ငွေပေးရင် ဂေး ဖြစ်နိုင်သလား ဒါမှမဟုတ် လိင်စိတ်ခံယူမှုနဲ့ လိင်မှုကိစ္စ ဘာကွာခြားသလဲ
http://myanmargazette.net/31454/society-lifestyle

ကိုကျွန်တော်ဖတ်မိပြီး တော်တော်စိတ်ဆင်းရဲရတယ်ဒါကြောင့် ကျွန်တော်ဖတ်မိတဲ့
ဆာင်းပါးတစ်ခုကိုလည်းဖတ်ကြည့်စေချင်လို့တင်ပြလိုက်ပါတယ်။
(တကယ်ကိုကောင်းတဲ့ အရေးအသားပါ)(ဝေဖန်ပြထားတာပါ)
(ဂေးတွေကလည်း ထိလွယ်ရှလွယ်ဗျ)အဲ့ဒီဆောင်းပါးကိုလည်း အမျိုးမျိုး ကွန်ပလိန်တက်ထားတယ်။
ဖတ်ကြည့်ပါ။

သြော်ဂေး……..
( ဂေးအသိုင်းအ၀ိုင်းကို လက်ခံတဲ့လူမှုပုံစံနဲ့၊ ဂေးအသိုင်းအ၀ိုင်းကို လက်မခံတဲ့လူမှုပုံစံ အမြင်နှစ်မျိုးနဲ့ တင်ပြမှာပါ ဒါ့ကြောင့် အမြင်နှစ်မျိုး ဖြစ်မှာမို့ကျေးဇူးပြုပြီး စိတ်ရှည်သည်းခံစွာ ဖတ်ရှုပေးကြပါရန် ….. )

” ဂေး ” ဆိုတဲ့စကားက တော်တော်လေး ခေတ်စားလာပါတယ်။ တော်တော်လေးမဟုတ်ပါဘူး။ အလွန့်အလွန်ကိုခေတ်စားလာတာပါ။ ဟိုနဂို အရင်က အလှပြင်တဲ့နေရာမျိုး၊ ရိုးရာနတ်ကနားပွဲလိုနေရာမျိုး မှာသာ တွေ့ရတက်တဲ့ ဂေးများ။ အခုတော့ နေရာစုံအောင်ပါပဲ။ အရင်အချိန်အခါက ပါတ်ဝန်းကျင်အနေအထားအရ အတွင်းစိတ်မှာသာ ဂေးစိတ်ပေါက်နေကြတာပိုများမယ်လို့ ထင်မိပါတယ်။ ယနေ့အခါမှာတော့ ဂေးတွေက လူမျိုးစု တစ်စုပုံစံနဲ့ ဖော်ထုတ်ပွင့်လင်းနေတယ်လို့မှတ်ယူရမလိုပါပဲ။ ပွင့်လင်းစွာဖော်ထုတ်ဖို့ကလည်း ဂေးအသိုင်းအ၀န်း ပါတ်ဝန်းကျင်အနေအထားအရ ကျယ်ပြန့်လို့နေပြီကော။ ယခင်က မြန်မာ့လူနေမှု ပါတ်ဝန်းကျင်အနေနဲ့ ဂေးများကို မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီလို့ လူသားမဆန်သလို ချိုးနှိမ်မှုတွေတော်တော်များခဲ့ပါတယ်။ ယနေ့အချိန်အခါမှာတော့ ” အနည်းငယ်လေးမျှ ” ဂေးများကို မြန်မာ့လူနေမှု ပါတ်ဝန်းကျင်မှာ နာလည်မှုပေးနိုင်နေပြီလို့ ဆိုရင်လည်းရနေပါပြီ။ လုံးလုံးကြီး နားလည်လက်ခံတာတော့ဘယ်ဟုတ်ပါ့မလဲ။ ဘယ်အချိန်မှလဲ လက်ခံနိုင်ကြမှာမဟုတ်ပါဘူး။ ဂေးတွေကလည်း သီးခြားနေရာဌာန ပါတ်ဝန်ကျင်တွေ ဖွဲ့စည်းလို့ ဟိုတစုဒီတစု။ တက္ကသိုလ်တော်တော်များများ မှာတောင် ဂေးအဖွဲ့လေးတွေစုလို့ ဂေးတွေအတွက်သီးခြားကမ္ဘာပေါ့။ ယနေ့လိုအချိန်မှာတော့ ဂေးဘားတွေ ဂေးကလပ် တွေပေါ်လာတော့ …..( ကြိုက်တဲ့ဘက်ကတွေးကြည့်ပါအုံး)။ “

Gay ” ” ဂေး ” ဆိုတာဘာလဲ

( adj = လိင်တူချင်းဆက်ဆံသော၊ ပူပန်မှုကင်းသော၊ ပေါ့ဆသော၊ နမော်နမဲ့နိုင်သော၊ ပျော်ရွှင်သော၊ မြူးကြွသော။ n = လိင်တူချင်းဆက်ဆံသူ။ ) “ဂေး” ဆိုတဲ့စကားလုံးကို အရင်က အပူအပင်ကင်းတဲ့သူ၊ ပျော်ပျော်နေတဲ့သူ၊ ထက်မြတ်တက်ကြွတဲ့သူလို့ အစရှိသဖြင့် သုံခဲ့ရာကနေ ဒီလိုပြောတာကိုတောင် မသိရတော့လောက်အောင် အခြားအဓိပ္ပါယ်အနေနဲ့ “လိင်တူသမား” တွေလို့ သတ်မှတ်လာခဲ့ကြတာ ၂၀ ရာစု ရောက်ခါနီးမှပါ။ ယခုဆိုရင် ၂၁ ရာစုရောက်နေပါပြီ ရာစုနှစ် ၁စုစာ ရှိပြီပေါ့။ လိင်တူ ဆိုတဲ့စကားက ကျား-ကျား၊ မ-မ နှစ်မျိုးစလုံးနဲ့ ဆိုင်ပေမဲ့ ယခု ၂၁ ရာစုမှာတော့ ” lesbian ” ဆိုတဲ့စကားလုံးကို (မ) တွေအတွက် ပေးပြီး၊ ” ဂေး ” ကို ယောင်္ကျားသားတွေက အပိုင်သိမ်းလာကြပါတယ်။ အခုနောက်ပိုင်း ဂေးတွေကို Homo, Molly အစရှိသဖြင့်ခေါ်ဝေါ်သမုတ်ကြပြန်ပါတယ်။ ယခင်တချိန်ကတော့ အခြောက်၊ ဂန်ဒူး၊ မိန်းမလျှာ အစရှိသဖြင့်ပေါ့။ ဂေးတွေက သူတို့ကို အခြောက်၊ ဂန်ဒူး အဲ့လိုခေါ်ရင်မကြိုက်ကြပြန်ပါဘူး။ အမှန်တော့လဲ အဓိပ္ပါယ်က အတူတူပါပဲ ဒါပေမဲ့ အသုံးအနှုံးပေါ့။ အဲ့တော့ ဂေးတွေအတွက် ဂေးဆိုတဲ့စကားလုံးကို ” လိင်တူချင်းပျော်ရွှင်စွာနေတက်သူ ” လို့အဓိပ္ပါယ် ပြန်ရင် ပိုပြီးပြည့်စုံမှန်ကန်သလို ပိုအဆင်ပြေပါလိမ့်မယ်။ တော်ရုံတန်ရုံ ပျော်တာကောင်းပါတယ် နောက်ဆက်တွဲဆိုးကျိုးကတော်တော်များမယ်ထင်တယ်။ ဒါကြောင့် ဟိုစကားပုံလို ” တန်ရင်ဆေး၊ လွန်ရင်ဘေး ” ပေါ့။ ဘာကြောင့်ဂေးဖြစ်ကြပါလိမ့်။ ဂေးများကိုပင် ဂေးဖြစ်ချင်ကြသလားဟုမေးရင် မဖြစ်ချင်ပါဟု ၁၀၀% မှာ ၇၈% လောက်ကပြန်ဖြေကြမှာပါ။

ဂေးမဖြစ်ချင်တော့ဘူး ဟိုမိုမလုပ်ချင်တော့ဘူး စိတ်ကုန်လာပြီ အစရှိသဖြင့် ပြောကြပါတယ်။ နောက် ယောင်္ကျားစစ်စစ်တွေ stright တွေဆို ဂေးဖြစ်ရမှာပိုလို့တောင်ကြောက်တက်ပါသေးတယ်။ ဂေးဖြစ်ရတဲ့ အကြေင်းအရင်းကလည်းများသား။ ယနေ့အချိန်ထိတိုင်အောင် ကျမ်းမာရေးသုတေသီများ အကြား အငြင်းပွားနေကြတုန်းပါ။ မျိုးရိုးဗီဇကြောင့်လည်း ဂေးဖြစ်နိုင်ပါတယ်။ ပါတ်ဝန်းကျင် အနေအထားကြောင့်လည်း ဂေးဖြစ်နိုင်ပါတယ်။ ငယ်ရွယ်စဉ်စိတ်နုနယ်တုန်းအချိန် က သိမ်းသွင်းခံ (သို့) အဓမ္မပြုကျင့် ခံရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ငယ်ရွယ်စဉ်အခါ သိမ်းသွင်းခံရတာ(တနည်းအားဖြင့် ဂေးစကားနှင့် ပြောလျှင် သူငယ်ရှာတာ) နှင့်ပါတ်သတ်ရ်ျ နောက်ပိုင်းတွင် အကျယ်တပွင့်ဆွေးနွေးတင်ပြသွားပါမယ်။

ဂေးဖြစ်ရတဲ့ အဓိက အကြောင်းအချက်ဟာ ပါတ်ဝန်းကျင်အနေအထားကြောင့်ဆိုတာ ပိုမှန်မှာပါ။ ဂေးဆိုတဲ့ အကြောင်းအရာနဲ့ ပါတ်သတ်လို့ ပထမဦးဆုံး စတင်ပုံနှိပ်ခဲ့တာ ၁၈၆၉ မှာ Karl-Maria Kertbeny ရဲ့ ၀တ္တုဖြစ်ပေမဲ့ အမည်မဖေါ်လိုသူတဦး ဆိုပြီး ရေးခဲ့ရတာပါ။ ဂေးဆိုတဲ့ အသုံးအနှုန်းမှာ Homosexuality လဲပါတယ်။ စိတ်ပညာနဲ့ Homosexuality ကိုစလေ့လာတုံးက Mental illness စိတ်ရောဂါတစ်မျိုးလို့ သတ်မှတ်ခဲ့ပါတယ်။ ကဲ အဲ့လိုသာစိတ်ရောဂါကြောင့်ဆိုရင် ဘယ်နှယ့်ရှိစ စိတ်ရောဂါရနေသူတွေဘယ်လောက်များ များလိုက်မလဲ။ နောက်တော့ ပြန်ပြင်လာရတယ်။ ၁၉၇၀ ကျော်တော့ Normal variation of human sexual orientation လိင်စိတ် တိမ်းညွှတ်မှု ပြောင်းလဲတက်တဲ့ သဘာဝဖြစ်စဉ်လို့ ဆိုလာကြပါတယ်။ အမေရိကားနဲ့ အနောက်နိုင်ငံတွေမှာ ဒီလိုဖြစ်နေသူတွေ ၂-၁၃% ရှိပါတယ်။ ထပ်တိုးနေအုံးမှာအသေအချာပါပဲ။

ယောင်္ကျားအချင်းချင်း ချစ်ကြိုက်ကြတယ်ဆိုတာကို ပြောရရင်တော့ normal မဟုတ်တဲ့ unnormal ပါ။ တနည်းပြန်ပြောရင် တယောက်နဲ့တယောက် မထင်မှတ်နိုင်အောင်ကို ပိုမိုပြီးအသေအချာချစ်လို့ ယောကျာင်္းအချင်းချင်း ချစ်မိသွားတာလို့ပြောရင်လဲရလောက်ပါတယ်။ ဒါဖြင့် ဂေးတွေကပဲ တကယ်အချစ်စစ်နဲ့ ချစ်တက်ကြသလို ဖြစ်သွားပြန်ရော။ အဲ့တော့ ချစ်ခြင်းရဲ့အခြားတဖက် ဆိုတာကလည်းရှိတယ်လေ။ sex ပြုကျင့်ဖို့အတွက် ချစ်တယ်ချစ်တယ် လို့ပါးစပ် နှုတ်ခွန်းဆက် ပြောတက်တာကလည်း ဂေးအများစုမှာတွေ့ရတက်ပြန်တယ်။ ဒီတော့ ဂေး ဆိုတဲ့အသုံးအနှုန်းနဲ့ sex ဆိုတဲ့အသုံးအနှုံး ကွဲပြားဖို့တော့လိုတာပေါ့။ တကယ့်လက်တွေ့ ဖြစ်နိုင်ခြေအရပဲပြောပြော သိပ္ပံနည်းကျပဲပြောပြော ဂေးတွေဟာ အခြား ယောင်္ကျားစစ်စစ်တွေထက် လိင်စိတ်မှာ ပိုမိုထက်သန်ကြပါတယ်။ ဒီတော့ ဂေးတွေမှာ ပြသနာအနေနဲ့ ချစ်တာနဲ့ sex ဒွန်တွဲနေပြန်ပါတယ်။ “ကိုယ်ကတော့ မင်းတယောက်တည်းကိုပဲချစ်တာပါကွာ၊ ကျန်တာတွေက sex အတွက်ပဲ အပျော်တွဲတာပါ ” ကဲ အဲ့ဒီလိုမျိုးဆိုရင်ရော စာရှုသူအပေါင်း ဘယ်လိုတွေးမတုန်း ………. ။ ဒီတော့ တော်တော်များများ ပြောကြတဲ့စကားတွေရှိတယ်။ “ချစ်လို့ sex ဖြစ်သွားတာတဲ့”။ “sex ဖြစ်ချင်လို့ချစ်တာတဲ့”။ စာရှုသူတို့ ဘယ်အသုံးအနှုန်းကို ကြိုက်ပါသလဲ။ ပထမတခုက ချစ်လို့ sex ဖြစ်တယ်ဆိုရင် မချစ်ရင်နဲ့ sex မဖြစ်တော့ဘူး လို့ အဓိပ္ပါယ် သက်ရောက်နိုင်ပါတယ်။ ဒုတိယတခုကတော့ အသုံးအနှုန်းရိုင်းသလိုထင်ရပါတယ် ဘာမှတော့မထူးပါဘူး။ ဒါဖြင့် ချစ်တာနဲ့ sex နဲ့ကို ဘယ်လိုတွဲသုံးမလဲ ဘယ်လိုခွဲသုံးမလဲ။ အဆင်အပြေဆုံး အသုံးအနှုန်းကတော့ ” ချစ်သူတွေအချင်းချင်း တယောက်နဲ့တယောက် ပွင့်လင်းစွာ ပြုမူနေထိုင်ကြတာ “လို့ သုံးရင် လိင်တူလိင်ကွဲ အားလုံးအတွက် အဆင်ပြေပါလိမ့်မယ်။ လေ့လာဆန်းစစ်မှုများအရ ချစ်သူထားတဲ့ဦးရေ(အတွဲ) များပြားခြင်းကို ဂေးများမှာ အတွေ့များပါတယ်။

ယောင်္ကျားအချင်းချင်း ချစ်တင်းနှီးနှောတဲ့နေရာမှာလည်း အထူးဂရုပြုဖို့လိုအပ်ပါတယ်။ Homosexuality ဆိုတိုင်း လိင်အင်္ဂါတွေသုံးပြီး ဆက်ဆံမှုပြုတာမဟုတ်ပါဘူး။ Romantic စိတ်ကစားတာ၊ Behavior အမူအယာပြုတာ၊ Attraction စွဲလမ်းမှု ဖြစ်တာတွေလဲ ပါပါတယ်။ ချစ်တင်းနှီးနှောတဲ့အခါ ကူးစက်နိုင်တဲ့ရောဂါအခြေအနေ ၂ မျိုးရှိပါတယ် HIV/AIDS နဲ့ STD တို့ပဲဖြစ်ပါတယ်။ ဂေးတော်တော်များများက ပါးစပ်နဲ့လိင်ဆက်ဆံတာကို နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ပါးစပ်နဲ့ဆက်ဆံရင်း ရောဂါကူးစက်နိုင်တာကိုတော့ မမေ့သင့်ပါဘူး။ ပါးစပ်နဲ့ဆက်ဆံတာကအခြားဆက်ဆံတာထက် ကူးစက်ဖို့အလားအလာ နည်းပေမဲ့ လျော့တွက်လို့တော့မရပါဘူး။ စအိုနဲ့ လိင်ဆက်ဆံခြင်းကတော့ ဂေးတွေမှာအသုံး များပါတယ်။ အရေးကြီးတဲ့အချက်က စအိုနဲ့လိင်ဆက်ဆံရင် ကိုယ်က လက်ခံတဲ့နေရာကနေပြီးတော့ပဲ ဖြစ်ဖြစ်၊ ပို့တဲ့နေရာကနေပြီးတော့ ပဲဖြစ်ဖြစ် အခြားနည်းနဲဆက်ဆံတာထက်စာရင် ဒီနည်းက အိတ်ခ်ျအိုင်ဗီပိုးကူးစက်နိုင်ဖို့ ၈၀% ပိုများပါတယ်။ အရမ်းကိုသတိထားသင့်ပါတယ်။ စအိုနံရံဟာအလွန် နူးညံတဲ့ သွေးကြောမျှင်လေးတွေနဲ့ ဖွဲ့စည်းထားလို့ လိင်ဆက်ဆံတုန်း ပေါက်ပြဲသွားဖို့လွယ်ကူသလို (ပေါက်ပြဲနိုင်ပါတယ်) ကူးစက်ဖို့နှုန်းကလဲအရမ်း ကိုလွယ်ကူပါတယ်။ အထူးသတိထားဖို့လိုအပ်ပါတယ်။ စာရေးသူ ရေးသားချင်တဲ့အကြောင်းအရာ နဲ့မဆိုင်တော့ ဒီမှာပဲ ဒီအကြောင်းကို ရပ်ကြပါစို့။ နို့မို့ဆိုရင် ပညာပေးနဲ့မတူပဲ လမ်းလွဲပို့ရာရောက်ပါမယ်။ နောက်ဆုံးအနေနဲ့ သိထားသင့်တာက HIV ပိုးကူးစက်မှုနှုန်းဟာ အမျိုးသားလိင်တူများမှာပိုမိုများပြားတယ်ဆိုတာပါပဲ။

စာရေးသူအထက်မှာ ဖော်ပြခဲ့သလို ဂေးဖြစ်ရခြင်းအကြောင်းရင်းထဲမှာ သိမ်းသွင်းခံရခြင်းဟာ လုံးဝလုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။ ဂေးများအကြား ရေပန်းစားတဲ့စကားက သူငယ်ရှာတယ် ဆိုတာပါ။ ခဏတာစိတ်ဖြေ(သို)ပြေစေ ဖို့အတွက် လုံးဝမလုပ်သင့်ပါဘူး။ စားရေးသူအနေနဲ့ ယင်းကိစ္စဟာမဖြစ်သင့်သောကိစ္စ လို့ယူဆမိပါတယ်။ အတွေ့အထိဆိုတာ အင်မတန်မှကြောက်ဖို့ကောင်းပါတယ်။ လူတိုင်းလူတိုင်းဟာ ငယ်ရွယ်စဉ်ကတည်းက မိဘရဲ့ အုပ်ထိန်းမှုအောက်မှာ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ဆိုပြီး စည်ကမ်းတကျနေထိုင်ဖူးမှာပါ။ ဒါပေမဲ့ လူတိုင်းမှာ စိတ်ဆန္နတခုတော့ရှိမှာပဲ မလုပ်နဲ့ဆိုလေ ပိုပြီးတော့လုပ်ချင်လေပေါ့။ ဒါကထားပါအုံး။ နောက် ရေပန်းစားနေတဲ့စကားတခု stright ဖြိုမယ်ဆိုတာပါ။ မှန်ပါတယ် ဖြိုဖို့ဆိုတာအင်မတန်မှလွယ်ပါတယ်။ နားနဲ့မနာဖ၀ါးနဲ့နားပါအုံး stright တယောက်ကို (ရိုင်းသွားမလား ဂေးတယောက်က suck လိုက်မယ်) ဆိုပါစို့ ငြင်းဆန်မဲ့လူရှားလောက်ပါပေတယ်။ ထား အဲ့ဒီ stright က ခံစားမှု အထူးအဆန်းတရပ်အနေနဲ့ ကျေနပ်ကောင်းကျေနပ်သွားလိမ့်မယ်။ ဒီတစ်ခါလေးပါဆိုတာရဲ့ နောက်မှာ တစ်ခါးကြီး ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီတခါကြီးပြီးရင် သူကြိုက်နှစ်သက်သွားနိုင်တယ် အဲ့ဒီကတဆင့် ဒီ stright ဟာ ဂေးစစ်စစ် တယောက်ထိတောင်ဖြစ်သွားနိုင်ပါတယ်။ ဒါဟာ stright ဖြိုတာရဲ့ နောက်ဆက်တွဲဆိုးကျိုးပါ။ ဒါဖြင့် အသက်အရွယ်အားဖြင့်လည်းငယ် စိတ်ဓါတ်အားဖြင့်လည်း နုနယ်သေးတဲ့ ကလေးတွေကို သူငယ်ရှာမယ် သူငယ်ရှာမယ် ဆိုတာဖြင့် ဘယ်အတိုင်းအတာထိ ဂေးဖြစ်သွားနိုင်သလဲ။ စာရေးသူ ရေးသားနေတာဟာ ဂေးတွေကို ရှုံ့ချနေတာမဟုတ်။ ရှုံ့ချစရာလည်းမဟုတ်။ ဂေးမဟုတ်သူများကို ဂေးမဖြစ်စေချင်တာပါ။ ဒီအထဲ ဘိုင် (Bi) ဆိုတာကလည်း ပြသနာတခုပါ။ ဘိုင် ဆိုသူနဲ့ ဂေးဆိုသူတို့မှာ ချစ်ခြင်းအတွက်ဖြစ်နိုင်ခြေအလွန်နည်းပါးလှပါတယ်။ နဂိုကမှ အတွင်းစိတ် (ကိုယ်တွင်းစိတ်) ပြောင်းလဲလို့ ဂေးဖြစ်သွားပါမှ ဘိုင်ဆိုသူ များကလည်း အနုအကြမ်းသုံးလို့ အချစ်ဆက်ချင်သေး။ ဒါဟာလည်း မဖြစ်သင့်ပါဘူး။ သူ့အတိုင်းအတာနဲ့သူ သူ့နေရာနဲ့သူရှိနေတာကောင်းပါတယ်။ ရောင်းသူ၊ ၀ယ်သူ အခြေအနေဟန်ရင် ပြီးတာပါပဲဆိုတာလဲ ရှိသေးသကိုး။ သူငယ်ရှာတယ် ဆိုတာမျိုးကတော့ ဘယ်နည်းနဲ့မှ မလုပ်အပ်တဲ့အရာလို့ စာရေးသူ ထင်မြင်မိပါတယ်။ ဂေးဖြစ်တော့ရော ဘာဖြစ်လဲလိုဆိုင်နိုင်ပါတယ်။ ဂေးဖြစ်တာမကောင်းဘူးလို့ စာရေးသူထင်မြင်ပါတယ်။ ဘယ်မိဘကမှ မိန်းမလျှာလေးမွေးပါစေ လို့ ဆုတောင်းမှာမဟုတ်ပါဘူး။ မိဘတိုင်းက ကိုယ့်သမီးကို မိန်းကလေးပီသစေချင်တယ်၊ ကိုယ့်သားကို ယောင်္ကျားလေးပီသစေချင်ပါတယ်။

ဂေးမဖြစ်ချင်တော့ပါဘူး၊ ဂေးမလုပ်ချင်တော့ဘူး၊ ကျွန်တော်ဂေးများဖြစ်သွားတာလား အစရှိသဖြင့် စိုးရိမ် ပူပန်မှုတွေနဲ့ ပြင်ချင်ကြပါတယ်။ တချို့ ကတော့ မပြင်ချင်ကြပါဘူး။ ပြင်ရကောင်းမှန်းကိုမသိတာပါ။ ပြင်ဘို့ကောင်းမှန်း တောင်မရှိအောင်၊ ပိုပြီး နက်သထက် နက်တဲ့ တွင်းထဲ ပို့ချ-ဖိချ နေတဲ့ လူမှု အသိုင်းအ၀ိုင်းမှာ လူတော်တော်များများ နေကြရပါတယ်။ ပြင်ချင်တဲ့သူတွေကို အားပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ ငါတို့အဖွဲ့ထဲကတော့ တစ်ယောက်တော့ လျော့တော့မှာပဲ ဆိုပြီးဆွဲထားတာမျိုးမဖြစ်သင့်ပါဘူး။ မပြင်ချင်တဲ့ သူတွေကတော့မပြင်နဲ့ပေါ့။ HIV ရှိသူ၊ ဒီလို သဘာဝမဟုတ်တာ ရှိနေသူတွေကို နှိမ်ဖို့၊ ပယ်ဖို့တော့ လုံးဝမလုပ်သင့်ပါဘူး။ ဒါပေမဲ့ သူတို့တတွေကို နားလည်မှုပေးပြီး ဖေးမ ပြုပြင်ရပါမယ်။ အားတော့မပေးသင့်ပါဘူး။ မဖြစ်သေးတဲ့သူတွေနည်းအောင်လုပ်ရပါမယ်။ ဗုဒ္ဓဘာသာအရ အတိတ်ဘ၀က လွန်ကျူးခဲ့တဲ့ အကုသိုလ်ကံအကျိုးဆက်ဟာ မကုန်စင်သေးတဲ့အတွက် ဒီဘ၀မှာ ယောင်္ကျားဖြစ်ပါလျက် ပါလာတဲ့ကုသိုလ်ကံ အကြောင်းတရားရဲ့ ဒဏ်ခတ်အပြစ်ပေးခြင်းခံရပြီး မိန်းမလျာစိတ် ပေါက်သွားရတာပါ။ တကယ်တော့ ဘယ်သူက မြင့်မြတ်တဲ့ ယောင်္ကျားအဖြစ်မှ နိမ့်ကျတဲ့ မိန်းမလျာဘ၀ကို ပိုင်ဆိုင်ချင်ပါ့မလဲ။ သို့ပေမဲ့ အကုသိုလ်တရားရဲ့ ဆွဲငင်အားကြောင့် ဒုက္ခကို သုခထင်နေကြတယ်။ နိမ့်တဲ့ဘ၀ကို မြင့်တဲ့ဘ၀လို့ထင်နေကြရကာ ဟီရိသြတ္တပ္ပတရား ကင်းနေကြတာပဲဖြစ်ပါတယ်။ ခရစ်ယမ် (ရိုမန်ကက်သလစ်) က Pornography ကို Mortal sin အကုသိုလ်လို့ သတ်မှတ်တယ်။ ခရစ်တော်က ဘယ်သူမဆို Lust ရာဂစိတ်နဲ့ ကြည့်တာဟာလဲ Adultery ဖောက်ပြန်မှုတဲ့။ ဗုဒ္ဓဘာသာအဆိုအရ အပြစ်ဆိုတာဟာ ကိုယ်၊ နှုတ်၊ စိတ် သုံးပါးကြောင့်သာဖြစ်တာပါ။ စိတ်ကပင်မ ကျပါတယ်။ Psychotherapy စိတ်ကုသနည်းနဲ့ Sexual orientation လိင်စိတ်တိမ်းညွှတ်မှု ကိုပြောင်းလို့ရနိုင်ပါတယ်။ နည်းအောင်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ရာနှုန်းပြည့် မရသေးပါ။ ဆေးပညာအရလည်း စိတ်ဟာ ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတရပ်လို့ဖွင့်ဆိုထားပါတယ်။

အရုပ်၊ အသံ၊ ဗီဒီယိုတွေက စိတ်ကို ကြွစေတာမို့ ဆင်ခြင်နိုင်လေ မလိုလားအပ်တဲ့ စိတ်ဆန္ဒတွေ မပေါ်လေဘဲ။ ပေါင်းသင်းတာလဲ ရွေးသင့်တယ်။ ကျောင်းပြောင်း၊ အလုပ်ပြောင်းဖို့ လိုအပ်လာရင် သတ္တိရှိရှိ ဆုံးဖြတ်သင့်တယ်။ မိဘတွေလဲ ကလေးအတွက် အချိန်ပိုပေးသင့်တယ်။ အခြေခံကျောင်းသားအရွယ်မှာ ခပ်နွဲ့နွဲ့ကျောင်းသားတချို့တလေက ပညာရေးမှာထူးချွန်တက်ကြပါတယ်။ ဂေးတွေမှာ ထူးခြားချက်တခုရှိပါတယ်။ ဂေးတယောက်ဟာ အနားက ဖြတ်လျောက်သွားတဲ့ လူတယောက်ကို သူဟာ ဂေးလား stright လားဆိုတာကို သိနိုင်တဲ့ စွမ်းရည်ရှိပါသတဲ့။ အချုပ်အားဖြင့်ရေးရရင် လူတယောက်ဟာ တသက်လုံး Gay ဖြစ်နေတော့မယ်ဆိုတာ မမှန်ပါဘူး။ ပြောင်းလဲစေတက်ပါတယ်။ Fluidity of orientation လို့ခေါ်ပါတယ်။

အားတက်ဖို့ကောင်းတာက Gay တွေရော Lesbian တွေပါ ဘ၀အဆင့် တခုမှာ Coming out အမြင်မှန် ပြန်ရလာတာမျိုးကို တွေ့လာရပါတယ်။ အဆင့် ၃ ဆင့်ရှိပါတယ်။

# Knowing oneself ကိုယ်ကိုယ်ကို သိသွားခြင်း။

# Realization သဘောပေါက်လာခြင်း။

# Decision ဆုံးဖြတ်ချက်ချသွားနိုင်ခြင်း တို့ဖြစ်ပါတယ်။

ပြင်ချင်ရင်အလွယ်လေးပါ စိတ်ပဲလိုပါတယ်။ ” ဆီးချိုသမားကို အချိုမစားရဘူး ” လို့ ဆရာဝန်က မှာလိုက်ပါတယ်။ လိုက်နာ စောင့်ထိန်းတဲ့သူက လိုက်နာတော့ အသက်ရှည်တယ်။ ” ဆရာဝန်စကားကို မြေ၀ယ်မကျ နားထောင်ထား ” လို့ပြောချင်တာမဟုတ်ပါဘူး ” ဆီးချိုသမား အချိုမစားတာ အချိုကိုမကြိုက်တော့တာ မဟုတ်ပါဘူး ” လို့ဆိုချင်တာပါ။ ဒီလောက်ဆို သဘောပေါက် လောက်ပါပြီ။ ” စိတ်ထဲမှာ နည်းနည်းတော့ကျန်နေနေပေါ့၊ ဒါပေမဲ့ နှုတ်မပါနဲ့၊ ကိုယ်မပါနဲ့။ “

ကျေးဇူးတင်ပါတယ်။

About professor dr

professor dr has written 1 post in this Website..