်းပန်နေတာလည်း။ သူတို့ပြောသလို စိန်ခေါ်မိလို့လား။ ကိုယ်က သူတို့ကို စိန်ခေါ်မိရင်တော့ တောင်းပန်ပေါ့။ ဒါမှမဟုတ်တောင်းပန် စရာမလိုပါဘူး။ နားလည်လာနိုင်တဲ့ အထိ စိတ်ရှည်ရှည် ဖြေရှင်းသင့်တယ်ထင်ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း တောင်းပန်သင့်တယ်ထင်ရင် ခိုင်လုံတဲ့ အကြောင်းပြချက်ပေးသင့်ပါတယ်။ တစ်ဖက်ကလည်း ဘာမှန်းသေချာမသိတောင်းပန်ခိုင်းနေတယ်။ ဒီဖက်ကလည်း ဘာမှအမှား မလုပ်မိပါဘူးဆိုပြီး တောင်းပန်နေပြန်တယ် း( ။ ဘာဘဲဖြစ်ဖြစ် ဒီဆိုဒ်မှာ အစွန်းရောက် ရိုဟင်ဂျာဆိုသူတွေရဲ့ အောက်ဆွဲတွေတက်လာတာ ဝမ်းသာတယ်။ သူတို့ရဲ့ ဂျပိုးကိုလိပ်ဖြစ်အောင်ရေးတာတွေ လေ့လာခွင့်ရတယ်။ အများကြီးပညာရပါတယ်။ တဖက်ကလည်း မြန်မာပြည်မှာ အကျိုးပြုလုပ်ငန်းတွေ လုပ်နေတဲ့ မြန်မာ့ လူမှုရေးသူရဲကောင်းတွေ အကြောင်း၊ မြန်မာပြည်ချစ်တဲ့သူတွေက ရေခြားမြေခြားက လူတွေ ကိုယ့်တိုင်းပြည်အကြောင်းကို သိရှိအောင် စာအားဖြင့်တဖုန် ဓာတ်ပုံအားဖြင့် တစ်
          ကြောင်းတင်ပြပေးတဲ့ အတွက်ဝမ်းသာစရာပါ။ ပြည်တွင်းမှာရှိတဲ့ သူတွေကလည်း ပြည်ပရောက် မြန်မာများရဲ့စိတ်နေစိတ်ထား အတွေ့အကြုံများ ကိုသိခွင့်ရပါတယ်။ မြန်မာတွေအတွက် အကျိုးရှိတဲ့ဆိုဒ် တစ်ခုအဖြစ်နဲ့ ၈၀%ကျော် ရှိတယ်လို့ ယူဆပါတယ်။ အဲဒီတော့ သူကြီးနဲ့ ဖြစ်တဲ့ ပြဿနာဆိုရင်တော့ သူကြီးဆီသာ အီးမေးလ်လိပ်စာ တောင်းပြီးတော့ ကလော်တုတ်ပေတော့။ အခုခင်ဗျားတို့ လုပ်တာက မြန်မာအချင်းချင်းကို ဒုက္ခပေးသလိုဖြစ်နေပြီ။ ခင်ဗျားတို့ဝင်ဖတ်ကြည့်ရင်သိမှာပါ ရိုဟင်ဂျာတွေဝင်ရေးတာ ဘယ်နှစ်ယောက်ကများထောက်ခံနေကြသလဲဆိုတာ။ ချီးကျုးပါတယ် အစွန်းရောက်တွေနဲ့ ဆိုက်ဘာစစ်ပွဲ ဖြစ်နေတယ်ဆိုရင်တော့။ ဒါပေမဲ့ မဆိုင်တဲ့ ဘင်္ဂလားဒေ့ရှ်တွေနဲ့ တော့မဖြစ်မိစေနဲ့ပေါ့။ တခုထင်တာကတော့ မဟုတ်မှလွဲရော ပြည်တွင်းက ဘင်္ဂါလီတွေများ မြန်မာယောင်ဆောင်ပြီး သွေးခွဲတိုက်ခိုက်နေတာလားမသိ။ ဒါမှမဟုတ် ဖွတ်ကလိဒင်္ဂါး အောက်ဆွဲတွေများလား။ ခင်ဗျားတို့ ကိုယ့်ကိုယ်ကို ဟက်ကာပညာရှင်လို့ခံယူထားရင် သာမန်လူတွေက ကိုယ့်ကိုဝေဖန်တာကို ဘာမှ အရေးလုပ်စရာမလိုပါဘူး။ သူကြီးခင်ဗျား USA မှာနေပြီး အတွေးမကြောင်ပါနဲ့။ ဘာမှအမှား မလုပ်/မပြောခဲ့မိဘူးဆိုရင်တော့ တောင်းပန်မနေနဲ့တော့။ အမှန်တရား ဘက်ကရပ်တည်ပါ။

      • TTCG

        September 13, 2012 at 1:23 am

        ဟိုက DDOS ထိုင်လုပ်နေတဲ့ဟာကို တော်ရုံ site က ဘယ်ခံနိုင်မှာလဲ… DDOS ကို ကာကွယ်ဖို့က ပိုက်ဆံရော နည်းပညာရော အရမ်းလိုတာဆိုတော့ သူကြီးအနေနဲ့ ဘယ်တတ်နိုင်မှလဲ… ဆိုဒ်အက်မင်တစ်ယောက်အနေနဲ့ မှန်တယ်မှားတယ်ဆိုတာထက် သူ့ဆိုဒ်လေး မပျက်စီးသွားမှာ… လူတွေအသုံးပြုနေတာကိုပဲ မြင်ချင်မှာပေါ့ဗျာ… အခု သူတောင်းပန်လိုက်လို့ ဒီဆိုဒ်လေး ဆက်လက်တည်ရှိနေတယ်ဆိုရင် ကောမန့်လေးသွားရေးပေးလိုက်တာ တန်ပါတယ်ဗျာ…

    • အရီးခင်လတ်

      September 12, 2012 at 4:08 am

      “ဒီလိုပေါတောတောဆိုဒ်”
      ဆိုတဲ့ စကားအတွက် တော့ တို့ တွေ မှာ နာစရာ မရှိပါ။
      ကိုယ် ပေါတောတော မဟုတ်တာ ၊ အများအတွက် တကယ်လုပ်နေတာ ကိုယ့်ဟာကိုယ် ယုံကြည်မှု အပြည့်ရှိလို့ပါ။

      မင်းတို့ လဲ ကိုယ်လုပ်တာကာ မြန်မာပြည်သား အများ ကောင်းဖို့
      အပြစ်မဲ့သူတွေ မထိခိုက်ဖို့
      ဆိုတာကို ကိုယ့်နှလုံးသားထဲက ကိုယ်ကိုယ်တိုင် အပြည့်အဝယုံကြည်နိုင်ဖို့ ကြိုးစားကြပါ။

  • အရီးခင်လတ်

    September 12, 2012 at 4:46 am

    ပြောလက်စနဲ့ ဆက်ပြောပါဦးမယ်။
    ဖတ်နေသေးရင်ပေါ့။

    ရောဂါတစ်ခုဖြစ်ရင် ဘယ်ကဘယ်လို ဖြစ်တယ် ဆိုတာ ဂဂနန မသိဘဲနဲ့ ရောဂါကို ရမ်းကု နေရင် ပိုပြီး ဆိုးတယ်။
    ဇစ်မြစ်အသေးစိတ် ကို လေ့လာနိုင်မှ အကြောင်းစုံကို သိမှ အသေအချာ ပျောက်အောင် ကုနိုင်တာ။

    ဒီလို ဘဲ ပြသနာအရေးအခင်း တစ်ခုဖြစ်ရင်လဲ အသံပေါင်း များစွာကို ရှုဒေါင့် စုံ က နားထောင် မှ အမှားအမှန် ကို ပိုပြီး ခွဲခြား သိမှာ။
    ဒါမှ ပြသနာ ကို ဖြေရှင်းနိုင်မှာ။
    မျက်စိမှိတ် ပြီး မြင်ရာ ကို တုတ်တစ်ချောင်း နဲ့ ရမ်း နေလို့ကတော့ လက်ညောင်းတာသာ အဖတ်တင်မယ်၊
    ဘာမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး ဆိုတာလဲ အသိဝင်ကြပါ။

    ဒီတော့ ဒီ ရွာမှာ ပြောချင်တာပြောခွင့်ပေးထားတာ က စာဖတ်သူတွေ အဆိုးအကောင်း ရှင်းရှင်းလင်းလင်း မြင်သာ သိသာအောင်လို့။
    အဖြူ ဆိုတာ အနက် နဲ့တွဲ ရင်ပို ထင်ရှားသလိုပေါ့။
    မဟုတ် တဲ့ ဇာတ်လမ်း တွေ လာတင် ရင်လဲ အရှက်မရှိ တင်ပေါ့။
    ဖတ်သူတွေ က ဒီကောင် ဘာကောင် ဆိုတာ သိတော့ ပိုမကောင်းဘူးလား။
    တစ်ခါတစ်ခါ လှောင်ပိတ်ပြီး မသိအောင် လုပ်ထားတာထက် အားလုံးသိအောင် ဖွင့်ပြလိုက်ရင် အမှန်တရား ဆိုတာ ရှင်းရှင်း ပေါ်စမြဲပါ။
    ဒီထဲ က စာဖတ်သူတွေ က အများစုဟာ သူဟာနဲ့သူ အတွေးအခေါ် ကောင်းသူတွေချည်းပါဘဲ။

    ဒီတော့ ဒီရွာ ကနေပြီး ဝါဒဖြန့် နေတယ်လို့ မတွေးပါနဲ့။
    ဒီရွာမှာ အရူး ကို အရူးမှန်း သိကြပါတယ်။

  • တပည့် ကြီး

    September 12, 2012 at 8:01 am

    အဟမ်းးးးးး ဘာတွေဖြစ်နေကြတာတုန်းးးးးးးးး ဘာတွေဖြစ်နေကြတာတုန်းးးးးးး Bl4ck_B4dB0y များပီ တော်တော့ …. သဂျီးတော့ ချွေးပျှံနေရောမယ် #_$

  • nigimi77

    September 12, 2012 at 12:46 pm

    တကယ်ကိုပဲ လှေးသန်းဂျပိုးတွေ အစုလိုက် အပြုံလိုက် ရွာထဲရောက်နေတာပဲ ။

  • Bl4ck_B4dB0y says: ရေ
    ဒီဆိုက်မှာ အနေကြာနေတဲ့လူတစ်ယောက်အနေနဲ့ပြောရရင် ဒီမန်းလေးဂေဇက်ဆိုက်က
    အရွယ်စုံ လူစုံ အတွေးစုံရှိကြပါတယ်။
    အဲတော့ ညီလေးတို့နဲ့အတွေးတူသူရှိနိုင်သလို မတူသူလဲရှိနိုင်ပါတယ်။
    နောက်ဒီရွာသူားတွေထဲမှာလဲ လူပေါင်းစုံ ဘာသာပေါင်းစုံရှိနေတာလဲအမှန်ပါဘဲ။
    နောက်တစ်ချက်က ညီလေးတို့လောက် အတတ်ပညာမကျွမ်းကျင်ဘဲ စိန်ခေါ်သလိုဖြစ်သွားတာကိုတော့
    သဘောထားကြီးကြီးနဲ့ခွင့်လွှတ်ပေးစေလိုပါတယ်။
    ဟိုတစ်နေ့ကပေးခဲ့တဲ့ဥပမာလိုပါဘဲ။
    အိမ်တစ်အိမ်ထဲမှာ သူခိုးတစ်ယောက်ရယ် ကျန်တဲ့လူကောင်းဆယ်ယောက်ရှိနေတာ သူခိုးတစ်ယောက်မိချင်လို့ အိမ်အလုံပိတ်မီးရှို့လို့အားလုံးသေသွားရင် ရတဲ့ ရလာဒ်က မတန်ဘူးလို့ ဆိုနို်င်တာပေါ့။
    အဲတော့ ညီလေးတို့မှာ အတတ်ပညာတွေရှိနေတာဘဲ ညီလေးတို့ မရေးစေချင်မကြည့်ချင်တဲ့စာကိုရေးနေသူ ရေးလို့မရအောင် ဖန်တီးလိုက်မယ်ဆိုရင်
    ကျန်တဲ့သူတွေအတွက်အဆင်ပြေသွားပါမှာ.
    အသက်50 ကျော်အရွယ် ကျန်တဲ့အပျော်တွေမရှာနိုင်တဲ့ ကျနော်က ဒီဂေဇက်မှာစာရေး ဓါတ်ပုံတင်နဲ့
    အချိန်ကုန်အောင်နေတဲ့သူပါ။.
    အဲတော့ အများအတွက်ကြည့်ပေးစေချင်ပါတယ်။

    ခင်သော
    ကိုပေါက်

    • မောင်ပေ

      September 12, 2012 at 2:02 pm

      Bl4ck_B4dB0y ရေ
      ကိုပေါက် ပြောသလိုပါပဲကွာ
      စိတ်လိုက်မာန်ပါတွေ အရမ်းမလုပ်လိုက်ကြပါနဲ ့
      ညီလေးတို ့ပြောနေတဲ့ ဘာသာရေးစော်ကားတာ ဒီဆိုက်ထဲက ဘယ်သူဆိုတာလဲ ညီလေးတို ့သိပြီးနေပြီပဲ
      ဒီဆိုက်က သဂျီးကလဲ အဲဒီကိစ္စကို ရှင်းသွားမှာပါ
      ဆိုချင်တာက လောလောဆယ် ၊ ဆိုက်က ပြန်ရမ်းနေတာဆိုတော့ လေ
      ဒီဆိုက်ကနေ ကိုယ်တို ့ဗုဒ္ဓဘာသာမြန်မာတွေ စုပြီး အလှူကြီး သုံးခါ လုပ်ပြီးတာကို ညီလေး တို ့သေချာ စုံစမ်းကြည့်ရင်သိမှာပါ
      ပထမဆုံး ရန်ကုန်က ကိုကျော်သူတို ့နာရေးအသင်း ( ငွေအမောင့်တော့ မမှတ်မိတော့ပါ )
      ဒုတိယက သီတဂူဆရာတော်ကြီးပါဝင်နေတဲ့ ဆေးရုံဆောက်နေတဲ့နေရာမှာ သိန်းငါးဆယ်
      ရခိုင်အရေးတုန်းကလဲ ၃၅သိန်းလှူခဲ့တာ တွေ ကို
      ညီလေးတို ့သိမယ်ဆိုရင် ၊ ဒီဆိုက်ကလူတွေဟာ ဘယ်လို လဲ ဆိုတာ သိမှာပါ
      ငါးခုုံးမအနဲငယ်အတွက်နဲ ့တော့ မန်းတလေးဂေဇက်တစ်လှေလုံးကို မပုပ်လိုက်ပါနဲ ့ကွာ
      လူမမြင်ဖူး မသိဖူးပေမယ့်
      ကိုယ့်ထက် ကွန်ပျူတာတက်ကနစ်ပိုကျွမ်းတဲ့ ညီလေးတို ့ကို ခင်သော
      မောင်ပေ

  • ကြောင်ဝတုတ်

    September 12, 2012 at 1:59 pm

    လွတ်လပ်ခွင့်ဆိုတာကို မသိတဲ့ကိစ္စ…
    ဒီမိုကရေစီဆိုတာကို နားမလည်တဲ့ကိစ္စ…
    ရင့်ကျက်မှုဆိုတဲ့ အရသာကိုမခံစားတတ်တဲ့ကိစ္စ
    Professional ဆိုတာကို တန်ဖိုးထားရကောင်းမှန်းမသိတဲ့ကိစ္စ…

    အဲဒီအတွက်…
    ဘယ်လောက် ပညာတတ်တတ်…
    ဘယ်လောက် လွတ်လပ်ခွင့်ရှိရှိ…
    ဘယ်လောက် ပတ်ဝန်းကျင်ကောင်းကောင်း…
    အနာဂတ်အတွက် တန်ဖိုးမဲ့လေသည်…

    ဝမ်းနည်းစွာဖြင့်-
    ကြောင်ဝတုတ်

    • pooch

      September 12, 2012 at 3:47 pm

      မှန်လိုက်လေ ကိုဝတုတ်ရယ် အနာဂတ်အတွက် တန်ဖိုးမဲ့တယ်ဆိုတဲ့ စကားလေးက 🙁
      တကယ်ကို စိတ်မကောင်းစရာပါ။

  • kolumbus

    September 12, 2012 at 2:50 pm

    Comment တွေဖတ်ရတာ စိတ်မချမ်းမသာဖြစ်ရတယ်။

    World Wide Web ဆိုတဲ့ အင်တာနက်ကို စတင်တီထွင်သူ ဖြစ်တဲ့ ဗြိတိန်နိုင်ငံသား တင်မ်ဘာနာလီး က အင်တာနက်ဆိုတာ ပိတ်ဆိ်ု့တားဆီးရန် မဟုတ်ကြောင်းပြောသွားတာ မနေ့ကဖတ်ရတယ်။

    သစ်ခုတ်သမား တစ်ယောက်အတွက် ပုဆိန်ဟာ Tool ပါ၊ Weapon မဟုတ်ပါဘူး။ ဒီလိုပဲ ကားမောင်းသူ တစ်ယောက်ရဲ့ မော်တော်ကား၊ ဆရာဝန်တစ်ယောက်ရဲ့ ဆေးထိုးအပ်၊ ရှေ့နေတစ်ယောက်ရဲ့ ဥပဒေ၊ ကွန်ပျူတာပညာရှင်တစ်ယောက် ကွန်ပျူတာဆိုတာတွေ အားလုံးဟာ သူတို့ရဲ့ Tool တွေပါပဲ။ နေရာမှန် အသုံးချဖို့လိုပါတယ်။
    ပြသနာပိုမကြီးစေချင်လို့ ဒီထက်ပိုမပြောလိုတော့ပါဘူး။ အားလုံးကို ပညာပြည့်ဝ နှလုံးလှတဲ့သူတွေဖြစ်စေချင်ပါတယ်။

    ရဲရဲတောက် အရီးခင်လတ်ကို ကျေးဇူးတင်ပါတယ်…

  • linnlinnn

    September 12, 2012 at 4:26 pm

    အခုလေးပဲ ဒီကောမန့်တွေဖတ်ပြီး..ရင်တထိတ်ထိတ်ခုန်လာလို့ (ကြောက်၍မဟုတ်ပါ..ဒေါသထွက်လာခြင်းသာဖြစ်ပါသည်။) မင်းကွန်းဆရာတော်ဘုရားရဲ့ ဆုံးမစာလေးဖတ်မှပဲ ရင်နဲနဲအေးသွားရပါတယ်.. သူကြီး(ရွာမှသက်တမ်းရင့်လူကြီးများ အပါအဝင်) ပြောနေတာတွေကလည်း မင်းကွန်းဆရာတော်ဘုရားရဲ့ ဆုံးမစာနဲ့တူနေလို့ပါပဲ။
    “သူတစ်ဖက်သာ မျက်မာန်ပွားသော်
    တရားမကွာ ထိန်းစောင့်ကာဖြင့်
    မေတ္တာနှလုံး ကိုယ်ကသုံးလျှင်
    အရှုံးဘယ်မှာ ရှိချိမ့်နည်း။”
    ဆရာတော်ကြီးပြောတဲ့ အရှုံးက လောက,က ရှုတ်ထွေးတဲ့ အနိုင်အရှုံးကိုဆိုလိုခြင်းမဟုတ်ပဲ.. ကိုယ့်ရဲ့ စိတ်အတွင်းက အေးချမ်းမှု အနိုင်မလိုချင်မှု ငြိမ်းချမ်းမှုကိုသာ ဆိုလိုတယ်လို့ ကျမယူဆလို့ ဒီဆုံးမစာလေးကို ဝေမျှပါတယ်ရှင်…

  • Shwe Ei

    September 12, 2012 at 5:44 pm

    ဘာသာရေးကြောင်းပြောလို့ ဟက်တယ်၊ ဟက်ကာကြောင်းပြောလို့ ဟက်တယ် တဲ့။ ဘာကြောင်းပြောရင် မဟက်ဘဲနေမှာပါလိမ့်။ ပြောသွားလိုက်သေးတယ် “ပေါတောတော ဆိုက်တဲ့”။ ဒါနဲ့များ အချိန်ကုန်ခံလို့။ သူများချွန်ပေးတိုင်းမဟက်တတ်ဝူးတဲ့။ ဟုတ်မှာပါ။ ပေါတောတောဆိုက် အကြောင်း ဇယ်ခုံဖင်လှန်သိထားသူကြီးရဲ့ အဆိုအမိန့်ဆိုတော့ မှတ်တောင်ထားရအုံးမယ်။

  • Mလုလင်

    September 12, 2012 at 5:53 pm

    လူကြီး တွေ အဆင်ပြေ အောင် လုပ်ပေးမယ် လို့ ထင်ပါတယ်။

    အားလဲကိုး .. အားလဲရ ပါကြောင်း ….

    ဒီမိုး ဒီရေ ဒီ လူကြီးတွေ နဲ့ ကျုပ်တော့ မန်းဂဇက် က ရုန်းထွက် ဖို့ မလွယ် လောက် ဘူးဗျို ့ …..။

    လေးစားတဲ့
    Mလုလင်

  • uncle gyi

    September 12, 2012 at 11:48 pm

    ရှင်းတဲ့သူကလဲရှင်းပြီးပြီ
    တောင်းပန်သူကလဲတောင်းပန်ပြီးပြီ
    တော်ကြပါတော့
    တခါတခါရွာရောက်ဖို့အရေး
    ခက်တဲ့သူတွေကခက်နေတာဆိုတော့
    မောလိုက်တာ

  • kai

    September 13, 2012 at 1:51 am

    လောလောဆယ်တောင်.. ငွေရော.. အချိန်ရော တော်တော်ထွက်သွားတယ်..
    အချိန်ကိုနှမြောတာပါ..
    ကျုပ်မှာ.. ကိုယ်နေတဲ့မြို့က ဝန်းကျင်အသိုင်းအဝိုင်းအတွက်.. လုံးဝအချိန်မပေးနိုင်တော့ဘူးဖြစ်နေလို့ပါပဲ..

    ရွာထဲကတယောက်ယောက်က.. . မြန်မာဟက်ကာတွေကို.. သတင်းမှားပေးတာ.. ဆွတာ သွားလုပ်တယ်ထင်မိတယ်..။
    ကိုယ့်ရွာကလို့ ယူဆလို့ရတာဆိုတော့.. တာဝန်ယူပြီး.. ကျုပ်ကဝင်တောင်းပန်ပေးလိုက်တာပါပဲ..။
    ဟိုကတောင်းပန်ရင်ရနိုင်တဲ့သဘောပြောတာမို့လည်းပါပါတယ်..
    သူတို့လည်း.. အသင်းအဖွဲ့နဲ့စုုလုပ်နေကြတာပါ..
    အဲဒီဖက်မှာလည်း.. လူရာချီရှိနေတာမို့.. အဲဒီသူတွေကို..respect ပေးတာလည်းပါပါတယ်..
    အဆင်ပြေပါတယ်..
    အဆင်ပြေယုံမက.. ဘင်္ဂလားဆိုင်ဘာအာမီကတိုက်လာရင်ကာကွယ်နည်း တချို့ပါ အကြံဉာဏ်ရခဲ့သေးတယ်..
    ထပ်တောင်.. တောင်းရဦးမလား.. မသိ.. :mrgreen:

    တကယ်တော့.. မန်းဂဇက်က.. ယူအက်စ်မှာ ပုံနှိပ်သတင်းစာထုတ်နေတဲ့.. တခုတည်းသော မြန်မာမီဒီယာပါ..။ ထိုင်း၊ အိနိ္ဒယ၊ နော်ဝေး အခြေစိုက်မီဒီယာတွေလိုမဟုတ်ပါဘူးဆိုတာလေးတော့.. အားလုံးသတိပြုမိစေချင်ပါတယ်..။

    ဆိုတော့..
    “နောင်နှစ်ခါလည်း ဆီးလို့ကြိုကွယ်..မောင်ကြီးလာပါမယ် .. လာပါမယ် ..”
    နောင်နှစ်.. မန်းဂဇက်.. မြန်မာပြည်လာမယ်စဉ်းစားထားကြောင်း…

  • nigimi77

    September 13, 2012 at 1:55 am

    သဂျီးကတော့ မန်ဘာ အဖြစ်ကနေ ဖျက်သိမ်းမယ်လို ့ပြောတယ်

    ဒါမျိုးပြောရင်တဲ့ . . .

    “. . .Cracker ဆောက်ရူးတွေ ။ lamer ဘဝင်ရူးတွေ ။ ဆောက်လုပ်မရှိ မိဘပိုက်ဆံခိုးပြီး ဒိုတာ ခုတ်နေတဲံ နွားပေါက်လေးတွေ။

    အလကား နီးပါးရနိုင်တဲ့ အမေရိကန် ၂ တန်း ကျောင်းသားသုံး tools တွေကို သုံးပြီး လက်ကမြင်းရင်း လူပိန်းတွေကို ချိန်းခြောက်နေတဲ့ အမှိုက်တွေ ။…”

    ငါ့ လချီး မင်းတို ့လို ကုလားဒိန် ခရက်ကာတွေက we love rakhine လို ့ ရေးနေတာကိုက အောက်တန်းစား ကျလွန်းတယ် ။

    ငါတို ့ ရခိုင်ပြည်နယ်ဟာ ဒီရွာကြောင့် မျက်စိပွင့်လာတာတွေရှိတယ် ။ ငါတို ့ချစ်တဲ့ ဒီရွာကို မင်းတို ့က ဖျက်ဆီးတယ် ။ မင်းတို ့ထက် ဆောက်ဆင့်ရှိလို ့လား မပြောတတ်ဘူး ရုရှားက ဟက်ကာ အဆင့်ရှိတဲ့ ဗမာစစ်သားတောင် ဒီဆိုဒ်ကို မနှောက်ယှက်ဘူး ။ ဆောက် ဘဇပ်နဲ့ ဆောက်လက် ကနေ နောက်ထပ် we love rakhine ဆိုပြီးရးကြည့်

    ရခိုင်တပြည်လုံးမှာ မင်းတို ့ဟာ အယောင်ဆောင် ဘင်္ဂလီ ကုလားရဲ့ သပ်လျှိ ခရက်ကာတွေဆိုတာကို သိစေရမယ် ။

  • မောင်သုည

    September 13, 2012 at 2:23 am

    ဘာပဲဖြစ်ဖြစ် သူကြီးကိုတော့ ပိုပြီးလေးစားမိပါတယ်…ဘာကြောင့်လဲဆိုရင်တော့ ဒီရွာအတွက် ဘယ်သူကြောင့်ပဲဖြစ်ဖြစ်၊ဘာကြောင့်ပဲဖြစ်ဖြစ် တာဝန်ယူရဲတဲ့ သတိ္တရှိလို့ပါပဲ…တောင်းပန်ပါတယ်ဆိုတာ အမြဲတမ်းအရှုံးပေးတာမဟုတ်ပါဘူး…
    သူကြီးရေ..ကျနော်လည်း နောက်နှစ်မှာ ရွာပြန်လည်ဖို့စီစဉ်ထားပါတယ်…ကံအကြောင်းတိုက်ဆိုင်ရင်တော့ ဆုံချင်ပါသေးတယ်ဗျာ…
    အားလုံးကို အစဉ်အမြဲ လေးစားခင်မင်တတ်သူ…
    မောင်သုည(ဇော်မင်း)…

  • တပည့် ကြီး

    September 13, 2012 at 6:29 am

    အားလုံးကိုပြေလည်အောင်ဖြေရှင်းထားပြီမဟုတ်လား .. ဘာလို့ထပ်ရှည်နေကြသေးတာလဲ ?
    🙁
    nigimi77 ရယ် ..ကျုပ်ဆီမှာ Message စောင်ရေ ၂ဝ ကျော် ၃ဝ နီးပါးဝင်လာတယ် ….
    ခင်ဗျားပြောတဲ့ ကော်မန့်ကို လာတို့ ကြတာ …..
    တော်ကြပါတော့
    ပြောလို့မှမရ ရင်လဲ နောက် မပြောတော့ဘုူး 🙂 စိတ်ကုန်လာဘီ
    ဘယ်သူမှရန်ဖြစ်လို့မရ အောင် Offline ချထားလို်က်မယ် xD

    • ကြောင်လတ်

      September 13, 2012 at 8:46 am

      တပည့်ကြီး ဆိုတာ တပည့်သဂျီးများဖြစ်နေလားမသိ။

    • nigimi77

      September 13, 2012 at 11:07 am

      ဟုတ်လား….

      ဘယ်သူက ဘာကို ပြေလည်အောင် ဖြေရှင်းခိုင်းလို ့

      ဖြေရှင်းထားတယ်လို ့ ချီးဝင်ပေါက်နေတာလဲ

      ဒါနဲ ့ လုပ်ပါဦး ဘယ် ဘင်္ဂလီ မျိုးနွယ်တွေက Message စောင်ရေ ၃ဝ နီးပါး

      တို ့ထားသလဲ ဆိုတာ List ကလေး ထုတ်ပေးပါလား ။

      • ဦး ဂျစ်

        September 13, 2012 at 11:43 am

        ကို နိဂိမိ ရေ …
        စိတ်လျော့ပါဗျား …
        သူကြီးက ပြေလည်အောင်ဆောင်ရွက်နေတာကို နော့ …..။

  • ကြောင်လတ်

    September 13, 2012 at 8:37 am

    အဆင်ပြေနေပြီဆိုတဲ့အတွက် စိတ်လျော့ကြပါတော့ဗျာ။
    မခံချင်သူပညာရှင်များဘက်ကလည်းလျော့ကြပါ။
    (တိုက်ခိုက်)အောင်မြင်သူပညာရှင်များဘက်ကလည်းလျော့ကြပါ။
    နည်းပညာ နလပိန်းတုန်းဖြစ်တဲ့ ကျနော်တို့တွေမှာတော့ မျက်လုံးကလယ်လယ်နဲ့ ဟိုလိုက်ကြည့်၊ဒီလိုက်ကြည့်၊ကိုးကွယ်ရာမရှိ။

    ပညာရှင်နှစ်ရှင် ဖိုက်တဲ့ကြား ရွာသူားတွေ ခံနေရပါပြီ။

  • char too lan

    September 13, 2012 at 9:54 am

    ဆူးကြားဂ စတော်ဘယ်ရီသီးလေးတွေ ပေါ့လေ…. :mrgreen:

Leave a Reply