အသံတွေ တိတ်ဆိတ်လွန်းတဲ့အခါ
ငါ့…အထီးကျန် ခံနိုင်ဝန်အားကို ထိန်းမရတော့…။

ညဟာ…တုန်ရင်နေတဲ့ သစ်ကိုင်းလို
ဒုက္ခတွေ တန်းလန်းမိုးနေတယ်
တရိပ်ရိပ်တက်လာတဲ့
စိတ္တဇအမြစ်နာနဲ့
ဝိဥာဉ်အဆုံးထိ ပြိုဆင်းလာနေတဲ့
သင်းကွဲမီးမြစ်တွေ ဖုံးနေပြီ…။

ညဟာ…အလင်းတွေ ပြာနှမ်းသွားအောင်မြင့်လွန်းတယ်
ညဟာ…သွေးတွေ ခြောက်ခမ်းသွားအောင်နက်လွန်းတယ်…။

ဒီညမှာ…ငါဟာ
အသက်ဓာတ်ရဲ့ ပြင်ပလက္ခဏာမှာ စိမ်းလန်းပြီး
နှလုံးသား အံဝှက်လေး ကျိုးကြေကွဲအက်လို့
အချစ်က အမှောင်မှာ လောင်နေတာပဲ…။

ဒီညပါပဲ…
သူမ နေရာချထားတဲ့အစီအစဉ်အတိုင်း
မီးပြတိုက်တစ်ခုလို
သတိရခြင်းကျောက်ဆောင်ကိုမိုးပြီး
အရိပ်ထိုးထားတဲ့ ကြေကွဲဇာတ်မှာ
ငါဟာ…
သက်ငြိမ်နွေးထွေးမှုရဲ့ပြန်လင်းတန်းကို
စောင့်လို့…။

12.9.2012
(နံနက် 3း07)

About marblecommet

marblecommet marblecommet has written 57 post in this Website..

မိုးဦးလေဦး ရောက်လာပြီ... လေတွေက ခါးလိုက်တာ.... ငါ့မှာသာ....တိမ်တွေကို စီးပြီး မောပန်းနေရ.....