“ဘာပဲဖြစ်ဖြစ်”

TTNUSeptember 12, 20122min30347

The Paradoxical Commandments

(ဆန့်ကျင်ဘက် အမှန်တရားများ)
by Dr. Kent M. Keith

People are illogical, unreasonable, and self-centered.
Love them anyway.

လူတွေဟာ သဘောတရားမှန်မှန်၊ ကျိုးကြောင်းဆီလျော်စွာမတွေးကြ၊မလုပ်ကြဘူး။

တစ်ကိုယ်ကောင်းဆန်ကြတယ်။

ဘာပဲဖြစ်ဖြစ်  သူတို့ကို ချစ်ခင်လိုက်ပါ။
If you do good, people will accuse you of selfish ulterior motives.
Do good anyway.

မင်းကောင်းတာလုပ်ရင် လူတွေက မင်းရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အတွင်းစိတ်

ကိုဖုံးထားပြီးလုပ်တယ်လို့ စွပ်စွဲကြမယ်။

ဘာပဲဖြစ်ဖြစ် ကောင်းတာလုပ်လိုက်ပါ။
If you are successful, you will win false friends and true enemies.
Succeed anyway.

မင်းအောင်မြင်ရင် မိတ်ဆွေတာတွေနဲ့ ရန်သူစစ်တွေကို အနိုင်ရမယ်။

ဘာပဲဖြစ်ဖြစ် အောင်မြင်အောင်လုပ်လိုက်ပါ။
The good you do today will be forgotten tomorrow.
Do good anyway.

မင်းဒီနေ့ ကောင်းတာလုပ်ထားတာကို မနက်ဖြန် မေ့သွားကြမှာပဲ။

ဘာပဲဖြစ်ဖြစ် ကောင်းတာလုပ်လိုက်ပါ။
Honesty and frankness make you vulnerable.
Be honest and frank anyway.

ရိုးသားမှုနဲ့ ပွင့်လင်းမှု တို့က မင်းကို အကာအကွယ်မဲ့သလိုဖြစ်နေစေမယ်။

ဘာပဲဖြစ်ဖြစ် ရိုးသားပါ၊ ပွင့်လင်းပါ။
The biggest men and women with the biggest ideas can be
shot down by the smallest men and women with the smallest minds.
Think big anyway.

အတွေးများများ၊မြင့်မြင့်တွေးတတ်တဲ့ အမျိုးသားအမျိုးသမီးတွေ ကို အတွေးတိမ်တိမ်၊

စိတ်နုနုရှိတဲ့ အမျိုးသားအမျိုးသမီးတွေက အပြုတ်ဖြုတ်ချကြမှာပဲ။

ဘာပဲဖြစ်ဖြစ် ကြီးကြီးကျယ်ကျယ်တွေးပါ။
People favor underdogs but follow only top dogs.
Fight for a few underdogs anyway.

လူတွေဟာ မျက်နှာမွဲ တွေဘက်ကိုညှာတာတေထာက်ထားသလိုလုပ်ကြမယ်။ဒါပေမဲ့

အာဏာ ပါဝါရှိသူတွေ နောက်ကိုလိုက်ကြတာပဲ။

ဘာပဲဖြစ်ဖြစ် နိမ့်ကျသူ မျက်နှာမွဲတို့အတွက် တိုက်ပေးပါ။
What you spend years building may be destroyed overnight.
Build anyway.

မင်းနှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့တာတွေ ညတွင်းချင်း ပျက်စီးသွားနိုင်တာပဲ။

ဘာပဲဖြစ်ဖြစ် ဆက်တည်ဆောက်ပါ။
People really need help but may attack you if you do help them.
Help people anyway.

လူတွေမှာ တကယ့်ကို အကူအညီတွေ လိုအပ်နေပါတယ်။ ဒါပေမဲ့ မင်းကူညီတဲ့အခါ

သူတို့ မင်းကို ရန်မူကောင်းမူပေလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ကူညီပေးပါ။
Give the world the best you have and you’ll get kicked in the teeth.
Give the world the best you have anyway.

မင်းအတတ်နိုင်ဆုံး အကောင်းဆုံးနဲ့ လောကကို ပေးဆပ်ပါ။

မင်းသွားတွေကို အကန်ခံ ရလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် မင်းအတတ်နိုင်ဆုံး အကောင်းဆုံးနဲ့ လောကကို ပေးဆပ်ပါ။

Do it anyway. ဘာပဲဖြစ်ဖြစ် လုပ်လိုက်ပါ။

Credit to Dr. Kent M.Keith

 

 

 

 

 

 

 

 

 

 

 

TTNU. 12.Sept.2012

47 comments

  • TTNU

    September 12, 2012 at 10:52 pm

    “မင်းနှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့တာတွေ
    ညတွင်းချင်း ပျက်စီးသွားနိုင်တာပဲ။ဘာပဲဖြစ်ဖြစ် ဆက်တည်ဆောက်ပါ။”

  • pyopyo may

    September 12, 2012 at 11:50 pm

    စိတ်ရှုတ်ထွေး ပြီး … လူတစ်ယောက်ကို စိတ်တ်ိုနေတဲ့ အချိန်မှာ
    တီချယ်ကြီး ရဲ့ Post လေးကို ဖတ်လိုက်ရလို့ စိတ် နည်းနည်း ပြေသွားပါတယ်…
    ….. လူတွေဟာ သဘောတရား မှန်မှန် ကျိုးကြောင်း ဆီလျော်စွာ
    မတွေးတောကြဘူး မလုပ်ကြဘူး ၊ တကိုယ်ကောင်းဆန်ကြတယ်….
    ဘာပဲဖြစ်ဖြစ် သူတို့ကို ဆက်ပြီး မချစ်ချင်ပေမဲ့ …
    တီချယ်ပြောသလို ချစ်နိုင်အောင် ကြိုးစားကြည့်လိုက် ပါအုံးမယ် …
    မှတ်သားစရာလေး Post လေးတွေကို တင်ပေးတတ်တဲ့
    တီချယ်ကြီး ကို ကျေးဇူးတင်ပါတယ်….

  • kai

    September 13, 2012 at 1:06 am

    မန်းဂဇက်လည်း.. အိုဘားမား ဒီနှစ်သမ္မတရွေးပွဲ slogan လိုပဲ.. ‘Forward’
    .. ရှေ့သို့လမ်းဆက်လျှောက်ပါမယ်.. တီချယ်ခင်ဗျ..

  • YE YINT HLAING

    September 13, 2012 at 1:37 am

    မင်းနှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့တာတွေ ညတွင်းချင်း ပျက်စီးသွားနိုင်တာပဲ။

    ဘာပဲဖြစ်ဖြစ် ဆက်တည်ဆောက်ပါ။

  • မောင်သုည

    September 13, 2012 at 1:48 am

    ကျနော်တို့ရဲ့ ဒီရွာကြီးကိုထာဝရတည်မြဲနိုင်အောင် ရွာသူားအားလုံး စည်းလုံးညီညွတ်ခြင်းဖြင့်ကာကွယ်ကြပါ။
    သဘောထား ကြီးသင့်သည်များကိုလည်းတတ်နိုင်သလောက် ကြီးကြပါ။မိမိတို့၏ ကောင်းမွန်လှသော ရည်ရွယ်ချက်များမပျောက်ပျက်စေချင်ပါ။တစ်ဦးပေါ်တစ်ဦး နားလည်ခွင့်လွှတ်နိုင်ပါစေ…
    အားလုံးကို အစဉ်ထာဝရလေးစားခင်မင်သော..
    မောင်သုည(ဇော်မင်း)…

  • pooch

    September 13, 2012 at 2:37 am

    ဟုတ်ကဲ့ပါ တီချယ် ဘာပဲဖြစ်ဖြစ် လုပ်စရာရှိတာကိုတော့ လုပ်ရမှာပါပဲ။ ဒါလေးကို အကြိုက်ဆုံးပဲ။

    မင်းအတတ်နိုင်ဆုံး အကောင်းဆုံးနဲ့ လောကကို ပေးဆပ်ပါ။

    မင်းသွားတွေကို အကန်ခံ ရလိမ့်မယ်။

    ဘာပဲဖြစ်ဖြစ် မင်းအတတ်နိုင်ဆုံး အကောင်းဆုံးနဲ့ လောကကို ပေးဆပ်ပါ။

  • အရီးခင်လတ်

    September 13, 2012 at 3:55 am

    တီချယ်ကြီး ရဲ့ ဆုံးမစကားလေးတွေ ကို ကြားရတော့
    ဘာဘဲဖြစ်ဖြစ် စိတ်ပျက်တာတွေ ပြေသွားပါတယ်။
    တကယ်ပါ။
    တီချယ်ကြီးက ရွာ့ မီးရှူးတန်ဆောင် ပါဘဲ။

    ဒီတစ်ခါ
    သူကြီး နောက်လိုက် လုပ်လိုက်ပါဦးမယ်။
    ခမျာ အားပြတ်နေမစိုးလို့။ 😉

    တီချယ် က Highlight လုပ်ပေးထားတယ်။
    “မင်းနှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့တာတွေ ညတွင်းချင်း ပျက်စီးသွားနိုင်တာပဲ။
    ဘာပဲဖြစ်ဖြစ် ဆက်တည်ဆောက်ပါ။”
    ဒါအတွက်
    ကျွန်မကတော့ အိုဘားမားရဲ့ သမ္မတမဖြစ်ခင် slogan ကို အော်ပါမယ်။
    “Yes, we can”
    (ပြီးတော့မှ အချင်းချင်း တိုးတိုး မေးကြည့်ကြမယ်။ Are you sure !!! လို့။ 😀 )

    နောက်တာပါ။
    ကျွန်မတို့ အင်နဲ့အားနဲ့ ဆက်ပြီး ပြန်ဆောက်နိုင်ကြမှာပါ။

    အားပေးစကားလေးများ အားလုံးအတွက် အမြဲ ကျေးဇူးတင်ပါတယ်။

    တီချယ်ကြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိပါစေ။ 🙂

    ချစ်ခင်စွာဖြင့်

  • padonmar

    September 13, 2012 at 6:32 am

    အခါတစ်ရာအခါတစ်ထောင်ပြိုလဲတောင်မှ ပြန်လည်တည်ဆောက်မယ့်ရွာသူားတွေပါ ၊တီချာကြီးအားပေးတာကျေးဇူး x 1000000000000000 ပါ။

  • kyeemite

    September 13, 2012 at 8:27 am

    ဘာပဲဖြစ်ဖြစ် မင်းအတတ်နိုင်ဆုံး အကောင်းဆုံးနဲ့ လောကကို ပေးဆပ်ပါ။

    Do it anyway. ဘာပဲဖြစ်ဖြစ် လုပ်လိုက်ပါ။

    အခုချိန်အခုအခါနဲ့ အလိုက်ဖက်ဆုံးအားပေးနိုင်တဲ့ ပို့စ်လေးကို
    ရှာဖွေတင်ပေးတတ်တာ လေးစားလို့မဆုံးပါဘူးတီချယ်ကြီရေ…
    အရင်နှစ်တော်တော်များများကတည်းက ဒီစာသားလေးတွေဖတ်ခဲ့ဖူးပါရဲ့…
    ဒါပေသိ…အခုလိုအချိန်အခါသမယမျိုးမှာပြန်ဖတ်ရတာ အရသာအရှိဆုံးနဲ့
    အားလုံးအတွက် အကောင်းဆုံး အားဆေးတစ်မျိုးပါ…
    တီချယ်ကြီးကျန်းမာပါစေ
    ဆန္ဒမွန်ဖြင့်…
    ကြီးမိုက်။

  • ကြည်ဆောင်း

    September 13, 2012 at 8:45 am

    အလုပ်အကိုင် ၊ လူမှုရေး ၊ ပညာရေး အစရှိတဲ့ အရေးပေါင်းများစွာကို ဆက်လှမ်းဘို့ အတွက် အားဆေးတစ်ခွက်သောက်လိုက်ရသလိုဘဲ အားရှိသွားပါတယ်တီချယ်ရေ …
    ကျေးဇူးများဖြင့်

  • Hnin Hnin

    September 13, 2012 at 9:13 am

    တစ်ကိုယ်ကောင်းဆန်တဲ့သူများကို မကြိုက်တာကြောင့် မချစ်တတ်ပါဘူး။
    နောက်ပိုင်းတော့ ချစ်ခင်စိတ်တွေကို တဖြည်းဖြည်းမွေးမြူကြည့်ရပါဦးမယ်။
    မျှော်နေတဲ့ တီချာ့ စိတ်အကျိုးပြုစာကို ဖတ်လိုက်ရလို့ ကျေးဇူးတင်ပါတယ်။
    အင်္ဂလိပ်စာသုတတွေစဉ်ဆက်မပြတ် တင်ဆက်ပေးနေတဲ့ တီချာမို့(only one)
    တီချာ့ကို လေးလည်းလေးစားရပါတယ်။

  • linnlinnn

    September 13, 2012 at 9:34 am

    “ဘာပဲဖြစ်ဖြစ် မင်းအတတ်နိုင်ဆုံး အကောင်းဆုံးနဲ့ လောကကို ပေးဆပ်ပါ။
    Do it anyway. ဘာပဲဖြစ်ဖြစ် လုပ်လိုက်ပါ။” မှတ်သားသွားပါတယ် တီချယ်..

  • weiwei

    September 13, 2012 at 9:48 am

    လတ်တလော ကျွန်မစိတ်ထဲမှာ ဖြစ်နေတာတွေနဲ့ ကိုက်ညီနေတယ် …
    ဘာပဲဖြစ်ဖြစ် ကူညီရမယ် လို့ ကိုယ့်ဟာကိုယ် တစ်ချိန်လုံးဆုံးမနေရတဲ့အချိန်မှာ ဒီပို့စ်ကို ဖတ်လိုက်တော့ ဘာပဲဖြစ်ဖြစ် ကူညီရမယ်ဆိုတာ ပိုလို့သေချာသွားလို့ ကျေးဇူးပါ တီချယ်ကြီးရေ …

  • ဦးဦးပါလေရာ

    September 13, 2012 at 10:11 am

    People really need help but may attack you if you do help them.
    Help people anyway.
    Give the world the best you have and you’ll get kicked in the teeth.
    Give the world the best you have anyway.

    တန်ဘိုးရှိလိုက်တဲ့ သတိပေးချက်လေးတွေပါတီချာရယ်..
    အခုအချိန်မျိုးနဲ့ အချိန်ကိုက်လို ဖတ်လိုက်ရတာမို့
    ကိုယ့်စိတ်ကိုယ် ထိန်းနိုင်သွားပါတယ်။

  • ခပ်မိုက်မိုက် ကောင်မလေး

    September 13, 2012 at 10:24 am

    အရမ်းကို ကောင်းတဲ့စာလေးတွေပါ…
    ကျေးဇူးပါနော်….။

  • Sonny

    September 13, 2012 at 10:29 am

    တီချယ်ကြီးရေ…
    ဘာပဲဖြစ်ဖြစ်….
    မြတ်ဗုဒ္ဓဟောသလို
    ယောနိသောမနသီကာရ.ပေါ့ ( သင့်တင့်လျောက်ပတ်စွာနေကြရမယ်တဲ့)
    မြေကြီးလိုကျင့်ကြရမယ်တဲ့
    မြေကြီးကသည်းခံတယ် နေစရာလည်းပေးတယ်
    စားစရာလည်းပေးတယ်…တတွေးထွေးလည်း ရတယ်..စောင့်နင်းလည်းရတယ်…အရိပ်လည်းပေးတယ်
    အဓိကကတော့ ခွေးဟောင်တိုင်းထမကြည့် မိဖို့ လို့ ကိုယ်ပိုင်အမြင်နဲ့မြင်မိပါတယ်
    ဘာပဲဖြစ်ဖြစ် တီချားကြီးရဲ့ ပိုစ်ကို ကြိုုက်ပါတယ်။
    ချစ်ခြင်းအားဖြင့်..ကိုဆန်နီ….

  • ကထူးဆန်း

    September 13, 2012 at 11:37 am

    အရင်တုန်းကပိုစ်တွေလို တိတ်တိတ်ဖတ်ပြီးလက်မထောင် ပြန်ထွက်မလို့ ဟာ သူကြီလက်မ ဘယ်သူဖြတ်သွားလဲ မသိဘူး .. 👿
    ဆရာမကြီး ဆုံးမထားလို့ . 😀

  • ကိုရင်စည်သူ

    September 13, 2012 at 11:38 am

    People favor underdogs but follow only top dogs.
    Fight for a few underdogs anyway.
    လူတွေဟာ မျက်နှာမွဲ တွေဘက်ကိုညှာတာတေထာက်ထားသလိုလုပ်ကြမယ်။ဒါပေမဲ့
    အာဏာ ပါဝါရှိသူတွေ နောက်ကိုလိုက်ကြတာပဲ။
    ဘာပဲဖြစ်ဖြစ် နိမ့်ကျသူ မျက်နှာမွဲတို့အတွက် တိုက်ပေးပါ။

    တီချယ်ကြီးဆီမှာ ပညာကိုယ်တိုင်မဆည်းပူးခဲ့ရပေမဲ့
    ရွာထဲမှာ ကိုယ့်ဆရာမကြီးတစ်ယောက်လို သဘောထားပြီး
    အမြဲ ရိုသေလေးစားလျက်ပါဗျာ…
    အခုတလော အလုပ်ထဲ သိပ်အဆင်မပြေလို့
    စိတ်အာဟာရစာဖတ်ချင်တာနဲ့ ကွက်တိဖြစ်သွားပါတယ်ဗျာ….
    Honesty and frankness make you vulnerable.
    Be honest and frank anyway.
    ကျေးဇူးတင်ပါတယ် တီချယ်ကြီး…
    ဘာပဲလုပ်လုပ် အဖြစ်ရှိအောင် ကြိုးစားနေပါတယ်ဗျာ… 🙂 🙂

  • ahnyartamar

    September 13, 2012 at 11:43 am

    ဘာပဲဖြစ်ဖြစ် စိတ်ညစ်မနေနဲ့ (သီချင်း)

  • ဝင့်ပြုံးမြင့်

    September 13, 2012 at 11:43 am

    အဲဒါမှ ဒုက္ခပဲ တီတီနုရေ။ တီတီနု ပြန်တာနဲ့ ပြုံး ပြန်တာနဲ့ သွားတူနေပြီ။
    ပြုံးပြန်ထားတာက မူရင်းက Dr.Kent M.Keith ရဲ့ မူရင်းကဗျာကို အခြေခံပြီး ရေးထားတဲ့ အိန္ဒိယပြည်၊ ကာလကတ္တားက မာသာထရီစာ မိဘမဲ့ကလေးများကျောင်း ရဲ့ နံရံပေါ်မှာ ရေးထားတဲ့ကဗျာ။
    မူရင်းကဗျာ နည်းနည်းကွဲတယ်။ ပြုံးပြန်ရေးပြလိုက်မယ်နော်။

    People are often unreasonable, irrational, and self-centered. Forgive them anyway.
    If you are kind, people may accuse you of selfish, ulterior motives. Be kind anyway.
    If you are successful, you will win some unfaithful friends and some genuine enemies.
    Succeed anyway.
    If you are honest and sincere people may deceive you.
    Be honest and sincere anyway.
    What you spend years creating, others could destroy overnight.
    Create anyway.
    If you find serenity and happiness, some may be Jealous.
    Be happy anyway.
    The good you do today will often be forgotten.
    Do good anyway.
    In the final analysis, it is between you and God.
    It was never between you and them anyway.

    ကဗျာ နည်းနည်းကွဲတယ်။ တီတီပြန်ထားတာနဲ့ ပြုံးပြန်ထားတာလည်း နည်းနည်းကွဲတယ်။
    ဒါပေမယ့် ခေါင်းစဉ်က အတူတူ ဖြစ်နေတယ်။ anyway ကို တခြားစကားလုံးတွေရှာသုံးလို့ရပေမယ့် ဖတ်ရချောအောင် ပြုံးကလည်း “ဘာပဲဖြစ်ဖြစ်“ လို့ပြန်ခဲ့တာ။ ပြီးခဲ့တဲ့လက ပြုံးသမီးကို မျက်လုံးခွဲဖို့သွားရင်း အဲဒီစာအုပ် ထုတ်ဝေသူလက်ထဲ အပ်လိုက်ပြီ တီတီနုရေ။ ပြန်ပြင်လို့ မရတော့ဘူး။
    ပြုံးက ဒေါ်လာစားလုပ်နေတာဆိုတော့ တာဝန်ပိုကြီးတယ်။

  • Ma Ei

    September 13, 2012 at 12:01 pm

    What you spend years building may be destroyed overnight.
    Build anyway.
    မင်းနှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့တာတွေ ညတွင်းချင်း ပျက်စီးသွားနိုင်တာပဲ။
    ဘာပဲဖြစ်ဖြစ် ဆက်တည်ဆောက်ပါ။
    စိတ်နှလုံးထဲ လင်းကနဲဖြစ်အောင် ခံစားမှုကို ပေးစွမ်းနိုင်ပါပေတယ်..
    ကျေးဇူးအများကြီးတင်ပါတယ် တီတီနုရေ…

  • မောင်ပေ

    September 13, 2012 at 12:56 pm

    ဆရာမရေ
    ကျွန်တော်ကတော့ ၊ အငဲသီချင်းလေးအတိုင်းပါပဲ
    “ ဘဝဟာ ဂိမ်းတစ်ခုဆိုလဲ နောက်တစ်ခန်းသွားရမှာပဲ….. ”
    အရှုံးတွေအများကြီးတွေ ့ခဲ့တုန်းက ၊ သေမလောက်အောင် စိတ်ဓါတ်ကျခဲ့ဖူးပေမယ့် ၊ ကြိုးစား ကြံရင်း ဖန်ရင်း နောက်တော့ တဖြေးဖြေး နဲ ့နဲနဲချင်း ပြေလည်သွားခဲ့တာပါပဲဗျာ
    ဆရာမ စာသားများသည် အားဖြစ်စေပါ၏

  • Shwe Ei

    September 13, 2012 at 1:17 pm

    People are illogical, unreasonable, and self-centered.
    Love them anyway.
    မလွယ်လိုက်တာ တီချယ်ရယ်။ ဒါပေမဲ့ ကြိုးစားကြည့်ပါမယ်။ တီချယ့်စေတနာကို လေးစားလို့ပါ။

  • TTNU

    September 13, 2012 at 1:43 pm

    စိတ်ရှုတ်ထွေး ပြီး … လူတစ်ယောက်ကို စိတ်တ်ိုနေတဲ့ ပျိုပျိုမေရေ…
    စိတ်နည်းနည်းပြေသွားတာ အမြတ်ပါပဲနော်။
    —————- 🙂
    ကိုခိုင်ရေ…
    စိတ်ပင်ပန်းသွားပြီလား။ ဘာမှ အကူအညီမပေးနှိုင်ခဲ့ တာ ကိုယ့်ကိုယ်ကိုလည်း
    အားမရပါဘူး။ (ကိုခိုင် မခံစားတတ်တဲ့) အဝေးက မေတ္တာပေးပို့ ဆုတောင်းပေးတာလေး
    တော့ လက်ခံလိုက်ပါနော်။ FORWARD!!!!
    ————— 🙂
    ရဲရင့်လှိုင်ရေ…
    မောင်သုညရေ…
    ကျေးဇူးပါ။
    ————— 🙂
    မပုချ်ရေ…
    ရှေ့ဆက်လျှောက်ပါ။ ငါးပိတွေ့လည်း ရဲ ရဲ စားပါ။
    ————— 🙂
    မလတ်ရေ…
    ရဲမေပြောတာတွေ တွေ့ရတာ ပိုအားရှိတာပါကွယ်။
    Yes, we’re one hundred percent sure.
    ————— 🙂
    ပဒုမ္မာရေ…
    “အခါတစ်ရာအခါတစ်ထောင်ပြိုလဲတောင်မှ ပြန်လည်တည်ဆောက်မယ့်ရွာသူားတွေပါ”
    အင်မတန် အားပါသော စကားများဖြစ်ပါတယ်။
    ————— 🙂
    ကိုကြီးမိုက်ရေ…
    ချိန်ကိုက်ဗုံး မဖြစ်အောင် ကြိုးစားလိုက်တာပါ။
    (အခုလိုအချိန်အခါသမယမျိုးမှာပြန်ဖတ်ရတာ အရသာအရှိဆုံးနဲ့
    အားလုံးအတွက် အကောင်းဆုံး အားဆေးတစ်မျိုးပါ) ဆိုလို့ ဝမ်းသာမိပါတယ်။
    —————- 🙂
    ကြည်ဆောင်း၊ Hnin Hnin၊ linnlinnn၊ တို့ရေ…
    ဖတ်ပြီးအားရှိသွားတယ်ဆိုရင် အရမ်းဝမ်းသာပါတယ်ကွယ်။
    ————— 🙂

    • စိန်ဗိုက်ဗိုက်

      September 13, 2012 at 2:08 pm

      တီချယ်ကြီးရေ
      တစ်ချို ့ဟာတွေတော့ သိပါတယ်..ဒါပေသိ..ဘာပဲဖြစ်ဖြစ် လိုက်နာနိုင်အောင်တော့ ကြိုးစားကြည့်ပါဦးမယ်ဗျာ..
      လောလောဆယ်တော့ ကော်ပီကူးယူသွားပါကြောင်း

      • TTNU

        September 13, 2012 at 2:49 pm

        ဗိုက်ကလေးရေ..
        ဒီထဲမှာ ဘယ်လိုညပ်ကျန်ခဲ့တာလဲဟယ်။
        ဆောရီးနော်။ စောစောက မမြင်လိုက်ဘူး။
        ကြိုးစားပါတော်။ လိုက်နာပါတော်။ ဗိုက်သာမနာစေနဲ့။ 😀

  • TTNU

    September 13, 2012 at 2:25 pm

    ဝေရေ…
    “လတ်တလော ကျွန်မစိတ်ထဲမှာ ဖြစ်နေတာတွေနဲ့ ကိုက်ညီနေတယ်” ဆိုတော့
    တီချာက ဝေ့စိတ်ကိုလှမ်းဖတ်လိုက်တာနေမှာ။
    —————- 🙂
    ကိုပါရေ…
    “ကိုယ့်စိတ်ကိုယ် ထိန်းနိုင်သွားပါတယ်” ။
    တီချာစာက နည်းနည်းသာပံ့ပိုးတာပါ ကိုပါ့ စိတ်ကိုက ထိန်းနှိုင်စွမ်းရှိတာနေမှပါတော်။
    —————- 🙂
    ခပ်မိုက်မိုက် ကောင်မလေးရေ…
    အတော်ရှည်လျားသောနာမည်ပါလားကွယ်။
    ————— 🙂
    ကိုဆန်နီရေ…
    “မြေကြီးလိုကျင့်ကြရမယ်တဲ့”
    အင်း… ကျန်တာအကုန် အဆင်ပြေပေမဲ့
    ကျုံးဘေးတွေလို သူများတွေ အပေါ့အလေးစွန့်ချမှာကိုတော့
    မခံစားနှိုင်ပါလားနော်။
    ————— 🙂
    ကိုထူးဆန်းရေ…
    အရင်တုန်းကပို့စ်တွေလို တိတ်တိတ်ဖတ်ပြီးလက်မထောင် ပြန်ထွက်မလို
    ဆိုတော့ တစ်ခါမှ မမန်းခဲ့ဘူးလားဟင်။ ဘာပြုလို့လဲဟင်။
    ————- 🙂
    ကိုရင်ရေ…
    စာမှာ အားလျော့သံတွေပေါက်နေတယ်။ ဘဝကြီး ဟာတာတာ
    ဖြစ်နေတာလား။ ဘာပဲလုပ်လုပ် အဖြစ်ရှိအောင် ကြိုးစားနေပါတယ်ဗျာ
    ဆိုတာလေးမှာ အားဆေးအနည်းငယ်လိုနေသလိုပဲနော်။
    ————– 🙂
    ahnyartamar ရေ..
    စိတ်မညစ်တတ်တာကောင်းတယ်။ စိတ်မကူးတတ်တာကသာပြဿနာပါ။
    ————— 🙂
    ပြုံးရေ…
    မူရင်းတူပေမဲ့ ဘာသာပြန်သူရဲ့ Mood, Contextualization, Abstract, Reflection,
    စသည်စသည် တို့ ကြောင့် ကောက်ကြောင်းကွာသွားနှိုင်ပါတယ်။ တီချာဆိုရင်
    များသောအားဖြင့် တိုက်ရိုက်ကြီးပြန်လေ့မရှိပါဘူး။ တစ်ချို့ အဓိပ္ပါယ်တွေက
    Read between the lines. ရှိနေတတ်ပါတယ်။
    ပြုံးရေ BC လေး လက်ခံပါနော်။
    ————— 🙂
    မအိရေ..။
    ရွှေအိရေ…။
    ကျေးဇူးတင်ပါတယ်နော်။
    ————— 🙂
    မောင်ပေရေ…
    တီချာလည်းဒီသီချင်းကိုကြိုက်တယ်တော့။
    မောင်ရင်က သေမလောက်အောင် စိတ်ဓါတ်ကျခဲ့ဖူးတဲ့
    သွင်ပြင်လက္ခဏာ မရှိပါဘူးအေ။
    ————— 🙂

    မေတ္တာဖြင့်
    TTNU.

  • amatmin

    September 13, 2012 at 4:18 pm

    တီချယ်ရေ..မင်္ဂလာပါနော်.
    အကုန်လုံ းမှတ်စရာတွေချည်းပဲ မို့ သေချာမှတ်သွားပါ၏.။
    The biggest men and women with the biggest ideas can be
    shot down by the smallest men and women with the smallest minds.
    Think big anyway.
    အပေါ်က တီချယ့်စာလေးကို စိတ်ထဲမှာ high light
    လုပ်ထားရင်း..တစုံတယောက်ကို
    မကောင်းမြင်စိတ်ပေါ်လာတိုင်း..
    သေးသိမ်နိမ့်ကျသူ မဖြစ်စေဖို့
    ကိုယ့်ဘာသာပြန်သတိပေးနေပါ့မယ်..။
    ” ဘာပဲဖြစ်ဖြစ် ” …ဆိုတဲ့
    ခေါင်းစဉ်လေးကိုလည်းသဘောကျပါ၏..။

  • ထုံးစံအတိုင်း နောက်ဆုံးက လာပါပြီ။
    မာမီရေ

    ဘယ်လိုဖြစ်ဖြစ် ဘယ်လိုဘဲ ဆက်ဆံခံရသည်ဖြစ်စေ ကိုယ်လုပ်စရာရှိတာကို ကိုယ်မှန်မှန် လုပ်နေပါ၏။

  • Moe Z

    September 13, 2012 at 4:35 pm

    တီချာရေ ဒီပို့စ်ကိုမနက်ကတည်းကတွေ့ပါတယ်
    ဒါပေမယ့် စိတ်အချဉ်ပေါက်နေလို့ ကျော်ဖတ်သွားတယ်
    အခုတော့ ဂျစ်တိုက်ဂျီကျပြီးလို့ စိတ်ပြေသွားပြီးမှ ပြန်လာဖတ်တာ
    ကိုယ့်ကိုကိုယ် နည်းနည်းရှက်သွားပြီ 😛
    ကြိုးစားပါဦးမယ်တီချာရေ ကူးသွားပါတယ်
    ဆရာမဝင့်ပြုံးမြင့်ရဲ့ကဗျာလေးရောနော် …

  • TTNU

    September 13, 2012 at 5:19 pm

    အမတ်မင်းရေ…
    “တစုံတယောက်ကို
    မကောင်းမြင်စိတ်ပေါ်လာတိုင်း..
    သေးသိမ်နိမ့်ကျသူ မဖြစ်စေဖို့
    ကိုယ့်ဘာသာပြန်သတိပေးနေပါ့မယ်..”

    တီချာလည်း မင်းစကားလေးအတိုင်းလေ့ကျင့်နေထိုင်ပါမယ်။
    🙂
    ——————–
    ကိုပေါက်ရေ…
    ကင်မရာပြန်ကောင်းသွားပြီလား။
    ငိုသေးလား။ 😥
    တီချာလေ ကျုုံးဘေးမှာလူကြီးတစ်ယောက် အာပီးနေတာတွေ့တော့
    စိတ်တိုလိုက်တာ အရမ်းကို ၊ ကျုံးကန်ပစ်ချင်တာ။
    ကိုယ်လုပ်စရာရှိတာကို ကိုယ်မှန်မှန် လုပ်နေပါ၏။ လို့ ပြန်ဆဲမှာကြောက်လို့
    အမြန် အမြန် ဖြတ်သွားရပါတယ်။ 😀
    ————————
    မိုးစက်ရေ…
    တီချာငယ်ငယ်တုန်းက သိပ်ဒေါသ ကြီးတယ်။
    သူများတွေက စိတ်ကြီးတယ်၊ စိတ်ဆတ်တယ်၊ လို့ ပြောရင်
    ဂုဏ်ပြုတယ်လို့ ယူဆပြီး ပို မိုက်ကျွတ်ကျွတ်တွေ လုပ်ပြတယ်။
    အသက် အတော်ရ မှ ငါ ငပေါပါလား ဆိုတာ နောင်တ ရမိတယ်။
    အချိန်တောင်နှောင်းပြီပေါ့။ ကိုယ့်ကိုယ်ကို မဟုတ်မခံ ဆိုတာကို
    လွဲမှားစွာ ထုတ်ဖော်ပြမိခဲ့တယ်။
    (ဆရာလုပ်တယ် လို့ ယူမှတ်မမှားပါနဲ့နော်)

    ဒေါသထက် လောင်စာပြင်းတဲ့မီး မရှိပါ။
    မေတ္တာဖြင့်
    TTNU.

    • မာမီရေ ကင်မရာက နှစ်သောင်းဘိုးဆေးကုလိုက်တော့ ကောင်းသွားပါပြီ.
      အာပီးတဲ့လူနဲ့ကိုပေါက် ကိုယ်လုပ်စရာရှိတာ ကိုယ်မှန်မှန်လုပ်ပေမယ့် လားရာခြင်းတော့ကွာပါမယ်မာမီရေ
      မာမီ့သားကိုပေါက်က လူကြီးတွေမျက်နှာပျက်အောင်ဘယ်လုပ်မလဲနော်

  • မဟာရာဇာ အံစာတုံး

    September 13, 2012 at 6:54 pm

    လာမယ့် …
    စိတ်တွင်းက တေးမှတ်ထားတဲ့ နေ့ရက်မှာတော့
    မင်း ဘာပဲဖြစ်ဖြစ် ဝတ်ဖြစ်အောင် ဝတ်ပြီး
    အရာအားလုံးကို စွန့်ပစ်ခဲ့လိုက်ပါ …

    တီချယ်ကြီးရေ …
    ဖတ်မှတ် သွားပါတယ် ခင်ဗျာ …

    • TTNU

      September 13, 2012 at 7:24 pm

      မောင်အံစာရေ..
      လူကလေး မင်းနောက်ကျလှချည်လားကွယ်၊
      ဘယ်ဆီကို သွား၊ ဘာတွေများလုပ်နေလို့၊
      အမေကြီး ကဗျာ၊ ဘာသာပြန်လေး ဝင်ဖတ်တာနှောင့်နှေးရတာပါလိမ့်။

      အရာအားလုံးစွန့်ပစ်၊ မင်းဂဇက်လစ်စ်ထ် တွေလုပ်နေလိုက်တာ၊
      ရွာသူကြီးကတောင်မှ တစ်မျိုး အမည်ပေး၊ ဂိုးလ်ဒ်(ရွှေ) လက်ကလေးဆိုလား၊ဘာလား။

      😀

      • မဟာရာဇာ အံစာတုံး

        September 15, 2012 at 10:03 am

        တီချယ်ကြီး ခဗျာ ..
        အနော် နောက်ကျသွားတဲ့အတွက် ခွင့်လွတ်ပါ ခဗျ ..
        (ပြောသာ ပြောတာပါ။ နာ့ မေကြီးက ခွင့်လွတ်ပြီးသား .. 😀 )
        ဖတ်တာကတော့ အစောကတည်းကပဲ ..
        သို့ပေသိ .. မန့်ဒါ နောက်ကျသွားကြောင်းရယ်ပါ ..

  • ကိုခင်ခ

    September 13, 2012 at 8:53 pm

    ( လူတွေမှာ တကယ့်ကို အကူအညီတွေ လိုအပ်နေပါတယ်။ ဒါပေမဲ့ မင်းကူညီတဲ့အခါ
    သူတို့ မင်းကို ရန်မူကောင်းမူပေလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကူညီပေးပါ။ )
    တကယ်ကြိုက်တဲ့ အဆိုလေးမို့ မှတ်သွားပါတယ်၊ မိမိထားလိုက်တဲ့ စိတ်စေတနာကို မိမိသာအသိဆုံးဖြစ်ပါတယ်၊ တကယ်စေတနာမှန်ရင် ပထမဆုံးကျေနပ်မိတဲ့သူက မိမိကိုယ်တိုင်ပါဘဲတဲ့ တီချယ်ရေ။

  • uncle gyi

    September 13, 2012 at 9:36 pm

    တီနုကောင်းတော့ကောင်းတယ်မျက်စိစပ်တယ်
    ကျွန်တော့်ဘဝအချိန်အတော်များများတီနုရေးထားတဲ့စာတွေအတော်များများဖတ်ပြီးသဘောကျလို့
    လိုက်နာခဲ့တယ်ဒါပေသိ၁ဝစုတစုကုန်သွားတိုင်း
    ဒီစာစုတွေကိုမျက်ကွယ်ပြုတဲ့သူတွေအတော်များများကိုယ့်ကိုကျော်တက်သွားတာကိုတော့မကျေနပ်ဖူးဗျာ

  • garuda

    September 13, 2012 at 9:48 pm

    ဘာဘဲဖြစ်ဖြစ် ဆရာ Kai ရေ။ နဲနဲလေးတော့လွဲ နေသလိုပဲ။ သတိဆိုတာပိုတယ်မရှိ။ ဘိုကြီးတို့ဝင်လာမှ ကျမတို့ရွာ ပြာကျတော့တယ်ဖြစ်နေပါအုံးမယ်။ လှည့်ဖြားခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

  • TTNU

    September 13, 2012 at 9:59 pm

    ကိုခ ရေ..
    “မိမိထားလိုက်တဲ့ စိတ်စေတနာကို မိမိသာအသိဆုံးဖြစ်ပါတယ်၊”
    မှန်ပါတယ် ကိုခ ရေ..။ တစ်ခါတစ်လေ ကိုယ်တစ်ယောက်ထဲသာသိပြီး
    God sees the truth, but waits. ဘဝမျိုးလည်းကြုံရတတ်ပါတယ်။
    အဒီအခါမျိုးမှာ Survive လုပ်နှိုင်ခြင်းက ကိုယ်ပိုင်စွမ်းရည် အစစ်ပါပဲ။
    —————– 🙂
    uncle gyi ရေ…
    တကယ် Logical ဖြစ်ပါပေတယ်။ ကျွန်မလည်းကြုံဖူးသပေါ့တော်။
    ဒါပေမဲ့ ၁ဝစုတစ်စု ကုန်သွားတိုင်း ဒီစာစုတွေကိုမျက်ကွယ်ပြုတဲ့သူတွေ
    အတော်များများ ကိုယ့်ကိုကျော်တက်သွားတာကို မကျေနပ် ခံပြင်း စိတ်တို…
    တကယ့် Hardship ကိုကျော်သွားလိုက်နှိုင်ရင်တော့ “You are the winner.”
    ပေါ့ရှင်။ သူတို့တွေက ကိုယ့်ကိုကျော်တက်တာ၊ ကိုယ်က တကယ့် အခက်အခဲကို
    ကျော်ဖြတ်နှိုင်တာ။ ကွာခြားပါတယ်ရှင်။
    ————— 🙂

  • ကြောင်ကြီး

    September 14, 2012 at 9:24 am

    ဆန့်ကျင်ဖက်
    နန့်ချင်ကပ်
    လန့်ရင်တက်
    ဟန့်လျင်ရပ်
    သန့်မြင်ဟပ်
    ဂန့်နင်ထွက်
    ဒန့်စဉ်ညက်
    ခန့်လင်နတ်..

  • MaMa

    September 14, 2012 at 1:44 pm

    တီချာကြီးရဲ့ဆုံးမစာတွေဖတ်ရတာ ကောင်းလွန်းလို့ ကျေးဇူးအထပ်ထပ် တင်မိပါတယ်။
    သည်းခံသည်းခံလို့ ကိုယ့်ကိုယ်ကို ဆုံးမနေရင်းကပဲ ထွက်လာတဲ့ဒေါသမီးကို မထိန်းနိုင်ဖြစ်နေချိန်မှာ တီချာ့ပိုစ့်က ရေစင်လေးနဲ့ ဖြန်းပေးလိုက်သလိုပါပဲ။
    ပါမောက္ခချုပ်ဆရာတော်ကြီးဟောတဲ့ တရားတပုဒ်ထဲကလို ငါသည်းခံလိုက်တယ်ဆိုပြီး စိတ်ထဲက ကြိတ်မနိုင်ခဲမရ ဖြစ်နေတာဟာ သည်းခံတာ မဟုတ်ဘူး။ သည်းခံတယ်ဆိုတာ ကိုယ့်စိတ်ရဲ့ အေးချမ်းနေတဲ့ အခြေအနေလေး မပျက်ယွင်းပဲ နေတာကိုမှ သည်းခံတယ်လို့ ဆိုပါတယ်။
    ကျမသည်းမခံနိုင်သေးပါကြောင်းးးးးး
    🙁

  • ဆန့်ကျင်တဲ့ဘက်မှာ
    နန့်ချင်တဲ့ကက်
    လန့်ရင်တက်လို့ရအောင်
    လှေခါးထောင်ပေးထားမယ်

  • TTNU

    September 14, 2012 at 8:38 pm

    ကိုကြီးကြောင်ရေ…
    (ဆန့်ကျင်တဲ့ဘက်မှာ
    နန့်ချင်တဲ့ကက်
    လန့်ရင်တက်လို့ရအောင်
    လှေခါးထောင်ပေးထားမယ်)
    ကိုပေါက်ပြောတာနော်။တီချာကထောက်ခံအားပေးတာ။
    ——————– 🙂
    မမရေ…
    နေကောင်းလား။မတွေ့တာ ကြာပြီ။
    မမပြောသလိုပါပဲ။
    (ကိုယ့်စိတ်ရဲ့ အေးချမ်းနေတဲ့ အခြေအနေလေး မပျက်ယွင်းဘဲ
    နေတာကိုမှ သည်းခံတယ်လို့ ဆိုပါတယ်။)
    စိတ်ကလေးအေးချမ်းဖို့ အတော် ကျင့်ကြံရတာနော်။
    မြောက်ဦးဆရာတော်မိန့်သလို …
    တရားထိုင်ရင်း စိတ်တွေက မတရားတာတွေတွေးနေတတ်တယ်တဲ့။
    ———————- 🙂

  • ရှမ်းပြည်သား(တောင်ပိုင်း)

    September 16, 2012 at 2:07 pm

    Do it anyway
    ကျွန်တော်ကတော့ ပေဖြစ်တုုံး လှိမ့်ပိန့်အထုခံနေပါတယ်……
    လောကကြီးကတော့ ကျွန်တော့်ရဲ့ချွေးတစ်စက်ကျစာနေရာလေးမှာအေးချမ်းသွားလေရဲ့
    “ပေးဆပ်စွန့်လွှတ်ခြင်းနဲ့သာ ကမာ္ဘလောကကြီးအေးချမ်းမယ်ဆိုရင်
    ငါ့ရဲ့ချွေးတွေဘယ်လောက်ပဲမြေကျကျ ငါ့ရဲ့သွေးတွေဘယ်လောက်ပဲမြေခခ
    အများအကျိုးရှိရင် ငါ့အသွေးအသားတွေဟာ လိုအပ်ချက်များနေတဲ့သူတွေအတွက်
    ဆာလောင်မွတ်သိပ်မှုကိုဖြေဖျောက်နိုင်ဖို့ ငါပေးရဲတယ်……”
    တီချယ်ကြီးရေဘာရယ်တော့မဟုတ်ဘူး ခံစားမိတာလေးဝင်မန့်ကြည့်တာ….

  • အလင်းဆက်

    September 16, 2012 at 8:25 pm

    တီတီနုရေ…
    အဲဒီ ဘာပဲဖြစ်ဖြစ်ဆိုတာကို..
    ကျွန်တော်..စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးခဲ့တယ်ဗျ။

    ကျွန်တော့်မှတ်စုထဲမှာတောင်….လက်ရေးနဲ ့ ကူးထားသေးတယ်။
    အဲ..အခု တီတီနု ပြန်ဆိုထားတာကိုတွေ ့တော့.. ဘယ်သူရေးတဲ ့စာအုပ်ထဲမှာ ဖတ်ခဲ့ရပါလိမ့်လို ့စဉ်းစားတာ…..။ရုတ်တရက် စဉ်းစား မရဘူး ။
    ဒေါက်တာခင်မောင်ညို..လား…ခင်မောင်ဝင်း..လား…မသေချာဘူး။

    ဆောင်ပါး စုစည်းမှု ု တစ်အုပ်မှာ..ဖတ်ခဲ့ရတာပါ ။

    အိမ်ပြန်ပြီး… မှတ်စု အဟောင်းေ တွ လှန်ဦး မယ် ။

    အခု တီတီနု… တင်ပြ လိုက်တော့လည်း… ပို မှတ်မိ ပြီး…
    ဘာပဲ.ဖြစ်ဖြစ်….. လိုက်နာ ကျင့်သုံး မယ်..ဗျာ.။

    လာဖတ်တာ…နောက်ကျသွား တယ်ဗျို ့.။

    ခင်မင်လေးစားစွာ..
    အလက်ဆင်း

Leave a Reply