အွန်လိုင်းကနေ သမ္မတရုံးကို ပြောချင်တာတွေ ပြောဆိုလို့ရပြီဆိုတော့…

manawphyulaySeptember 11, 20121min1479

အွန်လိုင်းကနေ သမ္မတရုံးကို ပြောချင်တာတွေ ပြောဆိုလို့ရပြီဆိုတော့
ဘာလုပ်ဖိ်ု့ရှိသလဲ။ တစ်ခုခု ပြောဖို့တွေများမရှိဘူးလား။ သမ္မတရုံးဝက်ဘ်ဆိုက်ကို ပြောချင်သူများ ရှိမနေကြဘူးလား။
တိုက်ရိုက်ပြောခွင့်ရပြီဆိုတော့ ဆန္ဒရှိမယ်ဆိုရင် ဖြစ်ချင်တာတွေ ပြောသာ ပြောကြပါ။ http://www.president-office.gov.mm/contact ကို ပြောဆိုခွင့်ရသွားပြီနော်။

9 comments

  • Moe Z

    September 11, 2012 at 12:53 pm

    အခုတောင် တိုင်စာထက် ပစ်စာကများနေတယ်တဲ့ မမမနောရဲ့ ..

    • manawphyulay

      September 11, 2012 at 3:23 pm

      ဒီလိုပဲ ဖြစ်သင့်တယ်လေ…။ တိုင်စာပေးတော့လည်း ချက်ချင်းလုပ်ပေးနိုင်တာမှတ်လို့… သိတော့ သိသွားစေချင်ပါတယ်။

      • Kyaw Myo Thet

        September 11, 2012 at 6:58 pm

        ကြိုဆိုပါတယ်ဗျာ ကျနော်တို့ကလဲဒီလိုအခွင့်အရေးတွေရချင်နေကြာပြီ။
        ဒါပေမယ့် ကိုယ်ပို့လိုက်တဲ့စာကို အရေးပါတဲ့လူတွေက ဂရုတစိုက်ဖက်ကြည့် ပေးပါ့မလားဆိုတာတော့ . . . . . .

  • MaMa

    September 11, 2012 at 10:20 pm

    သမ္မတကြီးက ပြည်သူတွေရဲ့ အသံကို အရေးတယူလုပ်ပြီး နားထောင်ပေးမယ်လို့ဆိုတာကို ပြည်သူတွေဘက်ကလည်း မှန်ကန်တဲ့ တိုင်ကြားမှုမျိုး၊ အကျိုးရှိမယ့် အကြံပေးချက်မျိုးတွေပဲ ဖြစ်သင့်ပါတယ်။
    မလိုလားအပ်တဲ့ ပစ်စာတွေနဲ့ အချိန်ကုန် လူပမ်း မဖြစ်စေချင်ပါဘူး။
    သတင်းပေးတဲ့ မနောဖြူလေးကိုတော့ စီဂျေဘွဲ့ပေးမှရမယ်လို့ သဂျီးဆီကို ဝိုင်းဝန်းတောင်းဆိုပေးရမယ်။ 🙂

  • ဦးသိန်းစိန်

    September 11, 2012 at 11:00 pm

    စောင့်မျှော်နေပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 11, 2012 at 11:16 pm

    သမ္မတကြီး မန်းချားပီးပီလား ??

  • chityimhtoo

    September 12, 2012 at 9:41 am

    မထင်ပါဘူးဗျာ။တစ်ကယ်ထိရောက်မှူ့ရှိမှာလား။

  • marblecommet

    September 12, 2012 at 11:35 am

    သမဒဂျီးယေ့……..
    လမ်းထိပ်က ကိုရင်ဆာမိ ကွမ်းယာဆိုင်မှာ
    အနာဂျက်ဆင် ဝယ်လို့မရဘူး
    အိုက်ဒါ ကျုပ် ဆန်ဒ
    ပြချင်ဘာဒယ်……
    ………
    ပုံ…..
    ထစ်ခနဲဖြစ်တိုင်း
    ဗျစ်ကနဲ ပျစ်ချင်သူ…

  • nature

    September 12, 2012 at 4:52 pm

    သတင်းဦးသတင်းထူးတွေရှိလို့လုပ်ပိုင်ခွင့် ရှိသူတွေကို တိုက်ရိုက်အသိပေးတင်ပြနိုင်ရင် တော်တော်လေးအကျိုးများမယ်ထင်ပါတယ်။ အဟီး… ပေါင်ကုုံးကားထဲက ခိုင်ဖုံးရုံးတော်လိုမျိုးပေါ့။

Leave a Reply