မော်လမြိုင်ကျွန်းမြို့က မော်တော်ပီကယ် မောင်ချို

shwe tallatrSeptember 12, 20121min812

မြန်မာနိုင်ငံမှာ အတော်လေးကိုမှသိ့သာသောပြောင်းလဲမှုများပြုလုပ်နေသော်လည်း မပြောင်းလဲဘဲ အရင်အစိုးရ
လက်ကျံ ဝန်ထမ်း တော်တော်များများကတော့ ယခုအချိန်ထိ့ တောင်းလို့ကောင်းဆဲ ပါ ဒီအထဲမှာမှအကြောင်းရာလေးတခုကိုတင်ပြချင်ပါတယ် ။
ကျနော်တို့မော်လမြိုင်ကျွန်းမြို့လေးဟာ ဧရာဝတိုင်းအတွင်းမှာတည်ရှိ့ပါတယ်။
လပွတ္တာခရိုင်အတွင်းမှာတည်ရှီ့ပြီး အေးချမ်းသာပြီး ဘာသာတရားကိုင်းရှိုင်းတဲ့မြို့လေးပါ။
ခေတ်နဲ့အညီဖွင့်ဖြိူးလာပြီး ကုန်းကြောင်းသွား မော်တော်ဆိုင်ကယ်များလဲတိုးပွားလာပါတယ်

ဒီအခါမှာယဉ်စည်ကမ်း လမ်းစည်းကမ်းလိုက်နာဖို့အတွက် မော်တော်ပီကယ်များခန့်ထားပေးလာပါတယ်
ထိုမော်တော်ပီကယ်များထဲမှ ကိုမောင်ချိုဟု ခေါ်သော (in check) ဟာ မကြာခင်မှာ မော်ကျွန်းမြို့မှာ
လာရောက်ပြုလုပ်ပေးမည့် (ပုသိမ် က ည န )ရုံးမှမော်တော်ဆိုင်ကယ်မှတ်ပုံတင် ရာမှာ ရှေ့ဆုံးမှနေရာရအောင်
ပြုလုပ်ပေးမည်ဟု ဆိုပြီး ဆိုင်ကယ် (လိုင်စင်မဲ့)များထံမှ တဦးလျှင် ၃၀၀ဝ ကျပ်မှ ၅၀၀ဝ ကျပ်အတွင်းတောင်းယူနေပါသည် ။ ထိုကိစ္စအား သက်ဆိုင်ရာမှ အရေးယူပေးလျှင်ကောင်းပေစွဟု
မြီု့သူ မြို့သားများမှ စိတ်ဆန္ဒ ရှိ့နေကြောင်း ရေးသားတင်ပြလိုက်ရပါသည်

2 comments

  • Good™

    September 12, 2012 at 10:44 am

    ရှေ့ ဆုံး က ရအောင် လုပ်ပေးမယ် ပြော ပြီး တောင်းတာ ဆိုတော့ သဘောတူ မှ ပေး ပေါ့။ သဘောမတူရင် မပေး ပဲ နေလို့ ရတယ် မဟုတ်လား။

  • ကိုသင်း

    September 14, 2012 at 8:38 am

    မောင်ချိုတဲ့နော် ပိုက်ဆံရလို့ကတော့
    ဟင်း တောင်ပါဖြိုပေးမယ်

Leave a Reply