၂၀၁၂ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့မှာ ကာလီဖိုးနီးယားအခြေစိုက် Apple ကုမ္ပဏီမှ မျိုးဆက် (၅)ခုမြောက် iPhone ကို စတင်မိတ်ဆက်ခဲ့ပါတယ်….

အရှေ့ကကြည့်လဲယဉ်တယ်…

အိုင်ဖုန်းဖိုက်ရဲ့ မျက်နှာပြင်ကို ကန့်လန့်ဖြတ်တိုင်းရင် ၄လက်မအရွယ်အစားရှိလာပြီး၊ Resolution အားဖြင့် 1136 x 640 ရှိလာကာ၊ ppi အနေနဲ့တော့ iPhone 4 ရော iPhone4S ရောနဲ့အတူတူ 326 ppi အဖြစ်ရှိပါတယ်… အပြောင်းအလဲသိပ်မရှိပါဘူး…

Resolution နဲ့ မျက်နှာပြင်အရွယ်အစားအရ iPhone 4/4S တို့ထက် 0.32 လက်မပိုပြီး ရှည်လာတာကိုတွေ့ရပါတယ်… အရပ်နဲနဲပိုရှည်လာသော iPhone ပေါ့…

Display ကိုတော့ဖြင့် Apple ရဲ့နာမည်ကျော် မျက်ကြည်လွှာဖန်သားပြင် (Retina Display) ကိုပဲအသုံးပြုထားတာကိုတွေ့ရပါလိမ့်မယ်…

အခုလို ကြည်လင်ပြတ်သားတဲ့မျက်နှာပြင်လေးနဲ့ပေါ့…

Two in One Pixel လို အူကြောင်ကြောင် Display မဟုတ်ပါဘူး… ဟိဟိ

အကျယ်ကတော့ iPhone 4 / 4S တို့နဲ့ အတူတူဖြစ်ပေမယ့်… အထူမှာ 0.07 လက်မ ပိုပါးသွားပြီး… တစ်အောင်စမရှိတရှိပေါ့သွားပါတယ်…

ဆက်သွယ်နိုင်တဲ့ကွန်ယက်တွေကိုတော့ 4G စနစ်အထိ ဆက်သွယ်နိုင်တယ်လို့ဆိုသဗျ… ပိုပြီးထူးခြားတာပြောရရင်တော့

အရင်မော်ဒယ်တွေတုန်းက သုံးခဲ့တဲ့ Micro SIM ကဒ်အစား၊ Nano SIM ကိုသုံးမယ်လို့ကြေငြာသွားသဗျ… ပုံမှန် SIM တွေကို iPhone 4 ကနေစပြီး သုံးမရလို့ Cutter တွေနဲ့ Micro SIM ဖြစ်အောင် ဖြတ်ပြီးသုံးခဲ့ရပါတယ်… အခုလို Nano SIM သုံးရမယ်ဆိုတော့ ရှိပြီးသား SIM ကိုပဲ ထပ်ပြီးဖြတ်ရဦးမယ်ထင်ပါ့ဗျာ… ရှာဖွေသလောက် Nano SIM ဆိုတာတော့… အောက်မှာကြည့်ဗျာ…

Apple ကတော့ သူ့ရဲ့ Intelligent Assistant ဖြစ်တဲ့ Siri ကိုထည့်သွင်းထားသလို… iOS6 ရဲ့ ထူးခြားမှုဖြစ်တဲ့ ကိုယ်ပိုင် Map Application အပြင် Passbook လိုမျိုး Function အသစ်တွေနဲ့ အတူတူ iPhone 5 ကို စတင်ရောင်းချမယ်လို့သိရပါတယ်…

ထူးထူးခြားခြားနှစ်ခုအနေနဲ့ iPhone 5 မှာ ယခင် Version တွေမှာသုံးခဲ့တဲ့ 30pin Connector အစား Lightning လို့အမည်ပေးထားတဲ့ Connector အသစ်ကိုသုံးမယ်လို့သိရပါတယ်… ပိုမိုသေးငယ်သွားတဲ့ Connector မို့လို့ အရင် အပေါ်ပိုင်းမှာရှိတဲ့ Headphone အပေါက်ကို အောက်ခြေပိုင်းကိုရွှေ့ထားတာတွေ့ရပါတယ်…

ဒီလိုခေါင်းအသစ်လေးနဲ့လာမယ်…

ဒီလိုနားကြပ်အသစ်လေးနဲ့ အောက်ခြေမှာ ဒီလိုတပ်ပါ…

 

နောက်ထပ်တစ်ခုထူးခြားတာကတော့ အရောင်ပါ… အရင်တုန်းက iPhone4 /4S မှာတုန်းက အဖြူနဲ့အနက်ကို ဘေးဘောင် ငွေရောင်နဲ့ကွတ်ထားပေမယ့် အခု iPhone 5 မှာတော့ အနက်ရောင်ကို ဘေးဘောင် အနက်အမှိန် (Slate) အရောင်နဲ့ ကွတ်ထားပြီး အဖြူကိုတော့ဘေးဘောင်ငွေရောင် (Sliver) နဲ့ကွတ်ထားမယ်မယ့်သိရပါတယ်…

အဖြူနဲ့အမဲ… ဘယ်ဟာရွေးမလဲ…?

ကင်မရာအနေနဲ့တော့ iPhone 4S မှာသုံးထားတဲ့ iSight Camera ကိုပဲပြန်သုံးထားပြီး အရှေ့ Face Time Camera ကိုတော့ 1.2 MP Photo နဲ့ 720 HD ရိုက်လို့ရအောင် အဆင့်မြှင့်ထားတာကိုတွေ့ရပါတယ်…

ဟောဒီလို ကင်မရာလေးနဲ့….

အဓိကဖြစ်တဲ့ Processor ကို A6 နဲ့ အဆင့်မြှင့်ထားပြီး…

ဘက်ထရီသက်တမ်းအနေနဲ့… 3G အပေါ်မှာ စကားပြောချိန် (၈)နာရီအထိသုံးနိုင်ပြီး၊ 3G / 4LTE အပေါ်မှာ အင်တာနက်သုံးချိန် ၈နာရီအထိ သက်တမ်းခံနိုင်ရည်ရှိပါတယ်… Wifi နဲ့သုံးမယ်ဆိုရင်တော့ (၁၀)နာရီအထိအသုံးခံတယ်လို့ ဆိုထားပါတယ်…

Standby ထားထားမယ်ဆိုရင်တော့ (၂၂၅)နာရီအထိ ကြာရှည်ထားလို့ရမယ်လို့လဲ Official Website မှာ ကြေငြာထားပါသေးတယ်…

ရောင်းဈေးကတော့ဖြင့် AT&T, Sprint နဲ့ Verizon တို့နဲ့စာချုပ်ချုပ်ဝယ်မယ်ဆိုရင်တော့…

16GB = ၁၉၉ ဒေါ်လာ

32GB = ၂၉၉ ဒေါ်လာ

64GB =၃၉၉ ဒေါ်လာ… ပါတဲ့…

မည်သည့် SIM Card မဆိုနဲ့သုံးဖို့အတွက် Official Unlock Version ကိုတော့ဖြင့်..

ဟောင်ကောင်မှာ 16GB ကို ၅၅၈၈ ဟောင်ကောင်ဒေါ်လာ၊ 32GB ကို ၆၃၈၈ ဟောင်ကောင်ဒေါ်လာ၊ 64GB ကို ၇၁၈၈ ဟောင်ကောင်ဒေါ်လာအသီးသီးရောင်းချမှာဖြစ်သလို… မကြာခင်မှာပဲ အွန်လိုင်းမှ အမှာစာများကို လက်ခတော့မယ်လို့ သိရပါတယ်…၏

iPhone 5 ကို Apple စတိုးတွေမှာ စက်တက်ဘာလ (၂၁)ရက်နေ့ကျရင်တော့ ဈေးကွက်တင်ရောင်းချမည်ဖြစ်ကြောင်း…

ပန်းသီးချစ်သူများ… အိုင်ဖုန်းမြတ်နိုးသူများကို သတင်းကောင်းပါးလိုက်ပါတယ်ဗျာ…

 

မန်းဂဇက်ရဲ့ပန်းသီးဘရမ်းအေဘိုကိတ်-

ကြောင်ဝတုတ်

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...