ရခိုင်ဒေသ ထောက်ပံ့ရေး အခြေအနေ စိုးရိမ်ဖွယ် ရှိဟု အမေရိကန် ကိုယ်စားလှယ် အဖွဲ့ထုတ်ပြန်

ကို သာSeptember 12, 20121min1270

ပဋိပက္ခများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် အတွင်းရှိ လူ့အဖွဲ့အစည်းနှစ်ခုစလုံး ကြီးကြီးမားမား ထိခိုက်မှု ရှိနေပြီး လူသားခြင်း စာနာ ထောက်ထားမှု ထောက်ပံ့ရေး အခြေအနေများလည်း စိုးရိမ်စရာ ကောင်းလွန်းနေဆဲဟု အဆိုပါ ဒေသသို့ နှစ်ရက် ကြာ သွားရောက်လေ့လာခဲ့သော အမေရိကန် ကိုယ်စားလှယ် အဖွဲ့၏ စက်တင်ဘာ လ ၁ဝ ရက်နေ့ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ရှေ့ဆက်ဆောင်ရွက်ရာတွင် အရေးပေါ်လိုအပ်ချက်များကို လုပ်ဆောင်ရန် အရေးကြီး မည်ဖြစ်ပြီး ရေရှည်တည်တံ့ပြီး တရားမျှတမှု ရှိရှိ ဖြေရှင်းဆောင်
ရွက်ရန်လိုအပ်ကြောင်း ၊ ရခိုင်ဒေသ ရေရှည် နာလန်ထူစေရေးအတွက် အမေရိကန် နှင် ့နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်မည့်
နည်းလမ်းများကို ၎င်းအဖွဲ့က ရှာဖွေခဲ့ကြကြောင်းဆက်လက်ဖော်ပြထားသည်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် ခရီးစဉ်ကာလအတွင်း ရွာများ၊ နေရပ်စွန့်ခွာ ထွက်ပြေးသူများ နေထိုင်ရာ အခန်းများ၊ ဒေသခံ စီးပွားရေး လုပ်ငန်းများ၊ ဘုန်းကြီးကျောင်းများနှင့် ဗလီများသို့ သွားရောက်လေ့လာခဲ့ကြောင်းနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ရခိုင်ဝန်ကြီးချုပ် ၊ ဒေသခံတာဝန်ရှိသူများ နှင့်လည်း
တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယခုကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၏ ညွှန်ကြားမှုဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အကြီးအကဲ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်းနှင့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်မစ်ချဲယ်လ် တို့ ဦးဆောင်ပြီး အဖွဲ့ဝင် (၅) ဦးပါရှိသည်။

အဆိုပါ အဖွဲ့သည် ရိုဟင်ဂျာအရေး ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်ရန် စက်တင်ဘာ ၁ဝ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ခွာသွားသည်။
ရခိုင်ပြည်နယ် အတွင်းရှိ အခြေအနေမှာ နာတာရှည်ရောဂါသဖွယ်ဖြစ်သဖြင့် ဆေးမြီးတို နှင့်မလုံလောက်နိုင်သည်မှာထင်ရှားပါသည်။နိုင်ငံတော်အစိုးရကလည်း
ရေရှည်အတွက်ရည်ရွယ်ပြီး စုံစမ်းရေးကော်မတီများ စေလွှတ်ဆောင်ရွက်နေကြောင်းတွေ.ရပါသည်။အရေးပေါ်လိုအပ်ချက်များကို လုပ်ဆောင်ရန် အရေးကြီး မည်ဖြစ်သကဲ့သို.
ရေရှည်အတွက်ခိုင်မာပြီးလုံခြုံအေးချမ်းမည့် အစီအမံများလည်း ချမှတ်နိုင်ရန် အထူးအရေးကြီးလှပါသည်။