မိုးနှောင်းရောက်နေပေမယ့် မိုးလေးတွေက စွေတုန်းပါ….

သွားရလာရတာ စိုစိစိနဲ့  နေရထိုင်ရ အင်မတန် ခက်ခဲတဲ့ ရာသီဥတုပါ ကျွန်တော့်လို လေလွင့်သမား တယောက်အတွက်တော့ နေရထိုင်ရတာ အင်မတန်ခက်ခဲပါတယ်….

ကချင် က သတင်းတွေ ဖတ်ရတာ ရတက် မအေး သလို ရခိုင် က သတင်းတွေ ကြားရတာလည်း စိတ်မကောင်းဖြစ်မိပါတယ်…..

သူငယ်ချင်းကောင်မလေးရဲ့ တယောက်ရဲ့ ရီးစားကလည်း ကချင် စစ်မြေပြင်ကို ထွက်သွားရတဲ့ အတွက်ကြောင့် သူ့ အစား သောကပွားမိပါတယ်…..

ရခိုင်ကို လာတဲ့ နိုင်ငံရေးသမား အချို့ ရဲ့ ပေါ့ပျက်ပျက် အမူအရာ အချို့ ကြောင့် တိုင်ရင်းသား တွေရဲ့ အားမလို အားမရအသံတွေ ကို လည်း ကြားမိတော့ ဒေါမနသ ဖြစ်မိပါတယ်……

အိမ်ခြေတွေ ပျက်သွားတဲ့သူ.. အိမ်တွေက ပြေးသွားတဲ့သူ.. ပြသာနာ ဖြစ်အောင် လုပ်သောသူ.. အပေးအယူ လုပ်သောသူ.. သာသောသူ.. နာသောသူ.. ကြားညှပ်သောသူ…

ပြည်နယ်နှစ်ခု မှာ ဖြစ်ပွားနေသမျှ ကိတ်စတွေ အားလုံးဟာ တကယ်တော့ ပြည်သူတွေက မြေစာပင်ပါ……

တကယ်ဆိုရင်ပေါ့ တိုင်းရင်းသား တွေရဲ့ အမြင်မှာ မြေပြန့် က အစိုးရ (ဗမာ ပေါ့ တနည်းအားဖြင့်) ကို အမြင်တော်တော် မကြည်တာပါ……

တခုခု လုပ်ပီဆို မန္တလေး ရန်ကုန်…. ဟော အခုဆို နေပြည်တော် ပါပေါ်လာသေး…..

တိုင်းရင်သားတွေရဲ့ လမ်းတွေကတော့ ကိုယ်ထူ ကိုယ်ထ မတက်နိုင်ရင် ကျောက်ခဲနဲ့  သဲလမ်းပါပဲ…..

လာဘ်ပေးလာဘ်ယူ မှူတွေ တိုက်ဖျက်မယ်လို့  ကြွေးကြော်နေပေမယ့် အရင်က ကားခေါင်းခန်းက သက်ကြီးအဘ ကို ဖယ်ခိုင်းပီး အလိုတော်ရိကို အတင်းထိုင်ခိုင်းတဲ့ ထောက်လှမ်းရေးခေတ်ကို တိုင်းရင်းသား တွေက ပြန်တမ်းတနေပါတယ်…..

ဘာဖြစ်လို့ လဲဆိုတော့ အဲ့တုန်းက လူတွေက စားပေမယ့် နယ်မြေမှာ စီးပွားရေး ပြန်လုပ်ပါတယ်…. တနည်းအားဖြင့် နယ်မြေဖွံဖြိုးမှူကို တဘက်ကနေ အနည်းငယ် ထောက်ပံ့မှူရှိပါတယ်….

အခုနောက်ပိုင်းကတော့ လူကြီးတွေက ခနခန အပြောင်းခံရတဲ့အတွက် ရသမျှ အချိန် ရသလောက်စား အိပ်ထဲထည့် ပြောင်း ဆိုပီး ဖြစ်နေတော့ ရင်းနှီးမြုပ်နှံမှူ မရှိတော့ပါဖူး…

အစိုးရက အစဉ်မပြတ် တိုးတက်မှူတွေ လုပ်ဆောင်ပေမယ့်လည်း တိုင်းရင်းသား တွေရင်ထဲကတော့ ကျေနပ်မှူမရှိသေးတာ ကျိန်းသေပါတယ်….

စကားမစပ် လက်ဆော့ ပီး ရေးသား အကြံပြုချင်တာကတော့…..

တိုင်းရင်သားတွေရဲ့ နယ်မြေမှာ သွားလာနေတဲ့ ဗမာ လူမျိုးများရဲ့အနေအထိုင်ပါ….

အခုခေတ်ဟာ ဒီမိုခေတ် ပွင့်လင်းတယ် မြင်သာတယ် ဆိုပေသော်လည်း…..

နယ်ဝေးရောက်နေလို့  ကဲလိုရတယ် ကမြင်းလို့ ရတယ် သတင်းအရောက်အပေါက်နဲတယ်ဆိုပေသော်လည်း………

ဖြစ်နိုင်ရင် ကိုယ့်ရဲ့ အမှူအရာ အနေအထိုင်ကို ဆင်ခြင်စေချင်ပါတယ်………

တချို့  နယ်မြေတွေက လူတွေက ကိုယ့်ထက် ရိုင်းတယ် မောက်မာတယ် ရမ်းကားတယ်… ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်…..

ဒါပေမယ့် သူတို့ နဲ့ ရောပီး မမောက်မာစေချင်ပါဖူး… မရိုင်းစေချင်ပါဖူး… မရမ်းကားစေချင်ပါဖူး……..

ကိုယ် တာဝန်ထမ်းဆောင်တဲ့ နယ်မှာ ရန်ကုန်က ဖြစ်စေ… မန္တလေးကဖြစ်စေ… တခြား မြေပြန့်ကဖြစ်စေ….

သွေးချင်းတို့ မြေ တိုင်းရင်းသားနယ်မြေမှာ အလုပ်လုပ်သော သူများအား အထူးမေတ္တာ ရပ်ခံချင်တာကတော့ ကိုယ် တာဝန် မရှိချိန် အားလပ်ချိန်ဆိုသော် လည်း….

ကိုယ် ရဲ့ အပြုအမှူအနေအထိုင် အပြောအဆို အမှူအကျင့်တွေကို အတုယူနေတယ် အကဲခတ်နေကြောင်း သတိမှူစေခြင်ပါတယ်….

ကိုယ် တခြား နယ်ကို တာဝန်ပြောင်းသွားလို့  ကိုယ် အရင်ထမ်းဆောင်ခဲ့တဲ့ နယ်ဟောင်းမှာ မြို့ ပြကြီးက အမူအကျင့်တွေထဲက မကောင်းသော အမူအကျင့်တွေ ချန်ထားခဲ့မယ့် အစား ကောင်းသော အမူအကျင့်တွေ တက်နိုင်သလောက် ကျန်ရစ်စေချင်ပါတယ်…..

ထိုသို့  ဂရုတစိုက် ပြုမှူဆောင်ရွက်ခြင်းဟာလည်း ကျွန်တော်တို့ ရဲ့ ဒီမို နိုင်ငံတော်ကြီး ဖြစ်တည်ဖို့ အတွက် များစွာ အထောက် အကူဖြစ်ကြောင်း လျှာရှည်မိလျက်…..

 

လေးစားလျက်…

တိမ်မည်း…..

 

About တိမ်မည်း

Black Cloud has written 28 post in this Website..

မည်းနေတဲ့တိမ်ဟာ ကောင်းကင်ရဲ့မျက်ရည်ပါ..... ဒီမျက်ရည်ဟာ စိုက်ပျိုးရေးတွေ ဖြစ်ထွန်းစေသလို....... ရေကြီးပီး လူတွေကိုလည်း အတိဒုက္ခရောက်စေပါတယ်........ တိမ်မည်းဆိုတဲ့ ကျွန်တော်ကကော....... ကောင်းသော တိမ်မည်းဖြစ်အောင် ကြိုးစားလျှက်ပါလို့ ..........