သပြုသီးအတွက်..ဟင်းတစ်ခွက်

candle .September 13, 20121min24413

မိုးရာသီနှင့် လိုက်ဖက်မည့် သပြုသီးဟင်းလေးပါ..

၁) ပထမဆုံး သပြုသီးရဲ ့ အပေါ်က အကြမ်းဖက် နှစ်ခု သုံးခု ကိုခွာပြီး လွှင့်ပစ်လိုက်ပါ။

ပြီးလျှင် ကျန်နေသေးတဲ့ ခပ်နုနု အခွံလေးတွေကို ရေဆေးသန် ့စင်ပြီး အရှည်လိုက်လေး

တွေ ခပ်ပါးပါးလှီးပါ။ လခြမ်းပုံ ခပ်ကွေးကွေးလေးတွေ ရပါမယ်။

(နဂိုက ချွဲတတ်တဲ့ သဘာဝ မို ့ ရေဆေးပြီးမှ လှီးပါက တအားပိုချွဲ ပါလိမ့်မယ်)

2) လှီးပြီးသား သပြုသီးဖက်လေးတွေကို အချို ၊ အငန် သင့်တင့်ရုံ နှင့် ငပိစိမ်းစား အနည်းငယ်

ထည့်ပြီးနယ်ထားပါ။

3) ကြက်သွန်ဖြူ / နီ ၊ အရောင်တင်မှုန် ့(သို ့) ထောင်းထားသော ငရုပ်သီးစိမ်းလေးများ

ထည့်၍ဆီသတ်ပြီးလျှင် သန် ့စင်ပြီးသား ပုဇွန် အနည်းငယ်ထည့်၊ ငါးမီးနစ်ခန် ့ကြာသော

အခါ နယ်ထားသော သပြုသီးလေးများထည့်၍မွှေ၊ အဖုံးပိတ်ပြီး ဆယ်မီးနစ်ခန် ့ချက်ပါ။

အရည်စပ်စပ်လေး ကျန်လျှင် မီးဖိုပေါ်မှချပါ။

စားသုံးရန် အသင့်ဖြစ်ပါပြီ။

ဖန်တွတွလေး နှင့် အရသာရှိ၍ ခံတွင်းရှင်းလှသော သပြုသီးဟင်း တစ်ခွက်မှာလည်း

မိုးရာသီနှင့်သင့်တော်မည်ထင်ပါသည်။

နာလန်ထစ လူမမာ များကို ပိုမိုခံတွင်းတွေ ့စေနိုင်သော တန်ဖိုးနည်း အရသာရှိလှသည့်

သပြုသီး ဟင်းတစ်ခွက် ဖြစ်ပါသည်။

လူကြီး သူမ များအဆိုအရ ဆေးဖက်ဝင် သည်ဟုလည်းကြားဖူးပါသည်။

သိသူများကလည်း သပြုသီး အကြောင်း သိကောင်းစရာများကို တင်ပေးစေလိုပါသည်။

ညီမငယ် ဝိုင်းဝိုင်း၏ ဝယ်ထားသော သပြုလေး တစ်လုံးလည်း အလကား မဖြစ်တော့ဟု

ထင်ပါသည်။

 

13 comments

  • ဆူး

    September 13, 2012 at 3:41 pm

    မဝေ ကို ပြောတာ ဖြစ်ပေမဲ့.. ဆူး ကတော့ ဖတ်ပြီး သဘောကျနှစ်သက်စွာနဲ့ကျေးဇူးတင်သွားပါတယ်။
    သပြုသီး ဆိုတာလေး ကို စိတ်ထဲမှာ ဝါးတားတားဖြစ်နေတယ် ပုံမြင်ရရင် ကောင်းမယ် ထင်တယ်။

    • candle .

      September 13, 2012 at 6:02 pm

      အဲ…တော့…ဆူး ရေ..
      candle နေတဲ့နေရာက သပြုသီး မရနိုင်တာမို ့
      ဓာတ်ပုံ တင်မပေးနိုင်တာ စိတ်မရှိပါနဲ ့..
      ထန်းသီး သေးသေး လေးတွေနဲ ့ခပ်ဆင်ဆင်ပဲ..
      အခွံတွေအထပ်လိုက် အထပ်လိုက်လေး အုပ် အုပ်
      ထားတာလေ..
      သပြုသီးကတော့ အခွံကိုစားရတဲ့ အမျိုးပါ..
      ရေနွေးလေးဖျောပြီးတော့..တို ့စရာအဖြစ်လဲစားလို ့ရတယ်..
      ချဉ်ဖန်ဖန်လေးမို ့..ငါးပိရည် နဲ ့သိပ်လိုက်ပါတယ်..

  • Crystalline

    September 13, 2012 at 4:08 pm

    အိမ်ကအစ်မတွေကတော့ငါးနဲ့ချက်တယ်. စားကောင်းတယ်

    • candle .

      September 13, 2012 at 6:05 pm

      ဟုတ်တယ်..ငါးနဲ ့ချက်စားလဲ အရသာရှိတာဘဲနော်..

  • Good™

    September 13, 2012 at 4:47 pm

    တောသား ဆိုတော့ သဗြွတ်သီး ဟင်း ကြိုက် သလိုလို တော့ ရှိသား။
    မြို့ နေ လူတန်းစားတွေ ကတော့ သဗြွက်သီး ကို မစားဖူး မတွေ့ဖူးပဲ သိရင် တောင် တော်တော် နှံ့စပ်ပြီ လို့ ပြော လို့ ရပါတယ်။
    ပို့ ထဲ မှာ ပြောသလို ပဲ ခံတွင်း ရှင်းမှ ရှင်း။ စာကောင်း တယ်။
    ဆေးဖက် ဝင် အနေနဲ့ ကြားဖူး စားဖူး လို့ ပျောက်ကင်း တတ်တဲ့ ရောဂါ ကတော့ ရာသီချောင်းဆိုး ပျောက်တယ် လို့ ပြောရမလားပဲ။ ရာသီဥတု အပြောင်းအလဲ မှာ အပူအအေး အပြောင်းအလဲ ကြောင့် ဆိုးတဲ့ ချောင်း ပေါ့။ ပြော ရ ရင် သဗြွတ် သီး ရင့် ချိန်ဆိုးတဲ့ ချောင်း လို့ ပြော ရင် ပိုအဆင်ပြေမယ် ထင်တယ်။
    သဗြွတ်သီးရင့်ရင့် အစိမ်းကို ဆားနဲ့ တို့စားရတာ ပါ။ ( အပြင်လွှာကြမ်း မဟုတ်ပါ ဝါးလို့ ရတဲ့ အတွင်း ဖက် အလွှာဖတ်တွေ ကို စားရမှာပါ။) ၃ – ၄ ရက် ဆက် ဆိုးနေ တဲ့ ချောင်း ကိုယ် တွေ့ ပျောက် သွားပါတယ်။

    • candle .

      September 13, 2012 at 6:10 pm

      ဪ..အဲလိုလဲရတာလား..
      နောက် ကြုံရင်စမ်းကြည့်ရမယ်..
      ကျေးဇူးပါ နော်..

  • pooch

    September 13, 2012 at 5:07 pm

    ကျမတော့ မစားဖူးဘူး။ ကြားတော့ ကြားဖူးတယ်။ ချက်တဲ့အခါ ပုံလေးတွေ တင်ပါအုန်း ။ မြင်ဖူးအောင်လို့ပါ။

    • candle .

      September 13, 2012 at 6:07 pm

      ဓာတ်ပုံလေးတွေကူတင်ပေးနိုင်ကြရင်ကောင်းမှာဘဲနော်..

  • weiwei

    September 13, 2012 at 5:35 pm

    ကျေးဇူးတင်ပါတယ်။ ကြက်ရိုးနဲ့ဟင်းချိုချက်သောက်မလို့စိတ်ကူးထားတာ။ချောင်းဆိုးနေတာနဲ့အတော်ပဲ။

  • မဟာရာဇာ အံစာတုံး

    September 13, 2012 at 6:29 pm

    သပြုသီး ဆိုတာ ဘယ်လို အသီးတုန်းဗျ ..
    သိဘူးရယ် …
    ပုံလေး မြင်ရရင်တော့ သိမယ် ထင်ရဲ့ ..

  • မောင်ပေ

    September 13, 2012 at 8:45 pm

    ကန်ဒယ်လေးရေ
    ဒီညနေစာကို
    ကန်ဒယ်လေးရဲ ့သပြုသီးချက်လေးနဲ ့မြိန်ရှက်စွာ စားသွားပါတယ်နော

    • candle .

      September 16, 2012 at 8:03 pm

      ဦးပေ..သပြုသီးဟင်း စားပြီး..နလန်ထပြီပေါ့နော်..ဟီ..ဟိ…

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 13, 2012 at 9:09 pm

    ဘယ်သူမှန်တယ် မှားတယ်တော့သိဘူးဗျ
    သဗြု သီးလို့ ကျုပ်တို့ရွာမှာ ခေါ်တယ်
    တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုပါဘာဘဲ
    အပင်ကြီးမျိုးပါ
    အရွက်က အကျယ်လက်ငါးလုံးကနေ အရှည် တစ်ထွာလောက်ရှိတယ်
    အပင်ကြီးမျိုးဆိုပေမယ့် သစ်ထုတ်လို့ရတဲ့အတန်းစားထဲမဝင်ဘူး
    ကုန်းမြေ ပေ4000 အထက်ပေါက်တာ မရှိဘူးလို့သတိထားမိသလားဘဲ ( မသေချာ )
    သတိထားမိသေလာက် မြန်မာပြည်အောက်ပိုင်းမှာဘဲ တွေ့ဘူးသလိုလို ဘာလိုလို
    ခုမှကျုပ်လဲ ဝါးတားတားဖြစ်ဗျန်ဘီ :mrgreen:
    မုသုန်သစ်တောလို အရွက်အကုန်ကြွေသလားမပြောတတ်တော့ ( ဟမလေး စက်လိုက်ဒါ )
    ပင်စည်လုံးပတ် သုံးပေခွဲလောက်ရှိမှ အသီးသီးတဲ့သဘောရှိပါတယ်
    အများအားဖြင့် မိုးရာသီမှာ မှ သီးတယ်လို့ဆိုလို့ရပါတယ်
    အသီးကတော့ သူလိုကိုယ်လို လက်သီးစုပ်လိုက်ပြီး နောက်တစ်ဖက်နဲ့ ထပ်စုပ် လိုက်ရင်
    အဲ့သည်အရွယ်ရှိတယ်လို့ အကြမ်းဖျင်းပြောပြလို့ရပါတယ်
    အသီးကတော့ အစိမ်းရောင်ပါဘဲ
    ထန်းသီးအနုတွေလိုပါဘဲ
    အခွံဖတ်လို့ခေါ်မလား တစ်ထပ်စီရှိကြပါတယ်
    လွယ်လွယ်ပြောရရင်တော့ ဂန့်ဂေါ်ပန်းအငုံတွေလိုပါဘဲ ပွင့်ဖတ်တွေ တစ်လွှာခြင်းရှိတဲ့သဘောပါ
    ကျုပ်တို့ရဲ့ ဓလေ့အစားအစာတစ်မည်ပါဘဲ
    ချည်ချည်ကလေးရှိတယ်ဆိုနိုင်မလားဘဲ
    အများအားဖြင့် ငါး နဲ့ရောချက်စားကြတာပါဘဲ

Leave a Reply