ချိုသော မက်မန်းသီးများ နှင့် ကလောမြို့..… …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (11)…

Ma EiSeptember 21, 20123min23549

ချိုသော မက်မန်းသီးများ  နှင့် ကလောမြို့..…

…ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (11)…     

ကျမတို့ ကလောမြို့တွင်းလမ်းလျှောက်ရောက်ဖြစ်ခဲ့တဲ့ နေရာတွေကတော့ ကလောဘူတာ၊  ကလောHotel ၊ ပန်းခြံ စသည်ဖြင့် တစ်မြို့လုံးကို ခြေတိုအောင် လျှောက်ခဲ့ကြပါတယ်…

ကလောHotel  ကို ဘူတာရုံဘေးနားရှိ မီးရထားသံလမ်းဘေး ဖြတ်လမ်းကလေးကသွားကြပါတယ်…

အဲ့ဒီမှာ ကျမတို့ တစ်ဖွဲ့လုံး ပျော်ရွှင်စွာတွေ့မြင်ခဲ့ရတာကတော့ ခြံတိုင်း၊အိမ်တိုင်းမှာ ရှိနေတဲ့ မက်မန်းသီး  ရောင်စုံ တွေဘဲဖြစ်ပါတယ်…

ခြံထဲက အပင်တွေမှာ၊ခြံပြင်ကို ထွက်နေတဲ့ အကိုင်းတွေမှာ ၊လက်လှမ်းမှီရာ ၊လှမ်းမမှီရာမှာ အစိမ်း၊ အဝါ ၊ လိမ္မော် ၊ အနီ ၊ အညို တစ်ကယ်ကို အသီးရောင်စုံ ပါဘဲ…

1…မက်မန်းသီး ကိုင်းသေးသေး…
2… မက်မန်းသီး ကိုင်းကြီးကြီး…
3…အစိမ်း၊အဝါ …
4…အစိမ်း၊အနီ…
5…လှမှလှ မက်မန်းသီး …

မက်မန်းသီးတွေ မြင်မှတော့ ခြံပြင်ရောက်တဲ့ အသီး၊ မှီတဲ့ အသီးတော့ ခူးမိတာပေါ့နော်…

ဟဲ့ လူတွေရှိတယ်…ပြောခူးကြမလား…ရပါတယ် တစ်လုံးနှစ်လုံးဘဲဟာကို…

စသည်ဖြင့် ကျမတို့ ဘာသာ အမေးအဖြေလုပ်လို့ ခူးဖို့ပြင်နေတုန်းမှာဘဲ…

ကလေးမတို့..ဒီမှာလာခူးကြပါ…

ပြောသံကြားတော့ တစ်ယောက်မှ မငြင်းကြဘဲ ဟုတ်..ဟုတ် ဆို ခြံထဲရောက်ကုန်ကြပါတယ်…

ဝိုး……ခြံထဲက မက်မန်းပင်တွေမှာ အသီးတွေ ပြွတ်ခဲနေတာဘဲကိုး….လှလိုက်တာ….

ဖြတ်သွားဖြတ်လာ ဧည့်သည်များကို ပေးခူးကြောင်း၊ အနီသီးမှာ အချိုသီးဖြစ်ကြေင်း ခြံရှင်မှ ပြောပြပါသည်။

စားကြည့်ရာတွင်လည်း အမှန်ပင် ချိုပါသည်။ ကျမတို့ ခူးလည်းခူး ဓါတ်ပုံလည်းရိုက်ခဲ့ကြပါသည်။

ကျေးဇူးတင်ပါတယ် မက်မန်းခြံရှင်ရယ်…

6…ပြွတ်ခဲနေတဲ့ မက်မန်းသီး အစိမ်းများ…
7…အနီရောင် မက်မန်းချိုသီးမျာ…
8… မက်မန်းသီး တစ်ပန်းကန် …
9…မြင်မှ မီးရထား …

မက်မန်းသီးများခူးပြီး ဆက်လျှောက်လာကြစဉ် မလှမပ ရထားတစ်စီးဖြတ်သွားလို့ မှတ်တမ်းတင်ရင်း ပြုံးမိခဲ့ရသေး…

ကားပေါ်မှာ ဖွင့်တဲ့ စာပေဟောပြောပွဲမှာ ပြောတာလေးပါ…ဘယ်မှာ၊ဘယ်သူတွေလဲတော့ မသိပါနော်…

အညာမှာတဲ့ အညာသူ၊အညာသား စကားမပီပါတဲ့…လွင်ကို လွန်၊ ကွမ်း ကို ကွင်း စသည်ဖြင့်ပြောကြပါတယ်တဲ့…

မြန်မာ့ မီးရထား လာပြီပြောပါဆိုရင်တော့   မြင်မှမီးရထားလာပြီ  ပေါ့တဲ့ ဟိဟိ…

မြင်မှလာတယ်မှတ်ရတဲ့ ရထားအချိန် တိကျပုံများလေ…

10…မက်မန်းသီး ခူးကြသူများ…

မက်မန်းသီးတွေခူးပြီးကြရင် ပန်းကလေးတွေ ဘယ်လောက်လှလဲ ကြည့်ဘို့

ရထားလမ်းဘေးလေးကနေ ကလော Hotel ၊ ပန်းခြံတို့ကို ဆက်လျှောက်ကြရအောင်နော်…

ခင်တဲ့

မအိ

 

49 comments

  • Mon Kit

    September 21, 2012 at 12:45 pm

    မအိရေ… မွန်ကစ်တို့ ခူးလာတဲ့ မက်မန်းသီးတွေ ဝိုင်ဖောက်ထားတယ်… သိလား.. :harr:

    လွမ်းမိပါတယ် ကလောရယ်….. :byae:

    • Ma Ei

      September 21, 2012 at 12:55 pm

      ချိုတယ်..ကောင်းတယ်…
      ဆိုပြီး သမီးနဲ့ ကောင်မလေး
      သူတို့ ချည်းစားနေလို့ တစ်လုံးနှစ်လုံး
      မနည်းလုစားရတယ်…
      ဟုတ်ပ…လွမ်းထှာအေ…
      :byae:

    • Khaing Khaing

      September 22, 2012 at 11:36 am

      မက်မန်းသီးကို ဝိုင်ဖောက်တာ ကိုယ်တိုင်ဖောက်တာလား မမွန်ကစ် … အဲဒီနည်းလေးပြောပြပါဦးလား …

      • Mon Kit

        September 24, 2012 at 10:40 am

        ခိုင်ခိုင်ရေ… မက်မန်းဝိုင် လုပ်မယ်ဆို ဝိုင်လုပ်လို့ရမဲ့မက်မန်းသီးကို ပထမ ထုံးရည်ကြည် တစ်ရက်စိမ်ထားရမယ်…အသီးလေးတွေရဲ့အလယ်ကို အရည်စိမ့်ဝင်နိုင်အောင် ဓါးနဲ့ အရာပေးလိုက်အုံးနော်.. မက်တိုဗာပုလင်းတစ်လုံး အနေနဲ့ဆို သကြား ဆယ်ဇွန်းခန့်ထည့်..
        ထုံးရည်တစ်ရက်စိမ်ထားတဲ့ မက်မန်းသီးတွေကို ထုံးရည်ပြောင်အောင်ဆေးပြီး ပုလင်းထဲ ရေမြှုပ်အောင်ထည့်ထားပါ… တစ်လလာက်နေရင် မက်မန်းသီးလေးတွေ ညိုလာပီးအလိုအလျှောက် ဝိုင်ဖြစ်သွားပါလိမ့်မယ်… မွန်ကစ်ဒါလင်လုပ်တဲ့နည်းလေးပါ..
        အဆင်ပြေမယ်လို့ထင်ပါတယ်……. :hee:

        • Khaing Khaing

          September 24, 2012 at 1:21 pm

          ကျေးဇူးတင်လိုက်တာ …. မမွန်ကစ်ရေ …. ညီမက ဝိုင်ဆိုရင် ဘယ်လိုသဘောကျမှန်း မသိဘူး ….. အခုလို သဘာဝသစ်သီးဝိုင်လုပ်နည်းကို ကိုယ်တိုင်သိလိုက်ရတော့ အရမ်းကို ကျေးဇူးတင်ပါတယ် …. စပျစ်သီးဝိုင်ကိုလည်း အဲဒီနည်းလေးအတိုင်းပဲလုပ်ရမှာလား မမွန်ကစ် …. ၁ လထက်ပိုကြာကြာထားလို့ရော ရလားဟင် ….. ပြောရင်း သွားရည်တောင်ကျလာတယ် …..

        • Mon Kit

          September 24, 2012 at 1:54 pm

          ခိုင်ခိုင်ရေ…
          စပျစ်ကိုတော့ ဝိုင်လုပ်ကြည့်တာ မအောင်မြင်ဘူး.. အသီးလေးတွေ ပုတ်သွားတယ်…
          ဒီနည်းက မက်မန်းသီး (ဝိုင်လုပ်လို့ရတဲ့အသီး).. ချဉ်စော်ကားသီး တို့တော့ ရဒယ်..
          စပျစ်တို့ နာနတ်တို့တော့ မလုပ်တတ်သေးဘူးကွယ်…
          :buu:

  • Khaing Khaing

    September 21, 2012 at 12:54 pm

    ဟယ် …. မက်မန်းသီး နီနီလေးတွေ အခုမှမြင်ဖူးတယ် … ငံပြာရည်နဲ့ ငရုတ်သီးမှုတ်လေးနဲ့သာ သုတ်စားလိုက်လို့ကတော့ … ပထမဦးဆုံးကွန်မန့်ပေးမယ်လုပ်နေတုန်း လိုင်းကကျသွားတာ ….

    • Ma Ei

      September 21, 2012 at 1:03 pm

      အနီသီးကအချိုသီး ခိုင်ခိုင်ရဲ့…
      ငံပြာရည်နဲ့ ငရုတ်သီးမှုန့်လေးနဲဆိုရင်
      အစိမ်းသီး၊အဝါသီး မှကောင်းမှာ…
      ပြောရင်းနဲ့ သရေယို ဆိုသလိုဖြစ်နေပြီ…
      :hee:

  • pooch

    September 21, 2012 at 1:07 pm

    မအိရယ် လတ်လတ်ဆတ်ဆတ်ခြံထွက်လေး ကြည့်ရတာ အော်ဂဲနစ်သီးနေမှာ။ ဖြတ်သွားရုံပဲ သွားဖူးတာမို့ မရောက်ရောက်အောင် သွားပါအုန်းမယ်။

    • Ma Ei

      September 21, 2012 at 1:34 pm

      အသီးပေါ်က အမှေးဖြူလေးတွေ
      အကျင်္ ီနဲ့ သုတ်ပြီး ကိုက်စားလိုက်တာဘဲ…ချိုတယ်…
      ခူးလဲခူး၊စားလဲစား ပျော်စရာကောင်းလိုက်တာ…
      မြန်မာပြည်ထဲမယ် ပျော်ရွှင်ဖွယ် နေရာလေးတွေရှိကြောင်း
      တင်ပြခွင့်ရတဲ့အတွက်လဲ ပျော်နေမိပါတယ်…:hee:
      ရောက်အောင်သွားပါနော်…

  • may flowers

    September 21, 2012 at 1:16 pm

    မက်မန်းသူခူးကြသူများက ဘယ်သူတွေပါလိမ့် သိချင်ထှာ 😀

    မက်မန်းနီသီးစားဖူးပါတယ် အရမ်းကြိုက်တယ်..ကလောရှုခင်းလေးတွေ ဆက်ကြည့်ဖို့မျှော်နေမယ်နော်

    မအိ။

    • Ma Ei

      September 21, 2012 at 2:04 pm

      မက်မန်းသီး ခူးကြသူတွေကတော့…
      သမီးလေး နဲ့ မအိ
      မွန်ကစ် နဲ့ သူ၏ချစ်ချစ် တို့ပါ…
      နောက်ထပ် ပန်းကလေးတွေ တင်ပြီးရင် ခရီးစဉ် Post ပြီးပါပြီ…
      ဆက်လက်အားပေးပါဦးနော်…

  • Shwe Tike Soe

    September 21, 2012 at 1:56 pm

    မအိရေ မက်မန်းသီး သိပ်ကြိုက်တာဗျ…….. တပန်းကန်လုံး မသွားတယ်နော်. အဟီးးးးးးးး :hee:

    • Ma Ei

      September 21, 2012 at 2:07 pm

      ဆေးသကြား၊ဆိုးဆေး မပါတဲ့ သဘာဝအရသာချိုတဲ့ မက်မန်းသီးပါ…
      တစ်ပန်းကန်လုံး မ သွားလဲ နှစ်ယောက်မျှစားနော်…:hee:

  • အိမ်လွမ်းသူ

    September 21, 2012 at 2:17 pm

    ဘီအီး နဲ့ ကောက်တေး ( Cocktail ) လုပ်ပြီး ကစ်လိုက်ရ ရင် စိန်ပေါက်ပေါက် တိုအကြိုက်ပေါ့။ မစီမဆိုင် သူများသွား ထိခိုက်နေပြန်ပြီ။

  • အိမ်လွမ်းသူ

    September 21, 2012 at 2:22 pm

    ဘီအီး နဲ့ ကောက်တေး ( Cocktail ) လုပ်ပြီး ကစ်လိုက်ရ ရင် စိန်ပေါက်ပေါက် တိုအကြိုက်ပေါ့။ မစီမဆိုင် သူများသွား ထိခိုက်နေပြန်ပြီ။ ကိုယ်သောက် ချင်တာကို။

    • Ma Ei

      September 21, 2012 at 2:53 pm

      ဒီလိုပါဘဲ…
      အစားအသောက်တွေ့ရင်
      ချစ်သူခင်သူ သတိရ ကြတယ်မို့လား…
      :hee:

  • Hnin Hnin

    September 21, 2012 at 2:22 pm

    လှလိုက်တာ…အနီသီးလေးက စားချင်စရာ…ရောက်ခဲ့တုန်းက မက်မန်းပင်တွေ မြင်တောင် မမြင်ဘူးလိုက်ဘူး…ပုံထဲကလူတွေ မှန်းတာမှန်ပေမယ့် ဟီး..အတွဲတော့ မှားသွားတယ်… း-)

  • mayjuly

    September 21, 2012 at 3:00 pm

    မက်မန်းပင်က အဲလောက်မကြီးဘူးထင်ထားတာ .. တလွဲပါလား
    မက်မန်းသီးတော့အရမ်းကြိုက်တယ်ဗျ.
    အပင်ရော အသီးလေးတွေရောတွေ့ရလို့ ကျေးဇူးပါ …

  • Ma Ei

    September 21, 2012 at 3:18 pm

    Hnin Hnin says:
    ပုံထဲကလူတွေ မှန်းတာမှန်တယ်ဆိုတော့ တော်လိုက်တာ…
    ဒါပေမဲ့ မှားတယ်ဆိုတော့ …
    :om:

    mayjuly says:
    မက်မန်းပင်က ၁ဝ ပေ၊ ၁၅ ပေ လောက်မြင့်ပါတယ်…
    တစ်ရပ်လောက် အမြင့်တွေလဲ ရှိပါတယ်…
    အစိမ်းသီးတွေများ ခူးစားကြည့်တာ..
    ချဉ်လို့ ဖန်လို့ မစားနိုင်ဘူးရယ်…
    :eee:

  • Novy

    September 21, 2012 at 3:23 pm

    မအိရေ..
    မက်မန်းသီးတွေကို
    ငံပြာရည်ထဲ ဇွန်ခြောက်မှုန့်/ငရုပ်သီးအလှော်မှုန့်လေးထည့်ပြီး
    တို့စားချင်လိုက်တာ
    သရည်တောင်ကျတယ် :kwi:

    ps
    Mon Kit ဘယ်သူလဲဆိုတာသိသွားပြီး :harr:

    • Ma Ei

      September 21, 2012 at 3:43 pm

      အချိုသီး အနီရောင်
      တစ်ခါတစ်လေ Centre ရှေ့မှာ
      ရောင်းတာတွေ့မိတယ်…
      :kwi:
      မွန်ကစ်လား…ဟုတ်မှဟုတ်…သူလေးပါ…
      :harr:

  • Shwe Ei

    September 21, 2012 at 3:55 pm

    မက်မန်းအချိုသီးရှိမှန်းအခုမှကြားဘူးတာ ဘုရားစူး။
    စာဖူးချင်လိုက်တာ အန်တီအိရယ် 😀

    • Ma Ei

      September 21, 2012 at 4:07 pm

      နောက်တစ်ခေါက် ကလောသွားရင် ခေါ်မယ်နော်…
      :hee:
      ငုံလေးကိုလဲ ထော်ပါ့မယ်ကွယ်…

  • နှင်းဆီ ငုံ

    September 21, 2012 at 5:30 pm

    အီးးးးးး မက်မန်းသီးလေးတွေ ချစ်ချာလေးတွေ
    စားချင်လိုက်တာနော်
    ငုံတို့ကိုလည်းထော်ပါနော်
    ရှမ်းပြည်မရောက်ဖူးလို့ပါ

  • မောင်ပေ

    September 21, 2012 at 8:28 pm

    မအိရေ ၊ ကျုပ်အဘိုးဟာ ကလောဘူတာရုံမှာ ရုံပိုင်ဘဝနဲ ့ပင်စင်ယူခဲ့လို ့ကလောမြို ့ဘူတာရုံရဲ ့မြောက်ဘက် ၁ဝအိမ်ကျော်မှာ အိမ်ရှိခဲ့ပါတယ်
    ကျုပ်တို ့ငယ်တုန်းက နွေရာသီ ကျောင်းပိတ်ရက်ရောက်တိုင်း ကလောအိမ်ကို ပြန်နေကြပေါ့
    ကျုပ်အဘိုးအိမ်ထဲမှာ မအိ တွေ ့ခဲ့တဲ့ ၊ ဓါတ်ပုံထဲကလို မက်မန်းသီးပင်နဲ ့သံပုရာပင်တွေ ၊ ဂေါ်ရခါးပင်ရယ် ငရုတ်ခင်းလေးရယ် စိုက်ထားတာပေါ့ ။ ကျုပ် မှတ်မိသလောက်တော့ အဲဒီကလောက ခူးစားခဲ့ဖူးသမျှ မက်မန်းသီးအမှည့် အားလုံး ချဉ်တယ် ဖန်တယ်ဆိုတာပါပဲ ။ မအိစားခဲ့တဲ့ ချိုတဲ့ဆိုတဲ့အသီးတွေဟာ သကြားရည်ထိုး ထားတာ ဖြစ်နေမလားပဲ ။

    • Khaing Khaing

      September 22, 2012 at 11:35 am

      ချဉ်တယ် ဖန်တယ်ဆိုတာ လက်ဆိပ်မကောင်းလို့ဖြစ်မယ် …. ဗထူးတွေလက်နဲ့ထိရင် မက်မန်းသီးက အဲဒီ အရသာဖြစ်သွားရော …… ဟိုသီချင်းထဲကလိုလေ … `ပန်းနွယ်မျိုးဟာ လက်ဆိပ်တို့ရင် ညှိုးမှာစိုးရတယ်´ ….. ဟဲ ဟဲ ဟဲ

    • Ma Ei

      September 24, 2012 at 12:30 pm

      မအိတို့ မက်မန်းသီးခူးကြတာ မောင်ပေ အဘိုးခြံများဖြစ်နေလားမသိ…
      ခြံထဲမှာ မက်မန်းပင်နဲ ့သံပုရာပင်တွေ နဲ့ ငရုတ်ခင်းလေးရှိနေတယ်…
      မက်မန်းသီး အစိမ်းရောင်၊အဝါရောင်တွေ ခူးစားကြည့်တာ ချဉ်လို့၊ဖန်လို့ စားမရဘူး…
      အဲ့ခြံထဲက အနီရောင်မက်မန်းသီးက ခူးရင်းစား၊တစ်လမ်းလုံးလဲ ဒီတိုင်းစားလာကြတာ…
      သဘာဝ အတိုင်း ချိုတဲ့ မက်မန်းသီး မျိုးရှိပါတယ် မောင်ပေရယ်…

  • မဟာရာဇာ အံစာတုံး

    September 21, 2012 at 9:47 pm

    ဒီမက်မန်းသီးတွေမြင်တော့
    ဝူခုန်းကား သွားသတိရမိတယ်ဗျာ …
    ဘာမဆိုင် ညာမဆိုင်ပေါ့လို့ …

  • TTNU

    September 21, 2012 at 10:15 pm

    မအိရေ..
    တီချာ မက်မန်းသီးတွေပုံရှာနေတာ ကူးသွားပြီနော်။ကျေးဇူးတင်ပါတယ်။
    :ha:

    • Ma Ei

      September 24, 2012 at 2:41 pm

      တီတီနုရေ…
      တီချာလိုချင်တာလေး တင်ပေးမိလို့ ဝမ်းသာမိပါတယ်…

      မဟာရာဇာ အံစာတုံး says:
      ဘာမဆိုင် ညာမဆိုင် ဆို
      တစ်ကယ်လဲ ဘာမှမဆိုင်ပါလားနော်…

      ကထူးဆန်း says:
      အရင်သွားတုံးက ကလောHotel အဟောင်းမှာ တည်းဖူးတယ်…

      တစ်ဖက်ခန်းက လူတွေ တစ်ညလုံးမအိပ်ကြတာ၊
      တစ်ခါးဖွင့်ပြီး ဝင်လိုက်၊ထွက်လိုက် လုပ်ကြတယ်…
      အိမ်သာဝင် ရေဆွဲချလိုက် ၊တံခါး Lock ချလိုက်
      ကလောက် ကလက်သံ အမျိုးစုံ အသံထွက်နေကြတယ်…
      အဲ့အခန်းကလူတွေကလဲ မအိပ်ကြဘူးလား တွေးမိပေမဲ့
      ကိုယ်လဲ ပင်ပန်းလာတော့ ခဏနေ အိပ်ပျော်သွားရော…
      မနက်စာ စားရင်း ဝိတ်တာလေးကို အမတို့ ဘေးခန်းက
      ဘယ်သူတွေလဲ မေးတော့ ဟိုအန်တီ နှစ်ယောက်တဲ့…
      အဲ့ဒီအန်တီတွေကလဲ ဘေးခန်းက ဘယ်သူလဲမေးလို့ အမတို့လို့ ပြောထားတယ်တဲ့…
      ဆုံမိတော့မှ၊သူလဲ မဟုတ်၊ကိုယ်လဲမဟုတ် …သရဲခြောက်တာကလဲ ရီရတယ်…

  • ကထူးဆန်း

    September 21, 2012 at 11:02 pm

    ကလော ဟိုတယ်မှာ တည်းခဲ့တာလား .. သူရဲ မခြောက်ဘူးလား ။ ကလော ဟိုတယ်ကသူရဲခြောက်တယ်ဆိုပြီး နံမည် ကြီးလို့ ..

  • အရီးခင်လတ်

    September 22, 2012 at 4:19 am

    ရေးးးးးးးး
    မအိ နဲ့ မွန်ကစ် ကိုလဲ မြင်ဖူးသွားပြီ။
    ပါးကွက် လေးနဲ့ လှမှလှ။
    သမီးလေးကလဲ အချော ချစ်စရာလေး။
    တစ်ယောက်ထဲလားမအိ။

    မက်မန်းသီး ကို အရင်တုန်းက သိပ်မကြိုက်ပေမဲ့ မအိ ပုံတွေထဲက အနီရဲရဲ လေးတွေက များ စားချင်စရာ။
    ရှမ်းအစာတွေ တစ်ဝကြီး စားခဲ့မှာပေါ့နော်။
    ကျွန်မ ကတော့ ရှမ်းပြည်ဟာ မြန်မာပြည်မှာ နေလို့ အကောင်းဆုံး နေရာလို့ ထင်တာပါဘဲ။ 😉

    • Ma Ei

      September 24, 2012 at 12:59 pm

      သမီးလေးတစ်ယောက်ထဲပါမလတ်ရေ…
      မက်မန်းသီးကိုတော့ ငယ်ကလဲကြိုက်၊ခုလဲကြိုက်ပါဘဲ…
      အမျိုးမျိုးဆေးဆိုး ပြုပြင်ထားတာတွေဘဲ စားနေရတာမို့
      ခုလို သဘာဝအသီးလေး စားခဲ့ရတာ အမှတ်တရပါဘဲ….

  • kai

    September 22, 2012 at 4:32 am

    ချိုသော မက်မန်းသီးများ နှင့် အတူ.. ရာထူးတိုးပေးလိုက်ကြောင်း… :harr:

    • Ma Ei

      September 24, 2012 at 11:44 am

      ပြင်စရာလေးတစ်ခုနှစ်ခုရှိလို့
      ပြင်ဆင်ခွင့်လေးပေးတဲ့အတွက်
      ကျေးဇူးအထူးတင်ရှိပါကြောင်းနော်…

  • kyeemite

    September 22, 2012 at 9:16 am

    မက်မန်းသီးပင်တွေမြင်ရတော့
    ငယ်ငယ်ကနေခဲ့တဲ့ မေမြို့ကိုလွမ်းသွားမိပြန်တယ်:byae:
    မေမြို့ ကန်တော်ကြီးနားကပိုးစာခြံမှာ ပိုးစာသီးတွေခူးစားကြတာလဲ ပြန်သတိရတယ်..
    ဓါတ်ပုံလေးတွေအမှတ်တယတင်ပေးလို့ကျေးကျေးပါဗျာ.. :hee:

  • ကိုခင်ခ

    September 22, 2012 at 10:02 am

    မအိရဲ့ရှမ်းပြည်တောင်ပိုင်း အလှပုံတွေနဲ့ ပတ်ဝန်းကျင်ဗဟုသုတတွေ မြင်တွေ့ခံစားရတာ
    ကောင်းပါ့ဗျာ၊ ဆက်လက်လည်းမျှော်လင့်နေပါသေးတယ်နော်။

  • etone

    September 22, 2012 at 11:00 am

    အန်တီအိရေ .. သမီးကလောကို တခေါက်ပဲ ရောက်ဖူးတယ် … တောင်ပေါ်မြို့လေးဆိုပေမယ့် .. တောင်ကြီးလောက်လည်း မမြင့်တဲ့ အပြင် .. သူ့ရဲ့ … တည်နေတဲ့ အနေထား ၊ ရာသီဥတုနဲ့ ၊ ချစ်စရာကောင်းတဲ့ အိမ်လေးတွေကလည်း အစီအရီနဲ့ ….. နေလို့ကောင်းတဲ့ မြို့လေးလို့ပဲ ပြောရမယ် … ။ ခရီးကတော့ ထွက်ချင်သေးတယ် … ခွင့်ရက်ရှည်ယူလျှင် အလုပ်တွေနဲ့က သိပ်အဆင်မပြေလို့ … :eee:

    မက်မန်းသီး ခူးကြသူများထဲမှာပါတဲ့ ….. တစ်ယောက်သောမျက်နှာကို .. မှတ်မိသလိုပဲ .. အဒူများပါယိမ့် .. အဟီး :harr:

  • surmi

    September 24, 2012 at 2:06 pm

    ကွန်မကောင်း လို ့ဟိုနေ ့ကတည်းကဝင်ကြည် ့နေတာ
    သဘောကျလိုက်တာဗျာ
    အဲဒီလိုနေရာလေးဘယ်တော ့များမှနေခွင် ့ရမလဲလို ့
    ကျုပ်က တောင်ပေါ်ဒေသတို ့ ဆိုလွှတ်သဘောကျတာ

  • mamanoyar

    September 24, 2012 at 2:26 pm

    ဟီးးးးးးးးး လှလိုက်တာ
    ရှမ်းပြည်ကို အရမ်းအလည်သွားချင်တာပဲ

  • Ma Ei

    September 24, 2012 at 3:04 pm

    kyeemite says:
    မေမြို့လဲ ချစ်ဖို့ကောင်းတဲ့မြို့လေးပါ…
    ပိုးဇာသီးတော့ မစားဖူးဘူးရယ်….

    ကိုခင်ခ says:
    တစ်ပိုင်းကျန်နေပါသေးတယ်…
    အားပေးလို့ ကျေးဇူးပါနော်…

    etone says:
    စနေ၊တနင်္ဂနွေ နဲ့ ခွင့်နှစ်ရက်ယူပြီးသွားဖြစ်ခဲ့တာ…
    ပြန်လာပြီးရုံးတန်းတက်ရတာမို့ ပင်ပန်းတယ်…
    ဒါပေမဲ့လဲ ခရီးဆိုရင်တော့ သွားချင်ပြန်တာဘဲလေ…

    လုံမလေး မွန်မွန် says:
    မိန်းကလေးတိုင်း မငြင်းတန်းစားကြတာ…မက်မန်းသီးပါနော်…

    surmi says:
    နွေမှာနေဘို့ တစ်အိမ်လောက် ရှိချင်တဲ့နေရာလေးပါ…
    အကြံတူတွေ များမယ်ထင်ပါတယ်….

    mamanoyar says:
    မအိလဲ ထပ်သွားချင်သေးတယ်…
    :harr:

  • မယ်အိရေ
    ကျနော်သွားတုံးက ကလောမှာတည်းခွင့်မကြုံခဲ့ရဘူး။
    အဲတော့ ကလောအသွားလမ်းကပုံတွေဘဲတင်ခဲ့ရတယ်။
    မြို့ထဲကပုံမတင်ခဲ့ရသလို မက်မန်းပင်လဲမမြင်မစားခဲ့ရဘူးရယ်။
    နောက်တစ်ခါ်တော့ကလောမှာတည်းဘို့ စီစဉ်လိုက်အုံးမယ်။

    • Ma Ei

      September 24, 2012 at 3:37 pm

      ကိုပေါက် ကလောမှာတည်းဖြစ်ရင်တော့
      ပုံကောင်း လှလှ အများကြီးရမှာ အသေချာပါဘဲ…

  • ခင်ဇော်

    May 18, 2015 at 11:55 am

    ဖတ်ရင်းး သားးရေယိုတယ်

    • Ma Ei

      May 18, 2015 at 12:40 pm

      .ပြန်ဖတ် လိုက်တာ ခုသွားလို့ရရင်ဖြင့် အပြေးသွားချင်မိတော့တယ်…

  • Alinsett @ Maung Thura

    May 18, 2015 at 3:02 pm

    .အမေး = မက်မန်းသီးနဲ့ ဖွေးဖွေးဆိုလျှင်… ဘယ်သူ ပိုချိုလေမလဲ….
    အဖြေ = ဖွေးဖွေး

  • Ma Ma

    May 18, 2015 at 3:10 pm

    မြို့တမြို့ရောက်ရင် အဲဒီမြို့ထဲကို အေးအေးဆေးဆေး လမ်းလျှောက်ကြည့်ချင်တာ။
    မက်မန်းသီးသီးတဲ့အချိန်မဟုတ်လို့လား၊ မက်မန်းသီးပင်မှန်းပဲ မသိလို့လား မတွေ့ခဲ့ဘူး။
    ကလောမှာ ကိုယ့်မျက်စေ့ထဲရောက်လာတာကတော့ ပန်းတွေ အရောင်စုံ အမျိုးအစားစုံ လှပနေတာပဲ။ 🙂

Leave a Reply