တောက်… ဖြတ်သွားပြန်ပြီ 50

gyinkalaySeptember 14, 20121min20810

MPT ရယ် ပြောတော့ဖြင့် 11 နာရီ နောက်ပိုင်းဆို တစ်မိနစ်ခေါ်ဆိုခ 25 ကျပ်လျှော့ထားပေးတယ်တဲ့…အဲ့ဒီတော့ကိုယ်တွေကလဲ ပြောစရာရှိတဲ့ သိပ်အရေးမကြီးတဲ့စကားတွေဆို
11 နာရီနောက်ပိုင်းလောက်မှ ပြောတာပေါ့….ဖုန်းပြောခါနီးအမြဲတမ်းလဲ လက်ကျန်ငွေကိုစစ်တယ်..ပြောပြီးရင်လဲ ပြန်စစ်တယ်….ဒိနေ ့လဲ 11 နာရီ 15မိနစ်ကျော်ကျော်လောက် ဖုန်းတစ်ကော
ဆက်တာပေါ့..3မိနစ်ပဲ ကြာပါတယ်…75 ကျပ်ဖြတ်ရမှာကို 150 ဖြတ်သွားတယ်…အဲ့ဒါက အခုမှ မဟုတ်ဘူး..အရင်နေ ့တွေကလဲ အဲ့လို ခဏခဏဖြစ်ဖူးတယ်..ဂျာနယ်တစ်စောင်မှ ဖတ်ရတာတော့ စက်နဲ ့
အလုပ်လုပ်တာဆိုတော့ အချိန်က သိပ်မတူဘူးပေ့ါတဲ့…စက်နဲ ့လုပ်မှတော့ ပို တိကျရမှာမဟုတ်ဘူးလား..လူလုပ်တယ်ဆိုရင်ထားပါတော့ မှားတတ်တယ်လေ….အခု ဟာ က တစ်ခါလည်းမဟုတ်နှစ်ခါလဲမဟုတ်နဲ ့
သေချာချင်ရင်တော့ 12 နာရီ 1 နာရီလောက်မှ ဆက်တာပို သေချာတယ်…နို ့မို ဆိုသူတို ့ကိုယုံပြီးဆက်လိုက်လို ့ကတော့ ဖြတ်ပြီ 50 ပဲ. ပြီးတော့ အခုနောက်ပိုင်း 5000 တန်ငွေဖြည့်ကတ်တွေထုတ်ပေးတော့မယ်တဲ့…10000
တန်တွေက ဈေးနဲနဲများလို ့တဲ့။ တကယ်တော့ ငွေဖြည့်ကတ်တွေကို အဲ့လို ထုတ်တာထက်စာရင် ဖုန်းခေါ်ဆိုခတွေ ကို ဈေးချလိုက်သင့်ပါတယ်…ဒါမှ လူတိုင်းလဲ အဆင်ပြေကြမှာပေါ့နော်..ဟုတ်ဖူးလား..ထောက်ခံတယ်မလား..ဘော်ဘော်တို ့ေ၇….

10 comments

  • မောင်ပေ

    September 14, 2012 at 2:03 am

    ဖုန်းပြောခက တရားဝင် တစ်မိနစ်၂၅ကျပ် / ၁၁နာရီနောက်ပိုင်း ထားပါတော့
    ဖုန်းလိုင်းနဲ့ အင်တာနက် သုံးတဲ့သူတွေလဲ ကိုယ်သုံးတာနဲ့ ငွေဖြတ်တာနဲ့ ညီရဲ့လားဆိုတာ ကြည့်ကြပါဦး
    သူ့ကြ ကြေငြာချက်မထုတ်ပဲ ပိုယူတာကလား
    ပိုက်ဆံများအရမ်းချမ်းသာလို့ကတော့ MPT ငွေတွက်ဌာနကို လေလံယူချင် စမ်းပါဘိ

  • the best

    September 14, 2012 at 6:14 am

    MPT က ဒီလိုဖြစ်နေတာ များနေပြီ။ ဘာကြောင့်လဲဆိုတာ ရှင်းပြသင့်ပြီ။
    နစ်နာမှုအတွက် အရင်တစ်ခါလို မသိသလို၊မဟုတ်သလို မလုပ်သင့်တော့ဘူး။

    နောက်ပြီး မိုဘိုင်းဖုန်းတွေ ငွေဖြည့်ကတ် မသုံးခင်က ကြိုတင်ငွေမသွင်းသေးရင်
    SMS နဲ ့ငွေသွင်းဖို ့စာပို ့တယ်။ ငွေဖြည့်ကတ် စသုံးတာတောင် SMS ပို ့သေးတယ်။

    အခုငွေဖြည့်ကတ်သုံးတာ ကြာနေပြီ၊ ကြိုတင်ငွေ ဘယ်လောက်ပိုလို ့
    ဘယ်လိုရှင်းပေးမယ်ဆိုတာ ပွင့်ပွင့်လင်းလင်း မရှင်းပြသေးဘူး။

    ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းထွန်းက
    MPTရဲ့ ချို ့ယွင်းချက်ကြောင့် ပြည်သူတွေ နစ်နာဆုံးရှုံးရင်လျော်ပါမယ်ဆိုတဲ့ အစီအစဉ် အခုစလုပ်ပြပါလား။

    ယခုလ ရ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ
    ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းထွန်းက
    “ ပိုက်ဆံယူထားပြီးပြီ။ ပိုက်ဆံယူထားတာ ကို Good Service ပေးရမှာပေါ့။”
    “outsourcing ကို ယုံကြည်စိတ်ချစွာနဲ့ ဝင်ရောက်လုပ်ကိုင်ပေးကြပါ”
    “ကျွန်တော်တို့ဘက်က ချို့ယွင်းရင်လျော်မယ်။”လို ့ပြောရုံနဲ ့ MPT ကိုယုံကြည်လို ့ရပြီလား။

    MPTရဲ့ မလိုလားအပ်တဲ့ ချို့ယွင်းချက်၊ ကျေနပ်လောက်တဲ့ဝန်ဆောင်မှုမရှိလို ့
    ပြည်သူတွေရဲ့ ယုံကြည်မှုမရတာကို ပြည်ထောင်စုဝန်ကြီးဦးသိန်းထွန်းက
    နားလည်သဘောပေါက်ဖို ့လိုနေပြီ။

    ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန က အရာရှိတွေက
    ငွေပေးစရာမလို ကြိုက်သလောက်ဆက်လို ့ရတဲ့ ဖုန်းတွေအလကားသုံးနေရလို ့
    ဒီကိစ္စကို မသိတာဖြစ်လိမ့်မယ်။

    ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုကို အချိန်နဲ ့တပြေးညီသိနိုင်အောင်
    ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အစ
    အရာရှိတွေအားလုံး ငွေပေးစရာမလို ကြိုက်သလောက်ဆက်လို ့ရတဲ့ ဖုန်းတွေမသုံးပဲ
    ပြည်သူတွေလို ငွေဖြည့်သုံးရတဲ့ ဖုန်းတွေပြောင်းသုံးသင့်ပါကြောင်း အကြံပေးပါရစေ။

  • Sayar Gyi Jit

    September 14, 2012 at 9:18 am

    ထောက်ခံပါတယ် ဘော်ဘော်ကြီးရေ ၊
    မလိမ့်တပါတ်လုပ်တဲ့ အမ်ပီတီတော့ စေ့စပ်တိကျတဲ့သူနဲ့တိုးတော့မှဘဲ
    သောက်ရှက် ကွဲပါလေရော ၊
    ကောင်းတယ် မဟုတ်မမှန်တာ အကုန်သာဖေါ်ကြပါ ၊
    ဟုတ်မှ မဟုတ်ဘဲ နော့ ။

  • Shwe Ei

    September 14, 2012 at 10:08 am

    အမ်း ၁၁နာရီကျော်မှဖုန်းပြောဖြစ်တာများဘီ။ တခါမှမစစ်မိဝူး။ နောက်တခါငွေလက်ကျန်နဲ့ ဖုန်းပြောတဲ့ကြာချိန်ကို စာရင်းလုပ်ပီးမှတ်တော့မှပါဘဲ။ ကုန်ပါဘီတော်။ အနိစ္စ 🙁

  • etone

    September 14, 2012 at 11:21 am

    ဟိုးတလောက missed call တွေ ပေးလျှင် သုံးရာ ဖြတ်တယ် ဆိုတာလေးတုန်းကတော့ သတိထားပြီး စမ်းကြည့်ဖူးတယ်…. ။ သတင်းတွေ ထွက်လာပြီးနောက်ပိုင်း သုံးရာ မဖြတ်တော့ဘူး ။
    ကိုပေပြောသလို အင်တာနက်သုံးခလည်း သတိထား ကြည့်မိဘူးတယ် …. ပထမဆုံး ဖွင့်ဖွင့်ချင်းမှာ ပမာဏ တစ်ခုကို နှုတ်ယူထားတယ် … သုံးသုံး မသုံးသုံး ဖွင့်တာနဲ့ နှုတ်ထားတာကို တွေ့ရတယ် …. ။

    အဲ့ဒီနောက်ပိုင်းတော့ ဖုန်းထဲက ငွေလက်ကျန် သိပ်သတိမထားမိဘူးပဲ …….. ။ တစ်ခါတစ်လေများ မေ့ပြီးထပ်မဖြည့်မိပဲ ၊ ဖုန်းခေါ်မရလို့ ကြည့်လိုက်ရင် ….. လက်ကျန်ငွေက ဆယ်ဂဏန်း သာသာပဲ ကျန်တော့တယ် …. :mrgreen: ရုံးကိစ္စနဲ့ ပတ်သတ်ပြီးပဲ ဖုန်းသုံးဖြစ်တာ များတာကြောင့် ၊ ရုံးဖုန်းကိုပဲ အသုံးများတယ် ….. ။ 😛

  • ကြောင်ဝတုတ်

    September 14, 2012 at 12:55 pm

    ဒီမှာ ငိုချင်ရက်လက်တို့ လာမလုပ်ပါနဲ့…
    တစ်နေ့ကဘဲ… ဖုန်ဘေလ်ကြွေးကျန်…. တစ်သိန်းခြောက်သောင်းခုနစ်ထောင် ဆောင်ထားရတယ်…
    အဟင့် အိုင်ဖုန်းဖိုက်လေးနဲ့ ဝေးပြီထင့်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • နေဝန်းနီ

    September 14, 2012 at 6:32 pm

    ဆက်တွယ်ရေးက ကော်ပရေးရှင်းလို့ ပေါင်းဒေါ့မာရှို…။ ပုတ်ဂလိဂ ဖစ်ဒေါ့မယ်ရှို…… ခဏလေးသီးခံလိုက်ပါဂျာ………..။

  • Kyaw Myo Thet

    September 16, 2012 at 1:09 am

    ကျနော် အခု ထိုင်းနိုင်ငံမှာရောက်နေတာပါ ။ ဒီမှာ ကျနော် တို့သုံးရတဲ့ ဖုန်း ဝန်ဆောင်မှုစနစ်တွေနဲ့
    ကျနော်တို့ မြန်မာပြည်က ဖုန် ဝန်ဆောင်မှုစနစ်တွေနဲ့ တော်တော်လေးကွာ ဟမှုတွေရှိနေတာကိုတွေ့ရပါတယ် ထိုင်းနိုင်ငံ ဆက်သွယ်ရေးဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေအမျိုးမျိုးရှိပါတယ် DTAC ကုမ္ပဏီဆိုက happy ဆင်းကဒ်တွေဆိုရင်
    မြန်မာလူမျိုးတွေသုံးလို့အဆင်ပြေအောင်ဝန်ဆောင်မှုတွေပေးထားပါတယ်။
    ဆင်းကဒ်တစ်ခုရဲ့တန်ဖိုးဟာလည်း မြန်မာငွေ ၁၅၀ဝ ကျပ်လောက်ပဲတန်ပါတယ်။ ဆင်ကဒ်တစ်ကဒ် စဝယ်လိုက်တဲ့အချိန်ကစပြီး Internet သုံးလို့ရတယ်။ Over Sea ပြောလို့ရတယ်။
    ည ၁၁ နာရီကနေ နောက်နေ့ညနေ ၅ နာရီထီ ဖရီးပေးသုံးတယ်။
    ဖရီးသုံးခွင့်ကိုတော့ *103*301# ကိုနှိပ်ပြီဖုန်းခေါ်လိုက်ရတယ်။ ဖရီးသုံးခင့်လျှောက်ခ ၉ ဘတ်။
    မှတ်ချက်။ ။ ထိုင်းငွေ ၁ ဘတ် မြန်မာငွေ ၂ရ ကျပ်ဝန်းကျင်။
    အဲဒီ ၉ ဘတ်အကုန်ခံပြီးဖရီးပြောခွင့်လျှောက်ထားလိုက်ရင် ည ၁၁ နာရီကနေ နောက်နေ့ ညနေ ၅ နာရီထီ ဖရီးပြောလို့ရတယ်။ တစ်ခါခေါ်ရင်တစ်နာရီထက်မပိုရဘူး။ တစ်နာရီပြည့်ခါနီးရင်ဖုန်ချပြီး ပြန်ခေါ်လို့ရတယ်။ မနက် ၈ နာရီကနေ နေလယ် ၁၂ နာရီထီလည်းဖရီးလျှောက်လို့ရတယ်။ အသုံးပြု့ခွင့်ကတော့ ဒါက ၅ ဘတ်ပဲကုန်တယ်။ နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီထီလည်းဖရီးပြောခွင့်လျှောက်လို့ရတယ်။ ၅ ဘတ်ပဲကုန်တယ်။ တစ်လကို စာအိတ်အလုံး ၃ဝ ဖရီးပေးထားတယ်၊၊ကိုယ်ပို့ချင်တဲ့လူဆီကိုပို့ပေးလို့ရတယ်။
    စာအိတ်ထဲမှာ “Urgent! I am unble to call out. Please Help call me back at 09———— မိမိရဲ့ဖုန်းနံပါတ်နဲ့ ပို့လိုက်တဲ့လူဆီကိုသွားဝင်တဲ့။ အဲဒီစာအိတ်အလုံး ၃ဝ ကပိုက်ဆံမကုန်ဘူး။
    ငွေဖြည့်ကတ်တစ်ကဒ်ကို ဘတ် ၆ဝ တန်ရှိတယ်၊ ဘတ် ၁၀ဝ တန်ရှိတယ်။ ကွန်ပျူတာငွေဖြည့်
    စနစ်ရှိတဲ့နေရာမှာဆိုရင် မိမိနှစ်သက်သလောက် ငွေဖြည့်လို့ရတယ်။ ဖုန်းပိုက်ဆံကုန်သွားတယ်ဆိုရင် ပိုက်ဆံချေးလို့ရတယ်။ တစ်ခါကို ဘတ် ၃ဝ ချေးပေးတယ်။ ငွေဖြည့်ကဒ်ထည့်တဲ့အချိန်မှာ အတိုး ၂ ဘတ်နဲ့ ၃၂ ဘတ်ပြန်နှုတ်တယ်။ ဖုန်းပိုက်ဆံကိုလွဲပေးလို့လည်းရတယ်။ ဘတ် ၂ဝ ကစပြီး ဘတ် ၂၀ဝ အထိလွဲးပေးလို့ရတယ်။ တစ်ကြိမ်လွဲခ ၂ ဘတ်ပေးရတယ်။ သာမာန်ဖုန်းခေါ်ဆိုခနှုန်းများအနေနဲ့ကတော့ အစ ၁ မိနစ်ကို ၂ ဘတ် နောက်မိနစ်တွေကို ၁ ဘတ်ပေးရတယ်။ အသုံးပြု့များလို့ရှိရင်ဖုန်းဖိုးပိုက်ဆံကို Bonus ပေးတယ်။ ဖုန်းထဲကို Bonus ဆိုပြီး သူဘာသာသူဝင်လာတာ။ ကိုယ်ဖြည့်ထားတဲ့ပိုက်ဆံလိုပဲ သုံးလို့ရတယ်။ အခြားဝန်ဆောင်မှုအနေနဲ့ ဆင်းကဒ်ကို ပရိုမိုးမိုးရှင်းပြောင်းသုံးလို့ရတယ်။ ဖုန်းစ ဝင်ရင်မြည်တဲ့သီချင်းတွေလည်း ကိုယ်ဖာသာထည့်လို့ရတယ် မြန်မာသီချင်းတော်တော်များများကိုထည့်ပေးထာတယ်။ မြန်မာနိုင်ငံကို အဝေးပြောအစီအစဉ် ဆိုတာလဲပဲရှင်းပြထားတာရှိတယ်။ မြန်မာနိုင်ငံမြို့ကြီးတွေရဲ့ကုဒ်နံပါတွေကိုပြောပြပေးတယ်။ မြန်မာနိုင်ငံကိုခေါ်ရင်တော့ အစ ၂ မိနစ်မှာ ၁၂
    ဘတ်ကုန်တယ်၊နောက်မိနစ်တွေကတော့ ၁၁ ဘတ်ကုန်တယ်။
    အခုပြောခဲ့တဲ့ ပရိုမိုးရှင်းတွေကို လျှောက်ချင်တယ်ဆိုရင် *700 ကိုခေါ်ရတယ် ကွန်ပြုတာအသံစနစ်နဲ့ပဲ မြန်မာလိုပြောထားတယ် သူပြောတဲ့အတိုင်း ဘယ်နံပါတ်နှိပ်ပါ ဘယ်နံပါတ်နှိပ်ပါဆိုပြီးပြောတာ ကိုယ်အသုံးပြု့
    ချင်တဲ့နံပါကိုနှိပ်ပေးပြီးလျှောက်လိုက်ရုံပဲ။ Over Sea ခေါ်တဲ့ call တွေကတော့ ဖရီမရဘူး။
    Internet အသုံးပြု့ခကတော့တစ်နာရီကို ၅ ဘတ်လောက်ပေးရတယ်။ ဆင်းကဒ်တစ်ခုတည်းကနေပြီးတော့ ဖုန်း ၃ လုံးတစ်ပြိင်တည်းခေါ်လို့ရတယ်။ ဖုန်းတစ်လုံး ဝင်းသွားပြီဆိုရင် နောက်နံပါတ်တစ်ခုထပ်နိပ်ပြီးခေါ်ရတယ်။ လူသုံးလေးယောက်လောက် တစ်ပြိင်တည်းဖုန်းနဲ့စကားပြောလို့ရတာပေါ့။ Social ဆင်းပရိုမိုးရှင်းကိုလျှောက်ထားမယ်ဆိုရင်တော့။ ကိုယ်အချစ်ဆုံးလူနံပါတ်လေးခုကိုပေးထားလို့ရတယ်။ အဲ့ဒီနံပါတွေကိုခေါ်မယ်ဆိုရင် တစ်မိနစ်ကို .၂၅ ဘတ်ပဲပေးရတယ်။ အများဆုံးတစ်နာရီကို ၃ ဘတ်ပဲကုန်တယ်။ ည ၁၁ နာရီကနေမနက် ၉ နာရီအတင်းနေ့တိုင်းအသုံးပြု့ခွင့်လျှောက်စရာလိုတော့ဘူး အမြဲးတမ်းပြောလို့ရတယ်။ Social ဆင်းကိုပြောင်းခကတော့ ဘတ် ၃ဝ ကုန်တယ်။ Happy မြန်မာဆင်းဆိုပြီးလဲလျှောက်သုံးလို့ရတယ် ဒီဟာကိုလျှောက်ထားမယ်ရင်တော့ အစတစ်မိနစ်ကို ၂ ဘတ် နောက်မိနစ်တွေကို တစ်မိနစ် .၂၅ ဘတ်ပဲပေးရမယ်။ ၂၄ နာရီကြိုတ်တဲ့အချိန်သုံးလို့ရတယ်။ အခြား ကုမ္ပဏီ ကထုပ်ထားတဲ့ဆင်းကဒ်တွေကိုခေါ်ရင်တော့ ၁ မိနစ်ကို ၁.၂၅ ဘတ်ကုန်တယ်။ ဒီကောင်တွေကိုပြောတာကတော့ ဖရီးလုပ်လို့မရဘူး။ ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာလူမျိုးတွေနဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာရှိတဲ့ မြန်မာလူမျိုးတွေ အားလုံးနီးပါးကတော့ DTAC ကဒ်တွေပဲကိုင်ကြတယ်။ အခြားကုမ္ပဏီ ကထုပ်ထားတဲ့ ဆင်းကဒ်တွေကတော့ဈေးနှုန်း မြန်မာငွေ ၂၅၀ဝ လောက်ရှိတယ်။ ဆင်းကဒ်ဝယ်ချင်ရင် ဖုန်းအရောင်းဆိုင်တွေနဲ့
    စတိုးဆိုင်တော်တော်များများမှာဝယ်လို့ရတယ်။ ဆိုင်တစ်ဆိုင်ကို ဆင်းကဒ် ၁၀၀၊ ၂၀ဝ ၊ လောက်ရှိတဲ့အတွက် မိမိနှစ်သက်တဲနံပါတ်ကိုရွေးရတာအဆင်ပြေတယ်။ ရေးရင်းရေးရင်းနဲ့ နဲနဲ များသွားတယ် ကျနော် သိသလောက်ရေးထားတာပါ။ တခြားနိုင်ငံကဆင်းကဒ်တွေ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်လို့လည်း သိတဲ့လူတွေကဖော်ပြပေးပါဦး။ မသိသေးတဲ့လူတွေအတွက် ဗဟုသုတဖြစ်တာပေါ့။ အားလုံးဒီစာကိုဖတ်ရတဲ့ မန်းဂေဇတ် အဖွဲ့သားများအားလုံး ဆက်သွယ်မှုဧရီယာပြင်ပ ဒုက္ခများကင်းဝေးကြပါစေ။ ဘာဖြစ်ရင်အလျှော်ပေးမယ် ညာဖြစ်ရင်အလျှော်ပေးမယ်ဆိုတဲ့လူတွေလဲ ရထားတဲ့ပိုက်ဆံတွေမနည်းလှတော့ပါဘူး။ အများပြည်သူများစိတ်ကျေနပ်သွားအောင် အလျှော်များပေးနိုင်ပါစေ။
    ကျနော် မြန်မာနိုင်ငံကိုပြန်ရောက်တဲ့ အချိန်လောက်ရောက်ရင်လည်း အခုမြန်မာ ပြည်သားညီအကိုမောင်နှမများအားလုံးမျော်လင့်နေကြတဲ့အတိုင်း ၅၀၀ဝ တန်ဆင်းကဒ်များ ထွက်ရှိနေပြီးဖြစ်၍
    ကျနော် လည်းမြန်မာဆင်းကဒ်ကို ၅၀၀ဝ ကျပ်ဖြင့်ဝယ်ယူအသုံးပြု၍ ဖရီးကောများလည်းတစ်ဝကြီးပြောခွင့်ရပါစေဟု မှန်းမျှော်ရင်း
    ဗဟုသုတများ အမျှအတန်း ပေးဝေလိုက်ရပါတယ် . . . . . . . . . . . .

    • etone

      September 16, 2012 at 1:28 am

      မိုက်လှချည်လား ၁၁ နာရီကနေ ၅ နာရီထိအလားဆိုတော့ 😛

      ဗဟုသုတရစေတဲ့ ကော့မန့်အရှည်ကြီးဖတ်ခွင့်ရတာ ကျေးဇူးပါ

Leave a Reply