ဲ့ချယ်ရီပေးတဲ့ရသစုံ

NovySeptember 12, 20121min32533

မနေ့က ရုံးဆင်းတော့ စီးတော်ဂျစ်ဝပ်ရှော့ ရောက်နေလို့

တက္ကစီလေးငှားပြီး အေးအေးဆေးဆေးအိမ်ပြန်မယ်စိတ်ကူးနဲ့

ချယ်ရီကားလေးငှားပြီးအိမ်ပြန်လာတယ်ပေါ့

ကားပေါ်ရောက်တာနဲ့ ကားဆရာကိုယ်တော်ချောက တစ်ခြားကားတွေကို ကျော်တာခွတာ

စတော့တာပါပဲ လမ်းပေါ်က လူတွေကိုလည်းတိုက်တော့မလို့ ပွတ်ကာသီကာပေါ့

မနိုကဖြေဖြေမောင်းပါဟယ် အန္တရာယ် များလို့ပါလိုပြောတော့

ကျွန်တော်က ပါရမီကာကြီးတွေမောင်းနေတာ ဒီလောက်တော့ရှိမှာပေါ့တဲ့

ဆက်ပြောပါသေးတယ် ဒီလို့မောင်းတက်အောင် 14နှစ်သားထဲက

ဘတ်(စ)ကားသမားတွေဆီမှာ သင်လာတာတဲ့

ပြောလို့မရတာနဲ့ပဲ မျက်လုံးမှိတ်ထားလိုက်တယ်

ကိုယ်စီးနေတာ ကားလား မြန်နှုန်းမြင့် ရိုလာကိုစတာလားလိုတောင် ပြန်စဉ်စားနေရတယ်

ဒါနဲ့မျက်လုံးပြန်ဖွင့် ပြီး ကားခုံခါးပတ်ပဲ ပတ်ရမလိုလို

ကားတံခါးလော့ပဲချရမလိုလို

ဘေးနားမှာချထားတဲ့ မှောက်နေတဲ့ထမင်းခြင်ပဲ ကိုင်ထားရတော့မလိုလို

ဘာလုပ်ရမှန်းတောင် မသိတော့ဘူး

ဒါနဲ့ပဲ ရင်တွေကတုံ လာပြီး

ဘာလုပ်ရမှန်း မသိတာနဲ့ ဘုရားစာတွေပဲရွတ်နေမိတယ်

ကုသိုလ်တော့ အတော်ရလိုက်တယ်

ဦးထောင်ဘို့အဝိုင်းကိုလည်း တန်းစီကာတွေကို မစောင့်ပဲနဲ့

လမ်းပြောင်းပြန် မောင်းလာတယ်

ကားက အရှိန်များလွန်းလို့ အဝိုင်းပတ်လမ်းပေါ် မရောက်ပဲနဲ့

အဝိုင်းကြီးပေါ်ပဲ ဖြတ်ပြီးမောင်းတော့မလားတောင်အောင်းမေ့ရတယ်

တိုက်တော့မှာပဲလို့ပြောတော့

မပူပါနဲ့ အမရယ်တဲ့

ဘရိတ်မပါပဲနဲ့တောင် ကားကို တုံ့ကနဲ ရပ်အောင် လုပ်နိုင်ပါတယ်တဲ့

စိတ်ထဲကတော့ ပြန်ပြောလိုက်တယ် နင့်ကားက တုံ့ကနဲ ရပ်မှာလား

တုံးကနဲ့ မှောက်မှာလားလို့

ဦးထောင်ဘို့ လမ်းပေါ်ရောက်တော့ ကားတွေကျပ်နေတာနဲ့

ဒါတောင် ဒင်းကျော်စရာလမ်းမရှိလို့

အရှိန်ရော့သွားတယ် အဲ့ဒီတော့မှ အသက်လေးဝအောင်ပြန်ရှုရတယ်

ဦးဝိစာရ အဝိုင်းရောက်တော့ ဦးဝိစာရကွေ့ကြောကို ယူထားပြီ

ဒီဘက်လမ်းကြောကို ကွေ့ပြီးမောင်းချလိုက်တယ်

သူများကတွေနဲ့ တိုက်တော့မယ်

အနောက်မှာ ဟွန်းသံတွေဆူသွားတယ်

ကားရပ်လိုက်တော့ မစီးတော့ဘူးလို့ ပြောမယ်တောင်ကြံမိပါတယ်

ဒါနဲ့ပဲစမ်းချောင်းကို ပြန်ရောက်လာတယ်ပေါ့

အိမ်ပေါ်ရောက်တော့ ရင်တွေတုံ ခေါင်းတခြမ်းကိုက်ပြီး

ဆေးတောင်သောက်လိုက်ရတယ်

ကားလေးကသေးတော့ အရှိန်နဲ့တိုက်မိ ရင်အသက်ရှင်ဖို့ မလွယ်ပါဘူး

ကားသမားတွေဆင်ခြင်သင့်ပါတယ်

ကိုယ်အတွက်အသက်အန္တရယ်ရှိသလို

ခရီးသယ်တွေအတွက်လည်း မကောင်းပါဘူး

ဘယ်လောက်ပဲကားမောင်းကျွမ်းကျင်ပါစေ

အခန့်မသင့်ရင် အသက်ပါပေးလိုက်ရမဲ့ အဖြစ်ပါ

ပြီးတော့ ကားမောင်းကျွမ်းတိုင်း မရမ်းသင့်ပါဘူး

မနေ့ကညနေ 15မိနစ်စာ ခံစားခဲ့ရတဲ့ ရသစုံကို

လက်တုံတုံ ရင်တုံတုံနဲ့ ပြန်လည်ဖေါက်သည်ချလိုက်ပါတယ်

 

 

 

 

 

33 comments

  • မောင်ပေ

    September 12, 2012 at 12:30 pm

    နောက်ကို နှလုံးတုန် ရင်တုန် ထပ်မဖြစ်ရလေအောင်
    မနိုအတွက် ဒါရိုက်ဘာအူးကြောင်ကြီးကို လွှတ်လိုက်မယ်နော်
    ဟီဟိ

    • Novy

      September 12, 2012 at 1:08 pm

      အဲဒီ့အူးကြောင်ကိုတော့ မလွတ်ပါနဲ့ ချည်ထားပါ
      သူက ဒါရိုက်ဘာတွေထက် ပိုကြောက်ရတယ် 🙂

  • Moe Z

    September 12, 2012 at 12:42 pm

    တော်တော်သည်းခံနိုင်တဲ့မနိုပဲ ..
    မိုးစက်ဆိုရင်တော့ ကားရပ်ခိုင်းပြီးတစ်ခြားကားငှားစီးလိုက်မှာ ..

    • ညိုပြာညက်

      September 12, 2012 at 12:46 pm

      တော်တော်သည်းခံနိုင်တဲ့မနိုပဲ ..
      ညိုပြာညက်ဆိုရင်တော့ ကားရပ်ခိုင်းပြီးတစ်ခြားကားငှားစီးလိုက်မှာ ..

      • Novy

        September 12, 2012 at 1:16 pm

        ညိုပြာပြောင်က ကားပြောင်းစီးမယ်ပေါ့

        ညည်းပဲ အစကတော့ ဖါးသက်ပြင်းဆို….

        • ဒဿ ဖွတ်ကျား

          September 12, 2012 at 1:24 pm

          ဖား ခေတ်မကောင်းဘူးဗျ…
          ဖွတ် ပြောင်းထားတယ်…

          အဟိ

          😀

    • Novy

      September 12, 2012 at 1:13 pm

      Moe Z@
      ရသစုံကို ခံစားကြည့်လိုက်တာလေ ဟီးဟီးးးးး

  • htet way

    September 12, 2012 at 12:52 pm

    အင်း တစ်ချို့က အဲ့ဒီလိုပဲ မနိုရေ့
    ကျွန်တော်လည်း ဆိုင်ကယ် နောက်က လိုက်တဲ့ အခါ တအားမောင်းရင် စိတ်ဆိုးမိတယ်
    အသက်ကို သူတန်ဖိုးမထားပေမယ့် ကိုယ်က တန်ဖိုး ထားရမယ်လေ။

    • Novy

      September 12, 2012 at 1:20 pm

      ဆရာထက်ရေ.
      တစ်ချို့ကားသမားတွေက သေမှာလဲမကြောက် ထောင်ကျမှာလဲမကြောက်ဘူး
      ဖြစ်လာမှသာ ဒူးပဲပြေဖတ်တော့မလိုလို အဝတ်ပဲပြေလျှော်ပေးတော့မလိုလိုနဲ့

  • Ma Ei

    September 12, 2012 at 1:21 pm

    စာဖတ်နေရင်းနဲ့
    ချယ်ရီပေါ်မှာ မျက်စိစုံမှိတ်လို့
    ဘုရားတနေတဲ့ နိုဗွီကို မြင်မိတယ်…:)

  • weiwei

    September 12, 2012 at 1:25 pm

    ချယ်ရီကားလေးနဲ့ နေပြည်တော်အထိ အမြန်မောင်းပြီး ကားမှောက်သေသွားတဲ့ လူတစ်ယောက်ရှိဖူးတယ် … ကားမောင်းကြမ်းတတ်တဲ့သူနဲ့ အဲဒီကားသေးသေးလေးနဲ့ ဘယ်လိုမှမထိန်းနိုင်ပဲ မှောက်သွားခဲ့တာ …

    • Novy

      September 12, 2012 at 1:36 pm

      မအိရေ..
      နိုဗွီပျားတုပ်နေတဲ့ပုံကို မြင်သာကြည့်လိုက်ပါတော့

      ဟုတ်တယ် မဝေရေ.
      ကားလေးတွေကသေတော့ အရှိန်နဲ့တိုက်ရင် မှောက်ရင်
      အသေနဲ့ အကျိုးပဲ
      ကားမောင်းတဲ့သူတွေ သတိထားဆင်ခြင်နိုင်ကျပါစေ

  • Shwe Tike Soe

    September 12, 2012 at 2:08 pm

    အင်း ကားတွေကကြပ် ကားမောင်းသမားတွေက ရမ်း ဘက်စ်ကားတွေက စည်းကမ်းမဲ့…တော်ပြီး မြင်းပဲစီးတော့မယ်..
    လေထုညစ်ညမ်းမှုလဲမရှိဘူး….ဓာတ်ဆီလဲ မကုန်ဘူး..
    အင်း မြင်းကို ဘာရောင်လေးဝယ်ရင်ကောင်းမလဲ……………………Think Think Think…
    model အမြင့် အော်တို နဖားကြိုးနဲ. မြင်း ဝယ်မယ်…….. မနိုလို ရင်မတုံရအောင်………. ဟဲဟဲဟဲ

    • နွယ်ပင်

      September 12, 2012 at 2:43 pm

      ဟိဟိ ရွှေတိုက်မြင်းဝယ်တော့မယ်ဆိုပါလား ဒါဆို အဆင်ပြေအောင် အကြံပေးလိုက်မယ်နော် မြင်းဝယ်မယ်ဆို ဟိုသိပ်မထွားတဲ့ ပုညှက်ညှက် မြင်းကလေးတစ်ကောင်လောက်ဝယ်နော် .. 😛
      ဒါမှ မြင်းကခြေတံမရှည်တော့ တစ်အားမပြေးမှာ … 😀

      • Moe Z

        September 12, 2012 at 3:00 pm

        ဒါဆို မြင်းမဝယ်နဲ့ မြည်းဝယ် 😀

      • Shwe Tike Soe

        September 12, 2012 at 3:13 pm

        အောဗစ် အမွှားပူးလေး မွေးပါစေတော်… ဟွန်. ဒီအရပ်ပဲ လာလာထိခိုက်နေတယ်.. အရပ်ကို မစော်ကားနဲ.နော် ရယက နဲ. တွေ.မယ့်

  • Novy

    September 12, 2012 at 2:16 pm

    အမလေး အကြံကြီးတဲ့
    မကြီးတန် မိတိုက်ရဲ့
    ဘာတဲ့ “model အမြင့် အော်တို နဖားကြိုးနဲ. မြင်း” ဟုတ်စ
    မနိုအတွက်ပါ တစ်ကောင် ပိုကြည့်ထားလိုက်နော်

    • Shwe Tike Soe

      September 12, 2012 at 2:38 pm

      ဟုတ်ကဲ့ မနို အစ်မ ဘာရောင်ကြိုက်လဲ ပြော…. ကြိုမှာရမှာမို…. မိုင်းလစ် မများတဲ့ မြင်းရွေးဝယ်ရမှာလေ… ခိခိ 😀

      • နွယ်ပင်

        September 12, 2012 at 2:45 pm

        ရွှေတိုက်ရေ မနိုအတွက်ဆိုရင်တော့ ခြေတံရှည်ရှည်လေးနဲ့ စမတ်ကျတဲ့ မြင်းလေးရွေးပေးလိုက်နော် ..
        ခိခိ ပြေးပြီ … 🙂

        • ကြောင်ဝတုတ်

          September 12, 2012 at 5:08 pm

          အဟတ်…
          ကိုတိုက်အတွက်… နားရွက်ရှည်ရှည်နဲ့ မြင်းပုပုလေး…ဝယ်ပေးလိုက်မယ်လေ…

          အဲဒါလေးကို ဘာလို့ခေါ်တယ်ဆိုလားပဲ…

          ခင်မင်လျက်-
          ကြောင်ဝတုတ်

      • aemoshu

        September 12, 2012 at 2:52 pm

        တိုက်တိုက်တစ်ယောက် သံချပ်ကာဝတ်စုံကြီးကိုဝတ်၊ မြင်းကြီး (အမျိုးအစား နှင့်အရောင်မသိသေးပါ) ကိုစီး၊ မြို့ထဲမှာ ဒက်ဂလောက် ဒက်ဂလောက်နဲ့၊ လက်စွဲတော် ကြာပွတ်ကြီးဝေ့ရမ်းလို့၊ အရေးကြုံရင် စပိုက်ဒါမန်းလို တွေ့ကရာ တိုက်ပေါ်ပြေးတတ်မယ့် ပုံလေးမြင်ယောင်နေမိတယ်..

  • pooch

    September 12, 2012 at 2:50 pm

    မနိုရေ ကံကောင်းလို့ပါလား ။ ဓာတ်ခံမကောင်းတဲ့သူဆို ရှော့ရသွားနိုင်တယ်။
    အဲ့ဒီကားသမားလည်း တနေ့တော့ ပြသာနာကြီးကြီး တက်အုန်းတော့မှာပဲ ။ သူ့လို အပြိုင်ကျဲသူနဲ့ တွေ့ရင် ဒုက္ခ။

  • ကထူးဆန်း

    September 12, 2012 at 4:02 pm

    ချယ်ရီပေးတာကတော်သေးတာပေါ့ ။ နဲနဲ သစ်သေးတော့ ။ တစ်ချိုု့ တက်စီ ကားဘီးဘဲ ပြုတ်ထွက်မလား ကားတံခါး ဘဲ ပွင့်ကျမလား ပါ ရောပူနေရသေးတာ။ ဒီနေ့ သတင်းစာထဲတော့ ပါရမီ နဲ့ အဓိပတိက တိုင်ကြပါဆိုပြီး ကြော်ငြာ နဲ့ ဖုန်းနံပါတ် တွေ့မိတယ် ။
    ဖုန်း ဝ၁-၅၇၃၂၅ရ ။ ဝ၉၈၆၁၂၁၄၉ ကို ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်ရင် ၊ အရှိန်ပြင်းမောင်းနှင်ခြင်း မဆင်မခြင်ယှဉ်ပြိုင်ကျော်တက်ခြင်း ၊ ရိုင်းပြစွာ ဆက်ဆံခြင်းများ တွေ့ရှိပါက ယာဉ်နံပါတ် ၊ နေ့ ၊ရက် အချိန် နေရာတို့ မှတ်သားပြီးတိုင်နိုင်ပါတယ် တဲ့ ခင်ဗျ။

    • etone

      September 12, 2012 at 4:59 pm

      တိုင်လို့ တကယ်အရေးယူမယ်ဆိုလျှင်တော့ ……. ဝမ်းသာစရာ သတင်းပါပဲ ကထူးဆန်းရယ် … ။

  • etone

    September 12, 2012 at 4:51 pm

    ချယ်ရီကားလေးတွေဂျွမ်းပစ်တာ ၊ တိုက်တာ ခဏခဏ မြင်ဖူးတယ် ။
    တချို့ကား သမားတွေများ အရှိန်လျော့ပါပြောလိုက်လျှင် ပိုပြီးမောင်းပြတယ် ။ စကောထဲ ဇီးဖြူသီးထည့်လှိမ့်ခံရသလို …တလမ်းလုံးဟိုလိမ့်ဒီလိမ့်နဲ့ပေါ့ ။ ကားကြီးတွေရှေ့များ လမ်းပြောင်းပြန်မောင်းပြီး ခေါင်းသွားထိုးပေးတာလည်း ရှိသေးတယ် ။
    နောက်ဆုံးတော့ မောင်းချင်သလောက်သာမောင်း ၊ နင်က မောင်းတဲ့လူ ၊ တိုက်လို့ သေကြေးဆို ရှေ့ကလူအရင်သေမယ် ၊ ငါကအနောက်ကလူ ၊ အတူသေတော့လည်း အဖော်ရတယ်လို့ ရွဲ့ ခဲ့ရတာမျိုးရှိသလို ၊ …. တခါတလေလည်း … ခင်ဗျား ကားမောင်းတာ ကျွမ်းလှချည်လား ၊ ဒီထက်ပိုတင်မောင်းကြည့်ပါဦးလားလို့ ခနဲ့ ပေးရတာမျိုးလည်း ရှိတယ် ။ ကားကျွမ်းကျွမ်းကျင်ကျင်မောင်းနေတဲ့ …. မနိုတောင် ရင်တုံတယ်ဆိုလျှင် တော်ရုံ အမောင်းကြမ်းတာ မဟုတ်ဘူးပဲ … ။ 🙄

  • KoNyeinChan

    September 12, 2012 at 7:16 pm

    ဒို ့တွေကတော့ အက်ရှင်ကားကို ကြည့်ဘူးတာဘဲရှိတယ်.. ကံကောင်းသူတွေများတော့ ကိုယ်တိုင်အက်ရှင်ရိုက်နေသလိုပေါ့ 🙂 . ဒီမလေးရှားမှာတော့ အဲ့ဒါမျိုးရှားတယ် ဒါပေမယ့် တက္ကစီဓါးပြတွေတော့ အရမ်းပေါတာ.. အသိတွေ ခဏခဏခံရတယ်..

  • surmi

    September 13, 2012 at 12:45 am

    တခါတည်း ဖေါက်သည်ချလိုက်ဦးမယ်
    ပြီးရင် တွေ ့သမျှလူ လိုက်သာပြော
    အဲဒီချယ်ရီထဲက တချို ့ကားတွေက နောက်ရှော ့ဗားအထိုင်
    က သံ မဟုတ်ဘူး ။ ဖိုက်ဗာ တစ်မျိုးဗျ။သူငယ်ချင်းကားမှာ
    တွေ ့ဖူးတာ ။ နောက်များ မစီးနဲ ့ ဂျီးတော်ရေ
    ရွာထဲကလူတွေ လွမ်းနေရလိမ် ့မယ် ။m

  • Crystalline

    September 13, 2012 at 12:13 pm

    ခေါင်းစဉ်လေးတွေ့ပြီးစိတ်ဝင်စားသွားတာ. ကျမလည်းကားငှားရင် သူတို့ကအသစ်လေးတွေဆိုတော့ စီးဖြစ်တယ်. တချို့ကားသမားတွေကတော့စွတ်မောင်းတာလည်းတွေ့ဖူးတယ်. ကျမကတော့သိပ်မကြောက်တတ်တော့တော်သေးတယ်. ကိုယ်တိုင်ကားမောင်းတတ်တဲ့သူူက သူများမောင်းတဲ့ကားစီးရတာကိုသိပ်စိတ်မချရတဲ့ကြား အဲလိုစည်းမဲ့ကမ်းမဲ့မောင်းတော့ ပိုဆိုးသွားပြီပေါ့.

  • manawphyulay

    September 13, 2012 at 12:34 pm

    နောက်ဆို မနို လေယာဉ်တွေ ဘာတွေဝယ်စီးရမယ့်ခေတ်ရောက်တော့မှာဆိုတော့ ခုထဲက လေ့ကျင့်ထားတော့ အဆင်သင့်ဖြစ်တာပေါ့ မဟုတ်ဘူးလား..။

  • Shwe Ei

    September 13, 2012 at 12:53 pm

    ဒီလောက် လမ်းမကောင်းကားကျပ်မှာတောင် ဂျိမ်းစဘွန်းလိုမောင်းရင် နေပူတော်လမ်းတွေမှာဆို အဲဒီလူ နဲ့ အဲဒီ ချယ်ရီ ခရီးဆုံးလိုက်မှာမဟုတ်ဝူး။ ဒွတ်ခ။

  • Mon Kit

    September 13, 2012 at 3:06 pm

    ရမ်းကားလွန်းတဲ့ ကားမောင်းသမားတွေကြောင့် ခရီးသည်အများစုက ဘုရားကို တချိန်လုံးတပီး ရသမျှ ဘုရားဂုဏ်တော်တွေ ပွားများကြရတယ်… အဲဒီကုသိုလ် ကောင်းမှု အကျိုးဆက်က ကားသမားကြောင့် ဖြစ်လာတာဆိုတော့ကာ… ကားဒရိုင်ဘာတွေသေရင် နတ်ပြည်ရောက်တယ်လို့တောင် သရော်ကြတယ်လေ………… 🙁

  • Novy

    September 14, 2012 at 9:38 am

    မနိုနဲ့ အတူ ချယ်ရီပေးတဲ့ ရသစုံကို
    အတူတကွ လာရောက်ခံစားပေးခဲ့တဲ့
    ရွာသူား အပေါင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင်

  • ကြောင်ကြီး

    September 14, 2012 at 10:43 am

    ကပေပြောတာ မှန်တယ်။ နိုဗွီဂလေးကို ဦးကြောင် ကိုယ်တိုင် ရှေ့ခန်းမှာ ထိုင်ခိုင်းပြီး လိုရာကို ကားမောင်းပို့မယ်။ တခုတော့ရှိတယ် ဦးကြောင် ဂီယာထိုးကြမ်းတာတော့ ခွင့်လွှတ်ကွဲ့…။

Leave a Reply