“ရိုဟင်ဂျာ”လို.မသုံးပါနဲ.တဲ့

ကို သာSeptember 13, 20121min1073

ပြည်ပမီဒီယာနှင့် ပြည်တွင်းမီဒီယာများတွင် “ရိုဟင်ဂျာ” ဟု သုံးစွဲနေခြင်းအားရပ်တန့်ပြီး ဘင်္ဂလီဟုသုံးကြရန် မြန်မာနိုင်ငံသတင်းစာဆရာအသင်း
အနေဖြင့် စာထုတ်ပြန်ပေးပါရန် ရခိုင်ပြည်နယ်သတင်းဂျာနယ်အယ်ဒီတာ ဗဂျီးကျော်မှ ဥက္ကဌ မောင်ဝံသထံတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ (၉) ရက်နေ့ မနက် (၁၀) နာရီတွင်ရခိုင်ပြည်နယ်ပြန်ဆက်ရေးရုံး၌ သတင်းစာဆရာအသင်းဥက္ကဌ ကျွန်းသားငမန်း၏ ညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲအပြီး၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဌ ဆရာမောင်ဝံသနှင့် ရခိုင်ပြည်နယ် သတင်းစာဆရာအသင်းတို့ စစ်တွေမြို့ ရွှေသဇင်ဟိုတယ်တွင်
တွေ့ဆုံခဲ့စဉ် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဌ ဆရာမောင်ဝံသက ရခိုင်ပြည်နယ်တွင်းပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင် တာဝန်ဖြင့် စစ်တွေမြို့တွင် ခေတ္တရောက်ရှိလာစဉ်
တွေ့ဆုံပွဲတွင် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

” နိုင်ငံတော်သမ္မတ ကိုယ်တိုင်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ပြောထားတယ်။ တိုင်းရင်းသား ၁၃၅ မျိုးမှာလဲ ရိုဟင်ဂျာမပါဘူး။ နိုင်ငံအစိုးရ အဆက်ဆက်ကလဲဘင်္ဂလီလို့ပဲသုံးလာခဲ့တာ။

ရခိုင်တိုင်းရင်းသား တွေကလဲ ရိုဟင်ဂျာကိုသုံးတာ လုံးဝမကြိုက်ဘူး။

ဒါကြောင့် ခေတ်အဆက်ဆက်တောက်လျှောက် သုံးလာခဲ့တဲ့ ဘင်္ဂလီဆိုတဲ့စကားလုံးကိုပဲသုံးကြဖို့ ပြည်တွင်းမီဒီယာတွေကို မေတ္တာရပ်ခံပေးဖို့ ရခိုင်ပြည်နယ် သတင်းစာဆရာအသင်းကိုယ်စား တောင်းဆိုတာပါ။ ” ဟု ဗဂျီးကျော်က ဆိုသည်။

ဆရာမောင်ဝံသက ပြည်တွင်းမီဒီယာတချို့၌ ဘင်္ဂလီများအား “ရိုဟင်ဂျာ” ဟု ဖော်ပြနေခြင်းနှင့်ပတ်သက်၍ စာပေစီစစ်ရေးမရှိတော့သည့် နောက်ပိုင်း
မိမိတို့အနေဖြင့် သတင်းဂျာနယ်များကို ဘယ်လိုရေးပါ၊ဘယ်လို မရေးပါနှင့်ဟု ညွှန်ကြားခွင့်မရှိသော်လည်း မေတ္တာရပ်ခံစာပေးပို့မည်ဆိုကဖြစ်နိုင်ပါကြောင်း
ပြန်လည်ရှင်းလင်းခဲ့ ကြောင်းသိရသည်။
ရခိုင်တိုင်းရင်းသားများသည် ဘင်္ဂလီများအား “ရိုဟင်ဂျာ” ဟုအသိအမှတ်ပြုသကဲ့သို.သုံးနှုံးမှုမျိုးကို လုံးဝမနှစ်သက်သည်မှာ ထင်ရှားပါသည်။

3 comments

  • ဦးဦးပါလေရာ

    September 13, 2012 at 10:39 am

    ရိုဟင်ဂျာဆိုတဲ့နာမည်ဟာ
    မြန်မာပြည်ရောက် ဘင်္ဂါလီ လူမျိုးတွေထဲက ရခိုင်မြောက်ပိုင်းနေအစ္စလာမ်ဘာသာဝင်တွေက သူတို့ကိုယ်သူတို့ ပေးတားတဲ့အမည်ပါ..။
    မြန်မာပြည်ရောက် ဘင်္ဂါလီ လူမျိုးတွေထဲမှာ အခြားဘာသာဝင်တွေလဲ ရှိပါသေးတယ်။
    ရိုဟင်ဂျာတိုင်းကို ဘင်္ဂါလီလို့ပြောရင်မှန်ပေမယ့်
    ဘင်္ဂါလီတွေကိုခြုံပြီး ရိုဟင်ဂျာလို့
    ခေါ်ရင်လဲမမှန်ဘူး နားလည်သွားစေရင်လဲမမှန်ဘူး
    ပြီးတော့ လူမျိုးစုတခုကို အခြားလူများက ကိုယ်ကြိုက်တဲ့နာမည်ပေးလို့ဖြစ်ပါ့မလား…

    သူ့ဟာသူ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးမဟုတ်တာက သတ်သတ်
    သူ့နာမည် သူမှည့်တာက သတ်သတ်ပဲလို့ ထင်ပါတယ်..။

  • ဒုတ်ထိုး

    September 13, 2012 at 2:01 pm

    အသာအယာ ပြောကြဆိုကြပါကွယ်တို့ ၊

  • cobra

    September 13, 2012 at 3:19 pm

    တော်တော်လေးကိုမုန်းနေကြတာပဲ
    ဘင်္ဂါလီတွေကုန်လုံးမြန်မာနိုင်ငံကပျောက်ဖို့ဆိုတာလွယ်ပါ့မလား။

Leave a Reply