ဖတ်ဖို ့သင့်တော်သည့် စာအုပ်

Bl4ck_B4dB0ySeptember 13, 20121min30688

ဒီနေ ့ပျင်းနေတာနဲ ့အရင်ဖြစ်ပျက်ခဲ့တာတွေကို စိတ်ထဲမထားပဲနဲ ့  ကြေအေးမှုတစ်ခု လုပ်ချင်တာနဲ ့ စာနည်းနည်းရေးလိုက်တာ ဒီစာကို အကိုတွေလည်း ဖတ်နေမယ်လို ့ ယုံကြည်တယ် အဲဒီအတွက် ကျနော် ့အပေါ် အမြင်အမျိုးမျိုး ဖြစ်သွားမှာကိုလည်း နည်းနည်းတော့ လန် ့တယ် ဒါပေမယ့် ကျနော်ကလည်း ရန်လိုသူမဟုတ်တာက တကြောင်း ပြီးတော့ သူတပါးက လျော့ပေးနေတာကို အနိုင့်အထက်မလုပ်ချင်တာက တကြောင်းကြောင့် တောင်းပန်မှုနဲ ့အတူ ကျနော့်ထဲမှာ ရှိတဲ့(စုဆောင်းထားတဲ့) စာအုပ်လေး နည်းနည်းပြန်မျှပေးလိုက်ပါတယ်

 

အားလုံးကိုလည်း လေးစားလျှက် Bl4ck.b4db0y

88 comments

  • အရီးခင်လတ်

    September 13, 2012 at 4:18 pm

    ဒီစာကို အဖွားတွေလည်း ဖတ်ပါတယ် အေ။
    ဒီလို ကြားရတာ အင်မတန် ဝမ်းသာပါတယ် သားရေ။
    ရွာထဲမှာ လူတော်တွေ တိုးလာ တာမို့လဲ ပိုပြီး ဂုဏ်ယူစရာ ဖြစ်ပါတယ်။
    အရီး ပြောမှားတာ တွေ ရှိရင်လဲ တောင်းပန်ပါတယ်။ 🙂

    • စိန်ဗိုက်ဗိုက်

      September 13, 2012 at 4:25 pm

      အနော်တော့ ဘာမှ မြင်ရဘူးဂျ

      • အရီးခင်လတ်

        September 13, 2012 at 4:35 pm

        နောက် Post မှာ လာမှာပေါ့အေ။
        ဒီတော့ Point ပိုတိုးရသပေါ့။
        ဟေ့ ခင်လို့ နောက်တာနော်။ စိတ်မဆိုးနဲ့။ 😆

        • Bl4ck_B4dB0y

          September 13, 2012 at 5:42 pm

          Point က ဘာလဲမသိဘူး အဲဒါရရင် ဘာဖြစ်မလဲ LOL

        • ကထူးဆန်း

          September 13, 2012 at 10:36 pm

          ပွိုင့် တစ်သိန်းပြည့်ရင် သူကြီးက ဒေါ်လာ တစ်သိန်း ..အဲအဲ ယောင်လို့ (အခုမှ သူကြီးတက်သွားမှာ.. :grin:) ..မြန်မာငွေ တစ်သိန်းပေးပါတယ် ။
          ပွိုင့်ပေးတဲ့ စည်းမျဉ်းများရှိပါတယ် ။ လေးပေါက်တို့ ရခဲ့ပြီးပါပြီ ။ နောက်ထပ် တစ်ခါ တောင် ထပ်ရဖို့ နီးစပ်နေပါပြီ ။

  • pooch

    September 13, 2012 at 4:26 pm

    PEACE !!!! 😀
    Warmly welcome ပါ….

    ဒါနဲ့ စာအုုပ်တွေ ပါမလာဘူး ထင်တယ်။ မတွေ့ဘူး :mrgreen:

  • nozomi

    September 13, 2012 at 4:26 pm

    အဘိုးကြီးလဲ ဖတ်သွားကြောင်းပါ 😀

    ညွှန်းတဲ့ စာအုပ် ကို မတွေ့မိသေးလို့ ကျန်နေတာလား မတွေ့ရတာလား မသိကြောင်းပါ

  • Shwe Tike Soe

    September 13, 2012 at 4:41 pm

    အခုလိုလေး ဖတ်ရတော့လဲ အရမ်းကို ကျေနပ်မိတယ်ဗျာ….စိတ်ထဲမထားပဲ ကျေးအေးမယ်တဲ့.. ကောင်းလိုက်တဲ့စိတ်ဓာတ်

  • Moe Z

    September 13, 2012 at 4:42 pm

    ပထမဆုံးပို့စ်ကို ကြိုဆိုပါတယ်ဗျ
    လျှို့ဝှက်စာအုပ်စင်ကိုလည်း စိတ်ကြိုက်မွှေနှောက်သွားပါတယ် 😆

  • ညလေး

    September 13, 2012 at 4:51 pm

    `တီတီည´ တို.လည်းဖတ်ချင်ပါတယ်……
    မတွေ.ရတဲ.စာဆို ပို…..တောင်ဖတ်ချင်တယ်….သားသား `ပလက်ပတ်ခ်ပွိုင်းရယ်….´
    ကြိုဆိုပါတယ်ကွယ်……

  • linnlinnn

    September 13, 2012 at 4:55 pm

    ဒီလို အသံလေးကြားရတော့ စိတ်ချမ်းသာလိုက်တာကွယ်… Bl4ck_B4dB0y တင်မယ်ဆိုတဲ့ စာအုပ်လဲဖတ်ချင်ပါတယ်နော်..

  • Bl4ck_B4dB0y

    September 13, 2012 at 5:11 pm

    ဒီမှာတော့ ကျနော်ညံ့လို ့ ဘယ်လိုတင်ရမှန်းမသိသေးပါဘူး ဒါပေမယ့် ခု ကျနော် ဒေါင်းဖို ့လင့်စ်တွေ ညွှန်းပေးပါမယ် အဲဒီကနေသာ သွားဒေါင်းပါလို ့ ပြောချင်တယ် ကျနော်တယောက်ပဲ ကြေအေးတာပါ အကိုတွေသဘောကတော့ ကျနော်နဲ ့မဆိုင်ပါဘူး အဟက်

    • ရွှေ ကြည်

      September 13, 2012 at 5:30 pm

      မင်္ဂလာပါရှင် ဘယ်လိုပဲဖြစ်ဖြစ်ပါ အရမ်းဝမ်းသာတယ်..။
      ဘလက်ဘက်ဘွိုင်းရဲ့အစ်ကိုတွေလည်းနားလည်ပေးမယ်ထင်ပါတယ်။
      (နာမည်ခေါ်တာမှားရင်တောင်းပန်ပါတယ်နော် 😀 )
      ပျော်စရာကြီးပဲ မင်္ဂလာရှိထှာ..။

  • garuda

    September 13, 2012 at 5:14 pm

    အင်း….အနာနဲ့ဆေးနဲ့တော့ တည့် သွားကြပြီ။ သူတို့ ဟာနဲ့သူတို့ ကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့။
    ကြားက ငထွား ခါးနာ တော့မလို့ ကံကောင်းတယ် ပြောရမယ်။
    ဒါကြောင့်..လူကြီးတွေက ကြား၃ကြားမပါနဲ့လို့ပြောတာ…အခုသူတို့နဲ့ကြမှပဲ..ကြား၄ကြားဖြစ်တော့တယ်။

  • ညလေး

    September 13, 2012 at 5:23 pm

    ကံကောင်းခြင်းတွေပေးတဲ့…စာအုပ်လေးတော့….
    ဖစ်ရင်တော့ပိုကောင်းမယ်ထင့်…..

    • မဟာရာဇာ အံစာတုံး

      September 13, 2012 at 6:35 pm

      အပေါ်ဆုံး စာအုပ်တော့ မ,သွားတယ်ဗျို့ ..
      အောက်က နှစ်အုပ်လည်း နောက်တော့ မ,မယ် ..
      ကျေးဇူးပါ …

  • amatmin

    September 13, 2012 at 5:32 pm

    ပြောလေ..ကဲလေ..မန်းလေ..ပြဲလေ..ပါလား ကွယ်.. 🙁

    • Bl4ck_B4dB0y

      September 13, 2012 at 5:35 pm

      ဘယ်သူ ့ကို ပြောတာလဲမသိဘူး :???????? 🙂 LOL

    • amatmin

      September 13, 2012 at 5:48 pm

      ဂလိုပါဗျ..
      ကျနော်တို့ ရွာ့သူားဒွေက ကို်ယ့်ဆြာပို့စ်ကို ကြိုဆိုကြ..
      ဝမ်းသာပေးကြတာကိုတွေ့မှာပါ..နော့..အဲ့ဒီမှာ ခင်ဗျားက..

      ကျနော်တယောက်ပဲ ကြေအေးတာပါ အကိုတွေသဘောကတော့ ကျနော်နဲ ့မဆိုင်ပါဘူး အဟက်…

      ဆိုတာကို မြင်လိုက်ရတော့ကာ..ကြည်ကြည်နူးနူးမန့်နေကြတဲ့ ရွာသူားတွေအဖို့တမျိုးမမြင်ပေမဲ့..
      ကျနော်စိတ်ထဲ တမျိုးတဖုံဖြစ်လိုက်လို့ ရေးတာပါ ဗျာ..
      ခင်ဗျားကိုစော်ကားတာရယ်လည်းမဟုတ်.ထင်ရင်တော့ မသိ..
      ဘာညာမှန်းမသိတဲ့အီလည်လည်ခံစားမှုပေါ့ဗျာ… 😛 LOL

      • Bl4ck_B4dB0y

        September 13, 2012 at 7:31 pm

        ဒါကတော့ ခင်ဗျား စဉ်းစားကြည့်ပါဗျာ ကျနော်က သူတို ့မဟုတ်သလို သူတို ့ကလည်း ကျနော်မဟုတ်ပါဘူး ကျနော် ဒီထဲမှာ ငြိမ်းချမ်းရေးလုပ်တာကလည်း အဖွဲ ့ကလုပ်တာမဟုတ်ပါဘူး ကျနော်တယောက်ထဲပဲ ကိုယ်ပိုင်စိတ်ကူးနဲ ့ငြိမ်းချမ်းရေးလုပ်တာပါ အကိုတွေလုပ်ခိုင်းတာမဟုတ်ပါ အဲလိုကြောင့် ကျနော်ပဲကြေအေးတာပါ အကိုတွေကတော့ မသိသေးဘူး ဒါပေမယ့် ခုအခြေအနေကိုကြည့်ရင်တော့ အကိုတွေလည်း ဒီဆိုဒ်ကို မတိုက်တော့ပါဘူး ဒါပေမယ့် စောင့်ကြည့်နေတုန်းပါပဲ 🙂

        • ကြောင်ဝတုတ်

          September 14, 2012 at 9:58 am

          Bl4ck_B4dB0y says:
          ဟုတ်ပြီ ဒါဆို ကျနော်ခုလေ့လာနေတာ လေ့လာနေသလောက်တော့ တပတ်မှာ ငါးရက်လောက်က ကျနော်တို ့အဖွဲ ့ကို စော်ကားတဲ့ ပို ့စ်အောက်မှာ ဝင်ရေးနေတဲ့ သူတွေက အများသားလား အဟက် ကဲ ဒီတော့ ကျနော်တို ့မတိုက်သင့်ဘူးလား ကျနော်တို ့က သူများချွန်ပေးတိုင် းတိုက်ရအောင် သူငယ်နှပ်စားကလေးတွေမဟုတ်ပါ ကျနော်တို ့ သေချာဆုံးဖြတ်ပြီးမှ တိုက်ခဲ့တာပါ အားလုံးသဘောတူညီမှုနဲ ့ပါ အဟက် ခင်ဗျားတို ့ဘက်က သေချာဆုံးဖြတ်ပါ ပြီးရင်တော့
          https://www.facebook.com/yarsulay အဲဒီလင့်စ်မှာ လာတောင်းပန်လိုက်ပါ ကျနော် မနက်ဖြန်ညနေသုံးနာရီထိစောင့်ကြိုနေပါ့မယ် အဟက်
          မကျေနပ်လို ့အဲဒီအကောင့်ကို ဟက်သွားမယ်ဆိုလည်း welcome ပါ
          WARNING !!!! We L0v3 Myanmar We L0v3 Rakhine We are An0nym0u$
          Greetz to MMCounterddos/MHPG/BHA lol
          We are Watching your site LOL

          ကဲ… ချာတိတ်ရေ… အဲဒီမှာ မင်းရေးထားတဲ့စာ….
          အဲဒါစာကြောင့် ရွာထဲက သူကြီးလုပ်သူကလဲ အများမျက်နှာကြည့်ပြီးတောင်းပန်ပြီးပြီလို့သိရတယ်…
          မင်း ဒီပိုစ့်ကိုရေးတော့လဲ… အကုန်လုံးက မင်းကို ကြည်ကြည်ဖြူဖြူနဲ့ကော်မန့်လေးတွေပေးတယ်…
          အဲဒီတော့မှ မင်းက…

          ကျနော်တယောက်ပဲ ကြေအေးတာပါ အကိုတွေသဘောကတော့ ကျနော်နဲ ့မဆိုင်ပါဘူး အဟက်

          ဆိုပြီး ပြန်ပြောတော့… ဒါကရွာထဲက ရွာသူားတွေကိုစော်ကားတာပဲလို့ ငါခံယူတယ်…
          ထပ်ပြီးပြောဦးမယ်ကွာ…
          ကိုယ့်အနေအထားကိုယ်သိပါ… ကိုယ့်အရည်အချင်းကိုသိပါ…
          မင်းအနေအထားနဲ့ Hacking မပြောနဲ့ Basic Networking ကိုတောင် Professional မဟုတ်ဘူးဆိုတာကို ခန့်မှန်းနိုင်တယ်…
          အဲဒီတော့ အစ်ကိုဆိုတဲ့သူများရဲ့ စိန်နားကပ်အရောင်နဲ့ပါးပြောင်နေတဲ့ကိစ္စ
          သခင်အားရ ကျွန်ပါးဝလုပ်ပြီး ရွာထဲမှာလာပဏာယူနေတဲ့ကိစ္စကို ရပ်ပြီးတကယ်ကျေအေးဖို့ကြိုးစားစေချင်ပါတယ်…

          နောက်တစ်ခုပြောလက်စနဲ့ထပ်ပြောလိုက်ပါဦးမယ်…
          ဒီရွာကို ဒီမိုရွာလို့သတ်မှတ်ပြီး Media လွတ်လပ်ခွင့်အပြည့်နဲ့ ရပ်တည်နေတဲ့ မန်းဂဇက်ရဲ့သိက္ခာကို အကျခံပြီး
          တစ်ဦးတစ်ယောက်ကို ဖင်မပြီးမှ စာရေးခွင့်ရမယ်ဆိုရင်… ဒီမိုရွာမဟုတ်တော့ဘူးဆိုတာကိုလဲ သတိချပ်စေချင်တယ်…

          ဒီကော်မန့်ကို ကျုပ်ရေးလို့ ဂဇက်အတွက်ထိခိုက်နစ်နာမှုရှိမယ်ဆိုရင် ကျွန်တော်တောင်းပန်ပါတယ်…
          ဒါပေမယ့် ခွေးတစ်ကောင်ခေါင်းပေါ်တက်ပြီး ချီးပါတာကို မွှေးတယ်ဆိုပြီးဝမ်းသာမနေနိုင်လို့ ဒီကော်မန့်ကိုရေးတယ်…
          ဒီကော်မန့်အတွက် ကျုပ်တာဝန်အပြည့်ယူတယ်…

          အဲဒီတော့ ချာတိတ်ရေ…
          tzayar.it@me.com ကိုစာပို့ပြီး မင်းကြိုက်တာလာပြောလို့ရတယ်…
          နောက်ဆုံးပြောချင်တာက လူကြီးလူကောင်းဆန်ဆန် ရင့်ကျက်အောင်အရင်ကြိုးစားပါဦးလို့…

          ကြောင်ဝတုတ်

  • aanyar thar

    September 13, 2012 at 5:48 pm

    ကျေးဇူးတင်ပါတယ်…သူငယ်ချင်း..ဒီဆိုဒ်လေးဟာ..ကျနော်တို့လို..ဗဟု့သု့တ နည်းတဲ့..လူငယ်တွေအတွက်တော့..ဖတ်ရှု့စရာစုံလင်တဲ့….ဗဟုသု့တ…တွေနဲ့ပြည့်နေတဲ့..ဆိုဒ်လေးပါဗျာ..ဒီအထဲမှာ..ပို့စ်တွေ..တင်နေကြတဲ့..အကိုတွေ အမတွေဟာ.လည်း.တကယ့်ကို..နွေးထွေးဖော်ရွှေကြပါတယ်..စုန်းပြူးတစ်ချို့ကြောင့် အထင်မှားစရာတွေ ဖြစ်ကုန်တယ်ထင်ပါတယ်…ကိုယ်က ပညာကြီးတဲ့သူပဲ…ဥပေက္ခာပြု့ပေးပါဗျာ..ခု့ဆို…ကွန်ပြူတာဆိုတာ..လက်နှိပ်စက်နဲ့ TV ကြီးတွဲထားတဲ့..ဟာလို့ပဲ သိ့တဲ့ ကျနော့်အတွက်..ကွန်ပြူတာ နည်းပညာတစ်ချို့..သူငယ်ချင်းကြောင့် လေ့လာခွင့်ရပြီ…ကျေးဇူးပါ..

  • ဦး ဂျစ်

    September 13, 2012 at 7:06 pm

    ဂေဇက်မန်ဘာကြီးများ ဧည့်သည်လေးကို ကြိုဆိုကြတာ ကြည်နူးစရာပါ ….
    ဒီနေ့ ညချမ်းလေးဟာ မင်္ဂလာအပေါင်းနဲ့ ခညောင်းသလို ခံစားရမိပါတယ် ….။

  • uncle gyi

    September 13, 2012 at 9:27 pm

    တူမောင်bl4 မင်းတ်ို့ကတက်လူငယ်တွေ
    အရာရာကိုတက်ကြွလှုပ်ရှားစူးစမ်းရှာဖွေချင်တဲ့အရွယ်
    မှန်တယ်ထင်စွတ်လုပ်ချင်တဲ့အရွယ်
    ဘတို့ကကျလူတွေအရာရာကိုစဉ်းစားပြီးမှသေချာမှလုပ်ချင်သူတွေ
    အမြင်ချင်းကမတူနိုင်ပေမဲ့လူငယ်စိတ်ကိုနားလည်ပေးနိုင်ပါတယ်
    ဒါပေသိအသက်နဲ့အတွေ့အကြုံအရ
    တူမောင်ကိုမှာချင်တာကဘာလုပ်လုပ်၂ခါစဉ်းစားတာမမှားနိုင်ဘူး
    စဉ်းစားချင့်ချိန်ဝေဖန်မျှော်မြင်နိုင်ပါစေကွယ်

    • Bl4ck_B4dB0y

      September 13, 2012 at 9:35 pm

      ဆုံးမတာကို ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျနော်တို ့ကတော့ မှန်တယ်ထင် do မှာပါပဲ နောက်ဖြစ်မှ နောင်ရှင်းပါ

      လေးစားလျှက် Bl4ck.b4db0y

      • ကိုပေါက်(မန္တလေး)

        September 13, 2012 at 10:04 pm

        ငါတို့ငယ်ငယ်ကလဲ မင်းလိုပေါ့ မှန်တယ်ထင်ရင်ဆော်ခဲ့တာဘဲ။
        အခုအသက်ကြီးတော့သွေးကြောင်သွားလားတော့ မသိဘူး
        နောက်ပြန်ပြန်ကြည့်နေမိတယ်။
        ဆော်သာဆော်………………………….
        ငယ်တုန်းလေးဆော်ရနှက်ရတာ

  • မောင်ပေ

    September 13, 2012 at 9:41 pm

    ကိုယ်ကတော့ ဟိုသီချင်း လေးထဲကလို ဆိုပြလိုက်ချင်တယ်
    “ ချာတိတ်ကလေး ရယ် ”

    • Bl4ck_B4dB0y

      September 13, 2012 at 9:43 pm

      🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 LOL 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂

      • YE YINT HLAING

        September 14, 2012 at 4:53 am

        Black Bad Boy လေးရေ ! မင်းရုပ်ရည်လေး နဲ့ လိုက်ဖက်တဲ့ စိတ် ကလေး ကို ဒီပို့( စ ) မှာ စတွေ.လိုက်ရပြီ ! တခါး အားလုံးကို ဖွင့်ထားတဲ့ အိမ် က ပြင်းထန်တဲ့ လေပြင်းတွေ ဒဏ်ကို ခံနိုင်တယ် ။ အဲဒါ နာဂစ် တုန်းက ကိုယ်တွေ. ပဲကွ ! ဂဇက်မှာ ရေးချင်တာရေး ပြောချင်တာပြော စိတ်တို ရင် ဆဲချင်လည်း ဆဲ လို့ ရ နေတာလည်း ဒီ သဘောပဲ ! လူ တွေရဲ့ စိတ်အိမ် တခါးတွေကို ဂဇက် က ဖွင့်ပေးထားတယ်ကွ ! ဘာသာရေး / နိုင်ငံရေး/ စီးပွါးရေး/ ကျန်းမားရေး/ ဘာအရေး / ညာအရေး စတဲ့အရေး အသားတွေ အပြင် စိတ်တိုကြလို့ မကျေနပ်ကြလို.့ရှိရင် ဆဲရေး တိုင်းထွာကြသေးတယ် ။ ဒါပေမဲ့ ဘာပဲရေးရေး မိမိ တာဝန်တော့ ရှိတာပေါ့ကွာ ! ဒါတွေကို ဂဇက် စာမျက်နှာပေါ် မှာ လက်ခံထားတယ် ဆိုတာက အထက် ကပြောသလို တခါးတွေ ဖွင့်ပေးထားတာပေါ့ကွာ ! အဲဒါကို ညီလေး တို့ က ကိုယ့်အမြင်နဲ့ကို ကြည့်ပြီး ဟိုတခါး ပိတ်ပါ ဒီတခါး ဖွင့်ပါ ပြောနေသလို ဖြစ်နေတယ်လို့ အကို မြင်တယ် ။ အသိညဏ် တိုးမြင့်ဖို့ ဆိုရင် ဆန့်ကျင်ဘက်တွေ အများကြီး မြင်တွေနေမှ ဖြစ်မယ် ။ အဲလို မဟုတ်ပဲ တခါးပိတ်လိုက် ရင် ဘာမှမမြင်ရတော့ဘူးငါ့ညီရေ ! သမိုင်း ဖြစ်ရပ်တွေ တိုင်းမှာ တိုက်ပွဲတိုင်း အောင်နိုင်ခဲ့တဲ့ စစ်သူကြီး တွေဆိုတာ ရန်သူဘက်က ပြောတဲ့စကား အပေါ်မှာ နားထောင်ဆင်ခြင်လေ့ရှိတယ်ကွ ! ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ ကွာ ! ခုလို တွေ.ရတာဟာ မင်ဂလာ ပါ ။ မြန်မာ တစ်ယောက် ကို မြန်မာတစ်ယောက် တည်ထောင်ထားတဲ့ စာမျက်နှာတွေပေါ်ကနေ မြန်မာ တစ်ယောက်က နွေးထွေးစွာကြိုဆိုပါတယ်ကွာ ! ( အလုပ်များ ပင်ပန်းပြီး အိပ်ချိန်နည်းနေတဲ့ အချိန်မှာ အိပ်ရမဲ့ အချိန်ထဲ က မန့်သွားတယ်ကွာ ! ) ဒါဗြဲ !

  • ဆူး

    September 14, 2012 at 9:31 am

    ဂေဇက်ရွာမှာ မိသားစုဝင်တွေ တိုးနေတာ အခုမှ ရွာသားတွေ ရေးတဲ့ ကွန်မန်းတွေဖတ်ပြီးမှ ဇတ်ရည်လည်တော့တယ်။ ဘွားဆူး က သားတွေ မြေးတွေ နဲ့ အလုပ်များနေတော့.. ဒီတလော ရွာထဲ မလာဖြစ်တာတော်တော် ကြာနေပြီ။ ပြသနာ အကြောင်းတော့ သတင်းပေးတဲ့ သူတွေ ရှိလို့ အနည်းအကျဉ်း ကြားသိထားတယ်။ လူသစ်တိုးတဲ့ အတွက် ဝမ်းသာပါတယ်။ ဂေဇက် ရွာကတော့ တကယ်ကို နွေးထွေးပျော်ရွင်ဖွယ် ကောင်းတဲ့ ရွာလေးပါ။ စာရေးနေတဲ့ လူ အချင်းချင်းလည်း အပြင်မှာ မမြင်ဖူးပဲ ပုံစံမျိုးစုံဖော်ပြီး ချစ်ခင်အောင် နေတတ်ကြတယ်။ ဥပမာ ဘွားဆူး ရဲ့ တူမောင် ဆာမိ ရေးတဲ့ စာတွေသာ ဖတ်ကြည့်ပေတော့.. ပဒေသာကပွဲဆိုတဲ့ ပိုစ်မှာတောင် သက်ကြီးရွယ်အိုတွေ မပျင်းရအောင် စင်ပေါ်တက်ပြီး က ခိုင်းထားတယ်။ လက်တွေ့ မလုပ်နိုင်တော့တာကို စာထဲမှာပဲ ကြည့်ပြီး ပီတိ အပြုံးနဲ့ ဖတ်သွားရတော့တာပါပဲကွယ်… မကြာခင် ဂေဇက် ရဲ့ ပိုစ်တွေမှာ သရုပ်ဆောင် အနေနဲ့ ပါလာပြီး ပျော်လာပါလိမ့်မယ်။ ကြိုဆိုပါတယ် ကွယ်။

  • Shwe Ei

    September 14, 2012 at 9:40 am

    ပျင်းနေလို့ ကျေအေးမှုလုပ်ချင်ဒယ် ဆိုဘာလား။ ကိုယ့်ထက်အသက်ကြီးသူကို ဦး၊ ဒေါ်၊ ကို ၊မ တပ်ခေါ်ရကောင်းမှန်းမသိသေးတဲ့အရွယ်ထင်ပါရဲ့။ သွေးနားထင်ရောက်ချက်က 9 လောက်ရှိတယ်။ ငါဟဲ့ ဟက်ကာဆိုပီး ကန့်လန့်ကာနောက်ကွယ်ကလူလိုလို ပုဆိုးခြုံထဲက လက်သီးပုန်းပြတာလိုလို လုပ်လိုက်၊ ဂဇက်ရွာထဲ အခွက်ပြောင်ပြောင်ဝင်လာပီး ရွာ့လူဂျီးသူမတွေကို မရိုမသေပြောလိုက်နဲ့ ဟုတ်လှဘီမှတ်နေတယ်။ ဆိုမဲ့ ပြောမဲ့ ဂရုတစိုက်ဆုံးမမဲ့လူမရှိဝူးလားကွယ်။

    • etone

      September 14, 2012 at 9:49 am

      မိကြည်ပြာ ၊ မိကြည်ပြာ …. အိုမား ဒီလောက် ဆုံးမထားလျှက်နဲ့ ………… အဒူ့ အားကိုးနဲ့ ဖိုက်တာ လုပ်နေပါလိမ့် … အဟိ :mrgreen:
      အခြေနေမကောင်းလျှင် နားပိတ်ပြီးအိပ်နေအေ …. ။ အခြေနေကောင်းမှ .. ဖျာလေး တချပ်ဆွဲပြီး ပြန်ပြေးလာခဲ့ ….. ။ 😉

  • သူရဇော်

    September 14, 2012 at 10:11 am

    ခွေးအမြီးလေးကို ကျည်ထောက်စွပ်သလိုပါပဲ…… စွပ်ထားတုန်းခဏတော့ ဖြောင့်နေတယ်…… ပြန်ချွတ်ကြည့်လိုက်လေ…. ပြန်ကောက်သွားတာပဲ….. ထားပါတော့ ဟက်ကာတွေ ကြက်ကာတွေ ယဉ်ကျေးမှုနဲ့ပဲ ကြည့်ကြပါစို့ကွယ်…… ညီလေး ယဉ်ကျေးမှု ဘယ်လောက်တောင် ပြောင်မြောက်လဲဆိုတာ (အဟက်) ဆိုတဲ့လှောင်သလို ပြောင်သလို စကားလေးတွေ ဖြတ်ရိုက်ခံရမယ်ဆိုတဲ့စကားလေးတွေ…. ဒီမယ်ကွာ ဒီထဲမှာ မင်းအဖေလောက်ရှိတဲ့ လူကြီး တွေလဲရှိတယ်၊ မင်းအဘလောက်ရှိတဲ့ လူကြီးတွေရှိတယ်ကွာ….. ယဉ်ကျေးပါ၊ သိပ်မဟောင်နဲ့ကွာ ဟောင်လွန်းတဲ့ခွေးလူမလေးဘူးကွာ…….. ဒါလေးပါဘဲ

  • kai

    September 14, 2012 at 11:18 am

    ဆိုတော့…
    တောင်းပန်/ကျေအေး တယ်ဆိုတာ.. မွန်မြတ်တဲ့အလုပ်ပါ..
    အဲဒါလို.. လုပ်ကြတာ. .လုပ်နိုင်တာကို အသိအမှတ်ပြုဖို့လိုပါတယ်နော…

    တောင်းပန်/ကျေအေးတာမှာ.. တောင်းပန်/ကျေအေးပြီးမှ တဖက်ကို.. တဖက်က.. Personal ဆန်စွာ.. (အနိုင်ယူ)ဆုံးမနိုင်တဲ့အခွင့် ( Rights) .. ဘယ်သူမှာမှ(ဘယ်သူ့မှာမှ) မရှိဘူးလို့… သတိထားကြစေချင်ပါတယ်..

    ရွာသူားတွေထဲက.. မကျေနပ်တာတချို့.. ရှိနေသေးတာသိပါတယ်..။
    ကိုရင်ဘလက်ဘွိုင်းနဲ့..သူ၏အကိုများလည်း.. ရွာသူားများဖြစ်နေကြပြီမို့.. ရွာသူားများအားလုံး… ဆိုင်ရာစည်းကမ်းများအတိုင်း.. Respect(အပြန်အလှန်..ထိုက်သင့်သောလေးစားမှု) နှင့်တကွ.. နေကြစေလိုပါကြောင်း… :mrgreen:

    – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ…

    • amatmin

      September 14, 2012 at 12:08 pm

      ရွာသူားတိုင်း ရွာကိုစောင့်ရှောက်ကြစေလိုပါကြောင်း ..ဆိုတဲ့.
      သဂျီးစကားလေးကို သတိတရရှိနေပါ၏..။ 🙂
      ပြောချင်တာတခုက..ကျနော်တို့ ချစ်သောဂဇက်က လွတ်လပ်စွာ တွေးတော ရေးသား ပြောဆိုမှုကို
      အခြေခံထားတဲ့ အတွက် နှစ်သက်ခဲ့တာပါဗျ….
      ဆိုတော့ အဲ့အချက်တွေ ချွတ်ယွင်းလာစေပီး..တစုံတရာ/တယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ..
      သူတပါး အများတွေကို.ဒီမိုကရေစီဆိုတာ ဒီလိုပါ.အဝှဲယျားနက်စ် ဆိုတာ ဒီလိုဗျ..ဆိုပီး..
      ရေးကြ..မန့်ကြရမယ်ဆိုတာကိုတော့..အင်မတန် စိတ်ထိခယှက်ရပါကြောင်း..။ 🙁
      သဂျီးအနေအထားကိုနားလည်ပေမဲ့.သူတို့ထက် ပိုတတ်စွမ်းတဲ့ နောက်တဖွဲ့လာရင်.နောက်စည်ကမ်းတမျိုးထပ်ပြောင်းပေးရမယ်ဆိုရင်တော့..အင်း..
      နောက်တခုအပြန်အလှန်ထိုက်သင့်သောလေးစားမှုဆိုတဲ့အချက်ကတော့..
      လက်ခုပ်ဆိုတာ ၂ ဘက်တီးမှ မြည်တယ်ဆိုသကိုး..ဗျ… 😀

      • kai

        September 14, 2012 at 12:22 pm

        I do not agree with what you have to say, but I’ll defend to the death your right to say it.
        – Voltaire

        မည်သူမဆို.. မည်သည့်အကြောင်းအရာကိုမဆို.. (သူတပါးမထိခိုက်ရင်..) လွတ်လပ်စွာ ရေးသားပြောဆိုနိုင်ပါကြောင်း…
        လွတ်လပ်စွာရေးသား….တွေးခေါ်.ပြောဆို.ဆွေးနွေးနိုင်ခြင်းအခွင့်အရေးအတွက်.. ကျုပ်အနေနဲ့.. တတ်နိုင်သလောက်အကာအကွယ်ပေးမည်ဖြစ်ပါကြောင်း….

        ရွာသူားများကလည်း.. ရွာသူားအချင်းချင်း.. မည်သူကမှ.. မည်သူ့ကိုမှ…လိုက်လျှောရန်.. နှိမ့်ချဆက်ဆံရန်.. မလို..
        တန်းတူညီမျှမှုရှိကြစေလိုကြောင်း..

        နောက်တာမဟုတ်..
        တကယ်ပြောတာပါ..။ :mrgreen:

        ဒီလိုအခွင့်အရေးတွေသုံးလို့( လွတ်လပ်စွာရေးသား. .ဆွေးနွေး..ပြောဆိုခြင်းကြောင့်.. )ဒီရွာကြီးပျက်ချင်ပျက်ပါစေ.. ရွာကိုငဲ့ရန်မလို..ပါကြောင်း… .ရေးကြပြောကြ..ဆွေးနွေးကြစေလိုကြောင်း..

        • amatmin

          September 14, 2012 at 12:39 pm

          အပေါ်ကွန်မန့်မှ လေးစားရသောဂဇက်သူကြီးဦးခိုင်၏.စကားများ..
          ဂဇက်မပျက်သရွေ့ မှတ်တမ်း ဖြစ်ကျန်စေသတည်းး..။
          သဂျီးရေ…နောက်တာမဟုတ်ပါဘူး နော်..

          လေးစားမှုဖြင့်..

      • သူရဇော်

        September 14, 2012 at 2:54 pm

        အမတ်မင်းစကားလေး ကောင်းလွန်းလို့ ထပ်ဆင့်ထောက်ခံပေးသွားပါကြောင်း…….

    • ကြောင်ဝတုတ်

      September 14, 2012 at 12:34 pm

      မန်ဘာဝင်ပြီး login ဝင်လိုက်တိုင်း ရွာသား၊ ရွာသူဖြစ်တယ်ဆိုတာထက်…
      ရွာအပေါ်မှာ ကောင်းသောစေတနာနဲ့သေတဲ့အထိနေသွားကြမယ့်သူများ၏မျက်နှာကိုထောက်ရှု့ခြင်းအားဖြင့်…
      တချို့သောရွာသူား… ရွာ၏အကျိုးကိုမသိတတ်သော… ရွာ၏ကောင်းကျိုးထက်ဆိုးကြိုးဘက်သို့ဦးတည်တတ်သော…
      တချို့တချို့သောသူများကို ရွာပြင်ထုတ်ထားသင့်က ထားရမည်ဖြစ်ကြောင်း…

      နောက်တစ်ခုက အမှန်တကယ်ရွာသူားများအဖြစ် ဒီမိုရွာတွင်အများမထိခိုက်အောင်နေနိုင်မည်ဆိုပါက…
      အလုပ်ဖြင့်သာသက်သေပြပြီး အပြန်အလှန်… ထိုက်သင့်သောလေးစားမှုကို တည်ဆောက်ရယူသင့်ပါကြောင်း…
      ဓားတစ်ချောင်းနှင့် လူမိုက်တစ်ဦးလို ရွံကြောက်လေးစားမှုမျိုးဦးမတည်စေလိုကြောင်း…

      ကြောင်ဝတုတ်သည် အခြားကောင်းကျိုးလိုလားသူရွာသူားအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက်ပေးခြင်း လုံးဝ (လုံးဝ) မပြု

    • garuda

      September 14, 2012 at 9:24 pm

      “တောင်းပန်/ကျေအေး တယ်ဆိုတာ.. မွန်မြတ်တဲ့အလုပ်ပါ..“ ဒီကိစ္စမှ ကျေအေးတယ်ဆိုတဲ့ တစ်ခြမ်းပဲလက်သင့်ခံနိုင်တယ် သူကြီး။ ကျွန်တော့် အနေနဲ့ကတော့ personal ဆန်စွာဆုံးမတာကို မလိုလားသလို၊ ကိုယ်မမှားပဲနဲ့ တောင်းပန်တာကိုလည်း မလိုလားပါဘူး။ 3B ကိုလည်း မကျေနပ်ဘူးဆိုတာမရှိသလို။ တောင်းပန်စရာလည်း မလိုဘူးလို့ ကျွန်တော်ထင်တယ်။ သူပြောခဲ့သလို “မှန်တယ်ထင်ရင် do မှာပဲ” ဆိုတော့ ဂေဇက်က အဖွဲ့က “အေးကွ ငါတို့ရဲ့ ဆိုဒ်က ဒီလိုရှိတယ်” “မင်းတို့ကိုနစ်နာစေချင်တဲ့ သဘောမဟုတ်ကြောင်း” “ဒီဆိုဒ်ရဲ့ ပွင့်လင်းမြင်သာတဲ့ လွပ်လပ်မှုရဲ့ သဘောတရား အကြောင်း” ဆိုပြီး အကျိုးသင့်အကြောင်းသင့် ရှင်းပြသင့်တယ်။ တဖက်ကလည်း ဆရာ့ကို ”ရိုဟင်ဂျာ”လို့ အထင်မှားနေတာလည်း ဖြစ်မှာပေါ့။အလကားနေရင်း တောင်းပန်နေရင်တော့ ရိုဟင်ဂျာကဝင်တိုက်လည်း တောင်းပန်ရ ဖွတ် နောက်လိုက်တွေကဝင်တိုက်လည်းတောင်းပန်ရနဲ့။ အပတ်ကို မလည်နိုင်ဘူးဖြစ်သွားမယ်။ အခုတော့ ဘာဖြစ်မလည်းသိလား? ရိုဟင်ဂျာက အခြေအနေသိသွားပြီ DDOS တော့ အချိန်ကုန်ခံပြီး မလုပ်တော့ဘူး။ စာပဲများများဝင်ရေးမယ်။ သူရို့ ပေါက်တက်ကရ ဝင်ရေးလေ..ဆရာ kai တို့ DDOS နဲ့တွေ့ရဖို့များလေ ဖြစ်မှာပဲ။ တစ်ချက်ခုတ် ၂ချက်ပြတ်ပေါ့ဗျာ။ အဲဒီတော့ ကျိုးကြောင်းရှင်းလင်းမှု မရှိပဲ အသားလွတ် တောင်းပန်လိုက်ရင် ကျေအေးသွားမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီကိစ္စက ဒီမှာတင်ပြီးသွားမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ 3B တို့နဲ့ ပြေလည်သွားရင်တောင်မှ သူ့ထက်ကဲ ရွှေပြည်စိုးက လာအုံးမလားလို့။

  • mayjuly

    September 14, 2012 at 1:09 pm

    အမှိုက်ကစ ပြသာဒ်မီးလောင် စကားပုံလို့တော့ … မည်သူမှ .. မဖြစ်စေချင်ကြပါဘူး …

    လေးစားသမှုနဲ့ တောင်ပန်မှုကိုတော့ အသိအမှတ်ပြုနိုင်ကြမှာပါ ….

  • Bl4ck_B4dB0y

    September 14, 2012 at 1:21 pm

    ကိုကြောင်ဝတုတ်က အမုန်းကို ဖြဲတော့တာပါပဲလား 🙂 ထားပါ ခင်ဗျားပြောတာကို လက်ခံပါတယ် စိန်နားကပ်ရောင်နဲ ့ပါးပြောင်တယ်ဆိုတဲ့စကားကိုတော့ နည်းနည်းရှင်းချင်တယ် ဟုတ်ပါတယ် ကျနော်အဲလိုပါးပြောင်နေတုန်းပါပဲ ဒါပေမယ့် တခုတော့သတိပေးချင်တယ်ခင်ဗျ ကျနော့်မှာလည်း ကိုယ်ပိုင်အဆိပ်လေးနည်းနည်းတော့ရှိပါတယ် (ရန်စကားမဟုတ်ပါ ဖြေရှင်းခြင်းသာ) ဒီလိုပြောလို ့စိတ်ကွက်တယ်ဆိုရင်တော့ so sorry လို ့ပြောပါ့ရစေ

    ကျနော်တယောက်ပဲကြေအေးတာပါ အကိုတွေသဘောကတော့ ကျနော်မသိဘူးလို ့ပြောခဲ့တာက

    အဲဒီတုန်းက ဖြစ်သွားတဲ့ကိစ္စမှာ ကျနော့်ဘက်မှာ ပြသ၁နာဘယ်လိုဖြစ်သွားလဲဆိုတာ ခင်ဗျားမသိလို ့ပါ သိရင်ခင်ဗျားနားလည်မှာပါ ဒါကြောင့် ကျနော်တဦးတယောက်ရဲ့ ဆန္ဒပါလို ့အတိအလင်းထုတ်ဖော်လိုက်တာပါ ဒါကိုမှ စိတ်ကွက်ရင်တော့ နောက်ထပ် so sorryပေါ့နော့်

    ကျနော်ဆန္ဒနဲ ့ရည်ရွယ်ချက်က ဒီထဲမှာ လူမိုက်လုပ်ဖို့ လဲ မရည်ရွယ်ပါဘူး ကျနော်တို ့အေးအေးချမ်းချမ်း စာဖတ်လို ့ရမယ် ့နေရာလေးတခုအဖြစ် ကျနော်ဝင်တာပါ ဒါကိုမှ အမြင်လွဲရင်တော့ ကျနော်လည်းမတတ်နို်င်ဘူး 🙂

    • ကြောင်ဝတုတ်

      September 14, 2012 at 2:58 pm

      ဒီမှာညီလေး…

      မင်းမှာအဖွဲ့ဆိုတာရှိတယ်… အဲဒီအတွက် Teamwork ဆိုတာရှိတယ်… အဖွဲ့ဝင်တစ်ယောက်ရဲ့စကားတစ်ခွန်းကို
      တစ်ဖွဲ့လုံးတာဝန်ယူရတယ်… အဲလိုတာဝန်မယူချင်ဘူးဆိုရင် စည်းလွတ်ဘောင်လွတ်မဖြစ်အောင် ခေါင်းဆောင်ကတာဝန်ယူရတယ်…
      မင်းက Facebook မှာလာတောင်းပန်ပါဆိုလို့ ဒီရွာကသူကြီးကလာတောင်းပန်တယ်… အဲဒါဆိုရင် မင်းတို့တစ်ဖွဲ့လုံးကို တောင်းပန်တယ်လို့အဓိပ္ပာယ်ရတယ်…
      အဲဒါဆိုရင်… မင်းတို့တစ်ဖွဲ့လုံးက ကျေအေးပေးဖို့ တာဝန်ရှိတယ်… တောင်းပန်ပြီးမှ မင်းတစ်ယောက်ထဲကကျေအေးပါတယ်ဆိုတာ…
      ရွာသူကြီးကို မလေးစားတာ… ကိုယ့်အဖွဲ့ကိုမလေးစားတာပဲ… အဲဒီလိုပဲ တခြားလူမှုအဖွဲ့အစည်းတစ်ခုကို မလေးစားတာပဲ…. အဲဒီကိစ္စကို သေချာပြန်စဉ်းစားစေလိုတယ်…

      နောက်တစ်ခုက မင်းမှာ လူမိုက်ဝင်လုပ်ဖိုပမရည်ရွယ်ဘူး… အေးအေးချမ်းချမ်းစာဖတ်လို့ရမယ့်နေရာမို့ဝင်တာဆိုရင်…
      ဒီအထဲမှာ မင်းအစ်ကိုအရွယ်… မင်းအဖေအရွယ်… မင်းအဘိုးအဘွားအရွယ်တွေပါရှိတယ်ဆိုတာကို သတိထားစေချင်တယ်…
      အဲဒီအတွက် စာရေးတဲ့နေရာမှာလဲ အချင်းချင်းလေးစားမှုကိုပျက်ပြားစေမယ့်မသုံးနှုန်းမိဖို့ ဆင်ခြင်ပေးပါ…
      မင်းကို အထင်လွဲဖို့ မလွဲဖို့ကလဲ မင်းအပေါ်မှာဘဲ မူတည်သလို… ရွာသူားတွေရဲ့ လေးစားချစ်ခင်မှုကလဲ… မင်းအပေါ်မှာဘဲမူတည်ပါတယ်…
      နောက်တစ်ခုက ကိုယ်ပိုင်အဆိပ်နဲနဲက အရာရာတိုင်းကို မသက်ရောက်နိုင်ဘူးဆိုတာလဲ သတိချပ်စေချင်တယ်…
      ထပ်ပြောရရင် မင်းကို ငါအထင်မလွဲပါဘူး… ပြတ်ပြတ်သားသားပြောသင့်တယ်ထင်လို့ပြောတာပဲဖြစ်တယ်…

      ကြောင်ဝတုတ်

      • Bl4ck_B4dB0y

        September 14, 2012 at 3:12 pm

        good မိုက်တယ် ကျနော်တို ့တဖွဲ ့လုံး ကျေအေးပြီးသားပါ ကိုKaiနဲ ့လည်း ပြောပြီးပါပြီ ခုလိုထောက်ပြဝေဖန်ခြင်းကို လက်ခံပါတယ် ကျနော့်အဖိုးအရွယ်တွေ ပါတယ်ဆိုတာလည်း ကျနော်နည်းနည်းတော့သိပါတယ် ဒါပေမယ့် ကျနော်ပြောတာက လူတဦးတယောက်ကို ရည်ရွယ်တာမဟုတ်ပါ ကိုဝတုတ်သိစေချင်တယ် ကျနော့်အဆိပ်ဆိုတာကလည်း သုံးစားလို ့မရတဲ့အဆိပ်ဆိုတာ သိပါတယ် ဒါပေမယ့် ဘယ်သူမဆို ကိုယ့်အဆိပ်အပေါ်မှာတော့ ကိုယ့်ဘာသာ ဝင့်ကြွားခွင့်၊မာနထားခွင့်ရှိတယ်ဆိုတာတော့ ကိုဝတုတ်နားလည်မှာပါ ကျနော်တို ့ဆွေးနွေးတာ ဒီမှာရပ်နိုင်ရင် ကျနော်တို ့အတူတွဲလုပ်မယ်ဆိုရင် ကျနော်တို ့ မြန်မာနိုင်ငံအတွက် လုပ်နေတာချင်းတူရင် အားလုံးက ခရီးတူတူသွားကြတာပါ ဒီကြားထဲမှာ တိုက်တာခိုက်တာကတော့ နှစ်ဦးနှစ်ဖက် ပြေလည်ပီးသွားပါပြီ 🙂

    • Black Cloud

      September 14, 2012 at 3:11 pm

      သဂျီးရေ သူ ့အိုင်ပီလေး နဲ ့ register information လေးသာ comment တင်ပေးဖို ့ တောင်းဆိုပါတယ်…..

      စင်ပြင် ထွက်ချပေးပါ့မယ်…..

      • အရီးခင်လတ်

        September 14, 2012 at 3:52 pm

        ဆိုင်တော့ ဘာမှ မဆိုင်ပါဘူး။
        ဒါပေသည့် ကိုယ့် ကလေး တွေ ဖြစ်လာပြီလားလို့။
        စင်ပြင်ထွက်ချ လို့ အချိန်ကုန်၊ လူပန်း မထူး တဲ့ အကြောင်း လိုများ ဖြစ်နေ မယ် ဆိုရင်
        မင်းတို့ အတွက် တစ်ခြားမှာ အကျိုးရှိအောင် လုပ်ရမဲ့ အချိန်တွေ နှမြောစရာပါ သား ရေ။
        မကောင်း တာလုပ်နေသူတွေ အတွက် သူတို့ စေတနာ သူတို့ အကျိုးပေးမြဲ ပါ။
        အရီး စကား ကို နားထောင် ဖို့ ပြောတာ မဟုတ်ပါ။
        စဉ်းစား နိုင်ဖို့ ပါ။

      • Alpha Vanishing

        September 16, 2012 at 9:55 pm

        အိုင်ပီ သိတော့ ဘာလုပ်ဦးမလို ့လဲ ကိုရင် ဘလက်ကလောက် ရဲ ့

    • MaMa

      September 14, 2012 at 3:16 pm

      အခုလိုပိုစ့်တင်တာကိုက မောင်ရင်လေးရဲ့ ရွာအပေါ်ထားတဲ့ စိတ်သဘောထားကို သိရလို့ ဝမ်းသာပါတယ်။
      အမေစုပြောတဲ့ သင်ပုန်းချေတယ်ဆိုတဲ့ စကားလုံးလေးကို အလွန်နှစ်သက်ပါတယ်။
      ခုလည်း ဖြစ်ပြီးသမျှ အကျိုးမရှိတာတွေကို သင်ပုန်းချေပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြဖို့ မျှော်လင့်ပါတယ်။
      ခုရက်ထဲမှာပဲ အပြင်လောက က စိတ်အရှုပ်အထွေးတွေကို တီချာကြီးရေးတဲ့ ဘာပဲဖြစ်ဖြစ်ဆိုတဲ့ ပိုစ့်ကိုဖတ်ပြီးတော့ စိတ်ကို အေးချမ်းမှုရစေခဲ့ရပါတယ်။
      အဲဒါကြောင့် အခုလို ကိုယ်ရေးနိုင်ဖတ်နိုင်တဲ့၊ ကိုယ့်စိတ်ခံစားမှုတွေကို ဖွင့်ဟနိုင်တဲ့ ဒီဆိုဒ်ကြီး ပျက်စီး ပျောက်ဆုံးသွားမှာကို အင်မတန်စိုးရိမ်မိပါတယ်။
      ကိုယ့်အသက်အရွယ်နဲ့ လူငယ်တွေလို အင်တာနက်ကို မွှေနှောက်နိုင်စွမ်းလည်း မရှိလို့ ဒီရွာလေးတစ်ခုကိုပဲ အားကိုးမှီတွယ်နေရတာဖြစ်လို့
      မောင်ရင်လေးတို့ အပေါင်းအသင်းတွေကိုလည်း ပြောပြပေးပြီး လူငယ်တွေအနေနဲ့ လူကြီးတွေကို နားလည်မှုပေးစေလိုပါတယ်။
      ခင်မင်စွာဖြင့်
      မမ

      • အရီးခင်လတ်

        September 14, 2012 at 3:32 pm

        မမ ပြောတာ ကို အားပါးတရထောက်ခံပါတယ်။
        မမ ဆိုတာ ရွာရဲ့ သတ်ပုံ အဖွဲ့ ခေါင်ချုပ် မို့ တွေ့တိုင်း အလေးပြု ဖို့ မမေ့ပါနဲ့ ဆိုတာလဲ လက်တို့ ပါတယ်။ 😉

        မင်းနာမည်က ရင်းဂလိတ် လို ဆိုတော့ သူ စက်ကွင်းက လွတ်တယ်။
        ဟိုတစ်ယောက် “လူစိုးကြီး”
        ကြိမ်လုံးစာ မိတော့ မယ်။
        မမ တွေ့ပုံမရသေး။ 😀

  • အရီးခင်လတ်

    September 14, 2012 at 3:27 pm

    အားလုံး ဘဲ လက်ဆွဲ နှုတ်ဆက်လိုက်ကြစို့။
    လက်မှာ တံထွေး သုတ် မထားကြေး။ 😉
    နောက်တာပါ။

    ရွာမြေ ကို နင်းပြီး ရင် စိတ်ထားမှန်တဲ့ သူဆို ဒီရွာက လူတွေ နဲ့ ညီအစ်ကို မောင်နှမ အစစ် ဖြစ်ပြီ။
    ရန်သူလို မဟုတ်ဘဲ ညီအစ်ကိုရင်း တွေလို သတ်ကြ (အဲ ယောင်လို့) ပျော်ရွှင်စွာ ငြင်းခုန် ကြပေလော့။
    🙂

    တစ်ချို့သော စုန်းပြူး တွေကတော့ ကိုယ်ဖွ ချင်မှ ရွာထဲလာဖွ။
    ပြီးတော့ ပြန်ထွက်သွား။
    သူတို့ကြောင့် ရွာဆူရပေါင်း များပြီ။
    ဘယ်လောက် အောက်တန်းကျတယ် ဆိုတာတွေ လဲ တွေ့ရမှာပါ။
    ဒီတော့ ဒါမျိုးတွေ ကို လစ်လျူရှု ပြီး ကိုယ့်ဦးတည်ချက် မပျောက်အောင် ကြိုးစားကြတာပေါ့။

    သူကြီး ပြောသည့် အိုဘားမား စကား ပြန်သုံးရရင်။

    FORWARD
    YES WE CAN.

    PS –
    ကြောင်ဝ လေး ရဲ့
    {{{ မင်းအဘိုးအဘွားအရွယ်တွေပါရှိတယ်ဆိုတာ }}}
    ကိုတော့ စိတ်ထိခိုက် လှသကွယ်။ 😆
    ရှင်းအောင်ပြောထားဦးမယ်။
    ဘပု၊ ကိုပါ၊ ကထူးဆန်း၊ အဘဖော ၊ ကိုခင်ခ၊ ကိုပေါက်၊ ကကြီးမိုက်၊ ကဆာမိ၊ ကိုကျောက်ခဲ ဆိုတဲ့ အဖိုး တွေ က ပိုပြီး စီနီယာ ဖြစ်ပါတယ်။ 😀

    အဖွားတွေ ဆိုတာကတော့ တမင် နဲနဲ ဟန်လုပ်ပြီး အဖွားဟန် ဆောင်ထားကြတာပါ။
    သူတို့ လို အိုကြီးအိုမ တွေ မဟုတ်သေးပါဘူး။
    တစ်ချို့ ဆို တူမ ချောချော လေးတွေ နဲ့။ အဟမ်း။ အဟမ်း။ 😛

    • Black Cloud

      September 14, 2012 at 3:35 pm

      အဟင့် ကြောင်ဝက ကျွန်တော်နဲ ့ယှဉ်ရင် လေးလေးဖြစ်နေတာ…..
      ကြောင်ဝ အဘိုးဆိုတော့…………
      🙁
      အဘေးတွေ အဘီတွေ တယ်များတာကိုး………
      အပြင်မှာတော့ အဘေးကို မြင်ဖူးခဲ့တာမဟုတ်ဖူး………….
      စာရေးတော့မှပဲ အဘေးတွေနဲ ့ လာတိုးနေတယ်…………..
      လွန်တာရှိရင် ဆုံးမပါနော်……………………

      • အရီးခင်လတ်

        September 14, 2012 at 3:42 pm

        အလို လေး။
        ကြောင်ဝ က တောင် လေးလေး ဆိုတော့ မင်းက ၂ဝ ဝန်းကျင်ပေါ့။
        ဒီ အသက်လေးတွေ နဲ့ လက်စောင်း ထက် နေတာတွေ ကို ချီးကျူး ဂုဏ်ယူပါတယ်။
        ကောင်းတဲ့ ဘက် ကို သွား နိုင်ရင်တော့ မင်း တို့ အသက်ကြီးချိန် ပိုပြီး တင့်တယ် မှာပါ။ 🙂

        ဒီမှာနေပြီး စကားများများ ပြောကြည့်။
        ဘယ်လောက် ပေါကြတယ် (အဲမှားလို့) ဉာဏ်ပညာ နဲ့ ပြည့်ကြတယ် ဆိုတာ တွေ့မယ်။ 😉

        • Black Cloud

          September 14, 2012 at 3:50 pm

          တမျိုးမထင်ပါနဲ ့ဗျာ
          လေးလေးဆိုတာ စီနီယာ ကျလို ့ လေးစားသမှူနဲ ့ လေးလေးလို ့ခေါ်တာပါ….
          အသက်က ၂ဝ ကျော်ဆိုတာတော့ အမှန်ပါ…
          အတိအကျအားဖြင့် ၂၅ ကျော်ကျော်ပဲရှိပါသေးတယ်….
          ငယ်လှချည်တော့ မဟုတ်တော့ဖူးပေါ့……….
          😀

    • ကြောင်ဝတုတ်

      September 14, 2012 at 3:47 pm

      အရီးရေ…
      အရီးက ကျွန်တော့အရီးပါဗျာ…
      လောလောဆယ်တော့ ရွာမြေကိုနင်းထားပြီး စိတ်ထားမှန်လားမမှန်လားစောင့်ကြည့်ရဦးမှာပေါ့…
      တကယ်ရွာသားအစစ်ဖြစ်ချင်စိတ်ရှိရင် အပြင်မှာတောင်မျက်နှာပြထားတဲ့ကျွန်တော်တို့ကို လာတွေ့လို့ရပါတယ်…
      ရွာအတွက်ပြောတဲ့နေရာမှာ ထိရောက်အောင်ပြောမှဖြစ်မှာမို့ အမှားပါရင်လဲ အရီးတို့ သူကြီးတို့ခွင့်လွှတ်စေချင်ပါတယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • အရီးခင်လတ်

        September 14, 2012 at 3:56 pm

        ကြောင်ဝလေး ရေ့
        ခင်မင်စရာ မင်းအကြောင်း ကို အရီးတို့အားလုံး သိပါတယ်။
        ဒီ အသစ်ကလေး တွေ က မင်းရဲ့ ညီလေးတွေ ဖြစ်လာပြီ မို့ ညီငယ် တွေ လို သဘောထားမယ် ဆိုတာ လဲ ယုံကြည်ပြီးပါ။
        အခု ဆို သူတို့ လဲ ရွာနဲ့ သူကြီး နွား ကို ပင်တိုင် ကျောင်း ပေးနေကြတဲ့ သူ တွေ ကို သိလောက်ပါပြီ။ 🙂

        • Bl4ck_B4dB0y

          September 14, 2012 at 4:06 pm

          ကျနော့်အတွက်ပျော်ရွှင်ဖွယ်ဖိုရမ်လေးဖြစ်ပါစေလို ့ဆုတောင်းပါတယ် ကျနော့်ဘက်ကလဲ အရင်ပြသ၁နာတွေကို မေ့ထားလိုက်ပါပြီ ကျနော်တို ့လူငယ်တွေဟာ ဖြစ်ပီးသမျှကို ပြန်မလွမ်းတတ်ဘူးဆိုတာ အကိုတို ့အမတို ့လည်းသိမှာပါ 🙂

        • အရီးခင်လတ်

          September 14, 2012 at 4:09 pm

          ဂတိပေးတယ်။
          ရွာနဲ့ ရွာက လူတွေ ကို ခင်မင် သွားရင် ပျော်လွန်းလို့ မဝင်မနေရ တောင် ဖြစ်နေစေရမယ်။ 🙂

    • ကထူးဆန်း

      September 15, 2012 at 7:17 am

      အသရေ ဖျက်မှုနဲ့ အရီးလတ်ကိုတရားစွဲမယ် .. 👿
      ဆံဖြူ သွားကျိုး မျက်စိမှုန် လက်တုန်ရုံလောက်လေးကို အိုကြီးအိုမ တဲံ့
      ဒီရွာထဲ ဘယ်သူ အအိုဆုံးလည်းကြည့် .. ကြယ်လေးပွင့် တွေ တွေ့လိမ့်မယ် .. 😀

  • surmi

    September 14, 2012 at 4:17 pm

    ကဲ ကဲ ကျုပ်ကတော ့ဂျလေဘီပဲရောင်းတတ်တာ
    ရွာပျက်တော ့ စေီးပွားရေးနဲနဲ ဂိသွားတယ်
    အခု မန်ဘာကဒ်အရောင်းအဝယ်လုပ်နေတယ်
    ဟဲ ဟဲ ကျုပ်စီးပွားလေးတော ့ပျက်အောင်မလုပ်ကြနဲ ့ဦး

    ပုံ
    ဘဒွေးတော်ဆာမိ

    • အရီးခင်လတ်

      September 14, 2012 at 4:25 pm

      အဲသည့် လူကြီး လဲ ရွာ့ ဘိုးအေကြီး ဘဲ။
      အမည် ထပ်တိုး ပါတယ်။
      မရှိမဖြစ် ဇာတ်ဆရာကြီး မို့ သူ့ကို လဲ အလေးပြု သင့်တယ်။ အဟိ။ 🙂

  • mayjuly

    September 14, 2012 at 4:49 pm

    အင်း လူငယ်တွေနဲ့ လူကြီးတွေ မတူတဲ့အချက်တွေက ဒါလေးတွေပဲနော်..

    လူငယ်တွေ ဘယ်လိုပဲမှားမှား စဉ်းစားပြီး ခွင့်လွှတ်တတ်တာက လူကြီးတွေပါပဲ ….

    လူငယ်တွေ စိတ်ကတော့ အဲလိုမဟုတ်ဘူးပေါ့နော်.. မခံချင်စိတ်လေးတွေနဲ့ ထစ်ခနဲဆို အနိုင်ယူရမှ …
    စိတ်ထဲမှာ ဘယ်လိုပဲ ရှိနေရှိနေ .. ပါးစပ်ကတော့ ပြောပြီး အနိုင်ယူတတ်တာဆိုတော့ …

    တစ်နေ့လုံး ဒီပိုစ်လေးထဲ မှာပဲ တစ်ဝဲလည်လည် ဖြစ်နေခဲ့တယ် ….
    တစ်ဦးနဲ့ တစ်ဦး ပြေလည်မှုတွေကိုပဲ မျှော်လင့်နေမိတယ် ..

    လူကြီးတွေကြားမှာ ဆရာလုပ်မိတယ်ဆိုရင်လည်း ခွင့်လွှတ်ပါ … 😀

  • nigimi77

    September 15, 2012 at 1:03 am

    ကာလားနော…ဖျာဒွေ ရောင်းနေဒယ်နော….တချပ်မှ ဘယ်လောက်မှ မပေးရဘူးနော…

    ပွဲလန် ့ဒုံးနော…. ဖျာဒွေ ဝင်ခင်းထားဂျဘာနော….နောက်ကျရင် နောက်ချီးနဲ ့ သလဲ

    ရွာလဂျီးမများ အတွက် အထူးထုတ် ဟောဒီက ဘလွတ်ဘလက်ဘိုင် အမှတ်တံဆိပ် ဖျာဒွေ ရမယ်

    • Bl4ck_B4dB0y

      September 15, 2012 at 1:16 am

      ခင်ဗျားက ခက်လှချည်လား ကျနော်အပေါ်မှာ ပြောပြီးပြီနော် ဒါကို ဘာလဲ ကျနော့်ကို တော်တော်သောက်မြင်ကတ်နေလား ဒါဆိုလည်း ကျနော့်ဖေ့ဘွတ်အကောင့်ဆီကိုလာအတ်လိုက် ဒီထဲမှာ ကျနော်သောက်ပြသ၁နာမတတ်ချင်တော့ဘူး ဒီထဲမှာ အားလုံးကိုလေးစားမှုနဲ ့နေမယ် အားလုံးကလဲ ကျနော့်ကို လေးစားမှုနဲ ့နေပေးပါ(အသက်ငယ်တယ်ဆိုလည်း အသက်ငယ်တဲ့အတွက်ငယ်သူကို လေးစားပေါ့) နော့ ကဲ မကျေနပ်ရင် ကျနော့်ဖေ့ဘွတ်အကောင့်ကို ကျုံးသွားဗျာ ကျနော်က ဖြာဝင်ခင်းတာလဲမဟုတ်ဘူးနော့ ဘာလဲ ခင်ဗျားက သွေးခွဲရမှ ကျေနပ်တဲ့ ဒေါ်လာစားလား အဟက် ဒါဆိုလည်း နားလည်ပေးလိုက်မယ်အဟက် 🙂

  • nigimi77

    September 15, 2012 at 1:27 am

    ယော်….ခက်လှချည့် သားကြီးရယ်….. မင်းလုပ်တာ မူးနေတာလေးတောင် ဘယ်နားရောက်သွားမှန်း

    မသိတော့ဘူး…… ဘုရားစူး…စူးချင်တာ အကုန်စူး မင်းကို ပြောတာ မဟုတ်ရပါကွယ် ….

    ဘယ်သူ ့ကိုမှလဲ ပြောတာ မဟုတ်ရပါကွယ် ….. ကျုပ်ဘာသာ ဖာရောင်း..အဲလေ….ဖျာရောင်းနေတာပါ

    ရော့ရော့…သားကြီး…အဘ ထမ်းထားရတာ ပင်ပန်းတယ်..မင်းက တလှည့်ဝင်ပြီး ခါးနာပေးဦး

    အဟက် အဟက် ( C/D 2 ဘလွတ်ဘလက်ဘိုင်) 🙂

    • Bl4ck_B4dB0y

      September 15, 2012 at 1:33 am

      ကဲ မလေးစားနိုင်တော့ဘူး ခင်ဗျားနဲ ့ကျနော်ပဲ ပြောတယ်ဗျာ သတိ္တရှိရင် ဖေ့ဘွတ်အကောင့်လင့်စ်ပေးလေ ပြိုင်ပြောတာပေါ့ ခင်ဗျားအဓိပ္ပာယ်ကို ကျနော်သိသလို ခင်ဗျားလည်း သိမှာပါ ဘာလဲခင်ဗျားက ယောကျာင်္းမဟုတ်ဘူးလား သောက်ခြောက်လား ကိုယ့်စကားဘယ်သူ ့ကိုထိခိုက်လဲ ဘယ်သူ ့ကို စိတ်အနှောင့်အယှက်ပေးလဲဆိုတာ မသိဘူးလား ခင်ဗျားက ဘာကောင်မို ့လို ့လဲ (ဒီထဲက အားလုံးကိုလေးစားပါတယ် ခွင့်လွှတ်စိတ်ရှိလို ့) ဒီကောင်ကိုတော့ မလေးစားနိုင်ဘူး ဒီလောက် ပြေငြိမ်းနေတာကို လိုက်ကိုက်နေတာ မင်းက ငြိမ်းချမ်းရေးကို မလိုချင်ဘူးလား မလိုချင်ရင် ငါ့အကောင့်လာအတ်ကွာ ဖြဲမယ် ဒီထဲမှာတော့ အကိုတွေအမတွေအားလုံးကိုလေးစားလို ့ဒီလောက်ပဲပြောမယ် သားလေးရာ အဟက် 🙂

      • အရီးခင်လတ်

        September 15, 2012 at 1:50 am

        တော်ပါတော့ မောင်ဂဏန်း ရယ်။
        သူလဲ ရွာကို ကောင်းခြင်းနဲ့ ပူးပေါင်းလာပါပြီ။
        ကိုယ်က အစ်ကို သဘော စီနီယာဘဲ။ ထားလိုက်ပါ။
        အကျိုးမဖြစ်တာတွေ နဲ့ အချိန်မကုန် ကြပါနဲ့။

        Bl4ck_B4dB0y
        (ဆရာ)မင်းလူ ဝတ္တုတွေ ဖတ်ဖူးလား။
        အဲဒီ စာတွေထဲ မှာ တစ်ခု က
        ဋ ဆိုတဲ့ မြို့မကျ နယ်မက ရပ်ကွက် ထဲမှာ ဇာတ်ကောင် တွေ ဖန်တီးထားပြီး လူစရိုက် တွေ အကြောင်း ကို ဖွဲ့ ပြီးရေးပြထားတာ။
        လူမျိုးစုံ စရိုက်စုံ ရန်ဖြစ်ကြ၊ ပြန်ချစ်ကြ နဲ့။
        တစ်ယောက်မှာ ပြသနာ ဖြစ်လဲ ဝိုင်းဝန်းကူညီ ဖြေရှင်းကြပေါ့။
        သူ့ဇာတ်ကောင်တွေ အားလုံး ကို ချစ်ဖို့ကောင်းအောင် ကို ဖန်တီးပေးထားတာ။

        ဒီ ဂဇက်ရွာ ထဲမှာ လဲ ဒီလိုဘဲ။
        လူစုံ၊ စရိုက်စုံ ပါ။
        ဒါပေမဲ့ တကဲ့ ပင်တိုင် ရှိနေတဲ့ သူ အားလုံးက သူ့ဟာနဲ့သူ ချစ်စရာ ကောင်းပါတယ်။
        နဲနဲကြာရင် မင်းသိလာမှာပါ။
        အစ ကတော့ ဒီလိုပါဘဲ။

        ရွာ့ ကာလသား တွေ ဆိုတာ ကိုယ့်ရွာကို ထိလာရင် ဘယ်သူခံချင်ပါ့မလဲ။
        ဒါကြောင့်ပါ။
        နဲနဲ ကြာလာရင် မင်း ကိုယ်ချင်းစာတတ်လာမှာပါ။
        အရီးတောင် မကြီးမငယ် နဲ့ စိတ်မထိန်းနိုင်ဘဲ မင်း ကို ရန်တွေ့လိုက်မိသေးတာ။
        အားလုံးနားလည်သွားတော့ လဲ ပျော်စရာပေါ့။
        မင်းလဲ ဒီမှာ ရွာ့ကာလသား ဖြစ်ပြီနော်။

        အခု လဲ တွေ့တယ်မဟုတ်လား။
        တင်ပြီးသားတွေ ထပ်ထပ်တင်တယ်။
        ပြန်မဆွေးနွေးဘူး။
        အဲဒီလို Post မျိုး ကို ဘယ်သူမှ အရေးလုပ်မနေပါဘူး။
        ဒါကို သွားဖျက် လိုက်ရင် ဘယ်သူ ဘာဆိုတာ လူတွေ ဘယ်သိနိုင်ပါ့မလဲ။

        ပေါ်ပေါ်တင်တင် ပြလေ သူတို့ ရဲ့ မကောင်းတဲ့ စိတ်ဓာတ် နဲ့ အကျင့်တွေ က ပို သိသာလေပါဘဲ။
        အဲဒါကို သူတို့ မသိဘူး။
        ဒီတော့ သူတို့ စားရိတ် နဲ့ သူတို့ ဘဲ အောက်တန်းကျတဲ့ စာတွေ ဆိုတာ လူတွေကြား ထုတ်ပြနေတာဘဲ။
        ဒါကြောင့် လွတ်လပ်စွာ ပြောဆိုခြင်း မှာ ကိုယ့်အသုံးမကျခြင်း တွေ ဟာ ဘွားဘွားကြီး ပေါ်တတ်ပါတယ်။

        ဒီတော့ အရီးတို့ ဘာလို့ သူတို့ Post တွေကို အရေးလုပ်နေစရာလိုမလဲ။
        မဟုတ်ဘူးလား။

        • Bl4ck_B4dB0y

          September 15, 2012 at 1:57 am

          အင်း ယုံပါတယ်အမ ဒါပေမယ့် သူပြောသွားတာလည်း ဘယ်လောက်ထိလဲ ကျနော်ကပဲ ပွဲလန် ့တုန်းဖျာဝင်ခင်းတာတဲ့ ကျနော် ဒီလိုရည်ရွယ်ချက်ရှိနေရင် စတိုက်နေကတည်းက ဝင်နေပြီပေါ့ ကျနော်ဝင်လာတာ မှတ်မှတ်ရရ သုံးခါမြောက်တိုက်မှ ဝင်ဖြစ်တာပါ သူပြောနေတာက ဘာသဘောလဲဆိုတာ အမလည်း လူကြီးဆိုတော့ ကျနော့်ထက်ပိုနားလည်မှာပါ ခုဒီထဲမှာ အားလုံးလိုလိုနဲ ့ကျနော် နားလည်မှုရနေပါပြီ ဒါပေမယ့် ဒီကောင်က ဘယ်ပို ့စ်မှာလဲမသိဘူး တိုက်ခိုက်ထားသေးတယ် အဟက် ထားလိုက်ပါ လူကြီးတွေ မျက်နှာထောက်ပြီးတော့ ဘာမှမပြောတော့ပါဘူး သူ ့ဘာသာဘယ်လောက်ပြောပါစေ ကျနော်လည်း အမတို ့နည်းလမ်းကို သုံးလိုက်ပါ့မယ်

        • အရီးခင်လတ်

          September 15, 2012 at 2:03 am

          အဲဒီ မောင်ဂဏန်း က လူနောက်ပါ။
          လူတိုင်း ကို ဒီလို ပြောင်နောက် နေကျ သူ့အကျင့်ပါ။
          Post ဆိုတာ တစ်ခြား အစွန်းရောက် Post ကို ပြောတာပါ။
          သူက အစွန်းမရောက်ပါဘူး။
          အနောက်သန်တာ နဲ့ တဲ့တိုး ဂွ ပြောတတ်တာ တစ်ခုဘဲ။ 😀

  • nigimi77

    September 15, 2012 at 1:47 am

    အဟက် အဟက် ( C/D 2 ဘလွတ်ဘလက်ဘို်င်)

    ပေါ်လာပြီ ပေါ်လာပြီ 🙂

    • Bl4ck_B4dB0y

      September 15, 2012 at 1:50 am

      မင်းအကောင့်မပေးရဲဘူးမလား အဟက် 🙂

  • nigimi77

    September 15, 2012 at 1:55 am

    ခွေးအမြီးလေးကို ကျည်ထောက်စွပ်သလိုပါပဲ…… စွပ်ထားတုန်းခဏတော့ ဖြောင့်နေတယ်…… ပြန်ချွတ်ကြည့်လိုက်လေ…. ပြန်ကောက်သွားတာပဲ….. ထားပါတော့ ဟက်ကာတွေ ကြက်ကာတွေ ယဉ်ကျေးမှုနဲ့ပဲ ကြည့်ကြပါစို့ကွယ်…… ညီလေး ယဉ်ကျေးမှု ဘယ်လောက်တောင် ပြောင်မြောက်လဲဆိုတာ (အဟက်) ဆိုတဲ့လှောင်သလို ပြောင်သလို စကားလေးတွေ ဖြတ်ရိုက်ခံရမယ်ဆိုတဲ့စကားလေးတွေ…. ဒီမယ်ကွာ ဒီထဲမှာ မင်းအဖေလောက်ရှိတဲ့ လူကြီး တွေလဲရှိတယ်၊ မင်းအဘလောက်ရှိတဲ့ လူကြီးတွေရှိတယ်ကွာ….. ယဉ်ကျေးပါ၊ သိပ်မဟောင်နဲ့ကွာ ဟောင်လွန်းတဲ့ခွေးလူမလေးဘူးကွာ…….. ဒါလေးပါဘဲ ( C/D 2 သူရဇော်)

    ===========================

    မင်းရဲ ့ အမြီးက ဘယ်လောက်ကြာကြာဖြောင့်နိုင်မလဲ ဆိုတာ ဒါက အဖြေပဲ ကောင်လေး ။

    • အရီးခင်လတ်

      September 15, 2012 at 1:57 am

      မောင်မောင်ဂဏန်း လေး
      ရွာခံ အနေ နဲ့ တော်ပါတော့ ကွဲ့။
      အပြင်မှာ တွေ့လျင် ဘာဂါ ကျွေးပါ့မယ်။ 🙂

      • Bl4ck_B4dB0y

        September 15, 2012 at 1:59 am

        🙂 🙂 🙂 🙂 🙂 ဘာမှမပြောပါ 🙂 🙂 🙂 🙂 🙂

  • nigimi77

    September 15, 2012 at 2:03 am

    မင်းနှယ်ကွယ်

    FB အကောင့်ကိုများ သေလုမြောပါးတောင်းနေရတယ်လို ့

    မင့် ပညာ အစွမ်းနဲ ့ အကောင့်ကိုရအောင် ရှာကြည့်ပေါ့

    ရွာထဲမှာ နာမည်ရယ် ဓါတ်ပုံရယ် ဖုန်းနံပါတ်ရယ် Gmail Account ရယ်

    အကုန်တင်ထားခဲ့ပြီးပြီ …… မသိရင် စာတွေ ပြန်ဖတ်

    ဘာလိုသေးလို ့ ကလေးကုလား FB အကောင့်ကို တောင်းနေရတာလဲ

    အော်..အေး ….. ကလေးလားဘာလားတော့ မသိဘူး…..ကုလားမို ့လို ့ အဲလောက်သိချင်နေတာလား

    မင့်နှယ်ကွယ် … FB က အကောင့်ကလွဲလို ့ ဘာမှ မရှိလို ့ Gmail မှာ ပဲ add လိုက်ပါလားကွယ် ။

    ဒီတိုင်းတော့ မရဘူး… ချီးပါရင်တောင် နည်းနည်းတော့ ညှစ်ပေးရတယ်……

    ညှစ်လိုက်ပါဦး

    အဟက် ..အဟက် ( C/D 2 ဘလွတ်ဘလက်)

    • Bl4ck_B4dB0y

      September 15, 2012 at 2:05 am

      အဟက် 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 ငါလိုက်မရှာချင်ဘူးကွာ 🙂 🙂 🙂 🙂 🙂

  • nigimi77

    September 15, 2012 at 2:12 am

    🙂

    အိပ်ပြီ ဘလွတ်ဘလက်ရေ

    • အရီးခင်လတ်

      September 15, 2012 at 2:17 am

      အိပ်ဟေ့။ အိပ်။ အိပ်။ အိမ်မက်ထဲ လဲ ရန်ဖြစ်မနေနဲ့ ဦး။ 🙂

    • Bl4ck_B4dB0y

      September 15, 2012 at 2:24 am

      banyarphyu77@gmail.com ဟုတ်လားမသိ မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးပေါ့ သိပ်မသိသေးတော့ လူက အဆိပ်မရှိဘူးဗျာ အဟက် 🙂

      • အရီးခင်လတ်

        September 15, 2012 at 2:33 am

        ကဲပါကွယ်။
        အပြင်မှာလဲ ဆက်ပြီး မဖြစ်ပါနဲ့တော့။
        မင်းလဲ သူ့စာတွေ ဖတ်ကြည့်။
        http://myanmargazette.net/author/banyarphyu77
        (Link ကျေးဇူးရှင် – မောင်အံ)
        သူ့အကြောင်း သိပြီး ခင်လို့မဆုံး ဖြစ်သွားမယ်။ 🙂
        သူက စာအရေးကောင်း။

        ဒါနဲ့ မင်းရော မအိပ်သေးဘူးလား။
        အိပ်တော့။
        အိမ်မက်ထဲ လဲ ဆက်ပြီး ရန်ဖြစ်မနေကြနဲ့ဦး။ 🙂

        • Bl4ck_B4dB0y

          September 15, 2012 at 2:36 am

          အိပ်တော့မှာပါ လူက မူးနေတာ အရေးထဲ အမူးပြေအောင်လုပ်သွားလို ့ပိုခီးတာဗျ မဟုတ်ရင် အေးဆေးပြောမှာ ခုကျ မူးနေတာလေးတောင် ပျောက်သွားလို ့ ဟွန်း အိပ်ပီဗျာ အိပ်ရေးပျက်တာတော်တော်ကြာပြီ 🙂

          အားလုံးကိုလေးစားလျှက် 😀

        • အရီးခင်လတ်

          September 15, 2012 at 2:38 am

          ငါ့နှယ်။
          ဒီ အမူး နှစ်ကောင်ကြား ရောက်နေရတယ်လို့ဘဲ။
          ကျုပ်လဲ မူးသွားပြီ။
          တောက်စ် (မူ-ဂဂ) 😆

        • surmi

          September 15, 2012 at 3:21 am

          ကျွနုပ်လည်းထိုင်ဖတ်ပြီးမူးသွားကြောင်း
          အိပ်ရေးလည်းပျက်ပါကြောင်း
          ထိုနှစ်ဦးမှလက်ဘက်ရည်တိုက်သင် ့သည်ဟုထင်မိပါကြောင်း

        • Crystalline

          September 17, 2012 at 7:33 pm

          ကွန်မင့်အတွက်အရင်နှုန်းအတိုင်းဆိုရင်တော့ အရီးတော်တော်ထောမှာ..အခုတော့ ၁၅ကျပ်နဲ့ပဲဖြေသိ်မ့်လိုက်တော့နော်. 😉 စိတ်မဆိုးနဲ့နော်..အရီးကိုလူကြီးပီသလို့လေးစားတယ်. ဒါအတည်

  • Mလုလင်

    September 15, 2012 at 11:13 am

    မဝင်လိုက်တဲ့ တစ်ရက် မှာ တက် လာတဲ့ comment တွေ က တထောကြီးပဲ .. ကဲကဲ ..15 မှတ် ဝင်ယူဦးမှ .. လာထား .. 15

  • Khaing Khaing

    September 17, 2012 at 3:54 pm

    ရွာထဲက ရွာသူတစ်ယောက်ဖြစ်ပေမယ့် ရွာမှာ နိုင်ငံရေး ဘာသာရေးတွေကို ဘယ်တော့မှ ဆွေးနွေးလေ့ မရှိခဲ့သူတစ်ယောက်အဖြစ်မှတ်ထားပေးပါ ….. ဘာလို့လဲဆိုရင် လုံးဝနားမလည်လို့ရယ် စိတ်မဝင်စားတာ လည်းပါတာပေ့ါနော် ……

    ကျွန်မ အခုဖြစ်တဲ့ကိစ္စတွေဘာတွေကို သေသေချာချာမသိပါဘူး … အောက်က ကော်မန့်လေးတွေကြည့်ပြီး မှ Bl4ck.b4db0yတို့အဖွဲ့ နဲ့ ကျွန်မတို့ရွာနဲ့တစ်စုံတစ်ခုခုဖြစ်ကြတယ်ဆိုတာသိသလို ရွာသားတစ်ယောက်အဖြစ် အေးဆေးနေချင်တာလေးကိုလည်း သိလာပါတယ် …. အကောင်းမြင် အမြင်ကောင်းလေးနဲ့ကြည့်မယ်ဆိုရင်တော့ … လောကမှာ လူတိုင်းလူတိုင်းဟာ မမှားဖူးတဲ့လူဆိုတာမရှိပါဘူး … မှားနေတဲ့လူဆိုတာလည်း အမြဲတမ်းမှားနေမယ်လို့လည်း မယူဆရပါဘူး … ကော်မန့်အရေးအသားတွေကြည့်ပြီး Bl4ck.b4db0y ရဲ့ရင်ထဲကခံစားချက်တွေကို မြင်နေရပါတယ် … ကျွန်မတို့ငယ်ငယ်ကလေးဘဝတုန်းကလိုပေ့ါ ကိုယ့်သူငယ်ချင်း ကိုယ်နဲ့ပေါင်းတဲ့သူတွေက လူတစ်ယောက်ကို မကြည်ဘူးအထင်မှားရင် ကျန်သူငယ်ချင်းတွေကပါ လိုက်နာပြီး အတူလက်တွဲ ရန်ဖြစ် မျက်စောင်းတွေထိုးကြပေ့ါလေ … ဒါပေမယ့် အချိန်တန်တော့လည်း ကိုယ်လုပ်တာမှန်သလား မှားသလား ဆိုတာကို ကိုယ်ပိုင်ဝေခွဲတတ်လာတယ် … Bl4ck.b4db0y ရဲ့ အရေးအသားလေးတွေကြည့်ပြီး စိတ်ထား သဘောထား မသေးသိမ်တတ်သူ နားလည်ခွင့်လွှတ်တတ်သူဆိုတာ ပေါ်လွင်ပါတယ် …. ကျွန်မကတော့ ကျွန်မစိတ်ဝင်စားတဲ့ ပို့စ်လေးတွေတင်ရင်တော့ စောင့်ဖတ်ပြီး ကော်မန့်ပေးရမှာ ကျွန်မတာဝန်ဖြစ်လို့ ပို့စ်လေးတွေတင်ပေးဦးနော် …. အမှန်ဝန်ခံရရင်တော့ အခုBl4ck.b4db0y တင်ပေးတဲ့ ဖတ်ဖို့ သင့်တော်တဲ့ စာအုပ်ကိုတော့ ကျွန်မနားမလည်နိုင် ဉာဏ်ရည်မမှီလို့ မဖတ်တော့ဖူး …. အပေါ်မှာ `မ´ သွားပြီလို့ ပြောတဲ့ ကိုကြီးအံ (လူပျိုစစ်စစ်) တို့လိုဆရာကြီးတွေသာဖတ်ပါလိမ့်မယ် ……..

    ခင်မင်စွာဖြင့်
    Khaing Khaing

Leave a Reply