“ အောင်ပင်လယ် မိုးညနေခင်းလေးကတိမ်…………………. “

1 ဦးပွားတံတားပေါ်ကမြင်ရတဲ့ ကြည်နူးစဖွယ်
2 တံတားရဲ့တောင်ဘက်က တိမ်

 

3 ရေသောက်ဆင်းတဲ့တိမ်
4 လေမှာပျံနေတဲ့တိမ်
5 ကိုင်းဖျားမှာတွဲလွဲခိုတဲ့တိမ်

6စိမ်းမြကောက်းပင် မိူင်းရိပ်ဆင်တောင်တန်း ဖြူလွှလွှတိမ်အဆင် ပြာလွင်သောကောင်းကင်
7 စိမ်းညို့ ညို့ ဖြူပြာလွင်
 

8 နှစ်သက်စရာ ကြည်နူးစရာ…………………………
9 ကောင်းကင်မှာချိတ်ဆွဲထားတဲ့တိမ်
10 ဟိုတစ်စ ဒီတစ်စ
11 တိမ်ပြာကောင်းကင် ကရေပြင်ကို ဆေးရောင်ခြယ်
12 တောင်မိုးတိမ်
13 နေအလင်းကို ဖုံးကွယ်ထားတဲ့တိမ်
14 တိမ်မိူင်းညိုမှောင် လွမ်းယောင်ယောင်
15 စိမ်းစို စိမ်းမှောင် ဖြူယောင်ပြာလဲ့ သဘာဝပန်းချီ
16 ကျနော်နှစ်သက်ခဲ့တဲ့ တိမ်မောင်နှံ
 

“  အောင်ပင်လယ် မိုးညနေခင်းလေးကတိမ်………………….  “

 

1-9-2012 နေ့  နေ့လည်ခင်းလောက်မှာ တက်သိမ်းအင်းက တိမ်တွေကို လက်ဆော့အပြီးမှာ

ဦးပွားကုန်းကျော်ကနေ တက်လာခဲ့ပါတယ်။

ကုန်းအလည်ခေါင်အရောက်မြောက်ဘက်ကိုလှမ်းအကြည့် အင်မတန်လှပတဲ့မြင်ကွင်းလေးကိုမြင်ခဲ့ရပါတယ်.။

ဦးပွားဘုရားနဲ့ တိမ်အဆင် ကို လှမ်းလို့လက်ဆော့၊

တံတားရဲ့တောင်ဘက်ခြမ်းကိုလက်ဆော့ အပြီးမှာ တံခွန်တိုင်ဘက်ကိုသွားဘို့ စိတ်ကူးလိုက်ပါတယ်။

အဲဒီအချိန်ရွာသားကိုဖိုးထောင်ကို သတိရလို့ လမ်းဘေးမှာဆိုင်ကယ်ရပ်လို့ ဖုန်းဆက်တော့

အောင်ပင်လယ်မှာတဲ့…………..။

ဘယ်နားမှာလဲလု့ိ မေးတေ့ာ သံယောဇဉ်မြန်မာပင်ကျရည် ဆိုင်မှာရောက်နေပါသတဲ့။

မနက်က တင်အဲဒီဘက်က ပြန်လာခဲ့တာဆိုတော့ သိပ်တော့မသွားချင်။

“လေးပေါက်ရာ တိမ်တွေအရမ်းကိုလှနေတာ ကျနော်လဲ နေအကျဓါတ်ပုံရိုက်ချင်လို့စောင့်နေတာ”ဆိုတဲ့

အသံလဲကြားရော တံခွန်တိုင်ဘက်ကိုသွားဘို့ဦးတည်ထားတာကို သိပ္ပံလမ်းဘက်ေြပြာင်းလိုက်ပါတယ်။

အဲဒီနေ့ နေလည်ခင်းက နေအတော်ပူပါတယ်။

ဒါပေမယ် တိမ်တွေလှတယ် ဆိုတဲ့စကားလေးက အပူတွေကိုလျော့ပါးသွားစေသလိုပါဘဲ.။

ကျနော်ရောက်နေတဲ့နေရာနဲ့ ကိုဖိုးထောင်ရှိတဲ့နေရာ လေးမိုင်လောက်တော့ဝေးပါတယ်။

အဲဒါနဲ့သိပ္ပံလမ်းအတိုင်းအရှေ့တက် အောင်ပင်လယ်ကန်ဘောင်ရိုးရောက်တော့ မြောက်ဘက်ကိုဦးတည်လို့

ရေတံခွန်တောင်သွားတဲ့ လမ်းကို စီးတော်ဆိုင်ကယ်နဲ့ အပြင်းနှင်ခဲ့ပါတယ်.။

မနက်ရောက်တုန်းက မရိုက်ခဲ့ရတဲ့နေရာလေးတွေကို ပြန်ရိုက်ဘို့နေရာလေးတွေကိုလဲပြန်စဉ်းစားရင်းပေါ့။

 

ဒါနဲ့ နာရီဝက်သာသာလောက်မောင်းအပြီးမှာ အောင်ပင်လယ်ရင်ခွင်အစကိုရောက်။

ဘဲတွေမွေးထားတဲ့နားက ရေကန်ထဲကို  တိမ်ရေသောက်ဆင်းနေတာတွေကိုရိုက်။

ရေထဲမှာအနွယ်လေးလိုဖြစ်နေတဲ့ ပန်းပွင့်လေးတွေကိုရိုက်။

ဟိုနားရပ်ပြီးတိမ်လေးတွေရိုက်။

ဒီနားရပ်ပြီးတိမ်လေးတွေရိုက်။

ကိုဖိုးထောင်ကလဲ “လေးပေါက်ဘယ်နားရောက်ပြီလဲ”လှမ်းမေး။

“ရောက်တော့မှာပါ”ဆိုပြန်ဖြေရင်း တိမ်တွေကိုလက်ဆော့လို့မဝနိုင်အောင်ပါဘဲ.။

ဒါနဲ့ သိပ်မကြာခင် ကိုဖိုးထောင်ရှိတဲ့နေရာကိုရောက်လာပါတယ်။

ရောက်တဲ့နဲ့ ရေသောက်.။

ဟိုတောင်ဘက်က လယ်ကွင်းတွေဘက်သွားလက်ဆော့။

အဲဒီအချိန်မှာ မနက်ကထက်တိမ်တွေကပိုလှနေပါတယ်။

လယ်ကွင်းစိမ်းစိမ်းတွေ့နဲ့လိုက်ဖက်လွန်းလှတဲ့ တိမ်တောင်ထုတွေတိမ်ပန်းချီတွေက

ကျနော်အတွက် ငေးမဝ ကြည့်မဝ။

သိပ်မကြာခင်လေးမှာ မိုးရိပ်ဆင်နေတဲ့တိမ်ထုထဲကို နေမင်းက ခဏလေးအပုန်း

လှပသော တိမ်အစုလေးကိုရခဲ့တာ စိတ်ထဲမှာကျေနပ်မိပါတယ်။

ကဲ ကြည့်လိုက်ပါအုံး ကျနော်ပြောတာ အပိုတွေမ ဟုတ်ဘူးဆိုတာကို သက်သေပြချင်လို့ပါ။

 

ကိုပေါက်ရဲ့လက်ဆောင်မြန်မာပြည်မှအလှတရားများ

(19-9-2012)

 

 

 

 

 

 

17 comments

  • မဟာရာဇာ အံစာတုံး

    September 15, 2012 at 11:37 am

    အတော် အေးချမ်းမယ့် နေရာလေးလို့
    မြင်မိပါတယ် …
    ဟို .. စေတီလေးတွေနဲ့ နေရာလေးမှာ
    ဘုန်းကြီးကျောင်းတွေရော ရှိသလား ..
    ဒါမှ မဟုတ် ဘုရားချည်းပဲလား ..

  • P chogyi

    September 15, 2012 at 11:43 am

    No.6 ပုံကို Desktop ပုံအနေနဲ့သုံးချင်လို့ ကူးသွားပါတယ်။
    အားလုံးကောင်းပါတယ်။

  • မောင်ပေ

    September 15, 2012 at 12:35 pm

    ကိုပေါက်ရေ ကင်မလာအသစ် ဝယ်ပြီး ပြီလားဗျို ့
    အခုပို ့စ်ထဲက လယ်ကွင်းပုံတွေ ကြည့်ရတာ မျက်စိအေး စိတ်အေးရတယ်ဗျား

  • linnlinnn

    September 15, 2012 at 12:50 pm

    ရွှေနန်းတော်ရှေ့ ရတနာပုံပြည်ဝယ် ဇောင်းကလောကန်နဲ့ နန္ဒာကန်လယ် မွှေးထုံပျံ့ကြွယ် ပန်းရနံ့သွယ်သွယ်၊ တောင်သမန် ရေအင်း ငွေအဆင်းသို့နှယ်။

    ရှေးကဆိုတယ် ဗဟိုနယ် အိုဘယ်ဌာန ထိုကာလဝယ် ထွန်းပဝန်းကျယ် လွမ်းဖွယ် အံ့ဖွယ် ဪ ပန်းရနံ့သွယ်သွယ်၊ အောင်ပင်လယ် အောင်ပင်လယ် အောင်ပင်လယ် အောင်ပင်လယ် အောင်ပင်လယ် အောင်ပင်လယ်။ တကယ့်တောအစစ်ကဲ့သို့ ခုတော့ လယ်ကောဖြစ်လို့မို့ ကောင်းဖို့ရွယ်သော စံနစ်ကို အထူးသဖြင့် မျှော်မိတယ်။

    (ကြာစိမ်းကြာပြာ ပွင့်နီများ လှုပ်ရှားကာရယ် များစွာကွယ်) ၂ ။ လေယူရာကို ကြိုင်လှိုင်သွေးလို့ မွှေးကြည်တယ် ရှေးမီတယ်။ လူအိုလူမင်း ပြောခြင်းလက္ခဏာ ဟင်္သာမောင်နှံရယ် ဝဲတယ် ဝဲတယ်။ အောင်ပင်လယ် အောင်ပင်လယ် အောင်ပင်လယ် အောင်ပင်လယ် အောင်ပင်လယ် အောင်ပင်လယ်။ တကယ့်တာအစစ်ကဲ့သို့ ခုတော့ လယ်ကောဖြစ်လို့မို့ ကောင်းဖို့ရွယ်သော စံနစ်ကို အထူးသဖြင့် မျှော်မိတယ်။

    သိသလောက်သာ မှတ်ကြဖွယ်။ ကမ္ဗည်းကျောက်စာ ဖတ်ရမယ်။ ရွှေမန္တလေးတောင် ဖွေးဖွေးရောင်ရွှေ တောင်ခြေ အကွေ့အတက် အရှေ့ဘက်မှာကွယ် ဂူငယ်တစ်ခုနဲ့ အများရှုမြင်နိုင်တယ်။ တကယ် တကယ် တကယ်တဲ့။ (မင်းရှင်စော မျှောသည့်ဖောင်ငယ် လေးကန်စလုံး သိမ်းကျုံးတည်တော်မူတယ်) ၂။ အဲဒါတွေကို စီခြယ် နန်းတော်ရှေ့ကဆရာတင်ရယ် ကိုမြို့မကိုပြောပြ သောတနားဝယ် ကြားဖွယ်မှတ်ဖွယ်။ ယထာဘူတကို ကြံဆို မှန်မှန်ကန်ကန် ဓါတ်သံဖွင့်ပါကြောင်း နဲ့ အောင်ပင်လယ် အောင်ပင်လယ် အောင်ပင်လယ် အောင်ပင်လယ် အောင်ပင်လယ် အောင်ပင်လယ်။ တကယ့်တောအစစ်ကဲ့သို့ ခုတော့ လယ်ကောဖြစ်လို့မို့ ကောင်းဖို့ရွယ်သော စံနစ်ကို အထူးသဖြင့် မျှော်မိတယ်။

    ပိုစ်နဲ့သိပ်တော့ မဆိုင်လှသလို..သီချင်းထဲကလို ကောနေတဲ့လယ်တောတွေ မဟုတ်ပေမဲ့ အောင်ပင်လယ်ဆိုသမို့ နန်းတော်ရှေ့ဆရာတင်ရဲ့ အောင်ပင်လယ်သီချင်းကိုသတိရသွားလို့..သီချင်းစာသားလေးနဲ့အတူ ဆြာပေါက်ရဲ့ တိမ်တွေကို ခံစားသွားပါတယ်ရှင်…

    • ဒီသီချင်းးကတော့ ကျနော်လဲကြိုက်ပါတယ်။
      (ကြာစိမ်းကြာပြာ ပွင့်နီများ လှုပ်ရှားကာရယ် များစွာကွယ်) ၂ ။ လေယူရာကို ကြိုင်လှိုင်သွေးလို့ မွှေးကြည်တယ် ဆိုတဲ့အပိုဒ်လေးကိုနားထဲကြားမိတော့ ကြာပင်အိုင်အလွမ်းဆိုပြးိတော့ ပိုစ်တောင်တင်မိပါသေးတယ်။

  • mayjuly

    September 15, 2012 at 1:37 pm

    လေးပေါက်ရှင့် ….
    ဂျူးမ ကြိုက်နှစ်သက်သောပုံများအား ကူးယူခွင့်ပြုပါ …..

  • surmi

    September 15, 2012 at 1:49 pm

    အဲ့ လိုတိမ်အဆင်တွေ ခုချိန်မှာ မြင်ရခဲ တယ်အစ်ကိုရေ
    ခုမှမိုးလေးနဲနဲပါးသွားတာ
    တခါတလေ အစ်ကိုတို ့ကိုအားကျတယ်။ကျနော်လည်းဘယ်အချိန်ကျမှ
    ဝါသနာပါတာတွေလုပ်နိုင်ပါ ့မလဲလို ့

  • kotun winlatt

    September 15, 2012 at 3:18 pm

    လေးပေါက်ရေ…
    ပုံလေးတွေက လှချက်ဗျာ….
    ငြိမ်းအေးလိုက်တာ….
    ဘယ်ပန်းချီရေးလို့ မမီပေါ့…

  • ကြောင်ကြီး

    September 15, 2012 at 9:19 pm

    အောင်ပင်လယ်
    ကြောင်ဆင်ဝယ်
    မောင်ခင်တွယ်
    ဖောင်ပြင်မယ်
    ချောင်ဂွင်ကွယ်
    ဘောင်ဘင်အယ်
    ဒေါင်ဒင်ရှယ်
    နောင်ကြဉ်ဖယ်..

  • TTNU

    September 15, 2012 at 9:33 pm

    ကိုပေါက်ရေ…
    ဒါတတိယအကြိမ်မန်းတာပဲ။တင်လိုက်၊ Problem loading ပြလိုက်။
    ထပ်တင်လိုက်။ကူးပြီးနော်။ကျေးဇူးပါ။ 🙂

  • si tone

    September 15, 2012 at 9:42 pm

    ဟာအရမ်းလှတယ်….

  • နောက်နေ.......

    September 16, 2012 at 1:10 pm

    လေးပေါက် ကင်မလာအသစ်ဝယ်ထားတယ်ဟုတ်…..
    မောင်ရှမ်းတို့မနာလိုဘူးဗျို့…..
    ဒါ့ပုံတွေရမ်းကိုလှနေတယ်……

Leave a Reply