ဂဇက်မန်ဘာ အဟောင်း ဈေးကောင်းပေးဝယ်သည်

ေမာင္ရိုးSeptember 13, 20121min37590

မောင်ဆာမိတစ်ယောက် ခုတလော စီးပွားရေးသိပ်မကောင်းဘူးဗျ ။ ရာသီဥတုကလည်း ဖေါက်ပြန်လိုက်

မမြင်ရတဲ့ အန္တရယ်တွေက ချိန်းခြောက်လိုက်နဲ ့ဆိုတော့ ဂျလေဘီလည်း အရောင်းကျတာပေါ့ဗျာ ။

ရွာထဲပြေးချောင်းလိုက် ဂျလေဘီရောင်းလိုက်ဆိုတော့ စိတ်လည်းမဖြောင့်ပါဘူး။ သတင်းဦး သတင်းထူး

ဆိုရင် မောင်ဆာမိတို့က စပ်စုပြီးသား ……။

ဟုတ်တယ်လေ …..ဒီခေတ်မှာက သတင်းကိုအခြေခံပြီး လက်ဦးမှုရယူတဲ ့စီးပွားရေးဆိုတော့ ……

အင်း းးးးး ….ဘာဘဲဖြစ်ဖြစ် ရွာနဲ့တော့ ပြတ်လို့မရဘူးမဟုတ်လား ……။ရွာထဲကသတင်းတွေကလည်း

တကဲ့ အမိုက်စားတွေဆိုတော့ ……..။ ဒီလိုနဲ့ …..ဒီမနက်ရွာထဲလည်းချောင်းလိုက်ရော ……..

…….လား…လား……သတင်းထူးနေပါပေါ့လား ….။ သဂျီးမင်းက အမိန့်ထုတ်လိုက်သတဲ့…..အရင်တုန်း

ကလို အားအားယားယား အကောင့်လေးရှိတိုင်း ရွာသူား လုပ်မရတော့ဘူး တဲ့ …..။ အစဉ်လာရှိတဲ့

အမာခံ ရွာမျက်နှာဖုံး ဂုဏ်သရေရှိ ရွာသူားတစ်ယောက်က အာမခံမှ မှတ်ပုံတင်လို့ရတော့မှာ ဆိုပဲ …။

ပြီးတော့ ….အကောင့် တွေပွားပြီးတစ်ယောက်တည်းက နာမည်အမျိုးမျိုး သုံးမရတော့ဘူး တဲ့…….။

ဘာရယ်မဟုတ်……မောင်ဆာမိ နဲနဲတော့ တွေဝေသွားတယ် …… ရိုးရိုး သားသား စာရေးချင်သူများ…၊

ရိုးရိုး သားသား ကွန်မန် ့ရေးချင်သူများကတော့ . ….မြင်သာမြင် မကြင်ရ ဆိုသလို ဖြစ်ရပြီပေါ့ …….။

တော်ရုံ့ တန်ရုံ ရင်နှီးမှုမျိုးနဲ့လည်း ဂုဏ်သရေရှိ ရွာသူားများကလည်း ဘယ်အာမခံ ပါ ့မလဲ ……

ပေါက်ကရ (၈၀)တွေ ရေးနေမှဖြင့် ……သဂျီးရဲ ့ အရေးယူတာလဲခံရဦးမယ် ….ရာအိမ်မှုး …ဆယ်အိမ်မှုး..

ငါးယောက်မှုး …..သုံးယောက်မှုးတွေကလည်း ဟောက်ဟန်းကြဦးမယ် …..။ ဒါတင်ဘယ်ကမလဲ…

ရွာထဲက …ဘိုးဘိုး ဖွားဖွား ကစလို့ အပျိုကြီးအလယ် ပိစိကွေးတွေအဆုံး…..အားလုံး  အားလုံး ရဲ ့ ….

အတင်းတုတ် တာလည်း ခံရဦးမယ် …..။ ဂျီးတော်နွားပါတဲ့ချီး ….အလကားတော့ ဘယ်ကျုံးပါ ့မလဲ ….နော ။

 

ဒီလိုနဲ ့ပဲ …..ဟိုတွေး ဒီတွေး နဲ ့ ……မောင်ဆာမိခေါင်းထဲ မီးပွင် ့ ဂျီးပွင် ့သွားပါတော့တယ် …..။

ဒီလိုလေ …..မောင်ဆာမိက တစ်လလုံးနေမှ သုံးပုဒ်လောက်ရေးနိုင်တာ ….ခွဲတန်းအရ ဆို (၅၇) ပုဒ်

တောင်မှ ရေးဖို့ကျန်သေး …..။ ပြီးတော့လည်း မန်ဘာသက်တမ်း တစ်နှစ်သာကျော်သွားတယ် ကွန်မန့်က

ခုမှ (၈၀၀) ကျော်ကျော် ….။ ရေးနိုင်မည် ့သူတွေအတွက်ဆိုသိပ် အဘိုးတန်သပေါ ့ ….ကိုယ်က မရေးနိုင်

လို့သာ အလဟတ်သပ် ဖြစ်နေရတာ …..ကဲ …ခုကစလိုက်တော့မယ် ….လက်ဦးမှုလည်းရယူရင်း

“ဂဇက်ရွာအခက် ဆာမိအချက်”  ဆိုတဲ့ သဘောလည်းသက်ရောက်ရင်းပေါ ့  ။ ဒါနဲ့ဘဲ…..နောက်ဖေး

မီးဖိုချောင်က ပိန်လိမ်တွန့်နေတဲ့ ဒန်အိုးဖုံးတစ်ချပ် ပေါ်မှာမီးသွေးခဲနဲ ့   “မန်ဘာ အငှားလိုက်သည်” လို့

ရေးပြီး အိမ်ရှေ ့ချိတ်ထားလိုက်တာပေါ ့ဗျာ ….။ ဒီလိုဆိုတော့လည်း အိမ်စားရိတ်လေးရပြီ လေ ..ဟဲ ဟဲ

ဒါပေမဲ ့ဗျ ….ကလေးကနှစ်ယောက် ….မိန်းမကတစ်ယောက်ဆိုတော့ ..အင်း းးးးးးးးး ဖယ်ရီခ …၊ ကျူရှင်ခ

ဟိုကြေး ဒီကြေး ….လူမှုရေး …မသာအရေး …မင်္ဂလာအရေး ……တွေလည်းရှိပြန်သေးဆိုတော ့..

နာက်တစ်မျိုးကြံ ဦးမှ …..။

ဒီလို ဒီလိုလေ …..အိမ်နောက်ဖေး မီးဖိုဆောင်ကကွာကျနေတဲ့ သွပ်ပြားအစုတ်လေးကိုယူပြီး …

ရွာထဲက နာမည်ကျော်ဒီဇိုင်းဆရာမကြီး မနောဖြူလေး ဆီမှာ ဆိုင်းဘုတ်တစ်ခု အပ်လိုက်တယ်လေ ….။

ပြီးတော့ မှ အိမ်ရှေ ့မှာခန် ့ခန့်ကြီးချိတ်လိုက်တာ ……ဘယ်ပြောကောင်းမလဲ တစ်ရပ်ကွက်လုံး အုံးအုံး

ထသွားတာပဲဗျို ့ …..

ဆာမိနှင် ့ ဘိန်းစားများ အကျိုးဆောင်ကုမ္ပဏီ လိမိတက်

ဂဇက်မန်ဘာကဒ်အဟောင်း ဈေးကောင်းပေးဝယ်သည်        အဲဒီလိုရေးထားတာ ဗျ ။

ကဲ  ကဲ အောက်မှာကြော်ငြာလေး ဝေလိုက်ဦးမယ် ……

 

အထက်ပါကိစ္စနှင့် ပတ်သက်၍ မိမိတို့ထံလက်ဝယ်တွင် ရှိသော အသုံးမလိုပိုလျှံ မန်ဘာကဒ်များ …၊

အကောင် ့တစ်ခုထက်ပို၍လုပ်ထားသဖြင် ့ ပိုလျှံနေသူများ ၊ အကြောင်းကြောင်းကြောင် ့ ဂဇက်ရွာမှ

ထွက်ခွါခဲ ့ သူများထံမှ စွန့်ပစ်ထားသော မန်ဘာကဒ်များ အား ဈေးကောင်းပေးဝယ်ပါမည် ။

မန်ဘာသက်တန်း ….ကွန်မန့်အရေအတွက် …တင်ထားပြီးပို့စ်အရေအတွက် …ရရှိပြီးပွိုင် ့….

နှင် ့ ကြယ်ပွင် ့အရေအတွက်ပေါ်မူတည်၍ ဈေးပြောင်းနိုင်ပါကြောင်း းးးးးးးးးးးးးးးးးး

ရောင်း ၊ ဝယ် ၊ ငှား ပြုလုပ်လိုပါက အောက်ပါလိပ်စာသို့ ဆက်သွယ်ကြပါရန်  ………………….

 

ဒေါက်ချာဆာမိ M B B S (Ba Ka University )

( Myanmar Buddhism Burmese Special ) ဘုန်းကြီးကျောင်းပညာရေးတက္ကသိုလ် ။

ပေါရိသာဒ သင်းချိုင်းအနီး

(မကြည်ပြာနှင် ့ မောင်ဂွတို တို ့၏ အုပ်ဂူနံဘေး မြေနီလမ်းမှ တန်းတန်းဝင်ခဲ ့ ရန် )

 

90 comments

  • pooch

    September 13, 2012 at 2:40 am

    ကိုဆာမိကျမလည်း ကြယ်တွေရောင်းချင်လို့ ဘယ်ဈေးလဲမသိဘူး။ တပွင့် တသိန်းရရင် ရောင်းထုတ်ပြီသာမှတ်။ :mrgreen:

    • etone

      September 13, 2012 at 2:04 pm

      အစ်မပုချ်ရေ …. ဖေ့စ်ဘွခ်ထဲမှာတော့ တွေ့တာပဲ .. ဘာတဲ့ .. သုံးပွင့်မှ တရာဆိုလား …. အဟီး ။ ခွိခွိ ။ 😛

      • pooch

        September 13, 2012 at 2:53 pm

        ဟုတ်ပါ့ တုန်ရေ အမလည်း အဲ့ဒီကာတွန်းလေး တွေ့မိတယ်။ 😀

  • အရီးခင်လတ်

    September 13, 2012 at 4:31 am

    ကဆာမိ

    ကြည့်လဲဝယ်ဦးနော်။
    ဘပု ချွန်ထားတာရှိတယ်။
    Black List ထုတ်ဖို့တဲ့။
    အဲဒါကို ကျုပ်တို့သူကြီး က ကြိုက်လွန်းလို့ သူ့ခေါင်းကို ရွှေတောင်ချပေးတော့ မလို့ စီစဉ် နေပြီ ဆိုလား။
    တော်ကြာ ဝယ်ပြီးမှ တရားမဝင် ငွေစက္ကူလက်ထဲ ကိုင်မိသလို ဖြစ်နေဦးမယ်။ 😆

    • surmi

      September 13, 2012 at 8:37 am

      ဒေါ်ပုချ်ရေ
      ကြယ်ချည်းဘဲတော ့ မရဘူးဗျ။ အကောင် ့ပါ ပါမှကျနော်ပြန်ငှားလို ့
      ရမှာပေ ါ ့ ဟဲဟဲ ။

      အရီးလတ်ရေ
      ဒါဆို အနီကဒ် တွေ အစိမ်းကဒ်တွေ ဘက်စ်ကွန်မန် ့တွေပါပြန်ကြည် ့
      ရတော့မှာပေါ ့နော် ။ အရီးရော ရှယ်ယာပါဦးမလား ။

  • kai

    September 13, 2012 at 5:41 am

    (မကြည်ပြာနှင် ့ မောင်ဂွတို တို ့၏ အုပ်ဂူနံဘေး မြေနီလမ်းမှ တန်းတန်းဝင်ခဲ ့ ရန် )

    ဘာရယ်မဟုတ်..
    အဲဒီအပေါ်ကစာကို ဖတ်ပြီး.. မျက်နှပိုး သတ်မရဖြစ်နေတာ… :mrgreen:

    • surmi

      September 13, 2012 at 8:47 am

      သဂျီးရေ
      ရေးတုန်းကတော ့အတည် ရေးဖို ့ဘဲ ။ အဲ ရေးတော ့မှပဲ အကျင် ့ပါပြီးဖေါက်သွားတာ
      အောက်မှာ ကိုကြောင်လတ်မေးထာတာရှိတယ် ။အမှန်ကအ ဲဒီလိုမေးစရာတွေမေးနိင်
      ိဖို ့အတွက်ရည်ရွယ်တာပဲ ။ ကျန်တဲ့သူတွေလည်း မရှင်းရင်ဖြစ်ဖြစ် ၊ ပြောချင်တာဖြစ်ဖြစ်
      လုပ်လို ့ရအောင်ပါ

  • တပည့် ကြီး

    September 13, 2012 at 6:15 am

    ဟားးဟားး တကယ်မှတ်လို့ဖတ်နေတာ လူနောက်ဘဲ 😛

  • ကိုခင်ခ

    September 13, 2012 at 6:32 am

    ဦးဦး ဒေါက်ချာဆာမိ ကြီးခင်ဗျာ နောက်ဆိုလေလံစနစ်၊ တင်ဒါစနစ် ဆိုတဲ့ ဈေးပြိုင် စနစ်တွေများလုပ်ပြီး ဝယ်လာအုံးမလားဟင် သားသားသိချင်လို့ပါ။
    ကျွန်တော်ကို ကလေးတစ်ယောက်ကမေးခိုင်းလိုက်တာလေး ကိုယ်စားမေးပေးတာပါ။

  • ကြောင်လတ်

    September 13, 2012 at 8:19 am

    အကောင့်နှစ်မျိုးထားပြီးဖွတာမဟုတ်ပဲ တကယ်ရေးတာဆိုရင်ကော ဖျက်မှာလားဟင်င်င်………
    သဂျီးရေ ဟိုဘက်မှာ မန့်လို့မရလို့ ဒီကပဲမေးလိုက်တာပါ။
    အကောင့်တစ်ခုအပိုရှိသည်။ အချက်အလက်များအောက်တွင်ဖော်ပြထားသည်။
    မန်ဘာသက်တမ်း တစ်နှစ်ပြည့်ရန် တစ်လလို
    ကွန်မန့်အရေအတွက် အမြင်အတိုင်း
    တင်ထားပြီးပို့စ် ၃၀
    ရရှိပွိုင့် ၄၀၇၆(ဤမန့်မပါသေး)
    ကြယ်ပွင့်အရေအတွက် အမြင်အတိုင်း

    ဤအကောင့်အား မေတ္တာဖြင့် အပိုင်ပေးကမ်းလွှဲအပ်ပါမည်။ ရောင်း၊ဝယ်၊ငှားဆိုရင် အခွန်ဆောင်နေရမှာစိုးလို့။ ခွစ်ခွစ်
    (မှတ်ချက်။ တဂျီးမဖျက်ဖူးဆိုရင် ပေးဝူးနော်။)

  • kyeemite

    September 13, 2012 at 8:50 am

    ကိုရင်ဆာမိကတယ်လဲအကွက်မြင်ပေသကိုး….
    “မန်ဘာ အငှားလိုက်သည်”
    ဆိုတာလေးတော့သဘောကျသဗျာ…
    ကျုပ်ကလည်းစာသိပ်မရေးနိုင်တဲ့ကောင်မှုတ်လား..
    အိမ်ရောက်မှ ကျုပ်လဲဆိုင်းဘုတ်တင်လိုက်မယ်…တိန်…
    ကြိုက်မီး။

    • surmi

      September 13, 2012 at 9:10 am

      ဗျို ့အစ်ကိုမိုက်
      အဲ့လိုလက်ဦးမှုယူတာတွေ ၊ သတင်းနဲ ့လုပ်စားတာတွေက ၂၄ နှစ်
      တာကာလ နဝတ ကသင်ပေးလိုက်တာဗျို ့ ဟဲ ဟဲ ။ ဒါနဲ ့ဦးမိုက်လဲ
      စာလေးရေးပါဦးဗျ ကျနော်ကတော ့ ဒီတပုဒ်နောက်ဆုံးဘဲ ။
      နောက်လမှ မျက်စိနောက်အောင် ထပ်လုပ်တော ့မယ် ခုတော ့
      ခွဲတန်းပြည် ့သွားပြီ ။

      ဦး /ဒေါ် အေးဝတီကြီးခင်ဗျ
      အဲဒီကိစ္စက သဂျီးမင်းဖြေပါလိမ့်မယ် ၊ ကျနော်က သဂျီးကို
      ကလိထိုးနေတာပါ ဗျ ။

      သဂျီးရေ ……….မေးကုန်ကြပြီနော် ။လာပါဦးဗျို ့။

  • အေးဝတီ ကြီး

    September 13, 2012 at 8:56 am

    သံတွဲမှာ ဘယ်သူ ့ကိုအားကိုးပြီး အဘီဘိုင်ပြ အကောင့်ဖွင့်ဖို ့လုပ်ရမလဲ
    ဖြေပေးပါ။မငှားနိုင်သလို မပေးနိုင်ဘူး ပြောရင် မကြိုက်ဘူးပြောအုံးမယ်။
    လုံးဝ ဈေးမချနိုင်ဘူး။

  • surmi

    September 13, 2012 at 8:57 am

    တပည် ့ဆရာကြီးရေ
    ကျုပ်က အတည်တကျမရေးတတ်ဖူးဗျ ဟဲဟဲ

    ကိုခင်ခရေ
    ဈေးပြိုင်စနစ်နဲ ့ ဝယ်ရမယ်ထင်တယ် ။ မန်ဘာဖြစ်ဖို ့ခက်သွားတော ့ ရေးချင် မန် ့ချင်ရင်
    မလွယ်တော ့ဘူးဗျ။

    ဗျို ့ကိုကြောင်လတ်
    လေယူလေသိမ်းကြည် ့ရတာတော ့ အခြားအကောင် ့တစ်ခုမှာ ကျနော်နဲ ့
    တော်တော်ရင်းနှီးပုံပဲ ဟဲဟဲ ။
    အလကားတော ့မလုပ်ပါနဲ ့ဗျာ ဘီဘီတိုက်မယ်လေ မကောင်းဘူးလား

  • Shwe Tike Soe

    September 13, 2012 at 8:57 am

    အရပ်ပုပု ရုပ်ရည်ချောမောသော လူသိများ အခွက်ပြောင် မန်ဘာအကောင့် ငှားမည်။ ဟိဟိ
    မှတ်ချက်။ ။ ဒီအကောင့်ဖြင့် ရွာသူအပျိုချောများအား ရိသဲသဲ ချစ်စကားကြိုက်စကား မပြောရ…..(ရွာသူများ တန်းတန်းစွဲဖြစ်က တာဝန်မယူ) ခွီးခွိခွိခွိ 😛

    • surmi

      September 13, 2012 at 9:23 am

      ဟေ ့ ဟေ ့ မောင်တိုက်
      ကျုပ်ဈေးကွက်လာမလုနဲ ့နော် ကျုပ်မှာက နောက်တွဲတွေနဲ ့ရုန်းနေရတာ
      ငှဲ ့ညှာကြဂျမ်းဘာ ဟေးဟေး

      • Shwe Tike Soe

        September 13, 2012 at 12:27 pm

        ဦးလေးကလဲ အဟင့် သများလဲ ဆော့ဝဲတွေရောင်းမကောင်းလို. စီးပွားပျက်နေတာ နဲနဲတော့ပေးနော်… နော်နော် ကိုကိုနော်..
        ဒါမှမဟုတ် အကျိုးတူ ပူးပေါင်းမလား ဟင် ခစ်ခစ်ခစ်

        • etone

          September 13, 2012 at 2:08 pm

          တားတားယေး ………. ဆော့ဖ်ဝဲလ်ရောင်းမကောင်းလျှင် အန်ဒါဝဲလ်ပြောင်းရောင်း … ခွိခွိ ။ 😛

          ခြစ်သော
          မေ့မေ့ :mrgreen:

  • ကိုရင်မောင်

    September 13, 2012 at 9:03 am

    သူဂျီးရဲ့..ရွာသူားများသို့.. (9/12/12) ပို့စ်မှာမန်းမရလို့
    ကိုဆာမိကြီးပို့စ်ကနေမန်းလိုက်ပါတယ်…..
    မန်းလေးဂဇက် အဖျက်ဆီးခံလိုက်ရတယ်သိရလို့ အတော်စိတ်မကောင်း
    ဖြစ်ရပါတယ်….
    မန်းလေးဂဇက် ဆက်လက်ရှင်သန်ရေးအတွက် စေတနာထားပြီး
    ဟက်ကာတွေရဲ့တောင်းဆိုမှု့တွေကို အောက်ကြို့ခံတောင်းပန်းတယ်ဆိုတာသိရလို့လဲ
    သဂျီးကိုလေးစားမိသလို အတော်လဲစိတ်မကောင်းဖြစ်ရပါတယ်…
    တို့ရွာကြီးကောင်းကောင်းမွန်မွန်တည်တန့်ရေးအတွက်
    သဂျီးရဲ့စည်းကမ်းတွေကိုလေးစားလိုက်နာပြီး
    သန့်သန့်ရှင်းရှင်းလေးရေးလိုက်ကြပါဆို့……………..
    ….ကိုဆာမိရေ အရောင်းအဝယ်တော့လာလုပ်ချင်သားဗျ..
    ………ဒါပေမဲ့..တရဲကြောက်တယ်..ဟားဟား

    • surmi

      September 13, 2012 at 9:26 am

      အစ်ကိုပျောက်နေလို ့မသိတာပါ
      ခုတလော သောသောညံနေတာ
      ဘာရယ်မဟုတ်ဖူး ကျနော်လဲ သဂျီးကိုမေးလို ့ပြောလို ့ရအောင်ပို ့စ်တင်လိုက်တာ
      အကျင် ့ပါနေတော ့ ပေါက်ကရတွေ ရေးမိနေတယ် ဟဲဟဲ

      • ကိုရင်မောင်

        September 13, 2012 at 4:44 pm

        ဟုတ်တယ်ကိုဆာမိရေ ကျန်ခဲ့တဲ့တပါတ်လောက်က
        မန်းလေးဂဇက်ထဲဝင်လို့ မရတာနဲ့ အိတုန်ကိုမေးကြည့်တော့မှ
        အဖြစ်မှန်သိရတယ် အဲ့ဒီနောက် စက်ရုံရဲ့အင်တာနက်လိုင်းပျက်သွားလို့
        တခါ ကမာ္ဘကြီးနဲ့အဆက်ပြတ်ရပြန်ပါရော…
        မနေ့ကမှပြန်ကောင်းသွားတာ…..

        • အရီးခင်လတ်

          September 13, 2012 at 4:51 pm

          ရဘူး၊ ရဘူး ကိုရင်မောင်။
          အဲဒီရက်က ပျောက် နေသူအားလုံး ကို သံသယ ရှိ ၍ စုံစမ်းရေး အဖွဲ့ မှ စစ်ဆေးခြင်း ခံရပါမည်။ 😆 jk

  • Moe Z

    September 13, 2012 at 9:34 am

    ဦးဦးဆာမိ Moe Z ဆိုတဲ့အကောင့်ကိုရောင်းမယ်
    ဘယ်လောက်ပေးမှာတုန်း နာမည်လည်းမပြောင်းဖူးဘူး
    အကောင့်ခွဲလည်းမရှိဘူး စိတ်ချလက်ချသုံးလို့ရတယ်
    တစ်ခုပဲ အူးကြောင်ကကြုံရင်ကြုံသလိုကြောင်တတ်တယ် :mrgreen:

    • ဒဿ ဖွတ်ကျား

      September 13, 2012 at 9:55 am

      ဦးဦးဆာမိ Inz@ghi ဆိုတဲ့အကောင့်ကိုရောင်းမယ်
      ဘယ်လောက်ပေးမှာတုန်း နာမည်ခွဲတွေပါ အကုန် ကော်ပီရွိုက်ပေးမယ်
      အကောင့်ခွဲလည်းမရှိဘူး စိတ်ချလက်ချသုံးလို့ရတယ်
      တစ်ခုပဲ ဟိုဂျေပီလေး ကကြုံရင်ကြုံသလိုဆဲတတ်တယ်

      အာဟိ…

      ဒက်ဂလောက်..

      • surmi

        September 13, 2012 at 10:29 am

        အဟေးးးးး
        အဆဲခံရမယ်ဆိုရင်တော ့ အင်းးးးးးး ထက်ဝက်ဈေးပေါ ့
        ဘာပဲရ ရဝယ်ထားတာမ မှားဘူးဟ

  • surmi

    September 13, 2012 at 9:52 am

    အဲ ့ဂလိုဆိုရင်တော ့ မဖြစ်သေးဘူးထင်တယ်
    အကျိုးဆောင်ကုမ္ပဏီ နာမည်ပျက်လိမ် ့မယ်
    ဒါနဲ ့ အနီကဒ်ရောဘယ်လောက်ထိထားသေးလဲ

  • weiwei

    September 13, 2012 at 9:53 am

    အကောင့်ကတော့ ရှားရှားပါးပါး တစ်ခုထဲ လုပ်ထားတာမို့လို့ ရောင်းစရာမရှိဘူး …
    ထောက်ခံစာရောင်းမယ် … ဘယ်လောက်ပေးမလဲ 😛

    • surmi

      September 13, 2012 at 10:36 am

      တွေ ့လားသဂျီးရေ
      မဝေတို ့ ရွှေအိတို ့လည်း အကွက်မြင်သဗျ ။
      ဖတ်ရွေးအဖွဲ ့ ကထောက်ခံစာဆိုတော ့ ပိုပြီးမာတာပေါ ့
      သေချာတယ် ဈေးကောင်းရပြီ ဟေ ဟေ ့

  • Shwe Ei

    September 13, 2012 at 9:56 am

    တူညားတို့တော့ ရှိတဲ့အကောင့်လေးတောင် မပျောက်ပျက်အောင် မနဲထိမ်းသိမ်းနေရတာပါ အန်ကယ်ဆာရယ်။ မရောင်းနိုင် မငှားနိုင်ဘွမို့ အူးဆာ ဝင်ငွေကောင်းရင် လက်ထောက်တယောက်လောက်ခေါ်ပါလို့။ 😀

    • ဒဿ ဖွတ်ကျား

      September 13, 2012 at 10:10 am

      ပင်ပန်းနွမ်းနယ်နေပြီလား မကြည်ပြာ …
      ဟင်င်င်င်….
      ဘာလို့ လဲ ဆို ကိုရဲ ရင်ထဲမှာ တချိန်လုံး ပြေးလွှား လှုပ်ရှားနေရလို့လေ…

      :mrgreen:

      ပုံ….
      ဒဿ ရဲဝင်း
      အဲ့လေ..
      ဒဿ ဖွတ်ကျား

      😆
      😳

  • char too lan

    September 13, 2012 at 10:06 am

    တတိန်းရရင် ရောင်းမယ်ဂျာ … တကြားလုံးဝယ်ချားမို့ 🙂

  • Hnin Hnin

    September 13, 2012 at 10:09 am

    အထက်ပါကိစ္စနှင့်ပတ်သက်၍..စာပိုဒ်တော့ နားမလည်လှပါ….တော်သေးတာပေါ့..တစ်ခုလေး
    လုပ်မိလိုက်လို့…လိပ်စာကို အတည်ရေးထားတယ်ထင်ပြီး အသေအချာဖတ်နေတာ..ပြီးတော့မှ ရယ်လိုက်ရတာ..တခွိခွိ….နော်..သူကြီး….ရွာထဲမှာ မန့်လေးမှာပဲဖြစ်ဖြစ်(လူတိုင်းမလုပ်နိုင်တဲ့)
    ရယ်ရအောင်အတော်လုပ်နိုင်သော ပညာရှင်များကို တော်တော့ကိုသဘောကျပါတယ်….

  • ဆူး

    September 13, 2012 at 10:16 am

    (မကြည်ပြာနှင် ့ မောင်ဂွတို တို ့၏ အုပ်ဂူနံဘေး မြေနီလမ်းမှ တန်းတန်းဝင်ခဲ ့ ရန် )

    မိုးတွင်းကာလာ ကျွတ်သတိပြုပါ။ ထုံးဖြူးပြီး မှ လျှောက်လာပါ။

    ဆိုပြီး ဆိုင်းဘုတ် အောက်မှာ ထပ်ထိုးအသေးလေး ချိတ်ပါလား.. တနေ့ကပဲ အသုဘ တခု သွားလို့ မြေနီလမ်းကလေးက ဘွက်ပေါက် လမ်းကလေး ဖြစ်နေတယ်။ အသုဘ ရှင်တွေကတော့ သဲဖြူးပြီး အပင်တွေ ရှင်းထားပေမဲ့ ကျွတ်တွယ်လို့ စိတ်ညစ်ရမှာ စိုးလို့ ထုံးပါ ဖြူးထားသေးတယ်..

  • ဦးဦးပါလေရာ

    September 13, 2012 at 10:20 am

    စီးပွားရေးတော့စီးပွားရေးပေါ့ ကဆာမိရယ်
    ဒါပေသိ ကြာကြာဝါးမယ့်သွာ အရိုးကြည့်ရှောင် ….. တဲ့
    တချို့အကောင့်ပိုတွေက အကောင့်တွေနောက်မှာ အထုပ်တွေပါသေးသနော…
    ကျုပ်သာ အကောင့်ဝယ်မယ်ဆိုရင်
    အရှုပ်အရှင်းကင်းကြောင်း ကိုယ်တိုင်ဝန်ခံချက်လေးနဲ့မှ…… 😀 😀

    • surmi

      September 13, 2012 at 10:51 am

      ချာတူးလန် အကောင့်ကိုဈေးပိုပေးမယ်ဟေ ့
      တဂျီးတမီးမု ့ိလို ့

      မနှင်းနှင်းရေ ရယ်သောသူအသက်ရှည်သတဲ ့

      ဒေါ်ဆူးပြောတဲ ့ အသုဘရှင်က တော်တော် နားလည်ပေးတတ်တာဘဲနော်
      ကိုယ် ့မှာ သောကရှိနေတာတောင်သူများအတွက်စဉ်းစားပေးတယ် ။
      တကယ်လေးစားဖို ့ကောင်းပါတယ်ဗျ ာ ။

      ဦးပါပြောတဲ ့ နောက်တွဲအထုတ်တွေနဲဆိုရင် ဘယ်ဝယ်လို ့ဖြစ်မလဲ
      သေချာပြန်စစ်ဦးမှ ဟဲဟဲ

  • စိန်ဗိုက်ဗိုက်

    September 13, 2012 at 10:30 am

    ပေါက်ဖော် တစ်ခု
    ငပေါက်ဖော် တစ်ခု
    ပေါက်ကျော် တစ်ခု
    SP တစ်ခု
    မစာဥ (ရွာသာကြီး)တစ်ခု
    ဇွဲ တစ်ခု
    စိန်ဗိုက်ဗိုက် တစ်ခု
    စိန်ပေါက်ပေါက် တစ်ခု
    ပေါက်စိန်ဗိုက် တစ်ခု
    အားလုံးပေါင်း ရှစ်ခု ( ကျန်တာ မမှတ်မိ )

    ကွန်းမန် ့ ငါးထောင် လေးရာ့ နှစ်ခု
    ပို ့စ် နှစ်ရာကျော်

    ပွိုင့် ခြောက်ထောင်
    အနီကဒ် ခြောက်ထောင်
    အစိမ်းကဒ် ကိုးဆယ်
    ကြယ်သုံးပွင့် ( နှစ်ပွင့်က ကိုယ့်ဘာသာ ခိုးသည် )

    ရာထူး အယ်ဒီပြာတာ

    အထက်ပါ ရှိသမျှ စီးစိမ် အား ဘီအီး တစ်နှစ်စာ စပွန်စာပေးသူဖြင့် အလဲ အလှယ် လုပ်မည်
    ဆိတ်ဝင်စားသူများ သံချောင်း ဘီအီးဆိုင်သို ့ ဆိတ်ပဲနှပ် မကုန်ခင် အရောက်လာပါ

    • surmi

      September 13, 2012 at 11:01 am

      စိန်ဗိုက် ရဲ ့
      နင် ့ဟာက တစ်နှစ်လုံးတိုက်ရမှာဆိုတော ့ မများဘူးလား
      ညှိုနှိုင်းဈေးဆိုရင်လုပ်လိုက်လေ
      ဂွိဂွိ

  • တညင်သား

    September 13, 2012 at 10:58 am

    ဦးဦးဆာမိ ရယ် တားတားအကောင့် က ရောင်းစားလို့မရတဲ့ အပြင် သဂျီးရဲ့ အခြေခံ ဥပဒေ မှုကြမ်းအရ အခန်း ( ၅ ) အပိုဒ်ခွဲ (ယ) နဲ့ ညိနေလို့ မန်ဘာအဖြစ်က ရပ်စဲ နိင်တယ်လို့ ထင်မိတယ် ပို့စ် လဲမရေး ကွန်မန်းလဲ မပေးပဲ စာဖတ်သူ အဖြစ်နဲ့နေလာတာ .. အရန် မန်ဘာ အနေနဲ့ ထည့်သွင်း စဉ်းစားပေးပါအုံးလို့….

  • Good™

    September 13, 2012 at 11:01 am

    ကားဈေး ကျ၊ ဖုံးဈေး ကျ တာ နဲ့ ရွာ ထဲ မှာ လဲ စီးပွားရေး ပုံ စံ တွေ ပြောင်း နေ ပါလား။
    အကောင့် ရောင်းတဲ့ သူ နဲ့ ၊ ထောက်ခံစာ ရောင်းမဲ့ သူတွေ နဲ့ ရွာထဲမှာ အလုပ်ဖြစ်နေ ကြတယ်။
    သဂျီး လဲ ရွာထဲ အလည်လာတဲ့ သူတွေ ကို ဧည့်စာရင်း တိုင် ခိုင်းရင် ဝင်ငွေ ကောင်း မယ် နော်။
    ဝင်ငွေ ကောင်းလာ ရင်တော့ ပွိုင့် တိုးပေး ဖို့ တော့ မမေ့ နဲ့။
    စတာ နော် သဂျီး။

    • surmi

      September 13, 2012 at 11:45 am

      ကိုတညင်သား ဘာမှမပူနဲ ့ ရေလောင်းရင်ပြန်ရှင်တယ် ဟေးဟေး

      @Good
      နာမည်ပြောင်းထားတော ့မျက်စိလည်နေတယ် ။ထီလိုဘဲလေ ငါးပွက်ရာ
      ငါးစာချရတဲ ့ြခေတ်ဆိုတော ့ ………

  • ကြောင်ဝတုတ်

    September 13, 2012 at 11:08 am

    ကြောင်ဝတုတ်အကောင့်အငှားလိုက်သည်…
    တစ်ခါတစ်လေ ရယ်စရာရေးသည်…
    တစ်ခါတစ်လေ ချဉ်စရာရေးသည်…
    တစ်ခါတစ်လေ အူကြောင်ကြောင်ရေးသည်…
    ခဏခဏ အဆဲခံရသည်…

    ငှားရန်ရှိ…
    ကြောင်ဝတုတ်

  • Crystalline

    September 13, 2012 at 11:22 am

    ကိုဆာမိတို့ကတော့ ခါတော်မှီကိုစီမံကိန်းဆွဲတော့တာပဲ.. စီးပွားရေးအကွက်မြင်တယ်နော်. 🙂 သူဂျီးရဲ့ပို့စ် ဖတ်ရတယ်. ကျမတို့ဒီက MFTB နဲ့ ဘဏ်ကြီးတချို့မှာအကောင့်ဖွင့်သလို အင်ထရိုလုပ်မှ ရတော့မယ်ပေါ့. ကောင်းပါတယ်. ကွန်မင့်ပေးခွင့်ကိုလည်းအဆင့်ခွဲခြားပေးမယ်ဆိုတော့လည်း ကောင်းပါ တယ်. ကျမတို့အတွက်ကတော့ဘာမှမထူးပါဘူး. အရင်ကတည်းက ဖတ်သာဖတ်တာ တော်ရုံတန်ရုံ ကွန်မင့်ပေးလေ့မရှိဘူး.. ဘာသာရေးလူမျိုးရေးနဲ့ပတ်သက်တာတွေဆို ဖတ်တောင်မဖတ်ဘူး. တခွန်းမှ လည်းဝင်မပြောဖူးခဲ့ပါဘူး. သူတပါးစိတ်အနှောက်အယှက်ဖြစ်စေမယ့် အပြောမျိုးပြောရမှာ ဝါသနာကိုမပါတာပါ..

    • surmi

      September 13, 2012 at 11:51 am

      ကြောင်ဝကြီးရေ
      အနီကဒ်တွေ ဘက်စ်ကွန်မန် ့အရေအတွက်တွေလည်းထည် ့ပြောဦးဟေ ့

      Cristalline ရေ
      ဒီလိုပါဘဲဗျာ ဟဲဟဲ ။ မကြာခင်တော ့အရင်အတိုင်းပြန်ဖြစ်မှာပါ
      အဆင် ့ခွဲခြားမယ်ဆိုတာကလည်း အတိအကျမပြောသေးပါဘူး
      တချို ့လူတွေအတွက်ထင်ပါရဲ ့

  • ဦး ဂျစ်

    September 13, 2012 at 11:59 am

    ဟီး… ရှိတာလေးကို ကုတ်ကပ်တွယ်ထားရ တော့မှာ… .
    ကိုယ့်အကောင့်က တန်ဖိုးမရှိပေမဲ့… ၂ နှစ်ကြီးတောင် သက်တမ်းရှိထားတာ..
    နှမျောတယ် … :mrgreen:

  • manawphyulay

    September 13, 2012 at 12:23 pm

    ကြည့်ရတာ အရောင်းအဝယ် အတော့်ကို အလုပ်ဖြစ်နေပြီထင်တယ်။ မျက်နှာငယ်နဲ့ ဒီဇိုင်းလာအပ်ပြီး ခုလို ဂွင်ကောင်းနေချိန်တော့ ဒီဇိုင်းခလေးတော့ ပေးသင့်တယ်ထင်တယ်။ အကျိုးဆောင်ကုမ္ပဏီလုပ်နေပြီး ဒီဇိုင်းခမပေးသေးတော့ ဒီဇိုင်းထပ်ဆွဲပြီး ကြွေးတောင်းရမလို ဖြစ်နေပြီနော်…. 😛

    • surmi

      September 13, 2012 at 12:45 pm

      တိုးတိုးလုပ်ပါဒေါ်မနောရဲ ့
      လူတွေသိကုန်မှဖြင် ့ ……..ဒီနာမည်လေးနဲ ့ဘဲ လုပ်စားနေရတာ
      အေးဆေးပေါ ့ အချင်းချင်းတွေဘဲ

      ဗျို ့ ဦးလေးဂျစ်ကား
      ကိုင်မမထားနဲ ့ ဟောင်းသွားမယ်
      ရောင်းလိုက် ရောင်းလိုက်

  • မောင်ပေ

    September 13, 2012 at 1:04 pm

    မိန်းမ က နှစ်ယောက် ၊ ကလေး က တစ်ယောက် …
    ဟုတ်စ
    ပုံ
    မောင်ပေ ( အိပ်ချင်မူးတူးဖြင့်မန် ့သွားသည် )

  • ahnyartamar

    September 13, 2012 at 1:14 pm

    ကိုဆာမိရေ… share ထည့်လို့ရမလားဗျို့။

  • ဒုတ်ထိုး

    September 13, 2012 at 1:37 pm

    အမျိုးမရှိတဲ့ ဒုတ်ထိုးလေးပါ ၊ ဒုတ်ထိုး အမျိုးမရှိပေမဲ့ အကောင့်ပိုလေးတော့ရှိပါသဗျ ။
    ခုတော့ ငှားမရ ၊ ရောင်းမရနဲ့ ပျောက်ဆုံးရတော့မယ် တိုတိုလေးချာမိရေ ။
    ချိတ်ညစ်ပ ။

  • ရဲစည်

    September 13, 2012 at 2:15 pm

    အူးဆာမိ ပို့စ်မှာဘဲ ကြော်ငြာ ဝင်လိုက်အုံးမယ်
    …………………………………………………။
    ကျနော့် အကောင့်ကို အပြီးအပိုင် ဖျက်သိမ်းပေးပါဗျို့
    ရေးထားတာတွေက လူအများ နားမလည်
    သိမ်းထားရအောင်လဲ တန်ဖိုးမရှိတဲ့စာတွေ
    မှတ်ကျောက်တင်ရအောင်လဲ အတုကြီးမို့
    ကျနော့် အကောင့်ကို အပြီးအပိုင် ဖျက်သိမ်းပေးပါဗျို့

    နောက်တာမဟုတ်ဘူး တကယ်အတည်ပြောတာ
    ရောင်း/ဝယ်/ငှား လုပ်နေရင် ကျနော့်အကောင့်ကို
    လက်ဝယ်ရှိသူ ဓာတ်ကူးသွားမှာ စိုးလို့
    အပြီးအပိုင်သာ ဖျက်စေလိုကြောင်း…

    • surmi

      September 13, 2012 at 2:48 pm

      ကရဲစည်အကောင် ့ကတော ့ဖျက်လို ့ဘယ်ရမလဲဗျာ
      ရသစာပေသမားတွေ ဘယ်သူ ့အားကိုးရပါ ့ဖြစ်သွားမှာပေါ ့
      ရဘူး ရဘူး ကရဲစည်ရှိမှဖြစ်မယ်

      ဗျို ့ဦးပေ
      ကြော်ငြာဝင်တာလားဗျို ့

      ကိုအညာတမာရေ
      ရှယ်ယာမဝင်ခင်ကုမ္ပဏီနံမည် သေချာကြည် ့ဦးနော် ဘ/စ ဖြစ်နေဦးမယ်

      ကိုဒုတ်ထိုး
      ဘာမှမပူနဲ ့ ဘွတူတွေရှိတယ်တဲ ့ ဟဲ ဟဲ

  • Ma Ei

    September 13, 2012 at 2:30 pm

    နောက်နေမှန်းသိပေမဲ့လဲ
    တစ်နေရာမှာဘဲရေး
    တစ်ခုတည်းရှိတဲ့ အကောင့်လေးမို့
    ဘယ်လောက်ဈေးကောင်းပေးပေး
    မရောင်းရေးချမရောင်းပါနော်…

  • ကိုဆာမိ
    သူကြီးက တစ်ကွက်ချန်ထားတယ်။
    အကောင့်အဟောင်းတစ်ခုက အသစ်ဘယ်နှစ်ယောက်ထိ အာမခံပေးနိုင်တယ်ဆိုတာမပါသေးဘူး။
    အဲတော့ အကောင့်တစ်ခုထဲက အများကြီးအာမခံနိုင်တယ်ဆိုရင် ခင်ဗျား ဈေးကိုင်လို့မရဘူးနော်။

    • surmi

      September 13, 2012 at 3:25 pm

      ဟုတ်ပါ ့အစ်ကိုရေ
      သဂျီးကမရှင်းသေးဘူးဗျ ။ကျနော်ထင်တာတော ့အကန် ့သပ်
      မရှိအာမခံ လို ့ရနိုင်မယ်ထင်တယ် ။စည်းကမ်းသိပ်များရင်လည်း
      ရွာထဲ ခြောက်တိတ်သွားမှာစိုးရတယ် ။သံတွဲအဖွဲ ့တွေကလည်းမေးနေပြီ

      မအိရေ
      ရွာလက်မှတ်ကတန်ဖိုးရှိနေပြီနော
      ကိုင်ထား မပျောက်စေနဲ ့ ဟဲဟဲ

      • Wow

        September 13, 2012 at 4:40 pm

        ဟဲ-ဟော… ဟဲ-ဟော… အဲလေ.. ဟောဟဲ 😛
        မမှီမှာစိုးလို့ အတင်းပြေးလာဒါ… စီးပွားရေးမကောင်းဒါနဲ့အတော်ပဲ.. အကောင့်ဘဲရောင်းရရောင်းရ ထောက်ခံစာပဲရောင်းရရောင်းရ… ဘာပဲလုပ်ရလုပ်ရလေ… 😀
        ဒါထက်အရောင်းအဝယ်မဖြစ်ခင် ဂျလေဘီတော့ အလဂါးကျွေးနော်… 🙂

  • ကိုခင်ခ

    September 13, 2012 at 4:40 pm

    ကိုဆာမိရေ ရောင်း ဌား မယ့်အကောင့်ပိုင်ရှင်တွေ လိုက်မေးပြီး စပ်စုကြည့်တော့
    စုစုပေါင်း ၉၆၉၃ ရတယ်ဗျ၊ အဲဒီတော့ ပါရမီTaxi လို ဂဇက်အကောင့် Taxi Group ဆိုပြီး အုံနာကြေးယူလို့ အဌားလိုက်ရင်ရော အဆင်ပြေနိုင်မလား တစ်ချက်စဉ်းစားပေးပါလားဗျာ။

  • မဟာရာဇာ အံစာတုံး

    September 13, 2012 at 5:09 pm

    အဟမ်း .. ဟမ်း ..
    ဒီမှာ ဦးဆာမိ ..
    ကျုပ် လောလောဆယ် အသုံးပြတ်နေလို့
    ကျုပ်မန်ဘာကဒ်ကို ပေါင်လို့ ရမလားလို့ မေးချင်ပါတယ် .. :mrgreen:

  • Fall Guy

    September 13, 2012 at 6:10 pm

    ကျနော်က စာဖတ်သူ အဖြစ်နဲ့နေလာတာကြာပါပြီ။ စည်းကမ်းသစ် မထုတ်ခင်လေးတင် အကောင့်လုပ်မိလို့ ကံကောင်းသွားတယ်။.ရွာသူားများ နဲ့ သူဂျီး ကို ကျနော့် ဘက်ကရင်းနှီးနေပြီးသားပါ။
    အားလုံးကို မဂ်လာပါ။

    • surmi

      September 14, 2012 at 9:02 am

      Wow ဖြေးဖြး ရော ့ရော ့ ဂလေဘီစား ပြီးမှအလုပ်အကြောင်းပြော

      ကိုခင်ခ ရေ
      အခြေအနေသိပ်မကောင်းဘူးဗျ။ ဝယ်ထားတာတွေမြန်မြန်ထုပ်မှ။
      အပြောင်းအလဲရှိနိုင်တယ်

      ဘိုအံဇာ
      သုံးရက်အတွင်းမရွေးရင်အဆုံးနော် ။ အတိုးကနှစ်ဆယ်တိုး ဖြစ်တယ်မှတ်လား

      ကိုဖေါဂိုင်းရေ
      ရွာအဝင်ပထမဆုံးကွန်မန် ့အတွက်ကျေးကျေးနော် ။စာတွေလည်းရေးပါ အားပေးနေပါ ့မယ်

  • မှော်ဆရာ

    September 13, 2012 at 8:30 pm

    ပြသနာ အရှုတ်အရှင်း လက်ခံနှိုင်သူများ .. အကောင့် အလကား ပေးမည် ။
    အကောင့်အမည် … မှော်ဆရာ
    မန်ဘာသက်တမ်း — ၂ နှစ်ကျော်
    (ကံထူးလျှင် အခမဲ့ ချောင်းရိုက်ခံရနှိုင်ပါသည် ..)

  • နေဝန်းနီ

    September 13, 2012 at 8:55 pm

    ကိုဆာမိရေ….။ ဈေးကောင်းပေးမယ်ဆိုရင် ကျုပ်က အတည်ရောင်းမှာနော်….။ စတားကတော့ လေးလို့ တပ်မထားဘူး Rank: Gold နော်…..။

    • surmi

      September 14, 2012 at 9:08 am

      ဗျို ့ ကမှော်
      အလးမပေးနဲ ့ ဟိုကောင်တွေဆီရောင်းပေးမယ် ဈေးကောင်းရ ရင်ဘီဘီတိုက် ဟဲဟဲ

      အဘနီ
      တကယ်ပြောတာလား ။ လာဝယ်မှဈေးမပြောင်းနဲ ့နော်
      သက်တော်ရှည်မန်ဘာကြီးဆိုပြီး ပြတိုက်ထဲထည် ့ထားမလို ့

  • nozomi

    September 13, 2012 at 10:28 pm

    ရောင်းတဲ့ သူက များနေတော့
    ဒီအချိန် ရောင်းရင် ဈေးကောင်းရမှာ မဟုတ်ဘူး
    ကိုဆာမိနဲ့တိုင်ပင်ပြီး ရသလောက် ဝယ် လှောင်ထားမှ
    တက်ဈေး ရ မှ ပြန်ထုတ်တော့မယ် ဟီ ဟိ

  • ကထူးဆန်း

    September 13, 2012 at 10:51 pm

    ရောင်းချင် အမြန်ရောင်းထားမှ .. သူကြီးကာဖျုး ပြန်ရုတ်သွားရင် ဈေးကျသွားမှာနော် …
    တောက်စ် ဒီလိုမှန်း သိ များများလုပ်ထားပါတယ်..

  • မောင်သုည

    September 14, 2012 at 12:14 am

    စပွန်ဆာတွေရမယ်…သိန်း(၅၀)ထဲ…စပွန်ဆာတွေရမယ်နော်..သိန်း(၅၀)ထဲ…
    သူကြီးတို့ရွာထဲမှာ စပွန်ဆာရောင်းပီး၊မြန်မာပြည်မှာ အာရာဖတ်ကြီး ဝယ်စီးအုံးမယ်…

Leave a Reply