နာမည်ဒီလိုခေါ်ပါ “မချို”

uncle gyiSeptember 27, 20121min26325

သူကြီးနဲ့တကွရွာသူရွာသားအပေါင်းအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်လိုက်ပါတယ်

အရင်တခေတ်ရုပ်ရှင်မင်းသမင်းကြီးချိုပြုံးကသူဆိုတဲ့သီးချင်းတပုဒ်မှာနာမည်ဒီလိုခေါ်ပါမချိုဆိုပြီး

သီချင်းဆိုသွားတာအတော်အောင်မြင်မှုရသွားပါတယ်

အခုစာကိုရေးနေရင်းအဲဒီသီချင်းလေးကိုသတိရပြီးဒီအမည်လေးပေးလိုက်တာပါ

အန်ကယ်ကအန်ကယ်ကြီးတဖြစ်လဲအန်ကယ်ကြီး၁၉၇၄ပါ

သူကြီးနဲ့တကွရွာသူရွာသားအားလုံးအန်ကယ်ကြီး၁၉၇၄ကို

အန်ကယ်ကြီးအဖြစ်ပြောင်းလဲအသိအမှတ်ပြုဖို့တင်ပြလိုက်ပါတယ်

 

ဘယ်လိုလုပ်ပြီးအမည်ကပြောင်းသွားသလဲဆို

အရင်အသုံးပြုနေတဲ့တိုရှီဘာနက်ဘုတ်ကလေးကစက်ကြောင်သွားလို့နောက်ထပ်စက်တလုံးပြောင်းသုံးလိုက်လို့ပါစက်ပြောင်းသုံးတာနဲ့အမည်ပြောင်းတာ

ဘာမှမဆိုင်ဖူးလို့တော့မပြောကြပါနဲ့ကိုယ့်အခက်အခဲနဲ့ကိုယ်ဖြစ်နေလို့ပါ

အရင်သုံးနေတဲ့တိုရှီဘာနက်ဘုတ်ကလေးကသူ့ထဲရိုက်ထားတဲ့ဝှက်စာကိုအခြားစက်မှာပြန်သုံးလို့မရပါဖူး

ဒါကြောင့်အခုစက်အသစ်သုံးတော့အကောင့်အသစ်ပြန်လုပ်ရတဲ့အတွက်အမည်အသစ်ပြန်ဖြစ်သွားတာပါ

နောက်ပြီးအရင်ယူထားတဲ့အနီရောင်အင်တာနက်လိုင်းကလဲမတန်တော့ဖူးထင်လို့အရှုံခံပြီးရောင်းပလိုက်တာ

နဲ့ဆုံပြီးအန်ကယ်လဲရွာနဲ့အဆက်အသွယ်ပြတ်သွားတာပါ

ဒါနဲ့သူကြီးကိုခိုင်ကိုအကုူအညီတခုတောင်းချင်ပါတယ်

ကျွန်တော့အရင်အကောင့်ကငွေတွေကိုမန်းဂေဇက်လိုရာသုံးဖို့လှူတဲ့အကြောင်းကြားပါတယ်

အရင်လိုဂိုကလေးကိုတော့စသုံးကတည်းကသုံးလာတဲ့အမှတ်အသားဖြစ်လို့

အခုသုံးနေတဲ့လိုဂိုနဲ့လဲလို့ရရင်လဲပေးစေချင်ပါတယ်

ရွာနဲ့အဆက်ပြတ်သွားစဉ်ကာလအတွင်းရွာမှာလူဦးရေတိုးပွားလာတာကိုလည်းသတိပြုမိပါတယ်

အသစ်ရောက်လာတဲ့ရွာသူရွာသားအပေါင်းကိုလည်းအန်ကယ်ကနှုတ်ခွန်းဆက်လိုက်ပါတယ်ကွယ်

အားလုံးပဲမင်္ဂလာပါ

အန်ကယ်ကြီး

 

25 comments

  • kyeemite

    September 27, 2012 at 8:30 am

    မင်္ဂလာပါ အန်ကယ်ကြီးခင်ဗျား…စရေးကောင်းတဲ့ အန်ကယ်ကြီးရဲ့
    စာတွေကိုဖတ်ဖို့မျှော်နေပါမယ်…
    ဓါတ်ပုံလဲ အရိုက်ကောင်းသမို့ ..ခရီးသွားဓါတ်ပုံတွေလည်း
    မျှော်နေပါဂျောင်း….
    ခင်တဲ့….
    ကြီးမိုက်။

  • ဒဿ ဖွတ်ကျား

    September 27, 2012 at 9:10 am

    ခပ်တည်တည်နဲ့ ဝင်ရွှီးရရင်တော့
    အန်ကယ်ကြီးဟာ လက်ပကျွတ် အဟောင်းရဲ့
    Browser မှာ Remember Password
    (ပါ့စဝါ့ဒ်ကို ဘရောက်ဇာကို မှတ်ခိုင်းထား)လုပ်ထား ပြီး
    တောက်လျောက် သုံးလာတယ် မှတ်ပါတယ်။

    အဲ.. လက်ပကျွတ် အဟောင်း ဂန့်သွားလို့
    အသစ် သုံးတဲ့အခါ ဝင်နေကျ အကောင့်ရဲ့ ပါ့စဝါ့ဒ်ကို
    မမှတ်မိတော့တဲ့အတွက် အကောင့်သစ် ဆောက်ပြီး
    ပြန်ဝင်တယ် လို့ ယူဆပါတယ်ဗျို့..

    ယခု မာဘယ်ကောမတ် တဖြစ်လည်း မူလလက်ဟောင်း
    ကဗျာဆြာကိုကမ်းကြီး လည်း ကြုံခဲ့ဖူးကြောင်းပါ

    မူရင်း အကောင့်နဲ့ ပြန်ဝင်ချင်ရင်တော့ သဂျီးကို ပီအမ် မှာဖစ်စေ
    အီးမေးလ် နဲ့ ဖစ်စေ မေးလ်အဒွက်စ် ပေးပီး Password ပြန်မေးနိုင်ပါလိမ့်မယ်ဗျို့ ..

    ခင်တဲ့

  • ကြောင်ကြီး

    September 27, 2012 at 9:43 am

    အန်တယ်ဂျီး
    ခြံဝယ်ပြီး
    မာန်စွယ်ကြီး
    လျှံပယ်တီး
    ညဏ်လွယ်စီး
    ကံရှယ်သီး
    ဈာန်တွယ်ဖီး
    ဟန်ထည်ညီး..။

    • ညီး အန်ကန်
      ဖီး မှန်တယ်
      သီး ခြံဝယ်
      စီးပြန်တယ်
      တီးအမှန်ကွယ်ဆိုတဲ့
      ကြီးအန်ကယ်…………………………………………..

  • မောင်ပေ

    September 27, 2012 at 9:52 am

    အန်ကယ်ကြီး
    မှန်ဝယ်ဖြီး
    ရှယ်ဖန်တီး
    ငန်မယ်အနီး
    လည်ပြန်ငြီး
    လန်ပယ်ထီး..။
    ( credit to cat nose )
    :kwi:

  • surmi

    September 27, 2012 at 10:30 am

    အမှန်တော ့ အကောင် ့အဟောင်းက ကျုပ်ဝယ်လိုက်တာလေ
    သိတယ်မဟုတ်လား
    ခုတလော အကောင် ့ဟောင်းတွေပြန်ပေါ်လာတာနဲ ့
    နာမည်သစ်တွေကိုသတိမထားမိဘူးလား
    အဲဒါ အဲဒါ ကျုပ်လက်ချက်လို ့ မထင်ကြတာ ကျုပ်ကံကောင်းလို ့ပေါ ့ နော

    :harr: :kwi:

  • ရွှေ ကြည်

    September 27, 2012 at 11:35 am

    မာကလာပင်ပါ (လေးပေါက်စကားယူသုံးပါသည်) အန်ကယ်ကြီး၁၉၇၄ ရှင့်

  • kai

    September 27, 2012 at 11:41 am

    sunm.. @gmail.com အဲဒီဂျီမေးလ်ဆက်သုံးနေသေးလားသိချင်ပါတယ်..
    မသုံးတော့ဘူးဆိုလည်း ပြောပါ..။
    အဲဒီကို.. unclegyi1974 ပတ်စ်ဝပ်ပြန်ပို့ထားပါကြောင်း..

    http://myanmargazette.net/author/unclegyi1974

  • etone

    September 27, 2012 at 1:10 pm

    uncle gyi လို့မြင်ကတည်းက … တိသားဘဲ … ရွာထဲမှာ … အန်ကယ်ကြီးဆိုတာ ..တစ်ယောက်ထဲ ရှိတယ် … .. ဟီး … ။

  • ကိုခင်ခ

    September 27, 2012 at 1:17 pm

    မင်္ဂလာပါ uncle gyi ရေ။
    နောက်ရွာထဲဆုံကြတာပေါ့ ပျော်ပျော်ပါးပါးပေါ့လေ။

  • manawphyulay

    September 27, 2012 at 2:35 pm

    အန်ကယ်ကြီး
    ဒုံးပျံစီး
    အမြန်လာပြီး
    ရွာဆော်တီး..
    အဲ မွှားကုန်ပြီ… 😛

  • mayjuly

    September 27, 2012 at 2:45 pm

    အန်ကယ်ကြီးတဲံ့ ၁၉၇၄ ကိုများ ..

    မီးတို့ဆို ဘယ်နှယ့် ထော်ရပါ့ :hee:

  • စိန်ဗိုက်ဗိုက်

    September 27, 2012 at 2:54 pm

    ကယ်ကြီး ပြန်ပေါ်လာပြီဆိုတော့..
    ဂေါ်လီကြွေး လေးဆယ့်ငါးပြား ဆပ်ဖို ့မမေ့နဲ ့ဦး
    လက်တို ့ပြီးတောင်းရင် ရှက်ဖို ့ကောင်းလို ့..စာရိုက်ပြီးတောင်းလိုက်တာ

    • အကုန်ပေးအုံးမှာကွဲ့ ဂေါ်လီလုံးအကြွေး
      လောလောဆယ်တော့ ရှိတာလေး ယူထားမလားတဲ့
      လူကြုံစကားပါးလိုက်ပါတယ်

    • MaMa

      September 28, 2012 at 6:25 am

      မောင်ပေါက်ဖော်ရဲ့ စာနာတတ်ပုံက အတုယူလောက်ပါပေတယ်။
      အော်လံလေးနဲ့ တောင်းရင် အနီးနားထိသွားစရာမလိုတော့ မျက်နှာပူစရာမလိုပဲ ပိုများကောင်းမလား… :harr:
      မင်္ဂလာပါ အီးကယ်ဂျန်ရေ။
      (ခွက်ဒစ်တူ ကိုပေါက်)

  • uncle gyi

    September 27, 2012 at 4:23 pm

    မင်္ဂလာပါကိုကျီးရေမိတ်ဟောင်းတွေပြန်ဆုံရလိုဝမ်းသာသဗျာ

    ကိုရင်ဒဿရဲ့ပတ်ဝပ်မှတ်မသုံးကြောင်းပါဗျ
    အဲဒီစက်ကကြွားရရင်ဖင်လန်ရောက်နေတဲ့အမကလက်ဆောင်ပေးလို့ရထားတာပါ
    နိပွန်းအစစ်ကလေးပေါ့
    သူ့ထူးခြားချက်ကသူ့ထဲအကောင့်လုပ်သုံးပြီးသားကိုအခြားစက်နဲ့ပြန်ဖွင့်ရင်မရတာပါ
    နောက်တခြားစက်မှာအကောင့်ဖွင့်သုံးထားတဲ့ပတ်ဝပ်ကိုသူ့ဆီမှာထည့်သုံးရင်လည်းမရမြေကာင်းပါ
    သားတော်မောင်အင်တာနက်ဂျပိုးလည်းလက်မှိုင်ချထားတာ
    သူ့ဆရာဆော့ဝယ်းဆရာလည်းတာ့တာပြထားတာ

    ကိုကြောင်ကြီးနဲ့ကိုပေါက်ရေမင်္ဂလာပါဗျာ
    ကျမ်းခန်းသာလို့မာပါစ
    သွားလေရာအိမ်ထောင်ကျစေကြောင်း
    ဆုတောင်းပနာခြွေလိုက်ပါရဲ့ဗျာ
    စက်ကဖောက်တော့အကောင့်ကဂိန်သွားတာပဗျာ
    စက်ကဖောက်လိုင်းတွေကရန်ကုန်ကားကြပ်သလိုဖြစ်နဲ့စိတ်ညစ်ညစ်နဲ့ရွာမရောက်ဖြစ်တာပါဗျာ

  • မဟာရာဇာ အံစာတုံး

    September 27, 2012 at 7:50 pm

    အန်ကယ်ဂျီး …
    အနော့် မန်ဘာစာရင်းမှာ ဝင်ပြောသွားတာ သိပါတယ်ဂျ ..
    ခုလည်း အကောင့် အသစ်နဲ့ဆိုပေမယ့်လည်း
    အန်ကယ်ဂျီး က အန်ကယ်ဂျီး ဘာဘဲ ..
    သို့ပေသိ ဟိုဒင်းတော့ လျှော့သွားဒါပေါ့နော် ..
    အိုက်ဒါ .. သဂျီးဆီက ပြန်တောင်းဂျာ …
    :kwi:

  • uncle gyi

    September 27, 2012 at 11:07 pm

    မောင်ပေရေသိပ်မပေနဲ့တော့ဟ
    အသောက်ကလေးလျှော့တော့
    ပုဆိုးပြောတာမဟုတ်ဖူးနော်

    surmi ကောင့်အကြွေးဝယ်ထားတာပြန်ဆပ်တော့လေ

    သူကြီးရေအရင်ကောင့် sunmoon.echina@gmail.com ကိုလုံးဝမသုံးတော့ပါကြောင်း
    စာကြွင်း သုံးမရလို့ပါဗျာ

    စိန်ဗိုက်ကတော့လုပ်လိုက်ပြန်ပြီလူကြားထဲ
    နင်လည်းလျှော့တော့ကွယ့်
    အကြွေးဆိုတာနောင်ခါပေးတွေ့တို်င်းတောင်းတဲ့
    နောက်တခါတွေ့မှပေါ့နော်

    ခခေရေမင်္ဂလာပါကွယ်
    ဖုန်းလိုင်းကလေးတွေကောင်းနေရင်တော့ရွာကိုမပြတ်ရောက်အောင်လာပါ့မယ်ကွယ်
    အိတုန် နဲ့ မမနော် တူမကြီးတို့နေကောင်းတယ်နော်
    မှတ်မိဖော်ရလို့ဝမ်းသာသဗျာ
    မဝေကိုတောင်မနက်ကတွေ့လိုက်သေး
    ဆူးတယောက်တော့မမြင်ပါလားကွယ့်

    mayjuly တူမကြီးတို့ဆိုဘကြီးတော်ပေါ့ကွယ်

  • uncle gyi

    September 27, 2012 at 11:12 pm

    ကိုအံစာရေကိုယ့်လူတွေကိုယ့်ကိုမှတ်မိတယ်ဆိုပဲကျေနပ်ပါပြီဗျာ
    အကောင့်အဟာင်းကအမှတ်တွေတော့သူကြီးနဲ့ပြတ်ပြီးပြီပဲ
    ပြောမယ်သာပြောတာပါဗျာ
    ဒီထဲအမြဲဝင်နေတဲ့သူတွေကဒါတွေကိုအဓိကတွက်ပြီးဝင်မယ်လို့တော့မထင်ပါကြောင်း

  • ကိုရင်မောင်

    September 28, 2012 at 9:30 am

    မင်္ဂလာပါ uncle gyi ရေ…..
    uncle gyi ရဲ့ပို့စ်တွေကိုမျော်လင့်နေပါတယ်ဗျာ……

  • uncle gyi

    September 28, 2012 at 10:14 pm

    မမခေါ်လိုက်မှပဲလူကို ကိုရီးယားရောက်သွားသလိုပဲ
    မင်္ဂလာပါဗျာ
    ကိုရင်မောင်ရေကျော်မေးလိုုက်မယ် မမယ်မကောနေကောင်းလားဟင်
    ပို့စ်တွေတော့ရေးထားတာအများကြီးပဲစိတ်ကူးထဲမှာ
    ဘယ်နေ့ကျမှထွက်ကျလာမလဲမသိဖူး

  • Mobile

    September 28, 2012 at 10:28 pm

    မချိုလို့ခေါ်မယ့်အစား မသကြားလို့ခေါ်ရင်လည်
    ချိုတာပါပဲ

  • uncle gyi

    September 28, 2012 at 11:34 pm

    မသကြားလို့ခေါ်ရင်ချိုတဲ့အကြောင်း
    မင်းသမီးဒေါ်ချိုပြုံးနဲ့တွေ့တဲ့အခါပြောလိုက်ပါမယ်
    မိုဘိုင်းရေ

  • myanmar oscar

    September 29, 2012 at 12:12 am

    အင်း..အင်း..ကျွန်တော်သိနေသလိုပဲနော်……

Leave a Reply