ရွာသူားများသို့.. (9/12/12)

kaiSeptember 12, 20121min54

ယခုရက်ပိုင်း မန္တလေးဂဇက်ဝက်ဘ်ဆိုက်မှာ အကြိမ်ကြိမ်တိုက်ခိုက်ဖျက်ဆီးခံရသည်ကို သတိထားမိကြပါလိမ့်မည်။
မြန်မာဟက်ကာ တချို့၏ DDos ဖြင့်တိုက်ခိုက်မှုကြောင့် ဝက်ဘ်ဆိုက်မှာ ၂ရက်မျှ လုံးဝဝင်မရပဲ ပျက်ကျသွားခဲ့ပါသည်။
လွန်ခဲ့သော ၃ရက်က ဘင်္ဂလားဒေ့ရှ်ဆိုက်ဘာအာမီ အမည်ရှိဟက်ကာတစုမှ ဝက်ဆိုက်မျက်နှာစာအား ပြင်ဆင်ခြင်း(Deface) ပြုလုပ်သွားပြီး ဒေတာအချို့ကိုလည်း ဖျက်ဆီးသွားခဲ့ပါသည်။ ထိုအတွက်ကြောင့် ဆုံးရှုံးမှုဖြစ်ခဲ့ပြီး ယခင်၂ရက် က ဘက်ခ်ကပ်လုပ်ထားသော ဒေတာအဟောင်းတချို့ပြန်တင်ခဲ့၍ ဝက်ဘ်ဆိုက်ကို ပြန်လည်လည်ပါတ်ရပါသည်။
( အဆိုပါဆုံးရှုံးမှုကြောင့် လုပ်အား.. ဉာဏ်အား.. စိုက်ထုတ်ရေးသားထားသော ရွာသူားများ၏ စာများ အစားထိုးမရအောင်ပျက်စီးသွားချင်းအတွက်.. တောင်းပန်ပါသည်)

ယနေ့နေ့လည်ပိုင်း ( ၉လ ၁၁ရက်) က.. ရွာသူားအဖြစ်မှတ်ပုံတင်ဝင်ရောက်ထားသူ မြန်မာဟက်ကာတဦးမှ မန္တလေးဂဇက်တွင် မြန်မာဟက်ကာတချို့အားထိခိုက်ရေးသားထားမှုများရှိကြောင်း ကော်မန့်တွင်ရေးတင်လာပြီး မန်းဂဇက်အက်ဒ်မင်မှတောင်းပန်ရန် ဖေ့စ်ဘုတ်လင့်ခ်ပေး၍ တောင်းဆိုကာ မတောင်းပန်ပါက ဝက်ဘ်ဆိုက်အားထပ်မံတိုက်ခိုက်မည်ဖြစ်ကြောင်းရေးလာသဖြင့် ချက်ချင်းသွားရောက်တောင်းပန်စာ ရေးတင်ခဲ့ပါသည်။
ညနက်ပိုင်းတွင် မန္တလေးဂဇက် ဖေ့စ်ဘုတ်လင်ခ့်မှတဆင့် မြန်မာဟက်ကာတချို့မှ ဆွေးနွေးဖြေရှင်းရန် ထပ်မံတောင်းဆိုသဖြင့် ဆိုင်ရာ Admins အချို့နှင့်ချပ်တင်းလုပ်ရင်း ဆွေးနွေးခဲ့ပါသည်။
အဆိုပါဟက်ကာAdminအချို့နှင့်ဆွေးနွေးမှုများရလဒ်အရ အတည်ပြုချက်ထား စည်းကမ်းအသစ်အဖြစ်.. စာထုတ်ပြန်ပါသည်။

– ယခုရွာအတွင်း မည်သူမဆို အကောင့်၁ခုထက်ပိုထားခြင်းမပြုရပါ။
(တဦးတည်း အီးမေလ်းခွဲသုံးပြီး. အကောင့်ပိုဖွင့်ခွင့်မရှိပါ)
– အကောင့်၁ခုထက်ပိုထားပြီး အပြန်အလှန်ရေးသားသယောင်ဖြင့် ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်ကြသည့် အနေအထားတွေ့ရပါက ရွာသူားအဖြစ်မှ ပယ်ဖျက်မည်ဖြစ်ပါသည်။
( ယခုလောလောဆယ်တွင် ရခိုင်ပြည်နယ် (အထူးသဖြင့်သံတွဲ)မြို့မှ တူညီသောအိုင်ပီလိပ်စာဖြင့် အကောင့်အမျိုမျိုးဖွင့်ထားသည်ကို တွေ့ရှိရပါကြောင်း သတိပေးလိုပါသည်။)
– ရွာအားထိခိုက်ပျက်စီးလိုသော သဘောဖြင့် ခြိမ်းခြောက်သော၊ ဆဲဆိုကြိမ်းမောင်းသော ရေးသားမှုပြုသည့်ရွာသူားများကို ရွာသူားအဖြစ်မှ ချက်ချင်းပယ်ဖျက်မည်ဖြစ်ပါသည်။
( ဘင်္ဂလာဒေရှ့်ဆိုင်ဘာအာမီကဲ့သို့သော ဟက်ကာအဖွဲ့အစည်းအား သတင်းပေး၍ဖျက်စီးခြင်းမျိုး အထောက်အထားနှင့်တွေ့ရှိပါက ယူအက်စ်၏ မီဒီယာဥပဒေကြောင်းအရ မြန်မာနိုင်ငံတွင် တရားစွဲ၍အရေးယူနိုင်ရန် ပြင်ဆင်မည်ဖြစ်ပါသည်)
– ယခုလောလောဆယ်ရွာလုံခြုံရေးအခြေအနေအရ ရွာတွင်းလွတ်လပ်စွာမှတ်ပုံတင်နိုင်ခြင်းကို ပိတ်ထားမည်ဖြစ်ပြီး ထင်ရှား၍လူသိများသော ရွာသူားတဦးဦး၏ထောက်ခံချက်နှင့်မှ မှတ်ပုံတင်ခွင့်ပေးမည်ဖြစ်ပါသည်။
(နောင်အခါတွင် ရွာတွင်စာရေးနိုင်ခွင့်ကော်မန့်ပေးနိုင်ခွင့်ကို အဆင့်ခွဲထားလုပ်မည်ဟု သတ်မှတ်ထားပါသည်။)

အက်ဒ်မင်
(သူကြီး)
Kai