Lynn MHPG တင်တဲ့ စာတိုလေးတပုဒ်

Bl4ck_B4dB0ySeptember 14, 20121min1366

အင်တာနက်ရရှိသော မိုဘိုင်းဖုန်းမှ တခြားကွန်ပျူတာ, မိုဘိုင်းဖုန်းနှင့်Tablet များထံသို့ အင်တာနက်
ကွန်နက်ရှင်ကို မျှဝေ အသုံးပြုလို့ ရပါတယ်။ အင်တာနက် ရရှိတဲ့ ဖုန်းကနေပြီးတော့ Wi-Fi hotspot တစ်ခု တည်ဆောက်ပေးလိုက်ရင်တော့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ Tablet တွေမှာ အရေအတွက် ရှစ်လုံးအထိ အင်တာနက် မျှဝေ အသုံးပြုနိုင်ပါတယ်။ ပထမဦးဆုံး အင်တာနက် ရရှိတဲ့ မိုဘိုင်းဖုန်းရဲ့ အင်တာနက် ကွန်နက်ရှင်ကို On ပေးပါ။ Wi-Fi hotspot တစ်ခု တည်ဆောက်မှာဖြစ်တဲ့အတွက်ကြောင့် ဖုန်းရဲ့ Settings ကို ဖွင့်လိုက်ပါ။ Wireless & networks တွေ့ရင်တော့ select လုပ်ပါ။ အင်တာနက် ကွန်နက်ရှင်ကို Share ပေးမှာဖြစ်တဲ့ အတွက်ကြောင့် Tethering & portable hotspot ကို ရွေးပေးပါ။ Portable WLAN
hotspot ကို တွေ့ရင်တော့ check box မှာ အမှန်ခြစ်ပြီး Portable WLAN hotspot settings ထဲသို့ ဝင်လိုက်ပါ။ အခြား devices
များနှင့် ချိတ်ဆက်မှာဖြစ်တဲ့အတွက်ကြောင့်
မိမိရဲ့ အင်တာနက် ကွန်နက်ရှင် လုံခြုံစိတ်ချရစေဖို့အတွက် Configure WLAN hotspot ထဲကို ဝင်ပြီး
Security Password ပေးရပါမယ်။ Configure WLAN hotspot ထဲမှာ Network SSID, Security, Passwordဆိုပြီး tabs သုံးခုကို တွေ့ရပါမယ်။
Network SSID မှာ မိမိစိတ်ကြိုက် SSID Name ပေးလို့ ရပါတယ်။ Security ထဲမှာတော့ WPA2 PSK ကို ရွေးပေးလိုက်ပါ။ Password ကတော့ မိမိ
စိတ်ကြိုက်ပေးလို့ ရပြီး အနည်းဆုံး characters အရေအတွက် ရှစ်လုံး အထိ ရိုက်ထည့်ပေးရပါမယ်။ အာလုံးလုပ်ပြီးသွားရင်တော့ Save လုပ်လိုက်ပါ။
တဖက်မှာလည်း အင်တာနက် လက်ခံအသုံးပြုမယ့် မိုဘိုင်းဖုန်းနဲ့ Tablet မှာ WLAN Settings ထဲကို ဝင်ပြီး အင်တာနက် လွှင့်ထားတဲ့ SSID
Name ကို တွေ့တာနဲ့ Password ရိုက်ထည့်ပြီး အင်တာနက် အသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာနဲ့ အင်တာနက် အသုံးပြုချင်ရင်တော့ ကွန်ပျူတာရဲ့
Control Panel > Network and Internet > Manage Wireless Networks ထဲမှာ အင်တာနက် လွှင့်ထားတဲ့ SSID Name ထဲ ဝင်ပြီး Password
ရိုက်ထည့်ကာ အင်တာနက် အသုံးပြုနိုင်ပါပြီ ခင်ဗျာ။
ကျနော့်အကိုလိုခင်ရတဲ့တယောက်တင်တဲ့ ပို ့စ်ကို ကူးလာတာပါ (ကိုလင်းညီရေ အမျှအမျှအမျှ အဲလေ ကူးလိုက်ပီလို ့ပြောမလို ့) LOL စိတ်မဆိုးဘူးလို ့ထင်တယ် ကိုလင်းညီကို ဒီကနေပဲ တောင်းပန်လိုက်တယ်နော် LOL

6 comments

  • သစ် တည်

    September 13, 2012 at 8:21 pm

    မတ်တယ်ကွာ…
    wifi က လုုပ်မရဘူးဗျ…
    ဒါနဲ ့ ၁ ရက် ၂ ပိုု ့ တဲ့ …တဂျီး က…….

    • Bl4ck_B4dB0y

      September 13, 2012 at 8:24 pm

      အွန် ဒါဆိုတော့လည်း နောက်နေ ့မှ ထပ်တင်တာပေါ့ ဒီနေ ့တော့ တော်ပီ ကျနော်လည်း လုပ်စရာရှိတာ လုပ်လိုက်ဦးမယ် LOL

      • မောင်ပေ

        September 13, 2012 at 8:58 pm

        ကောင်းပါတယ် ညီလေးရေ
        ဖြေးဖြေးချင်းတင်ပေါ့ကွာ
        ညီလေးသိထားတဲ့ ပညာရပ်တွေကို စောင့်ဖတ်နေပါမယ်

  • Mon Kit

    September 14, 2012 at 9:47 am

    မွန်ကစ်တို့ ရွသူားတွေတော့ ဗဟုသုတ တွေ တိုးပီးရင်းတိုးပေါ့ကွယ်…… 😀
    စောင့်မျှော် အားပေးနေပါ့မယ်…

  • Mon Kit

    September 14, 2012 at 9:49 am

    ဟိ. စာလုံးပေါင်းမှားသွားလို့.. ပြင်ဖတ်ပေးပါနော်…..
    မွန်ကစ်တို့ ရွာသူားတွေ ဗဟုသုတ တွေ တိုးပီးရင်းတိုးပေါ့ကွယ်………. 😀
    စောင့်မျှော်အားပေးဖတ်ရှုနေပါ့မယ်……

  • ကြောင်ဝတုတ်

    September 14, 2012 at 10:18 am

    ကဲ… ဒီမှာလဲ ထပ်ပြောဦးမယ်…
    ဆိုဒ်တစ်ခုရဲ့ လားရာကို အရင်ကြည့်ပြီးမှ ဆုံးဖြတ်သင့်တယ်ဆိုတဲ့စကားကို ထပ်ပြောဦးမယ်…
    မင်းတို့ ဟက်ခဲ့တဲ့ဆိုဒ်ဆိုပါတော့ ဒီမန်းဂဇက်က… ဘာသာရေးအကြောင်းရေးလို့… Site Admin ကအရေးမယူလို့…
    ဟက်တယ်လို့ပြောခဲ့ကြတယ်…
    ဟက်ခဲ့တဲ့အဖွဲ့က လူတစ်ယောက်က ရွာရဲ့စည်းကမ်းကိုတောင် သေသေချာချာမသိဘဲနဲ့ တစ်ရက်ထဲပိုစ့်(၃)ခု အားပါးတရ… တင်ခဲ့တယ်ဆိုတော့ ဂဇက်ရဲ့လားရာ… ဂဇက်ရဲ့အနှစ်သာရကို မသိဘဲ Hack လုပ်တယ်လို့စွပ်စွဲရမှာပဲ….

    ကိုယ်လုပ်တဲ့အလုပ်က ဘယ်လောက်အထိအဆင့်အတန်းရှိလဲ… ဘယ်လောက်အထိအများအကြိုးဖြစ်လဲဆိုတာကို စဉ်းစားစေချင်တယ်…
    လက်ထဲမှာ ဓားတစ်ချောင်းရှိလို့ လိုက်ရမ်းပြီး ငါကိုလူတွေလေးစားကြတယ်ဆိုပြီးဝမ်းမြောက်နေရင်…
    မြန်မာနိုင်ငံကို မွဲပြာကျအောင်လုပ်သွားတဲ့ အတွေးတိမ်တိမ်၊ ဉာဏ်မှိန်မှိန်နဲ့အာဏာရှင်တွေလိုမျိုးဆက်သစ်ပဲဖြစ်မယ်…
    သမိုင်းမှာ အမည်းစက်၊ လူမှုပတ်ဝန်းကျင်မှာ စုန်းပြူးဆိုတဲ့ဘဝ မင်းမရောက်စေနဲ့…

    ကြောင်ဝတုတ်

Leave a Reply