“ဘာပဲဖြစ်ဖြစ်”

TTNUSeptember 12, 20122min30147

The Paradoxical Commandments

(ဆန့်ကျင်ဘက် အမှန်တရားများ)
by Dr. Kent M. Keith

People are illogical, unreasonable, and self-centered.
Love them anyway.

လူတွေဟာ သဘောတရားမှန်မှန်၊ ကျိုးကြောင်းဆီလျော်စွာမတွေးကြ၊မလုပ်ကြဘူး။

တစ်ကိုယ်ကောင်းဆန်ကြတယ်။

ဘာပဲဖြစ်ဖြစ်  သူတို့ကို ချစ်ခင်လိုက်ပါ။
If you do good, people will accuse you of selfish ulterior motives.
Do good anyway.

မင်းကောင်းတာလုပ်ရင် လူတွေက မင်းရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အတွင်းစိတ်

ကိုဖုံးထားပြီးလုပ်တယ်လို့ စွပ်စွဲကြမယ်။

ဘာပဲဖြစ်ဖြစ် ကောင်းတာလုပ်လိုက်ပါ။
If you are successful, you will win false friends and true enemies.
Succeed anyway.

မင်းအောင်မြင်ရင် မိတ်ဆွေတာတွေနဲ့ ရန်သူစစ်တွေကို အနိုင်ရမယ်။

ဘာပဲဖြစ်ဖြစ် အောင်မြင်အောင်လုပ်လိုက်ပါ။
The good you do today will be forgotten tomorrow.
Do good anyway.

မင်းဒီနေ့ ကောင်းတာလုပ်ထားတာကို မနက်ဖြန် မေ့သွားကြမှာပဲ။

ဘာပဲဖြစ်ဖြစ် ကောင်းတာလုပ်လိုက်ပါ။
Honesty and frankness make you vulnerable.
Be honest and frank anyway.

ရိုးသားမှုနဲ့ ပွင့်လင်းမှု တို့က မင်းကို အကာအကွယ်မဲ့သလိုဖြစ်နေစေမယ်။

ဘာပဲဖြစ်ဖြစ် ရိုးသားပါ၊ ပွင့်လင်းပါ။
The biggest men and women with the biggest ideas can be
shot down by the smallest men and women with the smallest minds.
Think big anyway.

အတွေးများများ၊မြင့်မြင့်တွေးတတ်တဲ့ အမျိုးသားအမျိုးသမီးတွေ ကို အတွေးတိမ်တိမ်၊

စိတ်နုနုရှိတဲ့ အမျိုးသားအမျိုးသမီးတွေက အပြုတ်ဖြုတ်ချကြမှာပဲ။

ဘာပဲဖြစ်ဖြစ် ကြီးကြီးကျယ်ကျယ်တွေးပါ။
People favor underdogs but follow only top dogs.
Fight for a few underdogs anyway.

လူတွေဟာ မျက်နှာမွဲ တွေဘက်ကိုညှာတာတေထာက်ထားသလိုလုပ်ကြမယ်။ဒါပေမဲ့

အာဏာ ပါဝါရှိသူတွေ နောက်ကိုလိုက်ကြတာပဲ။

ဘာပဲဖြစ်ဖြစ် နိမ့်ကျသူ မျက်နှာမွဲတို့အတွက် တိုက်ပေးပါ။
What you spend years building may be destroyed overnight.
Build anyway.

မင်းနှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့တာတွေ ညတွင်းချင်း ပျက်စီးသွားနိုင်တာပဲ။

ဘာပဲဖြစ်ဖြစ် ဆက်တည်ဆောက်ပါ။
People really need help but may attack you if you do help them.
Help people anyway.

လူတွေမှာ တကယ့်ကို အကူအညီတွေ လိုအပ်နေပါတယ်။ ဒါပေမဲ့ မင်းကူညီတဲ့အခါ

သူတို့ မင်းကို ရန်မူကောင်းမူပေလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ကူညီပေးပါ။
Give the world the best you have and you’ll get kicked in the teeth.
Give the world the best you have anyway.

မင်းအတတ်နိုင်ဆုံး အကောင်းဆုံးနဲ့ လောကကို ပေးဆပ်ပါ။

မင်းသွားတွေကို အကန်ခံ ရလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် မင်းအတတ်နိုင်ဆုံး အကောင်းဆုံးနဲ့ လောကကို ပေးဆပ်ပါ။

Do it anyway. ဘာပဲဖြစ်ဖြစ် လုပ်လိုက်ပါ။

Credit to Dr. Kent M.Keith

 

 

 

 

 

 

 

 

 

 

 

TTNU. 12.Sept.2012

47 comments

  • TTNU

    September 16, 2012 at 11:01 pm

    တောင်ပိုင်းသားရေ…
    (ကျွန်တော်ကတော့ ပေဖြစ်တုုံး လှိမ့်ပိန့်အထုခံနေပါတယ်) ဆိုတာခံနှိုင်ရည်ကိုပြတာပေါ့။
    ဒါပေမဲ့ တူဖြစ်တဲ့နေ့ ပြန်နှံမယ် လို့ စိတ်မကူးဖို့လိုတယ်နော်။
    သံသရာမဆုံးနိုင်မှာ စိုးရိမ်လို့ ပြောတာပါ။
    —————————– 🙂
    အလက်ဆင်းရေ…
    ဒီကဗျာလေးကနေရာတော်တော်များများမှာတွေ့နိုင်ပါတယ်။
    Do it anyway by Dr. Kent M. Keith site မှာလည်းပုံရောစာရောရှိပါတယ်။
    —————————- 🙂

  • အလင်းဆက်

    September 17, 2012 at 9:33 pm

    အော်…ဒီလိုလား။

    တိ ပါဘူး။ တားတားလည်း…. တွေ ့ဖူးတော့..လေ…။
    တားတားခေတ်နောက်ကျနေပြီ။

    အဟိ ။

    နောက်များမှာလည်း.ဘာပဲဖြစ်ဖြစ်…လို … ဆိုလိုချက် ကောင်းကောင်း… စာသားလေးတွေ..တင်ပေးပါဦးဗျာ.။

    အဲ..တီတီနု…က စေတနာ အပြည့်နဲ ့ တားတားတို ့အတွက်…
    ဝေမျှ ပေးနေဦးမယ်…ဆိုတာ..တားတား တ ိ ပါတယ် ။
    😀

Leave a Reply