ညီလေးအတွက် ရေးတဲ့ကဗျာ

ညီလေး …
မင်း မိန်းမခိုးပြေးတာ
ဘယ်လို ဖီးလ်လာသလဲဆိုတာ
ငါ မသိဘူး …
ဒါပေမယ့် အဲ့ဒီသတင်းကြားတော့
မင်းအပေါ်ရှိတဲ့ အကိုတစ်ယောက်ရဲ့အဖြစ်ဟာ
လျော့ကျသွားသလိုပဲ ငါခံစားလိုက်တယ် …
ဒီအတွက် စိတ်မကောင်းဘူး ညီလေး …..။

ညီလေး …
မင်း အသက်က ၁၇၊ ၁၈
မင်းဆော်ကလည်း ၁၇၊ ၁၈
မင်းတို့ ဘဝကို ဘယ်လို ထုဆစ်ကြမလဲ …?
ငါ မမေးဘူး ညီလေး ..
ငါ မမေးဘူး …
မင်းရဲ့ မိုက်မဲခြင်းအတွက်
မင်းပဲ ပြန်ပေးဆပ်တော့ …
ငါ ပြောချင်တာက တစ်ခုတည်းပဲ
မင်း မိဘကို အပူမကပ်ပါနဲ့ …..။

ညီလေး …
ငါ ဖုန်းဆက်တော့ မင်းက ပြောတယ်
စောင်တောင် မရှိသေးဘူး … ဆိုပဲ
ဒါဟာ …
မပြောပလောက်တဲ့ ကိစ္စလေး ရှိပါသေးတယ် ညီလေး ..
ဒီထက် …
ဒီထက် …..
ဒီထက် မက ….
အများကြီး လာဦးမှာပါ …
ငါ ကျိန်ပြောရဲတယ် ညီလေး …
အဲ့ဒီဒဏ်တွေ မင်း ခံနိုင်ဖို့အတွက်
မင်း အားမွေးတတ်မယ်လို့ မျှော်လင့်တယ် ညီလေး …..။

ညီလေး …
အကိုကြီးတော့ အဖရာ ဆိုပေမယ့်
အိမ်မှာ ငါတို့ အဖေက ငုတ်တုတ်ကြီး ရှိသေးတယ် …
ဒါကြောင့် အကိုကြီးဟာ အကိုကြီးပဲ ညီလေး …

ညီလေး …
အကိုတစ်ယောက်ရဲ့
ညီတစ်ယောက်အပေါ် ထားရမယ့် တာဝန်
ငါ ကျေချင်ပေမယ့် …
အကိုတစ်ယာက်ရဲ့
ညီတစ်ယောက်အတွက် မျှော်မှန်းထားတဲ့
အနာဂါတ်ပန်းတိုင် ….
ငါ အတွေးထဲ သိုဝှက်ထားခဲ့ပေမယ့် …
ခုတော့ ဒါတွေကို ရေစုန်မှာမျှောလိုက်ပြီ ညီလေး …
မင်းက အချိန် မတိုင်ခင် ပျံသွားခဲ့တာကိုး
မင်း သိအောင် ပြောလိုက်ဦးမယ် ညီလေး …
မင်းဟာ ဆိုင်သူပဲ ..
ပိုင်သူ မဟုတ်တော့ဘူး …..။

ညီလေး …
ပိုင်ပိုင်နိုင်နိုင် ကပြသွားတဲ့
ဇာတ်အဖွဲ့အတွက်
ဩဘာသံတွေ ညံလာမှာပဲ ….
ဖရိုဖရဲနဲ့ ဖြစ်ချင်တိုင်း ဖြစ်သွားတဲ့
ဇာတ်အတွက်တော့
ဟာသဆန်တဲ့ လှောင်ပြောင်မှုတွေ လာမှာပဲ …
ဒါ ဓမ္မတာပဲ ညီလေး …
ဒီတော့ မင်းရွေးလိုက်တဲ့လမ်း
မင်းပဲ ဖြောင့်အောင် လျောက်ရမှာ …
မင်း ကတဲ့ ဇာတ် …
မင်းပဲ နိုင်အောင် ကရမှာ …
ဒါလေး မှတ်ထားပါ ညီလေး …..။

ညီလေး …
အဖေ ခဏခဏ ဆုံးမဖူးတဲ့ စကား
မင်း မှတ်မိဦးမလား မသိဘူး …
ရှာမကျွေးနိုင်ဘဲနဲ့ မိန်းမယူလို့ကတော့
ငါ့ ခြင်ထောင်ထဲ ထည့်ထားလိုက်မှာ … ဆိုတာလေ
ဒါဟာ ဟာသဆန်ဆန် ဖြစ်ပေမယ့်
တကယ်တော့ …
အဖေက အမျှော်အမြင်ကြီးကြီးနဲ့
ဆုံးမလိုက်တဲ့ စကားပဲ ညီလေး …
ငါကတော့ ဒီစကားကို ခေါင်းထဲ ရိုက်ထည့်ထားတယ် …
မင်းကတော့ မေ့ချင်ယောင် ဆောင်ခဲ့တယ် …
ဒီအတွက် မင်း ခံရလိမ့်မယ် …..။

ညီလေး …
မင်း မိန်းမ ရှာတာ
ငါ အပြစ်တော့ မပြောလိုပါဘူး …
ဒါဟာ အများစု လျောက်လှမ်းနေတဲ့ လမ်းပဲ
ဒါပေမယ့် ညီလေး …
မင်း အဖြစ်က စောလွန်းနေသေးတယ် …
ဒါပေမယ့် ညီလေး …
မင်း အဖြစ်က လွန်ခဲ့ပြီ …
ဒါပေမယ့် ညီလေး …
မင်း အဖြစ်က အိမ်ထောင်သည်ဘဝကို ရောက်ခဲ့ပြီ …..။

ညီလေး …
မင်း သတင်းကို ကြားရကတည်းက
မင်းအပေါ်မှာ ဖြစ်တည်ခဲ့တဲ့
အကို တစ်ယောက်ရဲ့ အဖြစ်ကို
တင်းပြည့်ကျပ်ပြည့် မခံစားရသလို
ဖြစ်သွားတဲ့ ငါ ….
မင်းအပေါ်မှာ
မျှော်လင့် ထားသမျှကို ခဝါချ
သူက ငါတို့ မပိုင်တော့ပါဘူး … လို့ဆိုတဲ့
အမေ့ရဲ့ တိုးလျလျ အသံနဲ့ ….
အေးလေ … ဖြစ်ပြီးတော့လည်း
ဘာတတ်နိုင်မှာလဲ .. ဆိုတဲ့
အဖေ့ရဲ့ နှစ်သိမ့်တဲ့ အသံ …
ပြီးတော့ …
မင်းအောက်က ညီမသုံးယောက်ရဲ့ အသံ
ဒီအသံတွေက အသိုက်ထဲက
အစောဆုံး ထွက်ခွာသွားတဲ့ မင်းအတွက်
တိုးတိုးလျလျသာ ပေါ်ထွက်လာခဲ့တယ် …
ဒါက မင်းသိအောင်ပါ ညီလေး …..။

ညီလေး …
မင်းရဲ့ သီးခြား ကမ္ဘာငယ်အတွက်
မင်း လှပအောင် ထုဆစ် ..
မင်းရဲ့ သီးခြား ဘဝလေးအတွက်
မင်း ရှုချင့်စရာ ဖြစ်အောင် ထုဆစ် …
မင်းရဲ့ ကြင်ဘက်နဲ့
နားလည်မှု ရှိနေအောင် ကြိုးစား
မင်းတို့ရဲ့ အနာဂါတ် လှေကားများမှာ
မပင်မပန်းနဲ့ တက်လှမ်းသွားတာကိုပဲ
မြင်ချင်တယ် ညီလေး …..။

ညီလေး …
အရင်တုန်းက မင်းနဲ့ပြောတိုင်း
ဟာသဆန်ဆန် ဆဲတတ်တဲ့
အကိုတစ်ယောက်ရဲ့ အဖြစ်ကို
ပြန်လည် မုသွင်းလို့
မင်း အတွက်နဲ့
စိတ်ဒုက္ခ ရောက်ရသူတွေအတွက်
နောက်ဆုံးအနေနဲ့
ဆရာအောင်ဝေး ဆဲသလို ဆဲပစ်လိုက်မယ်
ညီလေး မင်းကို ရီးပဲ ဟေ့ကောင် …..။

မင်းရဲ့ အကို မဟုတ် တဟုတ်
အံစာတုံး

31 comments

  • Hnin Hnin

    September 13, 2012 at 9:47 am

    ရယ်ရတယ်နော်…နောက်ဆုံးပိတ်မှာ အသံထွက်ရယ်မိလိုက်ပါသည်….

  • linnlinnn

    September 13, 2012 at 10:25 am

    အကိုတစ်ယောက်က ညီဖြစ်သူကိုမချိတင်ကဲအပြစ်ဆိုနေပေမဲ့
    မင်းအပေါ်မှာ
    မျှော်လင့် ထားသမျှကို ခဝါချ
    သူက ငါတို့ မပိုင်တော့ပါဘူး … လို့ဆိုတဲ့
    အမေ့ရဲ့ တိုးလျလျ အသံနဲ့ ….
    အေးလေ … ဖြစ်ပြီးတော့လည်း
    ဘာတတ်နိုင်မှာလဲ .. ဆိုတဲ့
    အဖေ့ရဲ့ နှစ်သိမ့်တဲ့ အသံ …
    ဒီစာကြောင်းလေးဖတ်ပြီး.. သားသမီးအပေါ်ဖြစ်စေချင်တဲ့ ဆန္ဒရှိကြတဲ့..မျှော်လင့်ချက်ထားတဲ့ မိဘတွေရဲ့မေတ္တာ၊ ဖြစ်စေချင်တိုင်းလည်း မဖြစ်, မဖြစ်စေချင်တာကိုလည်း မတားဆီးနိုင်တဲ့ မိဘတွေရဲ့ အဖြစ်ကို ခံစားမိပြီး မျက်ရည်ဝဲရပါတယ်။

    • မဟာရာဇာ အံစာတုံး

      September 13, 2012 at 4:47 pm

      တစ်ရှူးလေး ကမ်းပါရစေဗျာ ..
      (မျက်ရည်ဝဲတယ် ဆိုလို့) 😀
      ခုလို ခံစား ဖတ်ရှုသွားတဲ့ linnlinn ကို ကျေးဇူးပါလို့ ..

  • kyeemite

    September 13, 2012 at 10:26 am

    ပညာရှာရမဲ့အရွယ်မှာ စိတ်ကူးယဉ်ပြီး
    ဘဝဆိုတာကိုအလွယ်တွေးထင်နေသူတွေ…..
    ဖြစ်တတ်တာမျိုးပေါ့……….

    ညီလေး …
    မင်းရဲ့ သီးခြား ကမ္ဘာငယ်အတွက်
    မင်း လှပအောင် ထုဆစ် ..
    မင်းရဲ့ သီးခြား ဘဝလေးအတွက်
    မင်း ရှုချင့်စရာ ဖြစ်အောင် ထုဆစ် …
    မင်းရဲ့ ကြင်ဘက်နဲ့
    နားလည်မှု ရှိနေအောင် ကြိုးစား
    မင်းတို့ရဲ့ အနာဂါတ် လှေကားများမှာ
    မပင်မပန်းနဲ့ တက်လှမ်းသွားတာကိုပဲ
    မြင်ချင်တယ် ညီလေး …..။

    ဘာပဲပြောပြော..ဒီစကားစုလေးထဲမှာတော့
    အစ်ကိုတစ်ယောက်ရဲ့ မေတ္တာကိုမြင်ရပါတယ်…

    • မဟာရာဇာ အံစာတုံး

      September 13, 2012 at 4:54 pm

      ဟုတ်တယ်ဗျာ ..
      ပညာက မစုံသေးဘူး ..
      ကြင်ယာက စုံသွားပြီဆိုတာ ဒါမျိုးနေမှာ ..
      တော်တော် အသုံး …
      မပြောတော့ပါဘူးဗျာ …
      ခုလို ကျနော့်ရဲ့ ကဗျာကို အားပေးသွားတဲ့
      ဦးကြီးမိုက်ကို ကျေးဇူး တင်ရှိပါတယ်လို့ …

  • စိန်ဗိုက်ဗိုက်

    September 13, 2012 at 10:51 am

    တိုရီးက အဲလို တွက်ချက်နေလို ့ ခုလို လပြိုဂျီး ဖြစ်နေတာ..
    ညေးကတော့ အေးချေး ခေးမွေးပဲ.ညှင်း..ညှင်း..
    အပျိုရီး လပြိုဂျီးတွေ ပိုပေါလာအောင် ခုလို ဘာမသိညာမသိ လျှောက်ရေးနေတဲ့ တိုရီးကိုလဲ ရီးပဲဂျာ..
    🙂

    • pooch

      September 13, 2012 at 2:53 pm

      ဟော့ဒီမှာဗျို့ သူကြီးရေ စိန်ဗိုုက်ဆဲနေတယ် :mrgreen:

      သူငယ်အံရေ သူ့ဘဝ သူ့အကြောင်းပေါ့ဟယ်။ စိတ်မကောင်းမဖြစ်ပါနဲ့ ။ တချို့တွေလည်း ပျိုတကံ အိုတကံ ဆိုပြီး အိမ်ထောင်ကျမှ တွန်းအားကြောင့် ဘဝကို ထူထောင်နိုင်တာတွေ အများကြီးပါ။ လူတိုင်း မွေးကတည်းက လက်ဗလာနဲ့ လာခဲ့ကြတာမလား။

      ဘာတဲ့ ဘီလ်ဂိတ်ပြောတာလေး ဆင်းဆင်းရဲရဲ မွေးလာတာ မင်းအပြစ် မဟုတ်ပါဘူးတဲ့ ဆင်းဆင်းရဲရဲ သေသွားရင်သာ မင်းအပြစ်တဲ့
      ဆိုတော့ အသက်ရှင်နေသမျှ ကိုယ့်မှာ အခွင့်အရေးရှိပါတယ်။ ကြိုးစားဖို့ပဲ လိုတာပါ။

      • မဟာရာဇာ အံစာတုံး

        September 13, 2012 at 5:19 pm

        စိန်ဗိုက် …
        ငါက မယူချင်လို့ မယူသေးတာကွ .. ညှင်းညှင်း ..
        (ဂယ်ဒေါ့ အိမ်က ပေးစားဒါဘဲ စောင့်နေရဒဲ့ ဘဝမို့ .. အဟီး .. ဟင့် .. ရွှတ် .. ငါ့ နှပ်ချေးဖတ် စိန်ဗိုက် နဖူးမှာကပ် …)
        နင်ဂဒေါ့ သိမှာ ဟုတ်ဘူး ..
        ဟိုဂျီးဒေါ် Wow ရဲ့ ပို့စ်မှာ နာဂ နင့်ကို ချဲပီးတား .. ကွိကွိ ..
        ဒီတော့ ကျေပီ …

        xxxxxxxxxx

        အမပုချ်ရေ ..
        ကျနော် စိုးရိမ်တာက
        ငယ်ငယ်နဲ့ အိမ်ထောင်ကျပြီး
        သူတို့ရဲ့ အိမ်ထောင်ရေး တစ်ခုခု ဖြစ်သွားမှာကိုပါပဲ ..
        အမပုချ်ပြောသလို အိမ်ထောင်ကျပြီးမှ တွန်းအားကြောင့်
        ထူထောင်နိုင်သွားတယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ …
        ပြီးတော့ ဘီလ်ဂိတ်ရဲ့ စကားအတွက်လည်း ကျေးဇူးပါလို့ ….

  • ကိုရင်စည်သူ

    September 13, 2012 at 11:47 am

    တိုရီး… တိုရီးအံချာ… ညဲရေးစီစီကိုလည်း
    တိုရီး ညဲမရေးရဲ့ .. ညဲလေးတစ်ယောက်လို သဘောထားပီး
    ဆုံးမဘေးဘာ… အတိုကြီးတော်ချင်ရို့ဘာ.. တိုရီး..
    တိုရွီးရဲ့ မေတ္တာတွေကို ညဲရေးတိလို့
    တိုရွီးတော်ချင်ဘာဒယ်… တိုရီးအံစာနော်… :mrgreen:

    • မဟာရာဇာ အံစာတုံး

      September 13, 2012 at 5:25 pm

      တိုရင်စီခည ..
      အနော့်ရဲ့ ညီမငေးလေးဒွေဂလေ ..
      ခုမှ နှပ်ချေးတွဲလောင်း သာသာလေးဒွေဘဲ
      ရှိဒေးဒါ ခည …
      စောင့်မှာလားဟင်င်င် .. :mrgreen:

  • manawphyulay

    September 13, 2012 at 12:26 pm

    ဦးအောင်ဝေးစရိုက်တွေပေါ်လာပါလား အမျိုးများ တော်နေသေးလားဟင်… ညီလေးအတွက်ဆိုပေမယ့်
    ညီမလေးက မနေနိုင်လို့ ဝင်ရောက်ဖတ်မိပါတယ်။
    ဟိတ်ကောင်… မင်းကို………..
    ……………………..
    တွေ့ရင် မုန့်ဝယ်ကျွေးမယ်လို့ ပြောတာ… 😛

  • Shwe Tike Soe

    September 13, 2012 at 12:37 pm

    အစ်ကိုတစ်ယောက်ရဲ. စိတ်သဘောထားနဲ. ဂရုနာဒေါသ တွေပေါ့ဗျာ…. အင်း အဲလို ကိုယ့်ညီလေး ဘာမှ မဖြစ်သေးတဲ့အချိန်မှာ အဲလိုဖြစ်သွားတော့ နှမျောရှာမှာပေါ့… ဒါပေမယ့်လဲလေ ဖြစ်ပြီးမှတော့လဲ ဘယ်တတ်နိုင်ပါ့မလဲ…..
    ကျွန်တော်အမေ ပြောဘူးတယ်… ကိုယ်ကြိုက်တာကိုယ်လုပ်တဲ့ ကိုယ်ဖြစ်ကိုယ်ခံပဲတဲ့ အမေတို.ကတော့ တတ်နိုင်သလောက် ဖေးမရမှာ အမေတို.တာဝန်ပဲတဲ့…………. အဓိပ္ပာယ်က အများကြီးနော်…….

    ခံစားသွားပါကြောင်း

    • မဟာရာဇာ အံစာတုံး

      September 13, 2012 at 5:34 pm

      ခုလို ခံစား အားပေးသွားတဲ့အတွက်
      ဦးရွှေတိုက်ကို ကျေးဇူး အများကြီး တင်ပါတယ်လို့ ..
      ဦးရွှေတိုက်ရဲ့ အမေ ပြောဘူးတဲ့ စကားတွေကလည်း
      မှတ်သားစရာတွေ ပါပဲဗျာ …

  • မောင်ပေ

    September 13, 2012 at 1:18 pm

    စာသားတွေထဲက ခံစားချက်တွေ စေတနာတွေ ကို မြင်ရတော့
    စနဲသီချင်းကိုတောင် ပြေးသတိရမိတယ် ရောင်းရင်းကြီးရယ်
    🙂

    • မဟာရာဇာ အံစာတုံး

      September 13, 2012 at 5:35 pm

      စနဲသီချင်း ..
      ဘာသီချင်းတုန်းဂျ ..
      ကျုပ်က သိဘူးရယ် .. အဟီးးး
      ဘောပေါက်အောင် အဲ့သီချင်းကို ဆိုပြဘာဦး ..

  • surmi

    September 13, 2012 at 2:10 pm

    အစ်ကိုဂျီး
    ဘဝဆိုတာပြည် ့စုံမှစရမှာလား
    မပြည် ့စုံရင်ဒီတစ်သက်
    ငှက်ပျောတုံးဖက်ရမှာလား
    ကြီးရင် ့သွားတဲ ့အသက်တွက်
    ဘယ်ကာလခရီးသွားစက်နဲ ့နောက်ပြန်ဆုတ်မှာလဲ
    တွေ ့ဖူးတာသဂျီးတယောက်ဘဲရှိတယ်
    နှစ်ရက်နောက်ဆုတ်ပြီး
    ခုနှစ်ရက်နေ ့ကပြန်စတာ
    ဒီမှာကိုဂျီး
    ကြောက်တတ်ရင်လွဲ
    ရဲ နှစ်ခါသေတဲ ့
    လွဲမှာကြောက်တဲ ့ညီလေး
    ခြင်ထောင်ဘေးမှာအိပ်ရင်လဲ
    စိတ်ဒုံးဒုံးချထာားတယ်
    မုန် ့လုံးရေပေါ်ဆိုတာ
    ရာဇဝင်မှာနစ်ရိုးမရှိ
    စိတ်သိပ်မပူပါနဲ ့
    အပေါင်ဆိုင်ရှိသလား
    ငွေ ယားဖေါ်လို ့ရတယ်
    ဘုံဆိုင်ရှိသလား
    စိတ်ညစ်ရင်သွားလို ့ရတယ်
    ငွေများများကိုင်ချင်သလား
    နှစ်လုံးထီဒိုင် ဆီသွားလို ့ရတယ်
    ညောင်းညာနေသလား
    အနှိတ်ခန်းသွားလို ့ရတယ်
    ပေါက်ကွဲချင်သလား
    ကာရာအိုကေသွားလို ့ရတယ်
    ဒါပေမဲ ့ကိုဂျီး
    ဆာနေတဲ ့နှလုံးသား
    ဘာနဲ ့အစားထိုးမလဲ
    ကိုဂျီးရဲ ့နှလုံးသား
    သိပ်များ အားနေရင်တော ့
    လမ်းထိတ်က မကြင်ဝှက်အပေါင်ဆိုင်မှာ
    ခုနှစ်ထောင်နဲ ့ပေါင်လိုက်တော ့
    ချစ်ကိုဂျီးအတွက်
    ထီးတစ်လက်ပြန်ပေးလိုက်မယ်
    အဆာဟိကြိုက်လား
    ယာမတ်ဆုကြိုက်လား
    ကျုပ်တို ့ကတော ့ခတ်မိုက်မိုက်ဘဲ ။

    ပုံ
    ခတ်မိုက်မိုက်ညီလေး
    ဆာမိ

  • surmi

    September 13, 2012 at 2:14 pm

    အံဇာကြီးရေ
    ခံစားချက်ကိုကိုယ်ချင်းစာပါရဲ ့
    နောက်တာနော် ။

    • မဟာရာဇာ အံစာတုံး

      September 13, 2012 at 5:41 pm

      ရဘာဒယ်ဂျာ …
      ချစ်တဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံနေချိန်မှာ
      ရင်ထဲက ဒဏ်ရာဟာ လျော့ပါးနေတတ်တယ်တဲ့ …
      ပီးဒေါ့ ဦးဆာမိဂျီး စပ်ထားတဲ့ ကဗျာက
      ရေလည် လန်းတယ် …
      ဘာတဲ့ …

      ကိုဂျီးရဲ ့နှလုံးသား
      သိပ်များ အားနေရင်တော ့
      လမ်းထိတ်က မကြင်ဝှက်အပေါင်ဆိုင်မှာ
      ခုနှစ်ထောင်နဲ ့ပေါင်လိုက်တော ့

      ကျေးဇူးပါ ဦးဆာမိရေ …
      ကျုပ် နှလုံးသားတော့ မပေါင်သေးဘူး ..
      ခင်ဗျား ပို့စ်မှာတော့ တစ်ခုခု ပေါင်ဖို့ ပြောထားတယ် …. 😀

  • Historic@l_Crime

    September 13, 2012 at 2:51 pm

    ပို့စ်ရေးတဲ့ ကိုအံစာတုံး စာလဲ ကြိုက်တယ်
    အောက်က ကောမန့်ပေးတဲ့ ကိုဆာမိ စာကိုလည်း ကြိုက်တယ် …။
    အားပေသွားပါသည်။

  • kai

    September 13, 2012 at 3:07 pm

    ဟုတ်တယ်
    နှစ်ရက်နောက်ဆုတ်ပြီး
    ခုနှစ်ရက်နေ ့ကပြန်စခဲ့ရတယ်
    စိတ်ထဲကမကောင်း
    ရင်နှစ် စာအစစ်တွေ ချရေးထားခဲ့သူတွေအတွက်..။

    စိတ်ကမကောင်း..
    နှစ်ဟောင်းတွေကြွေတာတောင်
    စိတ်သစ်ကိုယ်သစ်နဲ့
    ပျိုမြစ်ချင်းမရှိနိုင်သူတွေအတွက်…။

    စိတ်မကောင်း..
    ငှက်ပျောတုံးဖက်
    ပျိုကြီးစကားလုံးကို လင်လုပ်
    မယားအဖြစ် သုံးကစားနေရသူတွေအတွက်…။ 🙂

  • နေဝန်းနီ

    September 13, 2012 at 3:52 pm

    ညီလေးလို့ ရေးထားတာကို ညီမလေးလို့ ဖတ်မိပြီးဝင်ကြည့်မိသွားတာ ပြီးမှမှားမှန်းသိပြီးဘာပြောရမှန်းမသိတော့လို့ စိတ်မကောင်းပါဘူး ကိုကိုအံဇာဒုန်းရေ…။

  • မဟာရာဇာ အံစာတုံး

    September 13, 2012 at 5:45 pm

    Historic@l_Crime

    ဟုတ်ကဲ့ပါ ခင်ဗျာ ..
    ခုလို ကျနော့်ရဲ့ ကဗျာလေးကို အားပေးသွားတဲ့အတွက်
    ကျေးဇူးပါလို့ ….

    …………..

    သဂျီး …

    သဂျီး စိတ်မကောင်းဘူးဆိုရင် ..
    ပွိုင့်တွေ ပြန်တိုးပေးလိုက်ဗျာ ..
    ဒါဗြဲ … 😀

    ……………..

    နေဝန်းနီ

    ဦးနေ တို့ကတော့ ဖြစ်ရမယ် …
    ညီလေး ကို ညီမလေးလို့ မှားပြီး ဖတ်ရတယ်လို့ ..
    ခုဟာက စာမို့ တော်ဒေးဒယ် ..
    တကယ့် အပြင်မှာ အဲ့လို မှားလို့ကတော့ ..
    ပြောတော့ဘူး .. 😀

  • ရွှေ ကြည်

    September 13, 2012 at 6:36 pm

    ညီလေး …
    မင်း သတင်းကို ကြားရကတည်းက
    မင်းအပေါ်မှာ ဖြစ်တည်ခဲ့တဲ့
    အကို တစ်ယောက်ရဲ့ အဖြစ်ကို
    တင်းပြည့်ကျပ်ပြည့် မခံစားရသလို
    ဖြစ်သွားတဲ့ ငါ ….။

    အဲဒါလေးကိုဖတ်ပြီးငိုချင်သွားတယ်။ ရွှေကြည်လည်းအဲလိုပဲခံစားရတယ်
    အစ်ကိုအကြီးဆုံးရဲ့ အမျိုးသမီးဆို
    အိမ်မှာရှိသမျှအစ်ကို့အဝတ်အစားကအစအားလုံးကိုသယ်တာ
    ဆိုင်သာဆိုင်မပိုင်တော့တဲ့ ဘဝမှာ အမေနဲ့အဖေကိုသနားမိသွားတယ် ရွှေကြည်တောင်စိတ်မကောင်းဖြစ်သွားတာ အမေတို့ဆိုဘယ်လိုနေမလဲပေါ့။

    • မဟာရာဇာ အံစာတုံး

      September 13, 2012 at 6:44 pm

      အေးဗျာ …
      ကိုယ့်အသွေးအသားကို
      သူများက လုယူသွားသလိုပဲ …
      ကျနော့်အတွက် ဒါဟာ ပထမဆုံး အကြိမ်ပါပဲ …
      အရင်တုန်းက အိမ်ထောင်မှုနဲ့ ပတ်သက်ပြီး
      တစ်ယောက်နဲ့ တစ်ယောက် ရီရီမောမော စနောက် နေခဲ့တာပဲ ..
      ဘာမှ မခံစားခဲ့ရဘူး ..
      တကယ့် လက်တွေ့လည်း ဖြစ်ရော …
      သတင်း ကြားရုံနဲ့တင် စိတ်ထဲ မကောင်းဘူး ဖြစ်သွားရတယ်ဗျာ …

  • အရီးခင်လတ်

    September 14, 2012 at 3:10 am

    ၁၈/၁ရ ကတော့ အိမ်ထောင်ထူဖို့ စောလွန်းပါသေးတယ်။
    အိမ်ထောင်နဲ့ ဘဝ ဟာ သာမာန်လူငယ်လေးတွေ အတွက် ဘယ်လောက် ရုန်းကန် ရသလဲ ဆိုတာ မသိကြဘူး။
    ပညာမစုံသေး အလုပ်မရှိသေး။
    အရီး တို့ကျောင်းတုန်းက သူငယ်ချင်း အဲဒီ အရွယ်မှာ မိန်းမခိုးသွားတယ်။
    ပညာတစ်ပိုင်းတစ်စ နဲ့ပေါ့။
    ဒါပေမဲ့ နှစ်ဖက်မိဘ က ကြွယ်ဝတော့ အိမ်ပေါ်ခေါ်တင်ပြီး ကျွေးထားတော့ ကျောင်းပြီးသွားတယ်။
    ကျောင်းမှာ သူများတွေ လွတ်လွတ်လပ်လပ် စာသင်နေချိန် သူ့ကို ကြည့်ရတာ နှောင်ကြိုးနဲ့မလွတ်လပ် သလို ဖြစ်နေတာမို့ သနား စိတ်ဝင်ခဲ့တယ်။
    အခုမှာတော့ သတင်းကြားရတာ သူ့ကလေးတွေက ကျောင်းတွေပြီးလို့ အလုပ်တောင်လုပ်နေကြ သတဲ့။
    ကိုယ့်မှာတော့ လူလွတ်ဘဝမှာ အပျော်လွန်ပြီး ခုမှ အိုကြီးအိုမ နဲ့ ကလေး ထိန်းနေရတဲ့ ဘဝ မို့
    ငါ့ကလေး ကို ငါ့မြေး လို့များ ထင်ကြမလားလို့
    တွေးရင်း တွေးရင်း ကိုယ့်ကိုယ်ကို သနားရင်း ….. 😥

    တစ်ခါတစ်လေတော့လဲ အိမ်ထောင်ပြုတာ ရေတို စီမံကိန်း အဖြစ်ကောင်းလား၊ ရေရှည် စီမံကိန်းက ကောင်းလား ဒွိဟပွါးနေဆဲ။

    ဒီတော့ ကိုယ့်စိတ်ကိုယ့်သဘော ဖင်မနိုင်ဘဲ ပဲကြီးဟင်း မစားရင်ပြီးရော။
    အရာတိုင်းမှာ ကောင်းကျိုး၊ ဆိုးကျိုး တွဲနေတာချည်းပါဘဲ။
    ရွာထဲ မှာ မွေးနေ့ ကြေငြာပေါင်း များပြီ။

    မင်္ဂလာဆောင် ကို တရားဝင် ဘယ်သူ ကြေငြာမလဲ။ သိချင်စမ်းရဲ့။

    ဟို ခေါင်းဆယ်လုံး နဲ့ ဖားလိုလို မြွေလိုလို ဟာလေးကတော့ လေသံပစ်နေတာဘဲ။
    တစ်ချို့လဲ ဒီလိုလဲ ကျိမ်းကျေ ကုန် ရော။ 😉

    • ထွန်း ပြောင်

      September 27, 2012 at 8:10 pm

      အရီးရေ ..
      ကျုပ်ကြေညာပြီဗျာ ….

      ရွာသူ/သား အပေါင်းတို့ခင်ဗျား …
      ကျွန်ုပ်ထွန်းပြောင်မှာ ဖိတ်စာတစ်ခြမ်း ရိုက်ပြီးဖြစ်ပါကြောင်း ………………

  • အလင်းဆက်

    September 27, 2012 at 7:19 pm

    အကိုမဟုတ် တဟုတ် ..ကိုအံစာ..

    ညီးလေး.မဟုတ်တဟုတ်..
    အလက်ဆင်း…
    အခုမှ..လာဖတ်နိုင်လို ့…
    ဆောဒီးနော် ။

    အဟီး…
    🙂

  • မဟာရာဇာ အံစာတုံး

    September 27, 2012 at 7:37 pm

    အရီးလတ်ရေ …
    ကွန်မန့်လေးအတွက် ကျေးဇူးပါနော် ..
    သားသား မင်္ဂလာချောင်တော့မယ်ဆိုရင်
    တရားဝင် ကြေညာမယ်ဂျ ..
    :kwi:

    ++++++++++++

    ညီ မငေး တငေး
    အလက်ဆင်းရေ ..
    အားပေးတဲ့အတွက် ကျေးဇူးပါကွဲ့ ..
    နော် .. ညီငေး …

  • ထွန်း ပြောင်

    September 27, 2012 at 8:06 pm

    ညီအကိုချင်း ချစ်တဲ့အချစ်မျိုးကို မဟာရာဇာကြီး ရေးပြတော့မှပဲ
    နဲနဲမြင်တက်လာတယ်ဗျာ …..

Leave a Reply