ဂဇက်မန်ဘာ အဟောင်း ဈေးကောင်းပေးဝယ်သည်

ေမာင္ရိုးSeptember 13, 20121min37890

မောင်ဆာမိတစ်ယောက် ခုတလော စီးပွားရေးသိပ်မကောင်းဘူးဗျ ။ ရာသီဥတုကလည်း ဖေါက်ပြန်လိုက်

မမြင်ရတဲ့ အန္တရယ်တွေက ချိန်းခြောက်လိုက်နဲ ့ဆိုတော့ ဂျလေဘီလည်း အရောင်းကျတာပေါ့ဗျာ ။

ရွာထဲပြေးချောင်းလိုက် ဂျလေဘီရောင်းလိုက်ဆိုတော့ စိတ်လည်းမဖြောင့်ပါဘူး။ သတင်းဦး သတင်းထူး

ဆိုရင် မောင်ဆာမိတို့က စပ်စုပြီးသား ……။

ဟုတ်တယ်လေ …..ဒီခေတ်မှာက သတင်းကိုအခြေခံပြီး လက်ဦးမှုရယူတဲ ့စီးပွားရေးဆိုတော့ ……

အင်း းးးးး ….ဘာဘဲဖြစ်ဖြစ် ရွာနဲ့တော့ ပြတ်လို့မရဘူးမဟုတ်လား ……။ရွာထဲကသတင်းတွေကလည်း

တကဲ့ အမိုက်စားတွေဆိုတော့ ……..။ ဒီလိုနဲ့ …..ဒီမနက်ရွာထဲလည်းချောင်းလိုက်ရော ……..

…….လား…လား……သတင်းထူးနေပါပေါ့လား ….။ သဂျီးမင်းက အမိန့်ထုတ်လိုက်သတဲ့…..အရင်တုန်း

ကလို အားအားယားယား အကောင့်လေးရှိတိုင်း ရွာသူား လုပ်မရတော့ဘူး တဲ့ …..။ အစဉ်လာရှိတဲ့

အမာခံ ရွာမျက်နှာဖုံး ဂုဏ်သရေရှိ ရွာသူားတစ်ယောက်က အာမခံမှ မှတ်ပုံတင်လို့ရတော့မှာ ဆိုပဲ …။

ပြီးတော့ ….အကောင့် တွေပွားပြီးတစ်ယောက်တည်းက နာမည်အမျိုးမျိုး သုံးမရတော့ဘူး တဲ့…….။

ဘာရယ်မဟုတ်……မောင်ဆာမိ နဲနဲတော့ တွေဝေသွားတယ် …… ရိုးရိုး သားသား စာရေးချင်သူများ…၊

ရိုးရိုး သားသား ကွန်မန် ့ရေးချင်သူများကတော့ . ….မြင်သာမြင် မကြင်ရ ဆိုသလို ဖြစ်ရပြီပေါ့ …….။

တော်ရုံ့ တန်ရုံ ရင်နှီးမှုမျိုးနဲ့လည်း ဂုဏ်သရေရှိ ရွာသူားများကလည်း ဘယ်အာမခံ ပါ ့မလဲ ……

ပေါက်ကရ (၈၀)တွေ ရေးနေမှဖြင့် ……သဂျီးရဲ ့ အရေးယူတာလဲခံရဦးမယ် ….ရာအိမ်မှုး …ဆယ်အိမ်မှုး..

ငါးယောက်မှုး …..သုံးယောက်မှုးတွေကလည်း ဟောက်ဟန်းကြဦးမယ် …..။ ဒါတင်ဘယ်ကမလဲ…

ရွာထဲက …ဘိုးဘိုး ဖွားဖွား ကစလို့ အပျိုကြီးအလယ် ပိစိကွေးတွေအဆုံး…..အားလုံး  အားလုံး ရဲ ့ ….

အတင်းတုတ် တာလည်း ခံရဦးမယ် …..။ ဂျီးတော်နွားပါတဲ့ချီး ….အလကားတော့ ဘယ်ကျုံးပါ ့မလဲ ….နော ။

 

ဒီလိုနဲ ့ပဲ …..ဟိုတွေး ဒီတွေး နဲ ့ ……မောင်ဆာမိခေါင်းထဲ မီးပွင် ့ ဂျီးပွင် ့သွားပါတော့တယ် …..။

ဒီလိုလေ …..မောင်ဆာမိက တစ်လလုံးနေမှ သုံးပုဒ်လောက်ရေးနိုင်တာ ….ခွဲတန်းအရ ဆို (၅၇) ပုဒ်

တောင်မှ ရေးဖို့ကျန်သေး …..။ ပြီးတော့လည်း မန်ဘာသက်တမ်း တစ်နှစ်သာကျော်သွားတယ် ကွန်မန့်က

ခုမှ (၈၀၀) ကျော်ကျော် ….။ ရေးနိုင်မည် ့သူတွေအတွက်ဆိုသိပ် အဘိုးတန်သပေါ ့ ….ကိုယ်က မရေးနိုင်

လို့သာ အလဟတ်သပ် ဖြစ်နေရတာ …..ကဲ …ခုကစလိုက်တော့မယ် ….လက်ဦးမှုလည်းရယူရင်း

“ဂဇက်ရွာအခက် ဆာမိအချက်”  ဆိုတဲ့ သဘောလည်းသက်ရောက်ရင်းပေါ ့  ။ ဒါနဲ့ဘဲ…..နောက်ဖေး

မီးဖိုချောင်က ပိန်လိမ်တွန့်နေတဲ့ ဒန်အိုးဖုံးတစ်ချပ် ပေါ်မှာမီးသွေးခဲနဲ ့   “မန်ဘာ အငှားလိုက်သည်” လို့

ရေးပြီး အိမ်ရှေ ့ချိတ်ထားလိုက်တာပေါ ့ဗျာ ….။ ဒီလိုဆိုတော့လည်း အိမ်စားရိတ်လေးရပြီ လေ ..ဟဲ ဟဲ

ဒါပေမဲ ့ဗျ ….ကလေးကနှစ်ယောက် ….မိန်းမကတစ်ယောက်ဆိုတော့ ..အင်း းးးးးးးးး ဖယ်ရီခ …၊ ကျူရှင်ခ

ဟိုကြေး ဒီကြေး ….လူမှုရေး …မသာအရေး …မင်္ဂလာအရေး ……တွေလည်းရှိပြန်သေးဆိုတော ့..

နာက်တစ်မျိုးကြံ ဦးမှ …..။

ဒီလို ဒီလိုလေ …..အိမ်နောက်ဖေး မီးဖိုဆောင်ကကွာကျနေတဲ့ သွပ်ပြားအစုတ်လေးကိုယူပြီး …

ရွာထဲက နာမည်ကျော်ဒီဇိုင်းဆရာမကြီး မနောဖြူလေး ဆီမှာ ဆိုင်းဘုတ်တစ်ခု အပ်လိုက်တယ်လေ ….။

ပြီးတော့ မှ အိမ်ရှေ ့မှာခန် ့ခန့်ကြီးချိတ်လိုက်တာ ……ဘယ်ပြောကောင်းမလဲ တစ်ရပ်ကွက်လုံး အုံးအုံး

ထသွားတာပဲဗျို ့ …..

ဆာမိနှင် ့ ဘိန်းစားများ အကျိုးဆောင်ကုမ္ပဏီ လိမိတက်

ဂဇက်မန်ဘာကဒ်အဟောင်း ဈေးကောင်းပေးဝယ်သည်        အဲဒီလိုရေးထားတာ ဗျ ။

ကဲ  ကဲ အောက်မှာကြော်ငြာလေး ဝေလိုက်ဦးမယ် ……

 

အထက်ပါကိစ္စနှင့် ပတ်သက်၍ မိမိတို့ထံလက်ဝယ်တွင် ရှိသော အသုံးမလိုပိုလျှံ မန်ဘာကဒ်များ …၊

အကောင် ့တစ်ခုထက်ပို၍လုပ်ထားသဖြင် ့ ပိုလျှံနေသူများ ၊ အကြောင်းကြောင်းကြောင် ့ ဂဇက်ရွာမှ

ထွက်ခွါခဲ ့ သူများထံမှ စွန့်ပစ်ထားသော မန်ဘာကဒ်များ အား ဈေးကောင်းပေးဝယ်ပါမည် ။

မန်ဘာသက်တန်း ….ကွန်မန့်အရေအတွက် …တင်ထားပြီးပို့စ်အရေအတွက် …ရရှိပြီးပွိုင် ့….

နှင် ့ ကြယ်ပွင် ့အရေအတွက်ပေါ်မူတည်၍ ဈေးပြောင်းနိုင်ပါကြောင်း းးးးးးးးးးးးးးးးးး

ရောင်း ၊ ဝယ် ၊ ငှား ပြုလုပ်လိုပါက အောက်ပါလိပ်စာသို့ ဆက်သွယ်ကြပါရန်  ………………….

 

ဒေါက်ချာဆာမိ M B B S (Ba Ka University )

( Myanmar Buddhism Burmese Special ) ဘုန်းကြီးကျောင်းပညာရေးတက္ကသိုလ် ။

ပေါရိသာဒ သင်းချိုင်းအနီး

(မကြည်ပြာနှင် ့ မောင်ဂွတို တို ့၏ အုပ်ဂူနံဘေး မြေနီလမ်းမှ တန်းတန်းဝင်ခဲ ့ ရန် )

 

90 comments

  • surmi

    September 14, 2012 at 9:17 am

    ကိုနိုဇိုရေ
    ဝယ်လို ့မဖြစ်တော ့ဘူးဗျ။ အောက်မှာစီဂျေကြီးပြောနေတယ်
    ပြန်ရုတ်သိမ်းတော ့မှာဆိုလား ဘာဆိုလားးးးးးး

    မဝယ်ရဲတော ့ပါ ကထူးဆန်းရေ
    သဂျီးငြိမ်နေသဗျ ။ ငြိမ်နေရင် သဘောတူလို ့ပေါ ့ နော

    ကိုသုည ခင်ဗျ
    ဈေးလျော ့ပါခင်ဗျ ၊ မကြာခင်မြန်မာပြည်ဥပဒေလို
    အပြောင်းအလဲ ရှိနိုင်တာကြောင် ့ပါခင်ဗျ

  • MaMa

    September 14, 2012 at 9:26 am

    ကိုဆာမိရေ-
    ရောင်းဝယ်ငှားတွေ များလှချည်လား။
    ပွဲခတွက်ပြီး အခွန်ကောက်အုံးမှပဲ။ :mrgreen:

    မအိပြောသလိုပဲ …
    ဒီရွာလေးတစ်ရွာထဲမှာပဲ လူလုပ်နေရတာမို့ မိမွေဘမွေကိုယ့်မြေကွက်ကလေးတော့ မရောင်းရေးချ မရောင်းတော်ရေ့။ 😛

  • surmi

    September 14, 2012 at 10:00 am

    နှမျောစရာ အန်တီမမရယ်
    ပိုလျှံနေတဲ ့ခွဲတန်းလေး အငှားချထားလိုက်ပါလား
    ဈေးကောင်းရအောင်ရှာပေးမယ်လေ ဟဲဟဲ

  • ကြောင်ဝတုတ်

    September 14, 2012 at 1:03 pm

    ဒီမယ်… ဒီမယ်…
    ကြောင်ဝတုတ် အကောင့်ကို လင်ဘော်ဂီနီတစ်စီးနဲ့ လာလဲနေတယ်…
    ဦးဦးစာမိ လဲလိုက်ရမလားဟင်…

    တော်ပါဘီ… ဓာတ်ဆီဖိုးမတတ်နိုင်လို့ မလဲတော့ပါဘူး…

    ဂဇက်ကို သံယောဇဉ်ကြီးသော-
    ကြောင်ဝတုတ်

    • surmi

      September 14, 2012 at 1:50 pm

      လဲပစ်လိုက်ညီလေး
      ဘာမှမစဉ်းစားနဲ ့ ဖြတ်ကနဲပေါ်ရင် ဂွပ်ကနဲလုပ်လိုက်
      ညကအံဇာတုံးရွာပြန်မလို ့ဆိုပြီးသူ့ ့အကောင် ့လာပေါင်သွားတယ်
      ဆုံးမှာစိတ်ချ ။သုံးရက်ဘဲစောင် ့

  • မိုးသောက်ချိန်

    September 14, 2012 at 1:13 pm

    အရောင်းအဝယ် အငှားအရမ်း တွေလုပ်တော့မယ်ဆိုရင်
    ခိုင်မာမှု ရှိအောင် ဝတ်လုံတော်ရ ပုဂ္ဂိုလ်တွေနဲ့ စာချုပ်ချုပ်မှ ဖြစ်မယ်ဆိုတော့
    ဝတ်လုံတော် ကျွန်ုပ်နဲ့ ဆက်သွယ်ကြပါ … 😛
    (ဝတ်လုံတော် = အဝတ်အစားကို ယခုခေတ်မိန်းကလေးအချို့ကဲ့သို့မဝတ်ဆင်ဘဲ လုံလုံခြုံခြုံဝတ်ဆင်သဖြင့် အဝတ်လုံကနေ ဝတ်လုံဖြစ်နေသူ) ….. 😆

    • amatmin

      September 14, 2012 at 1:55 pm

      မင်ဘာဈေးကောင်းပေးတယ်ကြားတာနဲ့ချက်ချင်းရောက်လာတာပဲ..
      ပျောက်နေတာ ကြာပေါ့ ကို မင်းကောင်ရယ်..
      ရင်တွင်းဖြစ်တွေ လုပ်ပါအုန်း ဗျ… 🙂
      ကိုဆာမိရေ..
      မိုက်သဗျို့.. အငှားလိုက်ဖို့တော့ စိတ်ဝင်စားသဗျ..
      ရွာသူအသစ်ဖြစ်ချင်သူလေးဒွေ ဆိုရင်ပေါ့.. 😛

      • surmi

        September 14, 2012 at 2:04 pm

        ကိုမတ်
        ဘဲဘဲတွေက ညဘက် ဖုန်းလှမ်းဆက်မှာမကြောက်ဘူးလား
        သူတို ့ကရွာထဲဝင်ပြီး အီစီကလီလုပ်ထားရင်ဘယ်လိုလုပ်မလဲ
        လူရွေးပြီးမှအငှားလိုက်နော

  • Khaing Khaing

    September 14, 2012 at 1:29 pm

    တောက် …… နာတယ်ကွာ … အခွင့်အရေးရှိတုန်းက ဟိတ်ဟန်လုပ်ပြီး အကောင့်တစ်ခုပဲဖွင့် ရင်ကော့ပြီး ငါကအကောင့်တစ်ခုပဲသုံးတာ ဘာမဆိုပြောချင်ဆိုချင်တာကို င့ါနံမည်နဲ့ ကိုယ်ပိုင်အကောင့်ပဲသုံးပြီးပြောမယ်ဆို ပြီး မာန်တွေတက်ခဲ့တာ…. အခုလို ဝယ်မယ့်သူတွေရှိမယ်လို့ မထင်ခဲ့ဘူး အခုများတော့ တော်တော်အသုံးဝင်နေပြီး…. အင်း ….. ပင်လယ်ပျော် မရှိတုန်းသူ့အကောင့်ကို ခိုးရောင်းလိုက်ရင်ကောင်းမလားမသိဘူး …. အခုလတ်တလော အသုံးပြတ်နေတာဆိုတော့ ကွက်တိပဲ …..

    • surmi

      September 14, 2012 at 1:58 pm

      အတော်ခက်တဲ ့ကလေးမပဲ
      သူများဟာဆိုရင် ဂျန်နရယ်ပါဝါတွေ စပါယ်ရှယ်ပါဝါတွေ ယူခဲ ့ရသကွဲ ့
      အစစ်မရှိရင်လည်း အပေါ်ကဝတ်လုံတော်ရ မိုးသောက်ချိန်မှာပုလင်းမထောင်တဲ ့
      ကိုမင်းကောင်ဆီမှာ အတုသာယူခဲ ့တော ့ ဒါနဲ ့
      နောက်ကြောင်းတော ့ရှင်းတယ်မဟုတ်လား ။တော်ကြာ ကောင်မလေးးးးး
      အဟွတ် ဟွတ် အဟွတ်

  • may flowers

    September 14, 2012 at 2:09 pm

    အဲ..မန်ဘာအကောင့်ဝယ်မယ်ဆို သူများလည်းရောင်းချင်တယ်နော် ကိုဆာမိ…ဈေးကွက်စီးပွားရေးအရ

    ရတုန်းယူထားတာမမှားဘူး။ ရတုန်းယူမထားမိပဲ နောက်မှ (အေးဆေး) ယူမယ်ဆိုပြီး လုပ်လိုက်တိုင်း

    လွဲလွဲလာတာ ကြာပေါ့..ချက်ချင်းရောင်းမယ် ဘယ်ဈေးရမလဲဟင်??????????

    မှက်ချက် ။ ။ မဟောင်းမသစ်မန်ဘာပိုင်ရှင်

    • surmi

      September 14, 2012 at 2:51 pm

      ဟုတ်ကဲ ့ခင်ဗျ
      အငှားဈေးကွက် အေးနေလို ့အရင်ဈေးတော ့မရဘူဗျ။
      အလဲအထပ်လုပ်လဲရပါတယ် ။ ဥပမာ အဘနေဝန်းနီကဒ်နဲ ့
      လဲကိုင်မယ်ဆိုရင် ပြောင်းရွေ ့ကြေး မပါ သိန်းနှစ်ဆယ်ကျ
      ပါမယ်ခင်ဗျ။ အေးဝတီကြီးကဒ်နဲ ့လဲမယ်ဆိုရင် လိုက်စရာမလိုဘူးခင်ဗျ။
      ထပ်တောင်ရဦးမယ်ခင်ဗျ ။ ဘယ်လိုလုပ်ချင်လဲခင်ဗျ

  • TNA

    September 14, 2012 at 3:18 pm

    ယာယီငှားမယ်လေ။ ဈေးကောင်းပေးလို့အဆင်ပြေတော့လဲရောင်းတာပေါ့။ ဈေးကတော့ မလျော့ဘူးနော့ ပွဲစားကြီးဆာမိရေ။[:))]

    • surmi

      September 14, 2012 at 4:23 pm

      လချုပ်လား နှစ်ချုပ်လား
      လချုပ်ဆိုရင်ဈေးသိပ်မရဘူးနော် ။ပွဲခ ကတစ်လစာပေးရမယ်

      • TNA

        September 14, 2012 at 5:30 pm

        အောင်မယ်ငီးဈေးကိုင်ပါ့ပွဲစားကြီးရယ်။

      • TNA

        September 14, 2012 at 5:31 pm

        အောင်မယ်ငီး ဈေးကိုင်ပါ့ပွဲစားကြီးရယ်။[:))]

  • City Jogger

    September 15, 2012 at 10:59 am

    အော် သူကြ ီးမောင်းထုသံကြားလို့ ရေဘေးကယ်ဆယ်ရေးကိစ္စများလားလို့ပြေးလာမိပါတယ်၊
    ဆက်ကြေးတောင်းတာပေးဘို့ ငွေခွဲတာဖြစ်နေတာကိုး။
    သူကြီးခမျာ ဒူးထောက်တောင်းပန်ခဲ့ရသတဲ့။
    အင်းလေ ဟိုဘက်က အာပီဂျီ တွေနဲ့ဆိုတော့ သူကြီးရဲ့ နှစ်လုံးပြူး ဘယ်တိုးနိုင်ပါ့မလဲ။
    အနိတ်လေးတွေစ၊ အနိတ်လေးတွေ စ၊ City Jogger တယောက် ကိုဆာမိဆီဘဲ ပြေးရတော့မှာပေါ့။
    ဗျိူ့ ဗျို့ ကိုကိုဆာ၊ ကို ကို ဆာ၊
    အသစ်ကလေးမှ ၃ပုဒ်ဘဲရှိသေး၊ ဘယ်လောက်ရနိုင်မလဲဟင်င်င်င်င်င်???????????
    ( သကြီးတောင်းဆိုထားသလို မတူသောအမြင်နဲ့ကြည့် ကြည့် တာ၊ ပြေးပြီဗျို့ )
    City Jogger

  • City Jogger

    September 15, 2012 at 10:59 am

    အော် သူကြ ီးမောင်းထုသံကြားလို့ ရေဘေးကယ်ဆယ်ရေးကိစ္စများလားလို့ပြေးလာမိပါတယ်၊
    ဆက်ကြေးတောင်းတာပေးဘို့ ငွေခွဲတာဖြစ်နေတာကိုး။
    သူကြီးခမျာ ဒူးထောက်တောင်းပန်ခဲ့ရသတဲ့။
    အင်းလေ ဟိုဘက်က အာပီဂျီ တွေနဲ့ဆိုတော့ သူကြီးရဲ့ နှစ်လုံးပြူး ဘယ်တိုးနိုင်ပါ့မလဲ။
    အနိတ်လေးတွေစ၊ အနိတ်လေးတွေ စ၊ City Jogger တယောက် ကိုဆာမိဆီဘဲ ပြေးရတော့မှာပေါ့။
    ဗျိူ့ ဗျို့ ကိုကိုဆာ၊ ကို ကို ဆာ၊
    အသစ်ကလေးမှ ၃ပုဒ်ဘဲရှိသေး၊ ဘယ်လောက်ရနိုင်မလဲဟင်င်င်င်င်င်???????????
    ( သကြီးတောင်းဆိုထားသလို မတူသောအမြင်နဲ့ကြည့် ကြည့် တာ၊ ပြေးပြီဗျို့ )
    City Jogger
    City Jogger

  • nature

    September 15, 2012 at 11:35 pm

    မန်ဘာအဟောင်းတွေဈေးတယ်ကောင်းနေပါလား။ ဆာမိလည်းအလုပ်တော်တော်ဖြစ်နေတယ်။ အဟိ …အခွန်သွားကောက်ဦးမှပဲ။ 🙂

  • surmi

    September 16, 2012 at 12:01 am

    City jogger ရေ
    အောက်မှတွေ ့တယ်မဟုတ်လား ဦးနေးချားကအခွန်ကောက်မလို ့တဲ ့
    ဒါကြောင် ့အရောင်းအဝယ်ခဏရပ်ထားတယ်ဗျ ။ဟဲ ဟဲ

  • cobra

    September 16, 2012 at 5:39 pm

    စီးပွားရေးအကွက်တော့မြင်သား…..။

  • ခင်ဇော်

    April 14, 2015 at 3:56 pm

    ဟီးဟီးဟီးးး
    ဒီ စီးပွါး ဖြစ်သလားးး
    :mrgreenn:

  • kai

    April 14, 2015 at 5:46 pm

    ဒါကိုပြန်လုပ်မလား.. တွေးနေတာလေ..။
    အဲ..
    ဂဇက်ကြော်ငြာလည်း.. မြန်မာပြည်ထဲက.. မြန်မာ့အလင်း..ကြေးမုံတို့မှာထည့်ကြည့်မလို့..။
    ၂ကော်လံစာလောက်အကွက်ဆို.. ဘယ်လောက်ကျမလည်း… မသိ..။
    အဆက်အသွယ်ရှိသူတွေ ကူပါဦး..။ :k:

    • naywoon ni

      April 14, 2015 at 7:35 pm

      သတင်​းစာက ​ကြော်​ငြာဖို့မလိုပါဘူး သူကြီးရယ်​ ။ ဖွဘုတ်​က ပို့စ်​​ကောင်​း​ကောင်​း တစ်​ပုဒ်​​လောက်​ တက်​ဂ်​ တွဲလွှတ်​လိုက်​ရင်​ သူကြီးဆိုဒ်​ လူလျှံသွားနိုင်​ပါတယ်​ ။ ကျ​နော်​​တောင်​ အဲ့ လို တင်​​ပေးမလို့ အလင်​းဆက်​ ကို ​မေးခိုင်​း ဦးမလို့ရယ်​ 🙂

  • uncle gyi

    April 14, 2015 at 11:09 pm

    ဒီလောက်နဲ့တော့အလုုပ်မဖြစ်သေးဖူးကိုရင်ဆာမိ
    အလုပ်ဖြစ်ချင်ရင်သူကြီးကတော်ကိုပိုင်မှ

Leave a Reply