အကျည်းတန်လှချိန်

weiweiSeptember 13, 20121min19126

မနေ့က ရန်ကုန်မြို့ ဆည်းဆာအချိန် တိန်တောက်ချိန်လေးပါ …
ဘာရယ်မဟုတ် ကိုပေါက်ကို အားကျပြီး လှမ်းရိုက်ထားလိုက်မိတာ …

ရန်ကုန်ဆည်းဆာ (၁)
ရန်ကုန်ဆည်းဆာ (၂)
ရန်ကုန်ဆည်းဆာ (၃)
ရန်ကုန်ဆည်းဆာ (၄)
ရန်ကုန်ဆည်းဆာ (၅)

မိုးရာသီ ရန်ကုန် ညနေဆည်းဆာအချိန်တွေက အရမ်းလှပါတယ်။ မနေ့ကညနေက အရှေ့ဘက်အရပ်မှာ သက်တန့်ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန်သူ ရန်ကုန်သားများကတော့ သဘာဝတရားရဲ့ အလှကိုတောင် သတိမထားနိုင်လောက်အောင် လှုပ်ရှားရုန်းကန်နေရဆဲအချိန်ပါပဲ …
သတိမထားမိသူတွေရော … အဝေးရောက် ရန်ကုန်သူ ရန်ကုန်သားများ အလွမ်းပြေကြည့်နိုင်အောင် တင်လိုက်ခြင်းဖြစ်ပါတယ်။

26 comments

  • weiwei

    September 13, 2012 at 1:22 pm

    ကင်မလာပျက်နေတာနဲ့ ဖုန်းနဲ့ပဲ ရိုက်လိုက်တာမို့လို့ သိပ်မကောင်းသလိုပဲ …
    Galaxy SII ရဲ့ ပုံထွက်အခြေအနေ …

    • pooch

      September 13, 2012 at 2:41 pm

      မဝေရယ် မပြောရင် ဖုန်းနဲ့ ရိုက်တယ်တောင် ထင်မိမှာမဟုတ်ပါဘူး။ ပုံထွက်လေးတွေ ကောင်းပါတယ်။
      အောက်ဆုံးပုံလေး ပိုကြိုက်တယ်။

  • ဆူး

    September 13, 2012 at 1:41 pm

    အကြည့်တန်ချိန်တော့ မသိဘူး.. အကျဉ်းတန်ချိန်တော့ မမြင်ချင်ဘူး.. လှလှပပ လေး ဖြစ်တဲ့ အချိန် ပဲ မြင်ချင်တယ်..

  • ဦးဦးပါလေရာ

    September 13, 2012 at 2:00 pm

    တိမ်တောက်တဲ့အချိန်မှာ
    လူတွေတင် လှသွားတာမဟုတ်ဘူး
    ပတ်ဝန်းကျင်အရာအားလုံး လှ သွားတာ
    ငယ်ငယ်ကတည်းက တိမ်တောက်တဲ့အချိန်မြင်ကွင်းကိုကြည့်ရတာ သိပ်ပျော်တာပဲ…
    အမှတ်မိဆုံးကတော့ တက္ကသိုလ်တက်နေတုန်း တိမ်တောက်တဲ့ တနေ့မှာ ပညာရေးတက္ကသိုလ် BED canteen နဲ့ပတ်ဝန်းကျင်ကို ကြည့်ရတာ…
    အားပါး…. ဘယ်ပန်းချီရေးလို့မမီ ပဲ…

  • Mon Kit

    September 13, 2012 at 2:14 pm

    ဟုတ်တယ် ဝေဝေရေ…
    မနေ့ညနေ ရုံးကအပြန် လှည်းတန်းမီးပွိုင့်ဖြတ်ရင်း ရောင်စုံသက်တန့် တစ်စင်းကို လှပစွာ တွေ့လိုက်ရပါတယ်…
    အိမ်ပြန်လမ်းတစ်လျှောက်မှာလဲ ကောင်းကင်မှာ တိမ်တောက်နေလို့ ပတ်ဝန်းကျင် တိုက်အဆောက်အဦ: တွေနဲ့ထင်ဟပ်လှပနေဒါ နိုင်ဂွမ်ခြား ရောက်နေသလိုလိုတောင် ထင်မိလိုက်သေး….
    😀

  • Ma Ei

    September 13, 2012 at 2:22 pm

    ဝေဝေရေ…
    sunset တွေမှာ September ရဲ့ sunset ကို အလှဆုံးလို့ ဆိုကြပါတယ်…
    မနေ့က အပြန် သက်တန့်ကြီးတွေ့လို့
    ကင်မလာလေးထုတ်ပြီးဓါတ်ပုံရိုက်မိတာ
    သူများတွေကကြည့်ကြည့်သွားလို့
    လက်မရဲတော့တာနဲ့သိမ်းလိုက်ရတယ်လေ…

    • weiwei

      September 13, 2012 at 2:29 pm

      မနေ့က သက်တန့်ကိုငေးကြည့်ရင်း ဓါတ်ပုံရိုက်ဖို့ မေ့သွားတယ် … ခဏနေတော့မှ အနောက်ဘက်က တိမ်တွေကို သတိထားမိပြီး ဓါတ်ပုံရိုက်လိုက်မိတာ …

  • cobra

    September 13, 2012 at 2:26 pm

    မအိရယ် ရိုက်လိုက်ပါလား ကြည့်ရတာပေါ့
    ရပ်ထဲရွာထဲမှာလည်းတိုက်တွေများလာတော့
    သက်တံ့တောင်မတွေ ့တာကြာနေပီ။

    • Ma Ei

      September 13, 2012 at 2:34 pm

      ရိုက်တော့ရိုက်ထားလိုက်ပါတယ်…
      အမြင်လောက် မလှသလိုဘဲ
      အရောင်နဲနဲဖျော့သွားတယ်…

      • MaMa

        September 14, 2012 at 7:38 am

        ဝေဝေရေ-
        ကိုပေါက်ပုံတွေကြည့်ပြီး တိမ်တွေကို ရိုက်ချင်စိတ်ပေါက်နေတာ တခါမှ ရိုက်ခွင့်မကြုံသေးဘူး။
        ဝေဝေက ရောဂါတက်အောင် ဆွပေးလိုက်သလိုဖြစ်နေပြီ။
        မအိရေ-
        ရိုက်ထားတဲ့ပုံလေးတွေ မျှဝေအုံးလေ။
        ပြောရမယ်ဆိုရင် ဒီမှာက (ကိုယ်တိုင်လည်းပါတယ်) ကင်မရာကိုင်ထားတာတွေ့ရင်ပဲ ဘာလိုလိုကြည့်တတ်ကြတော့ ဓာတ်ပုံရိုက်ချင်လည်း တခါတလေ အခြေအနေကြည့်ရတာ ရှိသေးတယ်။
        (ဈေးသည်ပုံ လိုက်ရိုက်တုန်းကလည်း ဘယ်အချိန်များ ကိုယ့်ကိုတုတ်နဲ့ ပြန်ရိုက်မလဲလို့ တွေးကြောက်နေမိတာ။) 😀

  • cobra

    September 13, 2012 at 2:48 pm

    ဒါကြောင့်မတင်တော့တာပေါ့

  • kai

    September 13, 2012 at 2:57 pm

    “နေထွက်ဆည်းဆာ”…” နေဝင်ဆည်းဆာ”.. မှာ.. နေဝင်ဆည်းဆာကို.. “အကျည်းတန်လှချိန်”လို့ ခေါ်တယ်ထင်နေတာ…
    “အကြည့်တန်” ဖြစ်နေတာလား…

    တချို့က.. တည့်တည့်ပဲ.. “ရုပ်ဆိုးလှချိန်”လို့သုံးတာ…
    အကြည့်တန် ဆိုတာက..” ကြည့်ရတာမဆိုးပါဘူး”ဆိုတဲ့အဓိပ္ပါယ်ပေါက်မယ်ထင်မိတယ်..

    မှတ်ချက်။ ။ ၁ဝတန်းတွင် မြန်မာစာဂုဏ်ထူးဖြင့်အောင်သူ၏ အတွေး.. :mrgreen:

    • Ma Ei

      September 13, 2012 at 3:17 pm

      “အကျည်းတန်လှချိန်”လို့ ရေးတာအမှန်ပါ ….
      အချင်းချင်းတွေဆိုတော့လဲ ဒီလိုဘဲ
      အမှန်ဖတ်ပေးလိုက်ပါနော်…

    • weiwei

      September 13, 2012 at 5:30 pm

      ပြင်လိုက်ပါပြီ။
      ၁ဝတန်းတုန်းက မြန်မာစာ အမှတ် ၇ဝ ပဲရခဲ့လို့ နဲနဲလွဲသွားတယ်

      • မောင်ပေ

        September 13, 2012 at 9:21 pm

        သဂျီးက မြန်မာစာ ဂုဏ်ထူး
        အန်တီတရုတ်မကြီးက ၇ဝ တဲ့
        ကျုပ်က ၃၈ မှတ်ရတဲ့ကောင်ကြ ပြောစရာ စကားမရှိတော့ပါဘု
        ဟီးရွှတ်ဖတ်
        ဖတ် = နှပ်ညှစ်ပြီး ပစ်လိုက်ရာ ပေါက်ဖော် လက်မောင်းမှ တက်တူးတွင် သွားကပ် သံ

  • သူကြီးရေ
    နေထွက်တာ ဆည်းဆာ မဟုတ်ဘူးလေ။
    အာရုဏ်တက်ဟုတ်ဘူးလားဗျာ..
    မဝေရေ မနေ့က ကိုပေါက်သက်တန့်ပေါ်နေတယ်ဆိုပြီး ဖုန်းထဲမှာ မက်ဆေချ်ရောက်လို့ထွက်ကြည့်လိုက်တာ
    ဘာမှမမြင်ရ.
    သေချာပြန်ကြည့်မှ ရန်ကုန်က ဘော်ဘော်က အားရဝမ်းသာလှမ်းပြောတာ ဖုန်းခေါ်မရလို့တဲ့
    နာလိုက်တာအေ…………………
    ဟိုနေ့ညနေက မန်းလေးမှာသက်တန့်တစ်ဝက်ပေါ်လို့ရိုက်လာတာ အဲဒီအချိန်မတိုင်ခင်
    နာရီဝက်လောက်က ရွှေကြက်ကျဘုရားပေါ်မှာ လွတ်ကျတော့ ကင်မရာက ပျက်သွား.
    ရိုက်လိုက်တာ လိုင်းစင်းတွေထနေတယ်။
    ဆေးရုံပို့ဓါတ်မှန်ရိုက် အီးစီဂျီစစ် ဓါတ်ခွဲပြီး ဆလိုင်းချိတ်တာ နှစ်သောင်းပေးလို်က်ရတယ်။
    အခုတော့ ကောင်းသွားလို့မနက် အာရုဏ်တက်မှာတောင်တိမ်တွေကိုဆော်ခဲ့သေးတယ်။
    ကင်မရာအကြောင်းပြောသာပြောရတယ်
    ကျနော်ပေါက်စနလေးက တစ်သိန်းလောက်ဘဲပေးရတာပါ။
    ကင်နွန်လို့သာခပ်တည်တည်ရေးထားလို့ ကင်နွန်လိုက်ရတာ တရုပ်ကလာတာပါ။
    စစ်လားတုလားတော့ မသိဘူး သွားလေရာ ပုဆိုးခါးပုံစထဲ လုံးထဲ့သွားလို့ရလို့ ကြိုက်တာပါ.။
    ဈေးပေါတာကတော့ အဓိကပါဗျာ။
    ဈေးကြီးတာလဲ အမှန်ပြောရရင် မဝယ်နိုင်ပါဘူး။
    ကင်မရာဆိုတာ အာဘွားပေးလို့ရလာမှာ မှမဟုတ်တာနော်။
    အဲတော့ ကိုယ်နဲ့တန်ရာ တန်ရာဘဲကိုင်တာကောင်းပါတယ်။
    မဝေ ဒီပုံတွေလှတယ် ကြည့်ရတာ စိတ်ထဲမှလှိုင်းထလာသလို အလိပ်လိုက်အလိပ်လိုက် တိမ်တွေဝင်လာသလိုဘဲ

    • kai

      September 14, 2012 at 4:32 am

      ဆရာပေါက်ကလည်း..
      မြန်မာစာဂုဏ်ထူးပါဆိုနေမှ… ( ကြုံကြွားလုပ်ပြန်ပြီ..တခါ) 🙂

      “ဆည်းဆာ”ကို.. နေရာအများကြီးမှာတွဲသုံးလို့ရပါတယ်ဗျာ..
      မယုံရင်.. အဘိဓာန်လှန်ကြည့်..

      • MaMa

        September 14, 2012 at 9:15 am

        သဂျီးရေ-
        မြန်မာစာဂုဏ်ထူး
        မယုံဘူး။
        ၁ဝတန်း အမှတ်စာရင်း သက်သေအဖြစ် တင်ပြပါ။ :mrgreen:

        • နေဝန်းနီ

          September 16, 2012 at 7:54 pm

          ကိုကိုပေါက်ရေ….။ ဆည်းဆာ လေးမျိုးရှိတယ်လို့ ကျွန်တော်မှတ်ထားဖူးတယ်ဗျ….။ အာရုံဆည်းဆာ…. မွန်းတည့်ဆည်းဆာ…. နေဝင်ဆည်းဆာ ……..သန်းခေါင်ဆည်းဆာရယ်လို့ …။ အချိန်တစ်ခုကနေတစ်ခုကူးပြောင်းခါနီး နောက်ဆုံးအချိန်ကာလကိုယူပါကြောင်း….။

  • kyeemite

    September 13, 2012 at 3:44 pm

    ရွာ့ဓါတ်ပုံဆြာကြီးတွေထဲ မဝေလဲပါတာပဲ…

  • ရွှေ ကြည်

    September 13, 2012 at 6:45 pm

    မဝေရေ ရွှေကြည်လည်းတိုက်ခန်းနောက်ဖက်ဝရံတာကနေ ရန်ကုန်ညနေဆည်းဆာကိုတိုက်ဆိုင်တိုင်းကြည့်မိခံစားမိတယ်။
    မဝေပုံတွေကဖုန်းနဲ့ဆိုပေမယ့် တော်တော်လေးကောင်းပါတယ်။
    ကြည့်ရှုခံစားသွားပါတယ် မဝေရေ။

  • nozomi

    September 13, 2012 at 10:24 pm

    မသိလိုက်ဘူး ဗျာ
    ကြိုသိရင် အဒီအချိန် အပြင်ထွက် လမ်းသလားပါတယ်

  • ကြောင်ကြီး

    September 14, 2012 at 10:26 am

    ဂုမှ ပြန်ကြည့်မိတယ်… အန်တီဝေ ကျနော့်ကို ပေးတဲ့ မိတ်ဆက်စာ ဓာတ်ပုံက ဆည်းဆာချိန်မှာ ရိုက်ထားတာဂျီး… တိန်..။

  • surmi

    September 16, 2012 at 9:34 pm

    ဪ ကံများဆိုးချက်
    သူများတွေလိုကြည် ့ခွင် ့မရပါဘူး ။ကွန်မကောင်းလို ့
    ခုမှကြည် ့ရတော ့လှလိုက်တာ ။ဒါမျိုးတွေမြင်ခွင် ့မရတာကြာပေါ ့
    ဖုန်းကင်မရာပေမဲ ့တော်တော်ကောင်းပါတယ်

Leave a Reply